ရှမ်းငွေပဒေသာ အသေးစားငွေရေးကြေးရေးကုမ္ပဏီ ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, April 2, 2019

ရှမ်းငွေပဒေသာ အသေးစားငွေရေးကြေးရေးကုမ္ပဏီ ဖွင့်လှစ်


ကမ္ဘောဇတိုင်း
.
ရှမ်းပဒေသာ ငွေရေးကြေးကုမ္ပဏီလီမိတက် ဖွင့်ပွဲအခမ်းအနား ကို မတ်လ ၂၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ သီးသန့်ရဲစခန်းတိုက်တန်းရှိ အဆိုပါ ရုံးခန်းနေ ရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

.
ဒီ ရှမ်းငွေပဒေသာ အသေးစား ငွေရေးကြေးရေး ကုမ်္ပဏီလီမိတက် ကို ဖွဲ့စည်းတည်ထောင်ရ တဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူ တန်းစားတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို တစ်ဖက် တစ်လမ်းက ကူညီဖြည့်ဆည်းသွားဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့၊ ဒေသခံ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့် မားစေဖို့၊ အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေ ရယူပြီး လုပ်ကိုင် နိုင်စေဖို့၊ လုပ်ငန်းတွေ အောင်မြင်ပြီး ရေရှည် ရပ်တည်နေနိုင်စေဖို့၊ အသင်းသား တွေ အကြွေးနွံကနေ ကင်းလွတ်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်း တာဖြစ်ပါတယ်”” ဟု ရှမ်းပဒေသာ ငွေရေးကြေး ရေးကုမ်္ပဏီလီမိတက် မှ တာဝန်ရှိသူတစ်ဦးက ကမေ်္ဘာဇတိုင်းသို့ ပြောသည်။
.
ရှမ်းပဒေသာ အသေးစားငွေရေးကြေးရေး ကုမ်္ပဏီလီမိတက် အနေ ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ငွေကြေး အမှန်တကယ် လိုအပ်နေပြီး ၀င်ငွေ နည်းပါးသည့် ပြည်သူလူထု များထံသို့ ချေးငွေ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.
အသေးစားလုပ်ငန်း၏ သဘော သဘာဝမှာ ငွေချေးခြင်းလုပ်ငန်း အပြင် ချေးယူသူများအတွက် စုဆောင်းငွေများကို စုဆောင်းစေပြီး ယင်းစု ငွေအပေါ် အတိုးနှုန်း တွက်ချက်ပေးထားသည့် အပြင် ရှမ်းငွေပဒေသာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများသည် ချေးငွေ၊ ဆပ်ငွေများ ကို အိမ်တိုင်ရာရောက် ထုတ်ချေး ကောက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats