လားရိႈးတြင္ သၾကၤန္၌ အသံုးျပဳေသာ ဝါးျဖင့္ ျပဳလုပ္ထားသည့္ အတာႀကိဳ အိုးမ်ား အေရာင္းသြက္ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Monday, April 15, 2019

လားရိႈးတြင္ သၾကၤန္၌ အသံုးျပဳေသာ ဝါးျဖင့္ ျပဳလုပ္ထားသည့္ အတာႀကိဳ အိုးမ်ား အေရာင္းသြက္


ေနာင္ (ျမစ္မခ)
ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ျမန္မာ့ရိုးရာ အတာသၾကၤန္၌ အသံုးျပဳေသာ ဝါးျဖင့္ ျပဳလုပ္ထားသည့္ အတာႀကိဳအိုးမ်ား အေရာင္းသြက္ကာ မိသားစုဝင္ေငြ အဆင္ျပလ်က္ရွိေၾကာင္း သိရသည္။
ျမန္မာ့ရိုးရာအတာသၾကၤန္တြင္ အတာႀကိဳအိုးမ်ားကို ေနရာေဒသအလိုက္ ပံုစံအမ်ိဳးမ်ိဳးျဖင့္ အသံုးျပဳလ်က္ရွိရာ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ဝါးျဖင့္ ျပဳလုပ္ေသာ အတာႀကိဳအိုးမ်ားအား ယခုႏွစ္တြင္ ပံုစံအသစ္ျဖင့္ ျပဳလုပ္ေရာင္းခ်ေၾကာင္း သိရသည္။
ႏွစ္တိုင္းေရာင္းပါတယ္။ ဒီႏွစ္မွာေတာ့ ေဖာ့ေလးေတြကို အသံုးျပဳၿပီး ေရာင္စံုပန္းပံုစံေလးေတြေ ေဖာ္ၿပီး အတာအိုးထဲမွာ ထည့္ေရာင္းတာအရမ္းေရာင္းေကာင္းပါတယ္။ အရင္ႏွစ္ကထက္ ပို ေရာင္းေကာင္းပါတယ္။’’ဟု အတာႀကိဳအိုးေရာင္းသူ ေဒၚနန္းေအးခ်စ္က ေျပာသည္။
အဆိုပါ အတာႀကိဳအိုးမ်ားကို တစ္ေပခန္႔ရွိေသာ ဝါးဗူးအတြင္း ခုႏွစ္ေန႔နံပါ အညႊန္႔မ်ား၊ တံခြန္မ်ား၊ အလွဆင္ပန္းမ်ားထည့္ကာ ဧၿပီ ၁၂ ရက္မွ စတင္ေရာင္းခ်ေနေၾကာင္း သိရသည္။
ဒီႏွစ္က လူႀကီးေတြေျပာလို႔ အဂၤါသားသမီးေတြအတြက္က ႏွစ္အိုး ဝယ္ရတယ္ဆိုလို႔ အိမ္အတြက္နဲ႔ဆိုေတာ့ သံုးအိုးဝယ္ရတာပါ။ တခ်ိဳ႕ေနရာေတြမွာေတာ့ ေျမအိုးနဲ႔ အတာႀကိဳ အိုးလုပ္တာ ေတြ႔တယ္။ ဒီမွာကေတာ့ ဝါးအိုးေတြနဲ႔ လုပ္ၾကတယ္။’’ဟု လားရိႈးၿမိဳ႕ေဒသခံ မစႏၵာဝင္းက ေျပာသည္။
အဆိုပါ အတာႀကိဳအိုးမ်ားအား ရိုးရိုး ပန္းမပါေသာ တစ္အိုးလွ်င္ ၈၀၀ က်ပ္ႏွင့္ အလွပန္းပါေသာ တစ္အိုး ၁၀၀၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေပးလ်က္ရွိၿပီး လားရိႈးၿမိဳ႕နယ္အတြင္း လူေနမႈမ်ားျပားလာျခင္းေၾကာင့္ အတာအိုးမ်ားမွာ တစ္ႏွစ္ထက္ တစ္ႏွစ္ပိုမိုေရာင္းခ်ေနရေၾကာင္း သိရသည္။
.

လားရှိုးတွင် သြင်္ကန်၌ အသုံးပြုသော ဝါးဖြင့် ပြုလုပ်ထားသည့် အတာကြို အိုးများ အရောင်းသွက် 

နောင် (မြစ်မခ) 

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ အတာသြင်္ကန်၌ အသုံးပြုသော ဝါးဖြင့် ပြုလုပ်ထားသည့် အတာကြိုအိုးများ အရောင်းသွက်ကာ မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာအတာသြင်္ကန်တွင် အတာကြိုအိုးများကို နေရာဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဝါးဖြင့် ပြုလုပ်သော အတာကြိုအိုးများအား ယခုနှစ်တွင် ပုံစံအသစ်ဖြင့် ပြုလုပ်ရောင်းချကြောင်း သိရသည်။
နှစ်တိုင်းရောင်းပါတယ်။ ဒီနှစ်မှာတော့ ဖော့လေးတွေကို အသုံးပြုပြီး ရောင်စုံပန်းပုံစံလေးတွေေ ဖော်ပြီး အတာအိုးထဲမှာ ထည့်ရောင်းတာအရမ်းရောင်းကောင်းပါတယ်။ အရင်နှစ်ကထက် ပို ရောင်းကောင်းပါတယ်။’’ဟု အတာကြိုအိုးရောင်းသူ ဒေါ်နန်းအေးချစ်က ပြောသည်။

အဆိုပါ အတာကြိုအိုးများကို တစ်ပေခန့်ရှိသော ဝါးဗူးအတွင်း ခုနှစ်နေ့နံပါ အညွှန့်များ၊ တံခွန်များ၊ အလှဆင်ပန်းများထည့်ကာ ဧပြီ ၁၂ ရက်မှ စတင်ရောင်းချနေကြောင်း သိရသည်။
ဒီနှစ်က လူကြီးတွေပြောလို့ အင်္ဂါသားသမီးတွေအတွက်က နှစ်အိုး ဝယ်ရတယ်ဆိုလို့ အိမ်အတွက်နဲ့ဆိုတော့ သုံးအိုးဝယ်ရတာပါ။ တချို့နေရာတွေမှာတော့ မြေအိုးနဲ့ အတာကြို အိုးလုပ်တာ တွေ့တယ်။ ဒီမှာကတော့ ဝါးအိုးတွေနဲ့ လုပ်ကြတယ်။’’ဟု လားရှိုးမြို့ဒေသခံ မစန္ဒာဝင်းက ပြောသည်။
အဆိုပါ အတာကြိုအိုးများအား ရိုးရိုး ပန်းမပါသော တစ်အိုးလျှင် ၈၀၀ ကျပ်နှင့် အလှပန်းပါသော တစ်အိုး ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး လားရှိုးမြို့နယ်အတွင်း လူနေမှုများပြားလာခြင်းကြောင့် အတာအိုးများမှာ တစ်နှစ်ထက် တစ်နှစ်ပိုမိုရောင်းချနေရကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats