ဟဲဟိုးတွင် ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် သောက်သုံးရေ လှူဒါန်း - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Tuesday, April 23, 2019
မင်းဇော်မင်း
.
.
.
.
.
လယ်ခေါင်းရွာမှာ အိမ်ထောင်စု ၁၃၅ အိမ်၊ လူဦးရေ ၇၀၀ ကျော်ရှိရာ မိုးရာသီတွင် အိမ်တိုင်း တစ်ပိုင်တစ်နိုင်ရေစု ကန်များပြုလုပ်ထားသည့်အပြင် ရေတွင်း ၂ တွင်း၊ ရေကန် ၂ ကန်ရှိသဖြင့် လုံလောက်သော်လည်း နွေရာသီတွင်မူ အနီးအနားတွင် ချောင်းများမရှိခြင်း၊ မြေအောက်ရေ မရှိခြင်းတိုကြောင့် သောက်သုံးရေမလုံလောက်မကို နှစ်စဉ်လိုကြုံတွေ့နေကြရပြီး ယခုနှစ်တွင် မတ်လအတွင်းမှစကာ ရေရှားပါးမကို ကြုံတွေ့ကြရသဖြင့် ဟဲဟိုးမှ ရေတစ်စည်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် ဝယ်သုံးနေကြရကြောင်း လယ်ခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်က ပြောသည်။
.
“အခုလို လာလှူတော့ ရေ ၃၊ ၄ရက်စာ ရှိမှာပေါ့ မိုးမရွာမချင်း လိုနေဦးမှာဖြစ်ပါတယ် ကြားထဲလဲ စေတနာရှင်တွေ  လာလှူတာတွေရှိပါတယ် ပြီးခဲ့တဲ့ ၇ လပိုင်းကမှ မီးရထားတာဆိုတော့ ရေလိုအပ်ချက်ကိုထပ်တောင်းရမှာ အားနာ နေတယ် တစ်ရွာလုံးသုံိးုင်တဲ့ ရေလှောင်ကန် ရရင်တော့ လိုချင်ပါတယ် ဘုန်းကြီးကျောင်းနဲအိမ်ထောင်စုတွေ အားလုံး ခွဲအေသုံးပြုနိုင်အောင်ပေါ့ ဒါပေမဲ့ အဲဒီကန်ကို ရေဖြည့်ဖိုည်း လိုအပ်လာမှာပါ မြေအောက်ရေတွင်းက ရေမထွက်နိုင်တော့ တူးဖိုည်း ခက်ခဲပါတယ်။ လယ်ဧက ၅၀၀ လောက်ကတော့ စပါးနဲပြောင်းစိုက်တာ မိုးရေ အောင်မှ စိုက်လို့ရတာဆိုတော့ မိုးကောင်းပါစေလို့ပဲ ဆုတောင်း နေရတယ်ဟု ဦးထွန်းကြည်က ဆိုသည်။
.
ယခု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေလာရောက်လှူဒါန်းမတွင် ရေဂါလံ ၈၅၀၀ ရှိပြီး ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေဂါလံ ၂၈၀၀ ပါင်ကာ ရက်တစ်ကြိမ်ခန် လာရောက်လှူဒါန်းနေသည့်အပြင် အခြား စေတနာများရှင် ဖြစ်သည့်ါုးံပင် ဦးထွန်းမှေ ဂါလံ ၅၅၀၊ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေဂါလံ ၁၁၅၀ လာရောက်လှူဒါန်းထားကြောင်း သိရသည်။
.
တောင်ကြီးခရိုင်အတွင်း တောင်ကြီး၊ ကလော၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံမြို့နယ်များအတွင်း ရေရှားပါးသော ရပ်ကွက်/ကျေးရွာ ၄၃ ခုရှိကာ အိမ်ထောင်စုအားဖြင့် ၇၃၆၆ စုရှိပြီး မုတ်သုံလေသည် မေလဆန်း ပိုင်းမှသာ င်ရောက်နိုင်သဖြင့် တောင်ကြီးခိုင်အတွင်း သောက်သုံးရေလိုအပ်နေသည့် ရပ်ကွက်/ကျေးရွာများသို့ ရေလှူဒါန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
ဟဲဟိုးတွင် ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် သောက်သုံးရေ လှူဒါန်း
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ကျေးရွာအချို့တွင် သောက်သုံးရေရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ယနေ့ ဧပြီလ ၂၃ ရက်၊ မွန်းလွဲပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း  သိရသည်။
.
ကလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီမကုန်မီ သောက်သုံးရေလိုအပ်ချက် အရ ရှမ်းပြည်နယ်အစိုးရမှ လိုက်လံဖြန့်ဝေပေးလျက်ရှိရာ စကားအင်းအုပ်စု၊ လယ်ခေါင်၊ နတ်ကန်၊ ကျားဟုန်းတောင်၊ သီခေါင်၊ တောင်မြေခြား၊ မြောက်မြေခြား၊ ဖောင်းတောကျေရွာများတွင် သောက်သုံးရေလိုအပ်ချက်များကို လိုက်လံဖြည့်ဆည်းပေးလျက်ရှိ သည်ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းထံမှ သိရသည်။
.
အဲဒီရွာတွေမှာ  မြေအောက်ရေ မရှိနိုင်ဘူးလိ်ု့ သက်ဆိုင်တဲ့ဌာနတွေ လာရောက်စမ်းသပ်တုန်းက သိထားရတယ်။ လယ်ယာမြေတွေလည်း မိုးရာသီရေနိုင်မှပဲ စိုက်ပျိုးနိုင်တဲ့နေရာတွေဖြစ်တယ်။ ဒါပေမဲ့ ဟဲဟိုးနဲ့မဝေးတော့ လိုအပ် ချက်ရှိတာနဲ့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကက ဟဲဟိုးလေဆိပ်မှာ အမြဲလာလှူထားတဲ့ ရေကားကို လိုအပ်တဲ့နေရာတွေမှာ လှူနိုင်အောင် အမြဲလုပ်ထားပါတယ်။ အခုလည်း အင်းခေါင်းဆည်က ရေကို ယူပြီး လှူဖို့လုပ်နေပါတယ်ဟု ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ရေချမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လယ်ခေါင်းရွာမှာ အိမ်ထောင်စု ၁၃၅ အိမ်၊ လူဦးရေ ၇၀၀ ကျော်ရှိရာ မိုးရာသီတွင် အိမ်တိုင်း တစ်ပိုင်တစ်နိုင်ရေစု ကန်များပြုလုပ်ထားသည့်အပြင် ရေတွင်း ၂ တွင်း၊ ရေကန် ၂ ကန်ရှိသဖြင့် လုံလောက်သော်လည်း နွေရာသီတွင်မူ အနီးအနားတွင် ချောင်းများမရှိခြင်း၊ မြေအောက်ရေ မရှိခြင်းတို့ကြောင့် သောက်သုံးရေမလုံလောက်မှုကို နှစ်စဉ်လိုကြုံတွေ့နေကြရပြီး ယခုနှစ်တွင် မတ်လအတွင်းမှစကာ ရေရှားပါးမှုကို ကြုံတွေ့ကြရသဖြင့် ဟဲဟိုးမှ ရေတစ်စည်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် ဝယ်သုံးနေကြရကြောင်း လယ်ခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းကြည်က ပြောသည်။
.
အခုလို လာလှူတော့ ရေ ၃၊ ၄ရက်စာ ရှိမှာပေါ့။ မိုးမရွာမချင်း လိုနေဦးမှာဖြစ်ပါတယ်။ ကြားထဲလဲ စေတနာရှင်တွေ  လာလှူတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ ၇ လပိုင်းကမှ မီးရထားတာဆိုတော့ ရေလိုအပ်ချက်ကိုထပ်တောင်းရမှာ အားနာ နေတယ်။ တစ်ရွာလုံးသုံးနိုုင်တဲ့ ရေလှောင်ကန် ရရင်တော့ လိုချင်ပါတယ်။ ဘုန်းကြီးကျောင်းနဲ့ အိမ်ထောင်စုတွေ အားလုံး ခွဲဝေအသုံးပြုနိုင်အောင်ပေါ့။ ဒါပေမဲ့ အဲဒီကန်ကို ရေဖြည့်ဖို့လည်း လိုအပ်လာမှာပါ။ မြေအောက်ရေတွင်းက ရေမထွက်နိုင်တော့ တူးဖို့လည်း ခက်ခဲပါတယ်။ လယ်ဧက ၅၀၀ လောက်ကတော့ စပါးနဲ့ ပြောင်းစိုက်တာ မိုးရေ အောင်မှ စိုက်လို့ရတာဆိုတော့ မိုးကောင်းပါစေလို့ပဲ ဆုတောင်း နေရတယ်ဟု ဦးထွန်းကြည်က ဆိုသည်။
.
ယခု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရေလာရောက်လှူဒါန်းမှုတွင် ရေဂါလံ ၈၅၀၀ ရှိပြီး ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေဂါလံ ၂၈၀၀ ပါဝင်ကာ ၂ ရက်တစ်ကြိမ်ခန့်  လာရောက်လှူဒါန်းနေသည့်အပြင် အခြား စေတနာများရှင် ဖြစ်သည့် ဝါးရုံပင် ဦးထွန်းဝေမှ ဂါလံ ၅၅၀၊ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေဂါလံ ၁၁၅၀ လာရောက်လှူဒါန်းထားကြောင်း သိရသည်။
.
တောင်ကြီးခရိုင်အတွင်း တောင်ကြီး၊ ကလော၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံမြို့နယ်များအတွင်း ရေရှားပါးသော ရပ်ကွက်/ကျေးရွာ ၄၃ ခုရှိကာ အိမ်ထောင်စုအားဖြင့် ၇၃၆၆ စုရှိပြီး မုတ်သုံလေသည် မေလဆန်း ပိုင်းမှသာ ဝင်ရောက်နိုင်သဖြင့် တောင်ကြီးခရိုင်အတွင်း သောက်သုံးရေလိုအပ်နေသည့် ရပ်ကွက်/ကျေးရွာများသို့ ရေလှူဒါန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment