ေဒသခံျပည္သူမ်ား ေမွ်ာ္လင့္ေနသည့္ ေတာင္ႀကီးၿမိဳ႕ေရွာင္လမ္း ေဖာက္လုပ္သြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 25, 2019

ေဒသခံျပည္သူမ်ား ေမွ်ာ္လင့္ေနသည့္ ေတာင္ႀကီးၿမိဳ႕ေရွာင္လမ္း ေဖာက္လုပ္သြားမည္


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ ႀကီးၿမိဳ႕ေန ေဒသခံျပည္သူမ်ား ေမွ်ာ္ လင့္လိုလားေနသည့္ ၿမိဳ႕ေရွာင္လမ္း အား မၾကာမီကာလအတြင္း ေဖာက္ လုပ္သြားမည္ျဖစ္ေၾကာင္း သိရ သည္။
.

.
''အရင္ရွိၿပီးသားလမ္းကို ျပန္ ျပင္မလား၊ အသစ္ထပ္ေဖာက္မလား ဆိုတာကိုေတာ့ ပူးေပါင္းအဖြဲ႕ေတြနဲ႔ ေျမျပင္ ကြင္းဆင္းစစ္ေဆး ၾကည့္ ႐ႈၿပီးမွပဲ သိႏုိင္မွာပါ။ ေရြးခ်ယ္မႈက ၂ လမ္းျဖစ္ေနတယ္။ ေျမျပင္အေန အထား အဆင္ေျပၿပီးေတာ့ ေတာင္ သူေတြနဲ႔ အထိအခိုက္ အၿငိအစြန္းအ နည္းဆံုးျဖစ္တဲ့ လမ္းကိုေရြးရမွာပါ။ ပထဝီဝင္ အေနအထားအရ ပြတ္ တိုက္မႈအနည္းဆံုးလမ္းကိုေရြးခ်ယ္ ရမွာပါ။ ေတာင္သူေတြရဲ႕ လယ္ယာ ေတြ အတတ္ႏုိင္ဆံုး ထိခိုက္မႈနည္း ပါးေအာင္ စီမံေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္''ဟု ေတာင္ႀကီးခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးကိုကိုလြင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ၿမိဳ႕ေရွာင္လမ္းအား ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ ကြက္ရွိ တိုင္းရင္းသားေပါင္းစုံ သုသာန္မွ ေအးသာယာၿမိဳ႕သို႔ ေဖာက္ လုပ္ထားသည့္ ေျမသားလမ္းႏွင့္ ကံႀကီးရပ္ကြက္မွ ေအးသာယာၿမိဳ႕ သို႔ ေဖာက္လုပ္မည့္လမ္း ၂ ခုအနက္ တစ္လမ္းကို ေရြးခ်ယ္ေဆာင္ရြက္ သြားမည္ျဖစ္ၿပီး ေဒသခံေတာင္သူ မ်ားႏွင့္ ျပည္သူမ်ားကို ထိခိုက္မႈ နည္းပါးၿပီး သဘာဝပတ္ဝန္းက်င္ထိ ခိုက္မႈ အနည္းဆံုးျဖစ္ေအာင္ စီမံ ေဆာင္ရြက္သြားမည္ျဖစ္သည္ဟု သိရသည္။
.
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕တြင္ ၿမိဳ႕ေရွာင္ လမ္းမရွိသျဖင့္ ယာဥ္ေၾကာၾကပ္ ပိတ္ ဆို႔မႈမ်ား မၾကာခဏ ျဖစ္ေပၚေနၿပီး ယာဥ္/လမ္းအႏၱရာယ္ မေတာ္တဆ မႈမ်ားလည္း မၾကာခဏျဖစ္ပြားလ်က္ ရွိေၾကာင္း သိရသည္။
.
''ၿမိဳ႕ေရွာင္လမ္းစီမံကိန္းက အ ရင္အစိုးရလက္ထက္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးစိုင္းေအာင္ျမတ္ လက္ ထက္ ၂ဝ၁၂၊ ၂ဝ၁၃ ကတည္းက စခဲ့တာပါ။ ေတာင္ႀကီးၿမိဳ႕ေရွာင္လမ္း ကေန ေညာင္ေရႊဟိုတယ္ဇုန္ကို တစ္ လမ္း၊ စက္မႈဇုန္ကို တစ္လမ္းေပါ့။ အရင္အစိုးရလက္ထက္မွာလည္း မၿပီးခဲ့ဘူး။ အခုအစိုးရ လက္ထက္မွာ လည္း ၃ ႏွစ္ရွိၿပီ ဆက္မလုပ္ေသး ဘူး။ ၿမိဳ႕အေနအထား၊ ကား၊ ဆိုင္ ကယ္ေတြ  အေနအထားနဲ႔ဆိုရင္ၿမိဳ႕ ေရွာင္လမ္း မရွိလို႔မရေတာ့ဘူး။ အ မွန္ဆိုရင္ ဒီအစိုးရစတက္ကတည္းက ဦးစားေပး လုပ္ရမွာ ျဖစ္ပါတယ္။ လမ္းေၾကာက ရွိၿပီးသား ပေရာဂ်က္ ေတြလည္း ခ်ထားၿပီးသားပါ။ ၿမိဳ႕ သူ/ၿမိဳ႕သားေတြအတြက္ အရမ္းကို အႏၱရာယ္မ်ားတဲ့ အေနအထားကို ေရာက္ေနပါၿပီ။ ညဆိုရင္ ဟိုပံုးဘက္ က ဝင္လာတဲ့ တြဲကားေတြ၊ ေက်ာက္ မီးေသြးကားေတြ၊ သစ္လံုးကား၊ ကုန္ကားေတြက အရမ္းကုိမ်ားပါ တယ္။ အဲဒီၿမိဳ႕ေရွာင္လမ္း မၿပီးမ ခ်င္းကေတာ့ ယာဥ္အႏၱရာယ္ေတြမ်ား ေနဦးမွာပါပဲ''ဟု ဦးတင္ေမာင္တိုးက ကေမၻာဇတုိင္းသို႔ ေျပာဆိုထားသည္။
.
အဆိုပါ ၿမိဳ႕ေရွာင္လမ္း ေဖာက္ လုပ္ျခင္းအားျဖင့္ ကုန္တင္ယာဥ္ ႀကီးမ်ားႏွင့္ တြဲယာဥ္မ်ားေၾကာင့္ ျဖစ္ေပၚလ်က္ရွိေသာ ယာဥ္ေၾကာ ၾကပ္တည္းမႈကို အထိုက္အေလ်ာက္ ေျဖေလွ်ာ့ႏုိင္မည္ျဖစ္သည္ဟု ေအး သာယာၿမိဳ႕ေန ျပည္သူလူထုမ်ား စီးပြားေရးအခြင့္အလမ္းတိုးတက္လာ ကာ ၿမိဳ႕ပိုမိုဖြံ႕ၿဖိဳးတိုးတက္ လာမည္ ျဖစ္သည္ဟု ေဒသခံျပည္သူမ်ားမွ ေဝဖန္ေျပာဆိုလ်က္ရွိသည္။
.
ဒေသခံပြည်သူများ မျှော်လင့်နေသည့် တောင်ကြီးမြို့ရှောင်လမ်း ဖောက်လုပ်သွားမည်
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးမြို့နေ ဒေသခံပြည်သူများ မျှော် လင့်လိုလားနေသည့် မြို့ရှောင်လမ်း အား မကြာမီကာလအတွင်း ဖောက် လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
''အရင်ရှိပြီးသားလမ်းကို ပြန် ပြင်မလား၊ အသစ်ထပ်ဖောက်မလား ဆိုတာကိုတော့ ပူးပေါင်းအဖွဲ့တွေနဲ့ မြေပြင် ကွင်းဆင်းစစ်ဆေး ကြည့် ရှုပြီးမှပဲ သိနိုင်မှာပါ။ ရွေးချယ်မှုက ၂ လမ်းဖြစ်နေတယ်။ မြေပြင်အနေ အထား အဆင်ပြေပြီးတော့ တောင် သူတွေနဲ့ အထိအခိုက် အငြိအစွန်းအ နည်းဆုံးဖြစ်တဲ့ လမ်းကိုရွေးရမှာပါ။ ပထဝီဝင် အနေအထားအရ ပွတ် တိုက်မှုအနည်းဆုံးလမ်းကိုရွေးချယ် ရမှာပါ။ တောင်သူတွေရဲ့ လယ်ယာ တွေ အတတ်နိုင်ဆုံး ထိခိုက်မှုနည်း ပါးအောင် စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မြို့ရှောင်လမ်းအား တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကွက်ရှိ တိုင်းရင်းသားပေါင်းစုံ သုသာန်မှ အေးသာယာမြို့သို့ ဖောက် လုပ်ထားသည့် မြေသားလမ်းနှင့် ကံကြီးရပ်ကွက်မှ အေးသာယာမြို့ သို့ ဖောက်လုပ်မည့်လမ်း ၂ ခုအနက် တစ်လမ်းကို ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒေသခံတောင်သူ များနှင့် ပြည်သူများကို ထိခိုက်မှု နည်းပါးပြီး သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် မြို့ရှောင် လမ်းမရှိသဖြင့် ယာဉ်ကြောကြပ် ပိတ် ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ယာဉ်/လမ်းအန္တရာယ် မတော်တဆ မှုများလည်း မကြာခဏဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
.
''မြို့ရှောင်လမ်းစီမံကိန်းက အ ရင်အစိုးရလက်ထက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ် လက် ထက် ၂ဝ၁၂၊ ၂ဝ၁၃ ကတည်းက စခဲ့တာပါ။ တောင်ကြီးမြို့ရှောင်လမ်း ကနေ ညောင်ရွှေဟိုတယ်ဇုန်ကို တစ် လမ်း၊ စက်မှုဇုန်ကို တစ်လမ်းပေါ့။ အရင်အစိုးရလက်ထက်မှာလည်း မပြီးခဲ့ဘူး။ အခုအစိုးရ လက်ထက်မှာ လည်း ၃ နှစ်ရှိပြီ ဆက်မလုပ်သေး ဘူး။ မြို့အနေအထား၊ ကား၊ ဆိုင် ကယ်တွေ  အနေအထားနဲ့ဆိုရင်မြို့ ရှောင်လမ်း မရှိလို့မရတော့ဘူး။ အ မှန်ဆိုရင် ဒီအစိုးရစတက်ကတည်းက ဦးစားပေး လုပ်ရမှာ ဖြစ်ပါတယ်။ လမ်းကြောက ရှိပြီးသား ပရောဂျက် တွေလည်း ချထားပြီးသားပါ။ မြို့ သူ/မြို့သားတွေအတွက် အရမ်းကို အန္တရာယ်များတဲ့ အနေအထားကို ရောက်နေပါပြီ။ ညဆိုရင် ဟိုပုံးဘက် က ဝင်လာတဲ့ တွဲကားတွေ၊ ကျောက် မီးသွေးကားတွေ၊ သစ်လုံးကား၊ ကုန်ကားတွေက အရမ်းကိုများပါ တယ်။ အဲဒီမြို့ရှောင်လမ်း မပြီးမ ချင်းကတော့ ယာဉ်အန္တရာယ်တွေများ နေဦးမှာပါပဲ''ဟု ဦးတင်မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.
အဆိုပါ မြို့ရှောင်လမ်း ဖောက် လုပ်ခြင်းအားဖြင့် ကုန်တင်ယာဉ် ကြီးများနှင့် တွဲယာဉ်များကြောင့် ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြော ကြပ်တည်းမှုကို အထိုက်အလျောက် ဖြေလျှော့နိုင်မည်ဖြစ်သည်ဟု အေး သာယာမြို့နေ ပြည်သူလူထုများ စီးပွားရေးအခွင့်အလမ်းတိုးတက်လာ ကာ မြို့ပိုမိုဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်ဟု ဒေသခံပြည်သူများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats