ေတာင္ႀကီးခ႐ိုင္အတြင္းရွိ ေရရွားပါးသည့္ ေဒသမ်ားတြင္ ကေမၻာဇအနာဂတ္ အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ ေသာက္သံုးေရ လွဴဒါန္းမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, April 20, 2019

ေတာင္ႀကီးခ႐ိုင္အတြင္းရွိ ေရရွားပါးသည့္ ေဒသမ်ားတြင္ ကေမၻာဇအနာဂတ္ အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ ေသာက္သံုးေရ လွဴဒါန္းမည္


ကေမၻာဇတုိင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ေတာင္ႀကီး၊ ေညာင္ေရႊ၊ ေအာင္ပန္း၊ ဟဲဟိုးႏွင့္ အနီး တစ္ဝိုက္ရွိ ေရရွားပါးသည့္ ေဒသမ်ားတြင္ ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ ေသာက္သံုးေရ လွဴဒါန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
.
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ ေသာ ေတာင္ႀကီးၿမိဳ႕အပါအဝင္ ၿမိဳ႕ေပၚ ႏွင့္ ေက်းလက္ေဒသ အခ်ိဳ႕တြင္ ေႏြရာသီ ပူျပင္းေျခာက္ေသြ႕သည့္ ကာလသုိ႔ ေရာက္ရွိလာသည့္အတြက္ မတ္လဆန္းပိုင္းမွ စတင္၍ ေသာက္သံုးေရ ရွားပါးမႈကို ႀကံဳေတြ႕ေနရသည္ဟု သိရသည္။
.
ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းအေနျဖင့္ အဆိုပါ ေရရွားပါးရာ ေဒသမ်ားသို႔ သြား ေရာက္၍ ေသာက္သံုးေရမ်ားကို ေရသယ္ယာဥ္ျဖင့္ လွဴဒါန္းေပးသြားမည္ျဖစ္ၿပီး ေသာက္သံုးေရလိုအပ္သူမ်ား အေနျဖင့္ ​ေဒၚၾကဴၾကဴၿငိမ္​း (၀၉၄၂၈၃၁၂၂၈၄) ႏွင့္ ဦးေစာဂ်ဴးဂ်ဴး (၀၉၅၂၁၆၂၂၉) သို႔ ဆက္သြယ္အကူအညီ ေတာင္းခံႏုိင္ေၾကာင္း သိရသည္။
.
ေဒၚနန္းလိုင္းခမ္း ဥကၠ႒ အဖစ္ ဦးေဆာင္လ်က္ရွိေသာ ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္း သည္ ၂၀၀၈-ခုႏွစ္ နာဂစ္မုန္တိုင္း က်ေရာက္ခ်ိန္ မုန္တိုင္း သင့္ျပည္သူမ်ားအတြက္ ကူညီကယ္ဆယ္ ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို စတင္ေဆာင္ ရြက္ခဲ့ရာမွ အစျပဳ၍ ယေန႔အထိ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ ဘာသာေရးႏွင့္ ႏုိင္ငံေတာ္အတြင္းက်ေရာက္ေသာ သဘာ၀ေဘးအႏၱရာယ္မ်ား ကာကြယ္ေရး၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး အပါအ၀င္ လူမႈအက်ိဳးျပဳလုပ္ငန္းအရပ္ရပ္၊ ႏုိင္ငံေတာ္ႏွင့္ ျပည္သူအတြက္ ေထာက္ပံ့လွဴဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိၿပီး ေသာက္သံုးေရလိုအပ္ေသာ ေဒသမ်ားတြင္ စက္ေရတြင္း မ်ား တူးေဖာ္ေပးျခင္း၊ ေသာက္သံုးေရ လွဴဒါန္းေပးျခင္းတို႔ကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
တောင်ကြီးခရိုင်အတွင်းရှိ ရေရှားပါးသည့် ဒေသများတွင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သောက်သုံးရေ လှူဒါန်းမည်
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်း၊ ဟဲဟိုးနှင့် အနီး တစ်ဝိုက်ရှိ ရေရှားပါးသည့် ဒေသများတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ သောက်သုံးရေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့အပါအဝင် မြို့ပေါ် နှင့် ကျေးလက်ဒေသ အချို့တွင် နွေရာသီ ပူပြင်းခြောက်သွေ့သည့် ကာလသို့ ရောက်ရှိလာသည့်အတွက် မတ်လဆန်းပိုင်းမှ စတင်၍ သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့နေရသည်ဟု သိရသည်။
.
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် အဆိုပါ ရေရှားပါးရာ ဒေသများသို့ သွား ရောက်၍ သောက်သုံးရေများကို ရေသယ်ယာဉ်ဖြင့် လှူဒါန်းပေးသွားမည်ဖြစ်ပြီး သောက်သုံးရေလိုအပ်သူများ အနေဖြင့် ဒေါ်ကြူကြူငြိမ်း (၀၉၄၂၈၃၁၂၂၈၄) နှင့် ဦးစောဂျူးဂျူး (၀၉၅၂၁၆၂၂၉) သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
.
ဒေါ်နန်းလိုင်းခမ်း ဥက္ကဋ္ဌ အဖြစ် ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း သည် ၂၀၀၈-ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်ချိန် မုန်တိုင်း သင့်ပြည်သူများအတွက် ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင် ရွက်ခဲ့ရာမှ အစပြု၍ ယနေ့အထိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံတော်အတွင်းကျရောက်သော သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အပါအဝင် လူမှုအကျိုးပြုလုပ်ငန်းအရပ်ရပ်၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပြီး သောက်သုံးရေလိုအပ်သော ဒေသများတွင် စက်ရေတွင်း များ တူးဖော်ပေးခြင်း၊ သောက်သုံးရေ လှူဒါန်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment