ႏုိင္ငံေတာ္သမၼတ႐ံုး အမိန္႔ျဖင့္ အက်ဥ္းသား/သူ ၉၅၅၁ ဦးအား လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 17, 2019

ႏုိင္ငံေတာ္သမၼတ႐ံုး အမိန္႔ျဖင့္ အက်ဥ္းသား/သူ ၉၅၅၁ ဦးအား လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ


ကေမၻာဇတိုင္း
.
၁၃၈၁ ခုႏွစ္၊ ျမန္မာႏွစ္ဆန္းတစ္ရက္ျဖစ္ေသာ ယေန႔ ဧၿပီလ ၁၇ ရက္တြင္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ႐ံုး၏ အမိန္႔အမွတ္ (၁၃/၂၀၁၉) ႏွင့္ (၁၄/၂၀၁၉) တို႔ျဖင့္ ျမန္မာႏုိင္ငံအတြင္းရွိ အက်ဥ္းေထာင္ အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရေသာ အက်ဥ္းသား/အက်ဥ္းသူမ်ားအနက္ ႏုိင္ငံသား အက်ဥ္းသား/သူ ၉၅၃၅ ဦး ႏွင့္ ႏိုင္ငံျခားသား အက်ဥ္းသား ၁၆ ဦးတို႔အား လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳလိုက္ေၾကာင္း သိရသည္။
.
.
ျမန္မာႏွစ္သစ္မဂၤလာ အခါသမယ အထိမ္းအမွတ္ အားျဖင့္လည္းေကာင္း ျပည္သူလူထု စိတ္ႏွလံုး ေအးခ်မ္း ေစေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားေသာ အားျဖင့္လည္းေကာင္း ရာဇသတ္က်င့္ထံုး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ေၾကာင္းႏွင့္ ႏုိင္ငံျခားသား အက်ဥ္းသား ၁၆ ဦးအား လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ၍ ျပည္ႏွင္ဒဏ္ေပးခဲ့ေၾကာင္း ယင္းအမိန္႔ မ်ားတြင္ ေဖာ္ျပပါရွိသည္။
.
ႏိုင္ငံေတာ္သမၼတ႐ံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကလည္း က်န္အက်ဥ္းသူ အက်ဥ္းမ်ားထဲမွ လႊတ္သင့္လႊတ္ထိုက္သူမ်ားကိုလည္း စနစ္တက် စိစစ္လ်က္ရွိၿပီး လြတ္ၿငိမ္းသက္သာခြင့္ ဆက္လက္ေပးသြားမည္ ျဖစ္ေၾကာင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။
.
ၿပီးခဲ့သည့္ ၁၃၈၀ ျပည့္ႏွစ္၊ ျမန္မာႏွစ္ဆန္း တစ္ရက္ေန႔ကလည္း ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္မွ ျမန္မာႏွစ္သစ္ကူးအခါသမယ အထိမ္းအမွတ္အျဖစ္ ျမန္မာႏုိင္ငံအတြင္းရွိ အက်ဥ္းေထာင္အသီးသီးမွ အက်ဥ္းသား/သူ ၈၄၀၀ ေက်ာ္ကုိ လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳခဲ့ေၾကာင္း သိရသည္။
.
နိုင်ငံတော်သမ္မတရုံး အမိန့်ဖြင့် အကျဉ်းသား/သူ ၉၅၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု
.
ကမ္ဘောဇတိုင်း
.
၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်သော ယနေ့ ဧပြီလ ၁၇ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၁၃/၂၀၁၉) နှင့် (၁၄/၂၀၁၉) တို့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူများအနက် နိုင်ငံသား အကျဉ်းသား/သူ ၉၅၃၅ ဦး နှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။
.
မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း ပြည်သူလူထု စိတ်နှလုံး အေးချမ်း စေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း ရာဇသတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ယင်းအမိန့် များတွင် ဖော်ပြပါရှိသည်။
.
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ကျန်အကျဉ်းသူ အကျဉ်းများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်လျက်ရှိပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
.
ပြီးခဲ့သည့် ၁၃၈၀ ပြည့်နှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၈၄၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment