ရပ်စောက်တွင် သုတအလင်း စာ အုပ်စာစောင် ချစ်မြတ်နိုးသူများ အ သင်းမှ စာဖတ်ဝိုင်း ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 8, 2019

ရပ်စောက်တွင် သုတအလင်း စာ အုပ်စာစောင် ချစ်မြတ်နိုးသူများ အ သင်းမှ စာဖတ်ဝိုင်း ပြုလုပ်


သူထူးစံ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက သုတအလင်းစာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
.

စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာဖေမြင့်၏  စဉ်းစားခြင်းစာအုပ် (စဉ်းစားခြင်းဆိုင်ရာနည်း နာ၊ စဉ်းစားစရာ ပြဿနာနှင့် အကျပ် အတည်းကြားမှာ စဉ်းစားကြံဆ တတ်သူတို့အကြောင်း)ပါ အကြောင်း အရာတို့ကို ဆွေးနွေးခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ မြို့နယ်(သြသု ဃူကဘ) အသင်းဝင်များဖြစ်သည့် ဦးသောင်း ညွန့်(မြို့နယ်ပညာရေးမှူး-ငြိမ်း/ စာရေးဆရာ နိုင်သောင်း ထွဋ်)၊ ဦးသိန်းအောင် (ကျောင်းအုပ်-ငြိမ်း)၊ ဦးချစ်သောင်း (အခွန်ဦးစီး အရာရှိ-ငြိမ်း)၊ ဦးကျော်ဇင်(သမဝါယမ လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)၊ ဦးသက်ဝေ(စာရေးဆရာ ရွှေမိုး-ရပ်စောက်)၊ ဒေါ်မြင့်မြင့်စန်း (အလယ်တန်းပြ)၊ ဒေါ်သူဇာလွင် (မူလတန်းပြ)၊ ဒေါ်ထက်ထက်ဦး (ကုန်သည်)၊ ဒေါ်နန်းမြင့်မြင့်အေး (စိုက်ပျိုးရေး)၊ ၊ ဦးတင်အေးအောင် (စာရေးဆရာ နိုင်မင်းညို)တို့တက် ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ရပ်စောက်မြို့နယ် သုတအလင်း စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်က စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းဝင် ၂၁ ဦးရှိကာ အသင်းဝင်သစ်များအား ကြိုဆို လက်ခံလျက် ရှိကြောင်းနှင့် အသင်းဝင်လိုပါက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စုံစမ်းနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment