ေတာင္ႀကီးၿမိဳ႕ ေပၚ ရပ္ကြက္အခ်ိဳ႕တြင္ ေသာက္သံုးေရ ရွားပါးမႈႏွင့္ ႀကံဳေတြ႕ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, April 18, 2019

ေတာင္ႀကီးၿမိဳ႕ ေပၚ ရပ္ကြက္အခ်ိဳ႕တြင္ ေသာက္သံုးေရ ရွားပါးမႈႏွင့္ ႀကံဳေတြ႕ေန


ေအာင္ဆန္း၀င္း
.
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕တြင္ ေႏြရာသီ ပူျပင္းေျခာက္ေသြ႕သည့္ ကာလသုိ႔ ေရာက္ရွိ လာသည့္အတြက္ ၿမိဳ႕ေပၚ ရပ္ကြက္အခ်ိဳ႕တြင္ မတ္လဆန္းပိုင္းမွ စတင္၍ ေသာက္သံုးေရရွားပါးမႈကို ႀကံဳေတြ႕ ေနရသည္ဟု သိရသည္။
.
.
အစိုးရပိုက္လိုင္းက ေပးတဲ့ရ မလာတာ အေတာ္ၾကာေနၿပီ။ ေတာင္ေက်ာင္းႀကီးကန္ (ဂႏုိင္ကန္) ေရက်သြားလို႔ လားေတာ့ မေျပာတတ္ဘူး။ အခု အိမ္မွာ ေသာက္သံုးေရအတြက္ ေရစည္ကား မွာသံုးေနရတယ္။ ေရ ကား တစ္ခါမွာရတာလည္း မလြယ္ဘူး။ ေရ၀ယ္သံုးတဲ့သူ မ်ားလာေတာ့ ေတာ္ေတာ္နဲ႔အလွည့္မက်ဘူး။ မနက္ပိုင္း ကတည္းကမွာမွ ညေန ေလာက္ရတဲ့အခါရွိတယ္။ ရာသီဥတု ပူတာရယ္၊ ေရအရင္းအျမစ္ ရွားပါး လာတာေၾကာင့္ ဒီတစ္ေႏြလံုး ေရ ခက္ခဲဦးမယ္ ထင္ပါတယ္””ဟု ေတာင္ႀကီး ၿမိဳ႕ စိန္ပန္းရပ္ကြက္ေန ဦးေမာင္ထြန္းက ကေမၻာဇတိုင္းသို႔ ေျပာၾကား သည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚရွိ စိန္ပန္း၊ ေရႊေတာင္၊ ခ်မ္းျမသာစည္၊ ရတနာ သီရိ စသည့္ရပ္ကြက္မ်ားတြင္ ေရ ရွားပါးမႈ အမ်ားဆံုး ႀကံဳေတြ႕ေနရ ၿပီး ေရကားမွာယူရာတြင္လည္း အခက္အခဲမ်ား ျဖစ္ေပၚေနရေၾကာင္း ေဒသခံ ျပည္သူမ်ားထံမွ သိရသည္။
.
ေက်ာင္းႀကီးစုရပ္ကြက္၊ ေရႊသူေဌးကုန္းဘက္အျခမ္းနဲ႔ ေအာင္အပ္ႏွံေက်ာင္း တစ္၀ိုက္မွာလည္းေရအခက္အခဲ ျဖစ္ေနတာေတြရွိပါတယ္။ ျမသပိတ္ေက်ာင္း အေနာက္ဘက္မွာ ေနတဲ့ သူေတြကေတာ့ ျမသပိတ္ ေက်ာင္းဆရာေတာ္ လွဴဒါန္းထားတဲ့ အုတ္ေရကန္ကေရကို သံုးလို႔ရေနတဲ့အတြက္ နည္းနည္းေတာ့ အဆင္ ေျပ ၾကပါတယ္။ က်န္တဲ့ေနရာအမ်ား စုလည္း ေရအခက္အခဲျဖစ္ေနတယ္ လို႔ သိရပါတယ္””ဟု ေက်ာင္းႀကီးစု ရပ္ကြက္ေန ေဒသခံ တစ္ဦးမွလည္း ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ေဒသ ခံမ်ားအျပင္ ေရႊ႕ေျပာင္းအေျခခ်ေန ထိုင္သူ မ်ားျပားလာသည့္အတြက္ တစ္ႏွစ္ထက္တစ္ႏွစ္ ေရလိုအပ္ခ်က္ ျမင့္မားလာၿပီး ၿမိဳ႕ေပၚရွိ လက္႐ိုက္ ေရတြင္းမ်ားျဖင့္ လံုေလာက္ျခင္း မရွိ ေတာ့သည့္အတြက္ စက္ေရတြင္း (အ၀ီစိတြင္း)မ်ားကို တူးေဖာ္ အသံုးျပဳမႈ အဆမတန္ မ်ားျပားလာေနသည္ဟု သိရသည္။ ေငြေၾကးတတ္ႏုိင္သူမ်ားမွ အိမ္တိုင္းတြင္ စက္ေရတြင္းကို တူးေဖာ္အသံုး ျပဳေနၾကသည့္အတြက္ သဘာ၀ ေျမေအာက္ ေရရွားပါးမႈ တစ္ေန႔တစ္ျခား ျမင့္တက္လာျခင္း ျဖစ္ေၾကာင္း သိရသည္။
.
တောင်ကြီးမြို့ ပေါ် ရပ်ကွက်အချို့တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေ
.
အောင်ဆန်းဝင်း
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် နွေရာသီ ပူပြင်းခြောက်သွေ့သည့် ကာလသို့ ရောက်ရှိ လာသည့်အတွက် မြို့ပေါ် ရပ်ကွက်အချို့တွင် မတ်လဆန်းပိုင်းမှ စတင်၍ သောက်သုံးရေရှားပါးမှုကို ကြုံတွေ့ နေရသည်ဟု သိရသည်။
.
အစိုးရပိုက်လိုင်းက ပေးတဲ့ရ မလာတာ အတော်ကြာနေပြီ။ တောင်ကျောင်းကြီးကန် (ဂနိုင်ကန်) ရေကျသွားလို့ လားတော့ မပြောတတ်ဘူး။ အခု အိမ်မှာ သောက်သုံးရေအတွက် ရေစည်ကား မှာသုံးနေရတယ်။ ရေ ကား တစ်ခါမှာရတာလည်း မလွယ်ဘူး။ ရေဝယ်သုံးတဲ့သူ များလာတော့ တော်တော်နဲ့အလှည့်မကျဘူး။ မနက်ပိုင်း ကတည်းကမှာမှ ညနေ လောက်ရတဲ့အခါရှိတယ်။ ရာသီဥတု ပူတာရယ်၊ ရေအရင်းအမြစ် ရှားပါး လာတာကြောင့် ဒီတစ်နွေလုံး ရေ ခက်ခဲဦးမယ် ထင်ပါတယ်””ဟု တောင်ကြီး မြို့ စိန်ပန်းရပ်ကွက်နေ ဦးမောင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောကြား သည်။
.
တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြသာစည်၊ ရတနာ သီရိ စသည့်ရပ်ကွက်များတွင် ရေ ရှားပါးမှု အများဆုံး ကြုံတွေ့နေရ ပြီး ရေကားမှာယူရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
.
ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဌေးကုန်းဘက်အခြမ်းနဲ့ အောင်အပ်နှံကျောင်း တစ်ဝိုက်မှာလည်းရေအခက်အခဲ ဖြစ်နေတာတွေရှိပါတယ်။ မြသပိတ်ကျောင်း အနောက်ဘက်မှာ နေတဲ့ သူတွေကတော့ မြသပိတ် ကျောင်းဆရာတော် လှူဒါန်းထားတဲ့ အုတ်ရေကန်ကရေကို သုံးလို့ရနေတဲ့အတွက် နည်းနည်းတော့ အဆင် ပြေ ကြပါတယ်။ ကျန်တဲ့နေရာအများ စုလည်း ရေအခက်အခဲဖြစ်နေတယ် လို့ သိရပါတယ်””ဟု ကျောင်းကြီးစု ရပ်ကွက်နေ ဒေသခံ တစ်ဦးမှလည်း ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် ဒေသ ခံများအပြင် ရွှေ့ပြောင်းအခြေချနေ ထိုင်သူ များပြားလာသည့်အတွက် တစ်နှစ်ထက်တစ်နှစ် ရေလိုအပ်ချက် မြင့်မားလာပြီး မြို့ပေါ်ရှိ လက်ရိုက် ရေတွင်းများဖြင့် လုံလောက်ခြင်း မရှိ တော့သည့်အတွက် စက်ရေတွင်း (အဝီစိတွင်း)များကို တူးဖော် အသုံးပြုမှု အဆမတန် များပြားလာနေသည်ဟု သိရသည်။ ငွေကြေးတတ်နိုင်သူများမှ အိမ်တိုင်းတွင် စက်ရေတွင်းကို တူးဖော်အသုံး ပြုနေကြသည့်အတွက် သဘာဝ မြေအောက် ရေရှားပါးမှု တစ်နေ့တစ်ခြား မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment