ယဉ်ကျေးသိမ်မွေ့သော နှစ်သစ်ကူးသင်္ကြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 10, 2019

ယဉ်ကျေးသိမ်မွေ့သော နှစ်သစ်ကူးသင်္ကြန်


ကမ္ဘောဇတိုင်း
.

မဝေးတော့သည့် ရက်ပိုင်းအတွင်း မြန်မာသက်္ကရာဇ် ၁၃၈၀ ခုနှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းရောက်ရှိတော့ မည်ဖြစ်သည်။ ၁၂ လရာသီ ပွဲတော်မပြတ်သည့် မြန်မာနိုင်ငံအတွင်း အကြီးကျယ်ဆုံးနှင့် တစ်နိုင်ငံလုံး ဆင်နွှဲကြသည့် ပွဲတော်မှာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖြစ်သည်။ သင်္ကြန်ဟူသည်မှာ ပါဠိစကားလုံး သင်္ကန်္တမှ ဆင်းသက်လာ ခြင်းဖြစ်ပြီး ကူးပြောင်းခြင်းဟု အဓိပ်္ပါယ်ရပါသည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်တစ်ခုကို ကူးပြောင်းရောက်ရှိခြင်း ဖြစ်ပါသည်။
.
နှစ်စဉ်နှစ်တိုင်း မြန်မာပြည်တစ်နံ့တစ်လျား အခြေခံပညာနှင့် တက်္ကသိုလ်ဝင်တန်းစာမေးပွဲများ၊ တက်္ကသိုလ် အသီးသီး၏ စာမေးပွဲများ ပြီးဆုံးချိန်တွင် တူးပို့ တူးပို့တေးသံနှင့်အတူ သင်္ကြန်၏ အငွေ့အသက်များကို စတင် ထိ တွေ့ခံစားရမည်ဖြစ်ပါသည်။
.
နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့်အတူ မြန်မာလူမျိုးတို့၏ ချစ်စရာယဉ်ကျေးမှု အစဉ်အလာများ ဖြစ်သော ဘုရားသွားကျောင်းတက်ခြင်း၊ အလှူဒါနပြုခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ အချိန်ပေးနိုင်သူများက ဒုလ်္လဘ ရဟန်းခံ၊ သီလရှင်ဝတ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ပူဇော် ကန်တော့ခြင်း၊ ဝေယျာဝစ်္စပြုခြင်းတို့ကိုလည်း ကြည်နူးဖွယ်တွေ့မြင်ရပါသည်။
.
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကူးပြောင်းရောက်ရှိသည့် နှစ်သစ်ကူး အခါသမယတွင် နှစ်ဟောင်းမှ အညစ် အကြေးများကို တစ်ဦးနှင့် တစ်ဦး အတာရေ ပက်ဖျန်းကာ နှစ်သစ်ကို ကြိုဆိုကြသည့် သင်္ကြန်ပွဲတော်ကြီးကို မြန်မာ ပြည်တစ်ဝှမ်းလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် လူကြီးလူငယ်အားလုံး ပါဝင်ဆင်နွှဲကြသည်မှာ မြန်မာ တို့၏ ချစ်စရာကောင်းသည့်ယဉ်ကျေးမှု အစဉ်အလာတစ်ရပ် ဖြစ်ပါသည်။
.
တူးပို့ တူးပို့မှသည် ခေတ်ကာလ ပြောင်းလဲရွေ့လျားလာမှုကြောင့် အနောက်တိုင်းယဉ်ကျေးမှုများ ရောယှက်လာပြီး မြန်မာ့ယဉ်ကျေးမှုသင်္ကြန်တွင် ယဉ်ကျေးမှုနှင့် မကိုက်ညီသော အမျိုးသမီးငယ် အချို့၏ ၀တ်စားဆင်ယင်မှုများ ကိုလည်း မြင်တွေ့လာနေရသည်။ ထို့အတူ သပြေခက်ဖြင့် ရေပက်သည့် ချစ်စရာမြန်မာ့သင်္ကြန်မှသည် ယခုအခါ ရေအားပြင်းသော ပိုက်များဖြင့် ထိုးပက်မှုများ၊ ဂျုံမှုန့်၊ ဆန်မှုန့်ကဲ့သို့ တစ်ဘက်သားကို အခက်အခဲဖြစ်စေနိုင်သော အမှုန့်များဖြင့် ပက်ဖျန်းကစားမှုများ၊ မူးယစ်သောက်စားမှုများကိုလည်း တွေ့မြင်လာရသည်။
.
ယနေ့ခေတ် ရေကစားပက်ဖျန်းမှုများမှာ မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ကို အရုပ်ဆိုးအကျည်းတန်စေသကဲ့သို့ ဖြစ် နေပြီး ယဉ်ကျေးသိမ်မွေ့လှသည့် မြန်မာတို့၏ ဓလေ့ရိုးရာများကို တိုင်းတစ်ပါးသားများ အထင်အမြင်သေးဖွယ်ရာ ဖြစ်လာနိုင်ပါသည်။ လူငယ်လူရွယ်တို့သည် ပင်ကိုယ်ဗီဇ လွတ်လပ်စွာ နေထိုင်လိုသည့် သဘောသဘာဝအရ အတာ သင်္ကြန် ရေပက်ဖျန်းကစားရာတွင် စည်းလွတ်ဝါးလွတ် ပျော်ရွှင်မှုများကို မြင်တွေ့လာနေရပြီး မြန်မာ့ယဉ်ကျေးမှုအငွေ့ အသက်များ လျော့ပါးလာနေသည်ကို တွေ့ရသည်။
.
နေ့ရာတကာတွင် သူ့အရပ်နှင့် သူ့ဇာတ် ဆိုသကဲ့သို့ နိုက်ကလပ်တက်ချိန်တွင် ချိတ်ထမီနှင့် ရင်ဖုံးအင်္ကျီ ၀တ် ဆင်ရန် မသင့်တော်သကဲ့သို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင်လည်း မြန်မာတို့၏ ယဉ်ကျေးသိမ်မွေ့မှုကို ကမ်္ဘာက မြင်စေရန် လိုပါသည်။ မြန်မာနှစ်သစ်ကူး အချိန်အခါသမယတွင် မြန်မာ့ဓလေ့၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ကာ ယဉ်ကျေးသိမ်မွေ့စွာ ပျော်ပါးကြရန် လိုအပ်လှပါသည်။
.
မြန်မာသက်္ကရာဇ် ၁၃၈၀ မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် နှစ်သစ်ကူး နှစ်သစ်အခါ သမယတွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့အစဉ်အလာများကို တန်ဖိုးထားလေးစားကာ ရေကစားပျော်ပါးနိုင်ပါစေကြောင်း။  
.

No comments:

Post a Comment