ကျိုင်းတုံတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် မိတ်ဖက် ကုမ္ပဏီများမှ နှစ်သစ်အကြို လှူဒါန်းပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, April 8, 2019

ကျိုင်းတုံတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် မိတ်ဖက် ကုမ္ပဏီများမှ နှစ်သစ်အကြို လှူဒါန်းပွဲ ပြုလုပ်


ထက်တိုင်းကျော်
.
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အကြိုအဖြစ် ကျိုင်းတုံမြို့နယ်၊ ပန်ကွဲတောင်တွင် တည်ထား ကိုးကွယ်တော်မူသည့် သတ္တာသတ္တာဟ စေတီတော်နှင့် ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရေး လုပ်ငန်းနှင့် တာချီလိတ်လမ်းရှိ စိန်ပန်းကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်း သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် မိတ်ဖက် ကုမ္ပဏီများမှ ဧပြီလ ၅ ရက်တွင် လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာနိုင်ငံအဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မဟာသင်္ကြန် နှစ်သစ်ကူးအကြို လှူ ဒါန်းမှုများကို ဧပြီလ ၄ ရက်နှင့် ၅ ရက်များတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နေရာဒေသ ၄၈ ခုရှိ ဘိုးဘွားရိပ်သာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၊ မိဘမဲ့ဂေဟာများအား ငွေကျပ်သိန်း ပေါင်း ၁ဝဝဝ တိတိ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

'' MPT အနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်းမှာ ငွေကျပ်သန်း ပေါင်း ၆ဝဝဝ ကျော်ကို နိုင်ငံအဝှမ်းမှာ လိုအပ်နေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းထောက်ပံ့ပေးခဲ့ပါတယ်။ အခု နှစ်သစ်ကူး သင်္ကြန်အကြို အလှူပွဲကလည်း တစ်နိုင်ငံလုံးမှာရှိနေတဲ့ ဏြွှ အရာထမ်း၊ အမှုထမ်းအားလုံး စုပေါင်းလုပ်တဲ့ အလှူဖြစ်ပါတယ်'' ဟု ကျိုင်းတုံမြို့ရှိ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ပြည်နယ် မန်နေဂျာ ဦး သိန်းဌေးမြင့်က ပြောသည်။
.
ကျိုင်းတုံမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင်း၌ လူမှုအကျိုး ပြု လုပ်ငန်းများဖြစ်သည့် ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ စုပေါင်းသွေးလှူ ဒါန်းခြင်း၊ သစ်ပင်စိုက်ပျိုးပွဲများ၌ တက်ကြစွာ ပါဝင်ဆောင်ရွက်လျက် ရှိပြီး အမှန်တကယ်အကူအညီ လိုအပ်နေသည့် လူမှုအဖွဲ့အစည်းများ သို့ ကူညီထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်နင်းမှ ကျိုင်း တုံမြို့နယ်၊ ပန်ကွဲတောင်၌ တည်ထား ကိုးကွယ်တော်မူမည့် သတ္တာ သတ္တဟ မဟာဗောဓိ စေတီတော်နှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ရေးအတွက် ငွေကျပ် သိန်း ၂ဝ နှင့် တာချီလိတ် လမ်းရှိ စိန်ပန်းကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းတို့အား ငွေ ကျပ်သိန်း ၂ဝ ပေး အပ်လှူဒါန်းခဲ့ပြီး MPT နှင့် အကျိုးတူလုပ်ငန်းဆောင်ရွက်နေသည့် မိတ်ဘက်အဖွဲ့အစည်း များမှလည်း အလှူငွေ ၆၂ သိန်းကျပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats