တောင်ကြီးတွင် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, April 13, 2019


ကမ္ဘောဇတိုင်း
.
.

.

.
.
.
တောင်ကြီးတွင် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကို ယနေ့ ဧပြီလ ၁၃ ရက်၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် မန်းတောင်ရိပ်ခို (မြနန္ဒာ) တေးသီချင်းကို စုပေါင်းသီဆို၍ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များမှ တူညီကကွက် များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော် များမှ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား သင်္ကြန်ရေ ပက်ဖျန်းပြီး ဗဟိုမဏ္ဍပ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment