တောင်ကြီးမြို့ပေါ်ရှိ အထည်ဆိုင်များ အရောင်းအ၀ယ် ကောင်းနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 10, 2019

တောင်ကြီးမြို့ပေါ်ရှိ အထည်ဆိုင်များ အရောင်းအ၀ယ် ကောင်းနေ


ရဲရင့်ဇွဲ
.
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလ နီးကပ်လာပြီဖြစ်သည့်အတွက် တောင်ကြီးမြို့ပေါ်ရှိ အ၀တ်အထည် အရောင်းဆိုင်များသည် သာမန် နေ့ရက်များနှင့် မတူ အရောင်းအ ၀ယ်ကောင်းလျက်ရှိသဖြင့် ဆိုင်ဖွင့် လှစ်ရောင်းချသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
,

.
ခါတိုင်းနဲ့တော့မတူဘူး။ ရောင်း အားကောင်းလာတယ်။ သင်္ကြန်နီး လာရင်တော့ ရောင်းအားကောင်း တာက နှစ်တိုင်းပါပဲ။ သင်္ကြန်ရောက် ပြီဆိုရင်တော့ လူတွေက ဘုရားသွား ကျောင်းတက်ကြမယ်။ ခရီးထွက် ကြမယ်။ ရေပက်ခံထွက်ကြမယ်။ ဒီတော့ အ၀တ်အထည်ကို ပိုဝယ်ကြ ပါတယ်။ လူကြီး အ၀တ်အစားတွေ ထက် လူငယ်ပိုင်း လူလတ်ပိုင်းအ ၀တ်အထည်တွေက ပိုရောင်းရပါ တယ်””ဟု တောင်ကြီးမြို့မဈေးအ တွင်း အထည်ဆိုင် ဖွင့်လှစ်ရောင်းချ သူ မခင်ပြုံးဝင်းက ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိအ၀တ်အ ထည်ဆိုင်များအား မြို့ပေါ်ရှိဒေသ ခံပြည်သူများ သာမက နယ်ဝေးမှ လာရောက် ၀ယ်ယူသူများကြောင့် အရောင်းအ၀ယ်ကောင်းလျက်ရှိပြီး တန်ဆောင်တိုင်ကာလ၊ သီတင်း ကျွတ်ကာလတို့နှင့် နှိုင်းယှဉ်ပါက သင်္ကြန်ကာလမှာ ရောင်းအားအ ကောင်းဆုံးအချိန် ဖြစ်ကြောင်း သိ ရသည်။
.
အထည် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရေသေနတ်တွေ၊ ဖုန်းရေစိုခံအိတ်တွေလည်း ရောင်း ကောင်းနေပါတယ်။ အထည်ကတော့ ခါတိုင်းထက် ပို ရောင်းရတယ်။ အ ထည်ဆိုင်အများစုက ဒီသင်္ကြန်မ ရောက်ခင် ကာလလေးကိုပဲအား ကိုးပြီးရောင်းနေကြရတာ။ ရိုးရာ ၀တ်စုံတွေ၊ ပုဆိုးတွေထက်ခေတ် ပေါ်အ၀တ် အစားတွေကိုပဲ အများ ဆုံး လာဝယ်ကြတာ တွေ့ရတယ်”” ဟု တောင်ကြီးမြို့ပေါ်တွင် အထည် ဆိုင် ဖွင့်လှစ်ထားသူ ဦးမျိုးတင့်က ပြောသည်။
.
တောင်ကြီးမြို့နှင့် နီးစပ်သည့် ကျေးရွာနေ ဒေသခံများမှ လာရောက် ၀ယ်ယူနေခြင်းကြောင့် အ၀တ်အထည် ဆိုင်များ သာမက အခြား လူသုံး ကုန်ပစ်္စည်းအရောင်းဆိုင်များလည်း အရောင်းအ၀ယ် ကောင်းလျက် ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment