အင္းေလး ေရတိမ္ေဒသ အေၾကာင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, April 15, 2019

အင္းေလး ေရတိမ္ေဒသ အေၾကာင္း


ေက်ာ္ေက်ာ္လင္း (ရွမ္းျပည္)
.

.
၁၉၇၁ ခုႏွစ္၊ ေဖေဖာ္၀ါရီ ၂ ရက္ေန႔ အီရန္ႏိုင္ငံ ကက္စပီယန္ပင္လယ္အနီးရွိ ရမ္ဆာၿမိဳ႕၌ ေရတိမ္ေဒသမ်ားဆိုင္ရာ ကြန္ဗင္းရွင္းကို ပထမဆုံးအႀကိမ္က်င္းပခဲ့ၿပီး ထိုေန႔ကို ကမ္ၻာ့ ေရတိမ္မ်ားေန႔အျဖစ္ သတ္မွတ္ခဲ့ၾကျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံသည္ ၂၀၀၅ ခုႏွစ္၊ မတ္လ ၁၇ ရက္ေန႔တြင္ ရမ္ဆာေရတိမ္ေဒသထိန္းသိမ္း ေရး ကြန္ဗင္းရွင္းတြင္ အဖြဲ႕၀င္အျဖစ္ ၁၆၉ ႏိုင္ ငံအျဖစ္ ပါ၀င္ခဲ့ပါသည္။
.
ရမ္ဆာကြန္ဗင္းရွင္း(Sar Convention)အဖြဲ႕သည္ ကမ္ၻာတစ္၀န္းေဒသအသီးသီး မွ ေရတိမ္ေဒသေပါင္း ၂၂၀၀ ေက်ာ္ကို ရမ္ ဆာေဒသ(Ramsar Site)အျဖစ္ သတ္မွတ္၍ ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိေၾကာင္း သိရ သည္။ လယ္ယာစိုက္ပ်ိဳးေရးက႑တြင္ လက္ရွိ အသုံးျပဳေနေသာ စိုက္ပ်ိဳးေရ၏ ၂၀ ရာခိုင္ႏႈန္း သည္ ေရတိမ္ေဒသမ်ားမွ အဓိကပံ့ပိုးေနေသာ ေရအရင္းအျမစ္မ်ားျဖစ္ေၾကာင္း ရမ္ဆာကြန္ ဗင္းရွင္းက ထုတ္ျပန္ခ်က္အရ သိရသည္။
.
ေရတိမ္ေဒသဆိုသည္မွာ ထုထည္ႀကီးမား သည့္ ေရျပင္အစုအေ၀းႀကီးမ်ားျဖစ္ၿပီး ရာသီ ဥတုအလိုက္ေသာ္ လည္းေကာင္း၊ လူတို႔၏ ဖန္ တီးမႈေၾကာင့္ ျဖစ္ေပၚလာသည့္ ေရထုႀကီးမ်ား ႏွင့္ ျမစ္ေခ်ာင္း၊ အင္းအိုင္၊ ေရကန္ႀကီးမ်ား၊ ေျခာက္မီတာထက္ မပိုေသာ ဒီေရေတာမ်ားႏွင့္ လတာျပင္မ်ားလည္း ပါ၀င္သည္။ ေရတိမ္ေဒ သႀကီးမ်ားအား ရမ္ဆာေဒသဟုလည္းေခၚ သည္။ ဂ်ပန္ႏိုင္ငံ၏ အေထာက္အပံ့ျဖင့္ သစ္ ေတာဦးစီးဌာန ကြင္းဆင္းေကာက္ယူခဲ့ေသာ စာ ရင္းမ်ားအရ ဧရာ၀တီျမစ္၀ွမ္း၊ ခ်င္းတြင္းျမစ္၀ွမ္း၊ သံလြင္ျမစ္၀ွမ္း၊ စစ္ေတာင္းျမစ္၀ွမ္း ေဒသမ်ားႏွင့္ ရခိုင္ကမ္း႐ိုးတန္းေဒသတို႔၌ အေရး ပါသည့္ ေရတိမ္ေဒသ ၉၉ ခုရွိေၾကာင္းသိရ သည္။ ျမန္မာႏိုင္ငံတြင္ ရမ္ဆာကြန္ဗင္းရွင္း နယ္ေျမစုစုေပါင္း ၅ ခုသတ္မွတ္ထားျခင္းကို ခံရၿပီးျဖစ္သည္။ ယင္းတို႔မွာ
.
(၁) ၂၀၁၄ ခုႏွစ္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ပ်ဥ္ပုံႀကီးရြာအနီးရွိ မိုးယြန္းႀကီးအင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ပထမဆုံး ရမ္ဆာေဒသအျဖစ္ သတ္မွတ္ျခင္းခံရပါသည္။
(၂) ၂၀၁၆ ခုႏွစ္တြင္ ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ရွိ အင္းေတာ္ႀကီးကန္၊
(၃) ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္နယ္ရွိ မုတၱ မပင္လယ္ေကြ႕ေဒသႏွင့္
(၄) ၂၀၁၇ ခုႏွစ္တြင္ ဧရာ၀တီတိုင္းေဒသ ႀကီး၊ ဘိုကေလးၿမိဳ႕နယ္ရွိ မိန္းမလွကၽြန္း
(၅) ၂၀၁၈ ခုႏွစ္တြင္ ရွမ္းျပည္နယ္ေတာင္ ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္ရွိ အင္းေလးကန္ေဒသ မ်ားကို ႏိုင္ငံတကာအေရးပါသည့္ ႏိုင္ငံတကာ ရမ္ဆာထိန္းသိမ္းေရးနယ္ေျမအျဖစ္ သတ္မွတ္ ခဲ့သည္။
.
အဆိုပါ ေရတိမ္ေဒသႀကီးမ်ားသည္ ဇီ၀ မ်ိဳးစုံမ်ိဳးကြဲမ်ား ႂကြယ္၀သည့္အေလ်ာက္ အပင္ ႏွင့္ သက္ရွိသတ္ၱ၀ါမ်ားသဘာ၀ပတ္၀န္းက်င္ ႏွင့္ လိုက္ေလ်ာညီေထြစြာ ဖြဲ႕တည္မႈေဂဟစနစ္ အတြက္မ်ားစြာ အေရးပါျခင္း၊ ေရႀကီးေရလွ်ံ မႈ မျဖစ္ေစရန္ ေရလႊဲေဒသမ်ားျဖစ္ျခင္း၊ ေရေန သတ္ၱ၀ါမ်ားအတြက္ မ်ိဳးဆက္ပြားေနရာေဒသ မ်ားျဖစ္ျခင္း၊ ေျမေအာက္ေရတိုးပြားေစျခင္းႏွင့္ ရာသီဥတုထိန္းညိႇေပးျခင္းတို႔အတြက္ အေရး ပါသည့္ ေနရာေဒသမ်ားျဖစ္သည့္အတြက္ မေပ်ာက္မပ်က္ဘဲ ေရရွည္တည္တံ့ေနေစေရးအ တြက္ အေလးထားထိန္းသိမ္းထားရန္ အေရး ႀကီးလွသည္။
.
ေရတိမ္ေဒသႀကီးမ်ား၏ ေဂဟစနစ္သည္ သက္ရွိမ်ားႏွင့္ ပတ္၀န္းက်င္အေပၚ လူမ်ား၏ ျပဳမူလုပ္ေဆာင္မႈ မ်ားေၾကာင့္ သဘာ၀ပတ္၀န္း က်င္မ်ား တျဖည္းျဖည္း ယိုယြင္းပ်က္စီးလာ သည္ကို ေတြ႕ရသည္။ သစ္မ်ားအလြန္အကၽြံ ခုတ္ယူျခင္း၊ လူေနအိမ္ေျခ၊ ၿမိဳ႕၊ ရြာမ်ားတိုးခ်ဲ႕ လာျခင္း၊ စိုက္ပ်ိဳးေျမမ်ား အလြန္အကၽြံထုတ္ ေဖာ္လာျခင္း၊ တရားမ၀င္နည္းလမ္းေပါင္းစုံျဖင့္ ငါးမ်ားအလြန္အကၽြံဖမ္းဆီးျခင္းမ်ားသည္ သ ဘာ၀ပတ္၀န္းက်င္ကို ဆိုးရြားစြာ ထိခိုက္ပ်က္ စီးေစသည့္ ျပဳမူေဆာင္ရြက္ခ်က္မ်ားျဖစ္ပါ သည္။
.
ဇီ၀မ်ိဳးကြဲ ကြန္ဗင္းရွင္းမွ ေရတိမ္ေဒသေနရာ ၁၀၀၀ အား သုေတသနျပဳခ်က္မ်ားအရ ကမ္ၻာတစ္၀န္းလုံးတြင္ ၁၉၇၀ မွ ၂၀၀၈ ခုႏွစ္ မ်ားအတြင္း ေရတိမ္ေဒသ ၄၀ ရာခိုင္ႏႈန္း ေပ်ာက္ဆုံးခဲ့ၿပီး ၁၉၈၀ မွ ၂၀၁၀ ျပည့္ႏွစ္မ်ား အတြင္း ေရခ်ိဳငါးမ်ိဳးစိတ္မ်ား၏ ၇၆ ရာခိုင္ႏႈန္း ေပ်ာက္ကြယ္သြားေၾကာင္း သိရသည္။ ယင္းမွာ လူသားမ်ား၏ အစာရိကၡာျဖစ္သည့္ ငါးသယံဇာ တမ်ား ဆုံး႐ႈံးမႈကို ေဖာ္ျပေနသည္။ ျမန္မာႏိုင္ငံ ရွိ အင္းေလးေဒသမ်ား၌လည္း ၁၉၆၀ ခုႏွစ္မွ ၁၉၇၀ ခုႏွစ္မ်ားအတြင္း ၁၀ ႏွစ္တာကာလမ်ား တြင္ ငါးပိႆာခ်ိန္ ေထာင္ေသာင္းခ်ီ၍ ေရ ထြက္ကုန္မ်ားအျဖစ္ ထုတ္လုပ္ခဲ့ေသာ ငါးရစ္၊ ငါးေတာင္ႏြယ္ႏွင့္ ငါးခူရစ္ဖငါးမ်ိဳးမ်ားသည္ ယခုကာလတြင္ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။ အင္းေလးေဒသ၏အထိမ္းအမွတ္ ျဖစ္ေသာ ငါးဖိန္းငါးမ်ိဳးစိတ္သည္ ယခုကာလ တြင္ မ်ိဳးသုဥ္းလုနီးပါးအေျခအေနသို႔ ဆိုက္ ေရာက္လ်က္ရွိသည္ကို စိတ္မခ်မ္းေျမ့ဖြယ္ ေတြ႕ျမင္ေနရသည္။ အလြန္အကၽြံငါးဖမ္းဆီးမႈ တစ္ခုတည္းေၾကာင့္ ထိုေဒသခံငါးမ်ား မ်က္စိ ဆုံး႐ႈံးရသည္မဟုတ္ပါ။
.
အေၾကာင္းမွာ အင္းေလးကန္အတြင္း စီး ၀င္ေနသည့္ ေခ်ာင္းကဲ့သို႔ ေရ၀င္ေသာ ေခ်ာင္း ကဲ့သို႔ ေရ၀င္အေပါက္ ႀကီးမ်ားမွ အျခားေသာ ငါးမ်ိဳးစိတ္အသစ္မ်ား ၀င္ေရာက္လာၿပီး ေဒသ ခံငါးမ်ိဳးမ်ားႏွင့္ အစာ၊ ေနရာမ်ား ယွဥ္ၿပိဳင္လာ ျခင္း အခ်ိဳ႕ေသာ ေဒသခံသူမ်ားက အသားစား က်ဴးေသာ အာဖရိကငါးခူကဲ့သို႔ ငါးမ်ိဳးမ်ား အင္းအတြင္း ေမြးျမဴၾကျခင္း၊ မ်ိဳးပြားမႈႏႈန္းျမန္ ဆန္ၿပီး ေဒသခံငါးမ်ား၏ ဘ၀စက္၀န္းကို အႏ္ၲရာယ္ျပဳႏိုင္သည့္ တီလားပီးယားကဲ့သို႔ ေသာ ငါးမ်ားကို အင္းအတြင္း မ်ိဳးစိတ္ထည့္ သြင္းျခင္းကလည္း ပါေနသည့္အေၾကာင္း တစ္ ရပ္ျဖစ္သည္။ ထို႔အျပင္ ဘက္ထရီေရွာ့တိုက္၍ ငါးဖမ္းျခင္းကဲ့သို႔ တရားမ၀င္ေသာ ငါးဖမ္းနည္း စနစ္မ်ားကို အသုံးျပဳျခင္းကလည္း အေၾကာင္း တစ္ရပ္ျဖစ္ေနသည္။ ေနာက္ထပ္အေၾကာင္း တစ္ရပ္မွာ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား၌ ဓာတ္ေျမ ၾသဇာႏွင့္ ဓာတုပိုးသတ္ေဆးမ်ား အဆမတန္ သုံးစြဲလာၾကျခင္း စသည္တို႔သည္ အင္းေလး ေဒသတြင္းရွိ ေဒသခံငါးမ်ိဳးကို ေလ်ာ့ပါးမ်ိဳး သုဥ္းေစသည့္ အေၾကာင္းရင္းမ်ားျဖစ္ၾကသည္။
.
ထို႔အျပင္ အင္းေလးကန္အတြင္း လူဦးေရ တိုးပြားလာမႈ၊ ကၽြန္းေမ်ာစိုက္ခင္းကဲ့သို႔ေသာ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား တိုးခ်ဲ႕လာမႈ၊ အင္း ပတ္လည္ရွိ ေတာင္တန္းမ်ားရွိ ေရေ၀ေရလဲ သစ္ေတာဧရိယာမ်ား ျပဳန္းတီးလာမႈႏွင့္ အင္း ေလးကန္အတြင္း စီး၀င္လာသည့္ ေခ်ာင္းမ်ား မွ ႏႈန္းပို႔ခ်မႈတို႔ေၾကာင့္ အင္းေရျပင္သည္ တ ျဖည္းျဖည္း ေလ်ာ့နည္းလာရာ တိုင္းတာမႈမ်ား အရ ၁၉၃၅ ခုႏွစ္မွ ၂၀၀၀ ျပည့္ႏွစ္အထိ ၆၅ ႏွစ္အတြင္း အင္းေလးကန္ေရမ်က္ႏွာျပင္ ဧရိ ယာ ၆၉ ဒသမ ၁ စတုရန္းကီလိုမီတာမွ ၄၆ ဒသမ ၆ စတုရန္းကီလိုမီတာ ေလ်ာ့က်သြား ရာ ကန္ဧရိယာ ၁၂ ရာခိုင္ႏႈန္းအထိ ဆုတ္ ယုတ္သြားသည္ကို ေတြ႕ရသည္။ ယင္းသည္ ေရတိမ္ေဒသႀကီးမ်ား ေရရွည္တည္တံ့ေနေရး ကို ၿခိမ္းေျခာက္ေနပါသည္။
.
ယေန႔ကမ္ၻာ့ေနရာအႏွံ႔အျပားကို ျပန္လည္ သုံးသပ္ၾကည့္လွ်င္ ကမ္ၻာ့ေျမတစ္ခုလုံးသည္ ရာသီဥတုေျပာင္းလဲျခင္းႏွင့္ သဘာ၀ေဘး အႏၲရာယ္မ်ားႏွင့္ အခ်ိန္တိုအတြင္း က်ေရာက္ လ်က္ရွိပါသည္။ ထို အႏ္ၲရာယ္မ်ားက်ေရာက္ ျခင္းမွ ေလွ်ာ့ခ်ႏိုင္သည့္ နည္းလမ္းမ်ားတြင္ ေရတိမ္ေဒသမ်ားအား စနစ္တက် ထိန္းသိမ္း ကာကြယ္ျခင္းသည္ နည္းလမ္းတစ္ခုျဖစ္သည္။ ႏိုင္ငံတကာမွလည္း ေရတိမ္ေဒသထိန္းသိမ္း ေရးကို အေလးထားေဆာင္ရြက္လ်က္ ရွိသည္။ ေရတိမ္ေဒသႀကီးမ်ား အစဥ္အၿမဲ တည္တံ့ေစ ေရးအတြက္ ေအာက္ပါလုပ္ငန္းစဥ္မ်ားကို လုပ္ ေဆာင္ရန္ အားထုတ္သင့္ပါသည္။
- ေရတိမ္ေဒသႀကီးမ်ားသည္ အစဥ္တည္ရွိ ေနေသာ ေရေ၀ေရလဲ ဧရိယာမ်ားႏွင့္ သစ္ ေတာႀကီးမ်ားအား ေလ်ာ့ပါးမႈမရွိေစရန္ ထိန္း သိမ္းေဆာင္ရြက္ျခင္း၊
- ေဂဟစနစ္ကို ေလ်ာ့ပါးေစသည့္ တရား မ၀င္နည္းလမ္းမ်ားျဖင့္ ငါးမ်ားဖမ္းဆီးျခင္းကို ထိထိေရာက္ေရာက္တားဆီးျခင္း၊
- သဘာ၀ေရတိမ္ေဒသမ်ား၌ တရားမ၀င္ လူေနအိမ္ေျခမ်ား တိုးခ်ဲ႕ျခင္း၊ ေနထိုင္ျခင္းကို တားဆီးျခင္း၊
- ေရတိမ္ဧရိယာေနရာမ်ားအား အျခား ေျမအျဖစ္ ေျပာင္းလဲအသုံးခ်ခြင့္ မျပဳျခင္း၊
- သဘာ၀သယံဇာတမ်ားကို အလြန္အ ကၽြံထုတ္ယူျခင္းမ်ားကို ပိတ္ပင္ျခင္းႏွင့္
- သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး အသိအျမင္မ်ား ျမင့္မားလာေစရန္ ေဒသခံမ်ား အား ပညာေပးလုပ္ငန္းမ်ား တိုးခ်ဲ႕ေဆာင္ရြက္ ျခင္းျဖင့္ ျပည္သူမ်ား ပါ၀င္သင့္ပါသည္။ 
.
အင်းလေး ရေတိမ်ဒေသ အကြောင်း
.
ကျော်ကျော်လင်း (ရှမ်းပြည်)
.
၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့ အီရန်နိုင်ငံ ကက်စပီယန်ပင်လယ်အနီးရှိ ရမ်ဆာမြို့၌ ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်းကို ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ထိုနေ့ကို ကမ်္ဘာ့ ရေတိမ်များနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်း ရေး ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်အဖြစ် ၁၆၉ နိုင် ငံအဖြစ် ပါဝင်ခဲ့ပါသည်။
.
ရမ်ဆာကွန်ဗင်းရှင်း(Sar Convention)အဖွဲ့သည် ကမ်္ဘာတစ်ဝန်းဒေသအသီးသီး မှ ရေတိမ်ဒေသပေါင်း ၂၂၀၀ ကျော်ကို ရမ် ဆာဒေသ(Ramsar Site)အဖြစ် သတ်မှတ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရ သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လက်ရှိ အသုံးပြုနေသော စိုက်ပျိုးရေ၏ ၂၀ ရာခိုင်နှုန်း သည် ရေတိမ်ဒေသများမှ အဓိကပံ့ပိုးနေသော ရေအရင်းအမြစ်များဖြစ်ကြောင်း ရမ်ဆာကွန် ဗင်းရှင်းက ထုတ်ပြန်ချက်အရ သိရသည်။
.
ရေတိမ်ဒေသဆိုသည်မှာ ထုထည်ကြီးမား သည့် ရေပြင်အစုအဝေးကြီးများဖြစ်ပြီး ရာသီ ဥတုအလိုက်သော် လည်းကောင်း၊ လူတို့၏ ဖန် တီးမှုကြောင့် ဖြစ်ပေါ်လာသည့် ရေထုကြီးများ နှင့် မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်ကြီးများ၊ ခြောက်မီတာထက် မပိုသော ဒီရေတောများနှင့် လတာပြင်များလည်း ပါဝင်သည်။ ရေတိမ်ဒေ သကြီးများအား ရမ်ဆာဒေသဟုလည်းခေါ် သည်။ ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် သစ် တောဦးစီးဌာန ကွင်းဆင်းကောက်ယူခဲ့သော စာ ရင်းများအရ ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း ဒေသများနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့၌ အရေး ပါသည့် ရေတိမ်ဒေသ ၉၉ ခုရှိကြောင်းသိရ သည်။ မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်း နယ်မြေစုစုပေါင်း ၅ ခုသတ်မှတ်ထားခြင်းကို ခံရပြီးဖြစ်သည်။ ယင်းတို့မှာ
.
(၁) ၂၀၁၄ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပျဉ်ပုံကြီးရွာအနီးရှိ မိုးယွန်းကြီးအင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရမ်ဆာဒေသအဖြစ် သတ်မှတ်ခြင်းခံရပါသည်။
(၂) ၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်၊
(၃) ၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်ရှိ မုတ္တ မပင်လယ်ကွေ့ဒေသနှင့်
(၄) ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း
(၅) ၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်တောင် ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသ များကို နိုင်ငံတကာအရေးပါသည့် နိုင်ငံတကာ ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ် ခဲ့သည်။
.
အဆိုပါ ရေတိမ်ဒေသကြီးများသည် ဇီဝ မျိုးစုံမျိုးကွဲများ ကြွယ်ဝသည့်အလျောက် အပင် နှင့် သက်ရှိသတ်္တဝါများသဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေစွာ ဖွဲ့တည်မှုဂေဟစနစ် အတွက်များစွာ အရေးပါခြင်း၊ ရေကြီးရေလျှံ မှု မဖြစ်စေရန် ရေလွှဲဒေသများဖြစ်ခြင်း၊ ရေနေ သတ်္တဝါများအတွက် မျိုးဆက်ပွားနေရာဒေသ များဖြစ်ခြင်း၊ မြေအောက်ရေတိုးပွားစေခြင်းနှင့် ရာသီဥတုထိန်းညှိပေးခြင်းတို့အတွက် အရေး ပါသည့် နေရာဒေသများဖြစ်သည့်အတွက် မပျောက်မပျက်ဘဲ ရေရှည်တည်တံ့နေစေရေးအ တွက် အလေးထားထိန်းသိမ်းထားရန် အရေး ကြီးလှသည်။
.
ရေတိမ်ဒေသကြီးများ၏ ဂေဟစနစ်သည် သက်ရှိများနှင့် ပတ်ဝန်းကျင်အပေါ် လူများ၏ ပြုမူလုပ်ဆောင်မှု များကြောင့် သဘာဝပတ်ဝန်း ကျင်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာ သည်ကို တွေ့ရသည်။ သစ်များအလွန်အကျွံ ခုတ်ယူခြင်း၊ လူနေအိမ်ခြေ၊ မြို့၊ ရွာများတိုးချဲ့ လာခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံထုတ် ဖော်လာခြင်း၊ တရားမဝင်နည်းလမ်းပေါင်းစုံဖြင့် ငါးများအလွန်အကျွံဖမ်းဆီးခြင်းများသည် သ ဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက် စီးစေသည့် ပြုမူဆောင်ရွက်ချက်များဖြစ်ပါ သည်။
.
ဇီဝမျိုးကွဲ ကွန်ဗင်းရှင်းမှ ရေတိမ်ဒေသနေရာ ၁၀၀၀ အား သုတေသနပြုချက်များအရ ကမ်္ဘာတစ်ဝန်းလုံးတွင် ၁၉၇၀ မှ ၂၀၀၈ ခုနှစ် များအတွင်း ရေတိမ်ဒေသ ၄၀ ရာခိုင်နှုန်း ပျောက်ဆုံးခဲ့ပြီး ၁၉၈၀ မှ ၂၀၁၀ ပြည့်နှစ်များ အတွင်း ရေချိုငါးမျိုးစိတ်များ၏ ၇၆ ရာခိုင်နှုန်း ပျောက်ကွယ်သွားကြောင်း သိရသည်။ ယင်းမှာ လူသားများ၏ အစာရိက္ခာဖြစ်သည့် ငါးသယံဇာ တများ ဆုံးရှုံးမှုကို ဖော်ပြနေသည်။ မြန်မာနိုင်ငံ ရှိ အင်းလေးဒေသများ၌လည်း ၁၉၆၀ ခုနှစ်မှ ၁၉၇၀ ခုနှစ်များအတွင်း ၁၀ နှစ်တာကာလများ တွင် ငါးပိဿာချိန် ထောင်သောင်းချီ၍ ရေ ထွက်ကုန်များအဖြစ် ထုတ်လုပ်ခဲ့သော ငါးရစ်၊ ငါးတောင်နွယ်နှင့် ငါးခူရစ်ဖငါးမျိုးများသည် ယခုကာလတွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ အင်းလေးဒေသ၏အထိမ်းအမှတ် ဖြစ်သော ငါးဖိန်းငါးမျိုးစိတ်သည် ယခုကာလ တွင် မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ဆိုက် ရောက်လျက်ရှိသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရသည်။ အလွန်အကျွံငါးဖမ်းဆီးမှု တစ်ခုတည်းကြောင့် ထိုဒေသခံငါးများ မျက်စိ ဆုံးရှုံးရသည်မဟုတ်ပါ။
.
အကြောင်းမှာ အင်းလေးကန်အတွင်း စီး ဝင်နေသည့် ချောင်းကဲ့သို့ ရေဝင်သော ချောင်း ကဲ့သို့ ရေဝင်အပေါက် ကြီးများမှ အခြားသော ငါးမျိုးစိတ်အသစ်များ ဝင်ရောက်လာပြီး ဒေသ ခံငါးမျိုးများနှင့် အစာ၊ နေရာများ ယှဉ်ပြိုင်လာ ခြင်း အချို့သော ဒေသခံသူများက အသားစား ကျူးသော အာဖရိကငါးခူကဲ့သို့ ငါးမျိုးများ အင်းအတွင်း မွေးမြူကြခြင်း၊ မျိုးပွားမှုနှုန်းမြန် ဆန်ပြီး ဒေသခံငါးများ၏ ဘဝစက်ဝန်းကို အန္တရာယ်ပြုနိုင်သည့် တီလားပီးယားကဲ့သို့ သော ငါးများကို အင်းအတွင်း မျိုးစိတ်ထည့် သွင်းခြင်းကလည်း ပါနေသည့်အကြောင်း တစ် ရပ်ဖြစ်သည်။ ထို့အပြင် ဘက်ထရီရှော့တိုက်၍ ငါးဖမ်းခြင်းကဲ့သို့ တရားမဝင်သော ငါးဖမ်းနည်း စနစ်များကို အသုံးပြုခြင်းကလည်း အကြောင်း တစ်ရပ်ဖြစ်နေသည်။ နောက်ထပ်အကြောင်း တစ်ရပ်မှာ စိုက်ပျိုးရေးလုပ်ငန်းများ၌ ဓာတ်မြေ သြဇာနှင့် ဓာတုပိုးသတ်ဆေးများ အဆမတန် သုံးစွဲလာကြခြင်း စသည်တို့သည် အင်းလေး ဒေသတွင်းရှိ ဒေသခံငါးမျိုးကို လျော့ပါးမျိုး သုဉ်းစေသည့် အကြောင်းရင်းများဖြစ်ကြသည်။
.
ထို့အပြင် အင်းလေးကန်အတွင်း လူဦးရေ တိုးပွားလာမှု၊ ကျွန်းမျောစိုက်ခင်းကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာမှု၊ အင်း ပတ်လည်ရှိ တောင်တန်းများရှိ ရေဝေရေလဲ သစ်တောဧရိယာများ ပြုန်းတီးလာမှုနှင့် အင်း လေးကန်အတွင်း စီးဝင်လာသည့် ချောင်းများ မှ နှုန်းပို့ချမှုတို့ကြောင့် အင်းရေပြင်သည် တ ဖြည်းဖြည်း လျော့နည်းလာရာ တိုင်းတာမှုများ အရ ၁၉၃၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၆၅ နှစ်အတွင်း အင်းလေးကန်ရေမျက်နှာပြင် ဧရိ ယာ ၆၉ ဒသမ ၁ စတုရန်းကီလိုမီတာမှ ၄၆ ဒသမ ၆ စတုရန်းကီလိုမီတာ လျော့ကျသွား ရာ ကန်ဧရိယာ ၁၂ ရာခိုင်နှုန်းအထိ ဆုတ် ယုတ်သွားသည်ကို တွေ့ရသည်။ ယင်းသည် ရေတိမ်ဒေသကြီးများ ရေရှည်တည်တံ့နေရေး ကို ခြိမ်းခြောက်နေပါသည်။
.
ယနေ့ကမ်္ဘာ့နေရာအနှံ့အပြားကို ပြန်လည် သုံးသပ်ကြည့်လျှင် ကမ်္ဘာ့မြေတစ်ခုလုံးသည် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေး အန်္တရာယ်များနှင့် အချိန်တိုအတွင်း ကျရောက် လျက်ရှိပါသည်။ ထို အန်္တရာယ်များကျရောက် ခြင်းမှ လျှော့ချနိုင်သည့် နည်းလမ်းများတွင် ရေတိမ်ဒေသများအား စနစ်တကျ ထိန်းသိမ်း ကာကွယ်ခြင်းသည် နည်းလမ်းတစ်ခုဖြစ်သည်။ နိုင်ငံတကာမှလည်း ရေတိမ်ဒေသထိန်းသိမ်း ရေးကို အလေးထားဆောင်ရွက်လျက် ရှိသည်။ ရေတိမ်ဒေသကြီးများ အစဉ်အမြဲ တည်တံ့စေ ရေးအတွက် အောက်ပါလုပ်ငန်းစဉ်များကို လုပ် ဆောင်ရန် အားထုတ်သင့်ပါသည်။
- ရေတိမ်ဒေသကြီးများသည် အစဉ်တည်ရှိ နေသော ရေဝေရေလဲ ဧရိယာများနှင့် သစ် တောကြီးများအား လျော့ပါးမှုမရှိစေရန် ထိန်း သိမ်းဆောင်ရွက်ခြင်း၊
- ဂေဟစနစ်ကို လျော့ပါးစေသည့် တရား မဝင်နည်းလမ်းများဖြင့် ငါးများဖမ်းဆီးခြင်းကို ထိထိရောက်ရောက်တားဆီးခြင်း၊
- သဘာဝရေတိမ်ဒေသများ၌ တရားမဝင် လူနေအိမ်ခြေများ တိုးချဲ့ခြင်း၊ နေထိုင်ခြင်းကို တားဆီးခြင်း၊
- ရေတိမ်ဧရိယာနေရာများအား အခြား မြေအဖြစ် ပြောင်းလဲအသုံးချခွင့် မပြုခြင်း၊
- သဘာဝသယံဇာတများကို အလွန်အ ကျွံထုတ်ယူခြင်းများကို ပိတ်ပင်ခြင်းနှင့်
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိအမြင်များ မြင့်မားလာစေရန် ဒေသခံများ အား ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ခြင်းဖြင့် ပြည်သူများ ပါဝင်သင့်ပါသည်။ 
.

No comments:

Post a Comment

Recent Tube