စိတ်ဆိုးမွေးလျှင် ခွေးဖြစ်နိုင်သလား လက်ညှိုးကွေးလျှင် ခွေးဖြစ်နိုင်သလား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 2, 2019

စိတ်ဆိုးမွေးလျှင် ခွေးဖြစ်နိုင်သလား လက်ညှိုးကွေးလျှင် ခွေးဖြစ်နိုင်သလား


ကောင်းမြင့်မြတ်စိန်
.

.
ကျွန်တော်သည် ရွှေအမြုတေ ရုပ်စုံမဂ်္ဂဇင်း (အမှတ် ၂၆၀၊ ဇူလိုင်၊ ၂၀၁၁)မှ ၀တ်္ထုတိုတစ် ပုဒ်ကို ဖတ်ပြီး အတွေးများစွာ ပွားမိပါသည်။ စာရေးသူ ပန်းရေဂျိုး (မိုးကုတ်)၏ (လက်ညှိုး ကွေးတော့ ခွေးဖြစ်ရော) ၀တ်္ထုတို ဖြစ်သည်။ ထိုဝတ်္ထုမှ ကျွန်တော်ကြိုက်မိသော စာသားမှာ  (တကယ်ဆို လက်ညှိုးကွေးလိုက်ဖို့ရာ ဘာမှ မခဲယဉ်းသလို ခွေးဖြစ်ဖို့ဆိုတာလည်း လွယ် လွယ်လေးပါလား။) ဖြစ်သည်။ သို့ရာတွင်လေး လေးနက်နက် ဆက်လက်တွေးကြည့်သောအခါ လက်ညှိုးလေး ကွေးဖို့ဆိုတာ သာမန်လူအတွက် လွယ်ကူသော ကိစ်္စမဟုတ်ပါ။ ကျွန်တော်ကတော့ လက်တွေ့ကျကျ တွေးကြည့်ပါသည်။ ကျွန် တော့်လက်ထဲ လက်နက်တစ်ခုခု ရောက်လာပါ က အသုံးချဖို့ အတော်စဉ်းစားပါသည်။ လူတစ် ဖက်သားကို သတ်ဖြတ်ရန် ဝေးလို့၊ နာကျင်ထိ ခိုက်သွားစေရန်ပင် မပြုမူရက်ပါ။ ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀က လူတစ်ဦးကိုအ လွန်နာကျည်း မုန်းတီးခဲ့သည်။ လူငယ်စိတ်ဖြင့် ထိုသူအား ရိုက်ချင်စိတ် ပေါက်မိသည်။ ရိုက်ဖို့ အကွက် ချောင်းကာ အပိုင်ကြံခဲ့သည်။ ရိုက်ဖို့ တုတ်ကိုလည်း ရှာထားသည်။ တစ်ညတွင် ထို သူအား ရိုက်ရန် အကောင်းဆုံး အခွင့်အရေးရ ခဲ့သည်။ ထိုသူ၏ အသံကြားသည်နှင့် ကျွန် တော်ဒေါသ ပေါက်ကွဲပြီး ရုတ်တစ်ရက်တုတ်ဖြင့် ၀င်ရိုက်သည်။ တကယ်တမ်း အပိုင်ရိုက်ခွင့်ရ သောအခါ ကျွန်တော်ရက်ရက်စက်စက် မရိုက် ရက်ခဲ့ပါ။ အပြင်းအထန် ရိုက်ရန် ရည်ရွယ်ပြီးမှ စိတ်က ချက်ချင်း ပြောင်းသွားပြီး အသာအယာ သာ ရိုက်လိုက်မိသည်။ ထိုသူက ကျွန်တော်ဝင် ရိုက်နေသည်ကို သိသောအခါ ထွက်ပြေးသွား သည်။ အကယ်၍သာ ထိုသူက ခုခံမည်၊ ပြန် လည်တိုက်ခိုက်မည် ဆိုက ကျွန်တော်ခံရမည် မုချ။ ကျွန်တော်ပြောချင်သည်မှာ တော်ရုံတန်ရုံ လောဘရမက်၊ တော်ရုံတန်ရုံ ဒေါသမာန်မာန၊ တော်ရုံတန်ရုံ မောဟအမိုက်မှောင်တို့ဖြင့် လူ သာမန်တို့၏ စိတ်သည် မရိုင်းစိုင်းနိုင်ကြောင်း ဖြစ်ပါသည်။ လူ၏ မူရင်းသဘာဝစိတ်သည် အ လွန်ဖြူစင်ပါသည်။ လူဆန်ပါသည်။ လူလူချင်း ချစ်တတ်ပါသည်။ လူလူချင်း စာနာဖေးမ တတ် ပါသည်။ လူလူချင်း တန်ဖိုးထားပါသည်။ သ နားတတ်ပါသည်။
.
အလွန်ဖြူစင်သော လူ၏စိတ်ကို အရောင် အမျိုးမျိုး စိုးမိုးခြယ်သခံရသောအခါ လောဘရ မက်များ ကြီးလာကြသည်။ ဒေါမာန်တွေ ထန်  ကုန်သည်။ မောဟ အမိုက်မှောင်တွေဖုံးကုန်လေ သည်။ လောဘရမက်သည် အတောမသတ်နိုင် ပါ။ ထိုလောဘရမက်ကြောင့် တဒင်္ဂအတွင်းခွေး ဇာတ်ခင်းကာ ခွေးဖြစ်သွားသူတွေ ရှိသည်။ ယ နေ့ခေတ်အခါ နေ့စဉ်လိုလို ထိုခွေးသတင်းများ ကြားသိနေရသဖြင့် စိတ်မကောင်း ဖြစ်ကြရ သည်။ သက်ငယ်မုဒိမ်း သတင်းများ၊ နိုင်ထက် စီးနင်းမုဒိမ်း သတင်းများ၊ မိန်းမယောကျာ်းအ ချို့၏ ဖောက်ပြန်မှောက်မှား အငယ်အနှောင်း တေးခွေးဇာတ်ခင်းခြင်း သတင်းများက ရွံစရာ ကောင်းလှသည်။ ထို့ကြောင့် ရှေးလူကြီးများက (မှောင်တကာ့ မှောင် ဒီမှောင် အမိုက်ဆုံး)ဟုပင် ပြောစမှတ် ပြုခဲ့ကြသည်။ အချို့ဆိုလျှင် မိမိ၏ သမီးရင်း၊ နှမရင်းကိုပင် စော်ကားရဲကြသည်။ သို့ဖြင့် လက်ညှိုးကွေးရန် လွယ်သလို ခွေးဖြစ် ရန်လည်း အလွန်လွယ်ကူပါလေသည်။ လော ဘရမက်သည် ပညာတတ်ခြင်း၊ မတတ်ခြင်းနှင့် လည်း မဆိုင်၊ စိတ်ကောင်းရှိခြင်း၊ မရှိခြင်းနှင့် သာ ဆိုင်လေသည်။ စိတ်ကောင်းမရှိဘဲ စိတ် ဆိုးစိတ်မိုက်ရှိသူအတွက် ပညာတတ်ခြင်းသည် ပင် ပို၍ ကြောက်စရာ ကောင်းပေလိမ့်မည်။ မိ မိစိတ်ကို ဖြူစင်သန့်ရှင်းစေရန် ယဉ်ကျေးလိမ်္မာ စေရန် ဆုံးမရန်မှာ လက်ညှိုးကွေးသလောက် မလွယ်လှပါ။
.
လူသည် ဒေါသမာန်မာန အလွန်ကြီးလျှင် ပို၍ အမှားလုပ်ပါသည်။ ဒေါသဖြစ်နေချိန်တွင် အမှန်အမှား မခွဲခြားနိုင်ပါ။ မာန်မာနကြီးလျှင် လည်း မပြစ်မှားသင့် သူတို့ပင် ပြန်လည်ပြစ်မှား တတ်ပါသည်။ ဒေါသနှင့် မာန်မာနပေါင်းလျှင် ကား မိဘလည်း မရှိတော့ပါ။ ဆရာလည်း မရှိ တော့ပါ။ သားသမီးလည်း ပျောက်သွားတတ်ပါ သည်။ သင်မယားရန်ပွဲမှသည် ပြည်တွင်းစစ်ပွဲ များ၊ ကမ်္ဘာ့စစ်ပွဲများသည် ထိုဒေါသ မာန်မာန များကြောင့်ပင် ဖြစ်ကြရလေသည်။ ဒေါသမာန် မာနသည်လည်း ပညာတတ်ခြင်း၊ မတတ်ခြင်း နှင့် မဆိုင်ပေ။ စိတ်ကောင်းမွေးဖို့သာ အဓိက လိုပါသည်။ စိတ်ကောင်းမွေးဖို့ စာကောင်းဖတ် ဖို့ လိုသည်။ ဘာသာတရား အဆုံးအမနှင့် မ ကင်းကွာဖို့ လိုသည်။ မိမိတို့၏ စိတ်ကို ပြန် သုံးသပ်ရန်၊ နှလုံးသွင်းမှန်ရန် လိုပါသည်။ မိမိ တို့၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို သုံးသပ်နိုင်မှ မာန်မာန ဒေါသစိတ်များကို ဖြေလျှော့နိုင်ပေ မည်။ ဒေါသမာန်မာန စိတ်ဆိုးစိတ်မိုက်များကို မမြင်သမျှ၊ မပြင်သမျှ မှားနေကြမည်သာဖြစ် လေသည်။ စိတ်ဆိုးမွေးနေလျှင် ခွေးဖြစ်နိုင် သည်။ နွားဖြစ်နိုင်သည်။ တိရစ်္ဆာန်၊ ပြိတ်္တာ၊ အ သူရကယ်လည်း ဖြစ်နိုင်သည်။ ငရဲကျနိုင်သည်။ စိတ်ဆိုးမွေးလျှင် လက်ညှိုးကွေးဖို့ ၀န်မလေး၊ ဗုံးကြဲဖို့ လက်မနှေးတတ်ပါ။ စိတ်ကောင်းမမွေး၊ စိတ်မိုက်မွေးနေလျှင် လူစင်စစ်က သရဲဘီလူး ဖြစ်ကာ လောက ကမ်္ဘာကိုပင် ဖျက်ဆီးပစ်နိုင် ပါသည်။ ပညာမည်မျှပင် တတ်ပါစေ စိတ်ဆိုး မွေးနေလျှင် မိမိအတွက်ရော လောကအတွက် ပါ များစွာအကျိုးမဲ့ စေပါသည်။
.
အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်သည် ပင် ဒေါသကြီးသူ ဖြစ်ပါသည်။ မာနကြီးသူ ဖြစ် ပါသည်။ မဟုတ်မခံ စိတ်ရှိသည်။ ဟုတ်လျှင် လည်း အပြောခံမည့်သူ မဟုတ်ပါ။ ထို့ကြောင့် မကြာခဏ အမှား ပြောမိတတ်သည်။ အမှား လုပ်မိတတ်ပါသည်။ အသက်ငယ်စဉ်က ကျွန် တော်၏ သားအကြီးဆုံးကို ဆုံးမရာတွင် ဒေါသ ဖြင့် ရိုက်နှက်ထိုးကြိတ်ခဲ့သည်။ ပြီးမှ စိတ်မ ကောင်း ဖြစ်နေခဲ့ရသည်။ ထိုသို့ အခါခါမှားခဲ့ ဖူးသဖြင့် သားအကြီးဆုံးမှာ (ပြန်မပြော နားမ ထောင်) လူပေကလေး ဖြစ်သွားခဲ့သည်။ ကျွန် တော့်ဒေါသကြောင့် ထိုသို့ ဖြစ်ရခြင်းပါ။ လုပ် ငန်းခွင်များတွင်လည်း ထိုမာန်မာန၊ ဒေါသတို့ ဖြင့် မကြာခဏ ပြောမှားဆိုမှား ရှိခဲ့ရပါသည်။ အလုပ်ထဲတွင် ထိုသို့ အမှားများကြောင့် နစ်နာ မှုများလည်း ရှိခဲ့ပါသည်။ စာဖတ်များခြင်း၊ တ ရားနာခြင်း၊ ဘာသာရေး လိုက်စားခြင်းများ ရှိ လာသောအခါ ထိုစိတ်ဆိုး စိတ်မိုက်များကို ပြု ပြင်တတ်ခဲ့ရပါသည်။ သည်းခံခြင်း၊ ခွင့်လွှတ် ခြင်း၊ နားလည်မှုရှိခြင်း၊ တရားနာခြင်းသဘော များကို တစ်စတစ်စ သဘောပေါက်လာခဲ့သည်။ လူကြီးဆန်ဆန် သဘောထားကြီးကြီးနေတတ် အောင် ကြိုးစားနေရပါသည်။ (ပညာရှိ၊ အမျက် အပြင်မထွက်စေနဲ့) ဟူသော ရှေးလူကြီးတို့၏ ဆုံးမစကားကို ယခုမှ နားလည်လာပါသည်။ (လူမိုက်နောင်တ နောင်မှရ) ဆိုသည့် စကားကို လည်း နက်နဲစွာ လက်ခံလာမိပါသည်။ နောင် တမရစေရန်အတွက်လည်း ကိုယ့်ကိုယ်ကို အမြဲ  သတိထားလုပ်ကိုင်နေထိုင်လျက် ရှိပါသည်။ ဒေါ သကို ကျွန်တော်ကြောက်ပါသည်။ မာန်မာန ကို ကျွန်တော်လန့်ပါသည်။ လက်ညှိုးတစ်ကွေး မျှအချိန်အတွင်း ဒေါသကြောင့် မိမိကိုယ်တိုင် လောင်ကျွမ်းသွားနိုင်သည်။ သူတစ်ပါးကိုလည်း လောင်ကျွမ်း စေနိုင်ပါသည်။ ယခုအခါ အဆင့် မြင့် နည်းပညာများကြောင့် လက်ညှိုးကွေးရန် ပင် မလိုတော့ဘဲ လက်ညှိုးလေး ထိရုံဖြင့် ကမ်္ဘာ ပျက်လက်နက်ကြီးများကိုပင် ပစ်လွှတ်နိုင်ပြီဖြစ် ပါသည်။ ပညာတတ်လေ ကြောက်စရာကောင်း လေဖြစ်ရခြင်းမှာ ရင်နာစရာကောင်းလှပါသည်။ ပညာတတ်လေ စိတ်ကောင်းရှိလေ ဆိုလျှင် ကမ်္ဘာကြီး မည်မျှ သာယာလှပပေမည်နည်း။
.
လူတွင် မောဟအမိုက်မှောင် စိတ်ဖုံးလွှမ်း နေလျှင် အဆိုးသွမ်းဆုံးပင် ဖြစ်သည်။ မောဟ အမိုက်မှောင် ဖုံးနေသူသည် လောဘရမက် လည်း အလွန်ကြီးသည်။ ဒေါသ မာန်မာနလည်း အထန်ဆုံး ဖြစ်သည်။ ထိုသူတို့ မလုပ်ရဲသော အလုပ် ဘာမျှမရှိ။ (နဖူးကိုပင် သိုက်တူးမည့်သူ များ)ဖြစ်လေသည်။ ရုပ်ပိုင်းဆိုင်ရာ နည်းပညာ များ လျှင်မြန်စွာ တိုးတက်ထွန်းကားသော ယ နေ့ခေတ်ကာလတွင် လူတို့သည် စာတတ်ပညာ တတ်သော်လည်း ရုပ်ပိုင်းဆိုင်ရာများ နောက်သို့ သာ လိုက်နေရင်း ရုပ်ပိုင်းဆိုင်ရာ ပညာများသာ တတ်တော့သည်။ စိတ်ပိုင်းဆိုင်ရာ အသိဉာဏ် များ ချို့ယွင်းအားနည်းနေပေသည်။ မကောင်း မှု လုပ်ရန် ရှက်ခြင်း၊ မကောင်းမှု လုပ်ရန် ကြောက်ခြင်း၊ ဟူသော စိတ်ကောင်းစိတ်မြတ် များ မှေးမှိန်ပျောက်ကွယ်လာကြသည်။ မေတ်္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက်္ခာ ဟူသော ဗြဟ်္မစိုရ် တရားများ နည်းပါးလာကြသည်။ ““ဘယ်သူ သေသေ၊ ငတေမာပြီးရော””၊ ““ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်”” ထင်ရာစိုင်းလာကြသည်။ ““ငါနှင့် ငါသာ နှိုင်းစရာ””ဖြစ်လာသည်။ ကိုယ် ကျိုးစီးပွားသာ အလေးထား လာကြသည်။ အ များကောင်းစားရေး၊ လောကကောင်းစားရေးကို ပြက်ရယ်ပြုလာကြသည်။ မောဟအမိုက်မှောင် ဖုံးလေ ထိုစိတ်များ ကြီးစိုးလေပင် ဖြစ်သည်။ ထို့ကြောင့် မသမာမှု ပြုလုပ်ရန်ဝန်မလေး။ ဒုစရိုက်မှု ပြုရန် မခဲယဉ်း။ အကုသိုလ် ဆို သည်ကို ဂရု မစိုက်ကြတော့ချေ။ လွန်စွာ ကြောက်စရာကောင်းသည်။ ထိုသူများ အတွက် (စိတ်ဆိုးမွေးရင် ခွေး ဖြစ်မည်။ လက် ညှိုးကွေးရင် ခွေးဖြစ်မည်) မုချ ဖြစ်သည်။
.
လူ့ဘ၀သည် တိုတိုလေးပင် ဖြစ်ပါသည်။ ထိုစကားကို လူငယ်များကတော့ နားလည်မည် မထင်။ ကျွန်တော့်လို ပင်စင်စား အရွယ်များက တော့ ကိုယ်တွေ့ဖြစ်၍ နားလည်ပါလိမ့်မည်။ လူ့ဘ၀ ခဏလေးရခိုက်မှာ စိတ်ဆိုးစိတ်မိုက် တွေကိုပဲ အမြဲမွေးနေတော့မလား။ စိတ်ကောင်း လေး မွေးဖို့ရာ စိတ်ဆိုးစိတ်မိုက်တွေ ပြင်မှ ဖြစ် မှာပါ။ လူ့ဘ၀သည် တန်ဖိုးရှိလှပါသည်။ လူ့ ဘ၀ရဖို့လည်း ခဲယဉ်းပါသည်။ ကမ်္ဘာလောက တစ်ခွင်လုံးမှာ လူထက်သာလွန်သော အရာဘာ မျှ မရှိပါ။ လူမလုပ်နိုင်သော အရာလည်း ရှိ မည်မထင်။ သို့သော် ကမ်္ဘာဖျက် လက်နက်များ၊ ကမ်္ဘာဖျက်စစ်ပွဲများ၊ ပြည်ဖျက် လက်နက်၊ပြည် ဖျက် စစ်ပွဲများကိုတော့ မပြုလုပ်သင့်ပါချေ။ လူ့ ဘ၀ အဓိပ်္ပါယ်သည် ထိုသို့ ပြုရန် မဟုတ်ပါ။ ကမ်္ဘာပြုမိုးများ ရွာအောင် လုပ်ကြရပါမည်။ ကမ်္ဘာကြီး ပြန်လည်စိမ်းလန်းသာယာအောင် လုပ်ကြရပါမည်။ တိုင်းပြုပြည်ပြု ရွှေမိုးငွေမိုး ရွာစေချင်ပါသည်။ အထူးသဖြင့် ကမ်္ဘာ့ပြုစိတ်၊ တိုင်းပြုပြည်ပြု စိတ်ကောင်းများ မွေးဖို့လိုပါ သည်။ သို့မှသာ လူ့ဘ၀ အဓိပ်္ပါယ်ရှိပါသည်။ တန်ဖိုးရှိသော လူ့ဘ၀၊ တန်ဖိုးရှိသော လူ့ပြည် ရောက်လာခိုက် တန်ဖိုးရှိရှိ နေဖို့လိုပါသည်။ လူ့ ဘ၀ကပြန်တွက်သွားလျှင်လည်း မိမိကျင်လည် ရှင်သန်ခဲ့သော ကျေးဇူးရှင် လူ့လောကကြီးအ တွက် တစ်စုံတစ်ရာတော့ အကျိုးရှိအောင် လုပ် ပေးခဲ့ဖို့ ကောင်းပါသည်။ မိမိတိုင်းပြည် မိမိရပ် ရွာအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ပေး ခဲ့သင့်ပါသည်။ တိုင်းပြည်၏ သားကောင်း၊ ကမ်္ဘာ အတွက် ကမ်္ဘာသားကောင်း လူသားကောင်း လူသားကောင်းဖြစ်အောင် စိတ်ကောင်းမွေးဖို့ ပထမ ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟ စိတ်ဆိုးများကို နည်းနိုင်သမျှ နည်းအောင် သ တိဖြင့် ဆုံးမကြရပါမည်။ ကွေးသော လက်မ ဆန့်ခင်၊ ဆန့်သောလက် မကွေးခင် သေနိုင် သော အချက်ကို မမေ့သင့်ပါချေ။ လက်ညှိုး ကွေးလျှင် ခွေးဖြစ်သွားနိုင်ပါသည်။
.
လက်ညှိုးကွေးလျှင် ခွေးဖြစ်ပုံ
.
စာရေးသူ ပန်းရေဂျိုး (မိုးကုတ်)၏ (လက် ညှိုးကွေးတော့ ခွေးဖြစ်ရော) ၀တ်္ထုတိုမှ ဘိုးတာ တုံက သူ၏ “မြစ်”ကလေးကို ကြံဖန်ကာ (လက် ညှိုးလေး ကွေးရုံနဲ့ ခွေးဖြစ်သွားပုံ) ပြုလုပ်ပြပုံ ကို ဖော်ပြပါမည်။
.
““သြော် သားလေး၊ ဒီမှာကြည့်၊ သားရဲ့ လက်ချောင်းလေးတွေကို စေ့စေ့ထားရင်း ခြင် ထောင်နားကပ်ပြီး ဖြန့်ထားလိုက်။ သားလက်ရဲ့ အရိပ်က မီးအလင်းရောင်နဲ့ဆိုတော့ ခြင်ထောင် မှာ လာထင်တယ်မို့လား။ အေး အေး ဟုတ် ပြီ။ လက်ညှိုးလေးတစ်ချောင်းတည်းပဲ ကွေး လိုက်။ ခွေးခေါင်းပုံလေး အရိပ်ထင်သွားပြီနော်။ တွေ့လား။ နားရွက်လေး လှုပ်ချင်တယ်ဆိုရင် လက်မကို ကစားလိုက်ပေါ့”။
.
ကျွန်တော် လက်တွေ့စမ်းသပ်ကြည့်ပါ သည်။ လက်ညှိုးလေး ကွေးရုံဖြင့် ခွေးဖြစ်သွား ပါသည်။ အမှန်တကယ်ပင် လက်ညှိုးလေးကွေး ရုံဖြင့် ခွေးဖြစ်သွားလေသည်။ လူ့ဘ၀မှာလည်း လက်ညှိုးလေး ကွေးဖို့ အလွန်လွယ်သလို၊ ခွေး ဖြစ်ဖို့လည်း လွယ်လွယ်လေးပင် ဖြစ်ပါသည်။ လောဘရမက်ကြီးပြီး အမိုက်မှောင် မောဟဖုံး လျှင်၊ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး မောဟအမိုက်မှောင်ဖုံးနေလျှင် ခွေးဖြစ်ဖို့ လွယ် လွယ်လေးပါ။ လူစင်စစ်က လူစိတ်ပျောက်ကာ ခွေးစိတ်ပေါက်သွားနိုင်လေသည်။ ကျွန်တော်တို့ လူဖြစ်လာရခြင်းသည် လောဘကြီးဖို့၊ ဒေါသ ကြီးဖို့၊ မောဟကြီးဖို့ မဟုတ်ပါ။ လူ့လောကနှင့် မိမိပတ်ဝန်းကျင်ကို ပူလောင်စေဖို့ လူဖြစ်လာ ခြင်း မဟုတ်ကြပါ။ မိမိ မိသားစု၊ ဆွေမျိုးသား ချင်းများကို မျက်ရည်ပေါက်ကြီးငယ် ကျစေဖို့ ရှင်သန်နေခြင်းလည်း မဟုတ်ကြပါ။ ရယူလိုစိတ် များဖြင့် ရပ်တည်နေလျှင် မိမိကိုယ်တိုင်ပင် ပျော်ရွှင်မှုများနှင့် ဝေးကွာနေလိမ့်မည်။ ရယူလို စိတ်များလေ ပူလောင်ရလေသာ ဖြစ်မည်။ နီး စပ်သူများလည်း ပူလောင်စေပါသည်။ တစ်ဖန် ဆုံးရှုံးမှာကို ကြောက်နေလျှင်လည်း သောက နှင့် ဒေါသပြွမ်းကာ ပင်ပန်းရပါလိမ့်မည်။
.
လူ့ဘ၀၏ အနှစ်သာရမှာ အေးအေးချမ်း ချမ်း ပျော်ပျော်ရွှင်ရွင် နေထိုင်ရှင်သန်ခြင်းပင် ဖြစ်ပါသည်။ ပေးဆပ်ခြင်း၊ ဝေမျှခြင်း၊ ညီမျှ ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ် နားလည်ပေးခြင်းများဖြင့် ပျော်ရွှင်မှု စစ်စစ်ကို ရနိုင်မည် ဖြစ်ပါသည်။ မိမိကိုယ်ကျိုးထက် အ များ၊ အကျိုးရှေးရှုသော စိတ်ကောင်းစိတ်မြတ် များ မွေးမြူကြရပါမည်။ ထိုသို့ဆိုလျှင် မိဘ များအတွက် သားကောင်းသမီးကောင်းများ ဖြစ် လာမည်။ ဆရာ၊ ဆရာမများအတွက် တပည့် ကောင်းများ ဖြစ်လာမည်။ မိမိရပ်ရွာအတွက် လည်း လူတော်လူကောင်း ဖြစ်လာပါမည်။ တိုင်းပြည်အတွက်လည်း ပြည်သူပြည်သား ကောင်းများ ဖြစ်လာကြပါလိမ့်မည်။ လူ့လောက ကြီး အတွက်လည်း တန်ဖိုးရှိသော၊ အဓိပ်္ပါယ် ရှိသော လူသားစစ်စစ်များ ဖြစ်လာကြ ပါလိမ့် မည်။ သားကောင်း၊ သမီးကောင်းများ၊ တပည့် ကောင်း များ၊ လူတော်လူကောင်းများ၊ လူသား စစ်စစ် များကသာ လူ့လောကကြီးကို သာယာ ပျော်ရွှင်စေနိုင်ပါသည်။ ပျော်ရွှင် သာယာဖွယ် လောကကြီးကို လူတိုင်းက လိုလားတောင့်တ နေကြပါသည်။
.
လောဘရမက်ဆိုး မွေးနေလျှင် လက်ညှိုး ကွေးရန် လွယ်ပါလိမ့်မည်။ ဒေါသအမျက်ပိုး မွေးနေလျှင် လက်ညှိုးကွေးရန် လွယ်ပါလိမ့် မည်။ မောဟစိတ်ဆိုးမွေးနေလျှင် လက်ညှိုး ကွေးရန် လွယ်ပါလိမ့်မည်။ လက်ညှိုးလေး မ ကွေးခင်၊ ကွေးသော လက်မဆန့်ခင်၊ ဆန့်သော လက် မကွေးခင် ဆင်ခြင်သုံးသပ်စေချင်ပါသည်။ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှန်အမှား ခွဲခြားသော သတိပညာလေး ၀င်စေချင်ပါသည်။ ထိုအသိတရား၊ ထို သတိပညာရှိခြင်းမှာ စာ တတ်ခြင်း စာမတတ်ခြင်း၊ ပညာတတ်ခြင်း ပ ညာမတတ်ခြင်းနှင့် မဆိုင်ပါ။ လောဘနောက် လိုက်ခြင်း၊ ဒေါသနောက်လိုက်ခြင်း၊ မောဟ နောက် လိုက်ခြင်း စသော စိတ်ဆိုးမွေးခြင်းနှင့် သာ ဆိုင်ပါသည်။ စိတ်ဆိုးမွေးလျှင် လူမဟုတ် တော့ပါ။ လူပြန်မဖြစ်နိုင်တော့ပါ။ စိတ်ဆိုး စိတ် မိုက်တွေ ဖယ်ရှားပြုပြင်၊ စိတ်ကောင်း တွေဝင်ကြမည် ဆိုလျှင် 
.

No comments:

Post a Comment