ကမ္ဘောဇတိုင်း
.
ကိုစိုး တွေ့ဆုံမေးမြန်းသည်။
.
ချယ်ရီသင်္ကြန် အမည်ရ တစ်ကိုယ်တော် မီနီတေးအယ်လ်ဘမ်ကို ဖြန့်ချိထားပြီး
အင်း သွေးသစ်အဖွဲ့နှင့် အတူ အုပ်စုတေး သီချင်း များစွာတွင် ပါဝင်သီဆိုထားသော တေးသံရှင်
အယ်လှိုင်းသည် တောင်ကြီးနွယ်ဖွား ဒေသခံ အင်းသားတိုင်းရင်းသား လူမျိုး တစ်ဦးလည်း ဖြစ်ပါသည်။
.
တေးသံရှင် အယ်လှိုင်းသည် တောင်ပေါ် သား တစ်ဦးပီပီ ၎င်းင်း၏ အနုပညာ
လှုပ်ရှားဆောင်ရွက် နေမှုများနှင့် ကြိုးပမ်း အားထုတ်ခဲ့ရပုံများ၊ ၀ါသနာနှင့် ၀မ်းရေး
ထပ် တူကျပုံများကို ယခုလို ပွင့်ပွင့် လင်းလင်း ပြော ဆိုလာပါသည်။
.
ကမ္ဘောဇတိုင်း။ အစ်ကိုရဲ့နာမည်အရင်းနဲ့အနုပညာနာမည်ကိုမိတ်ဆက်ပေးပါဦး။
အယ်လှိုင်း။ ကျွန်တော့်
နာမည်အရင်းက တော့ နိုင်လင်းအောင်ပါ။ အနုပညာအမည်က တော့ အယ်လှိုင်းပါ။
.
ကမ္ဘောဇတိုင်း။ အစ်ကိုရဲ့
မွေးရပ်ဇာတိမြေ ရယ်၊ လူမျိုးရယ် ပြောပြပေးပါ။
အယ်လှိုင်း။ ကျွန်တော်ကတော့
တောင် ကြီးဇာတိပါပဲ။ လူမျိုးကတော့ အင်းသားပါ။
ကမ္ဘောဇတိုင်း။ လက်ရှိမှာ
ဂီတအပြင်ပေါ့ တခြား အသက်မွေးဝမ်းကျောင်းပဲဖြစ်ဖြစ် ဘာ တွေ လုပ်ကိုင်နေပါသလဲ။
အယ်လှိုင်း။ ဂီတလမ်းကြောင်းပေါ်
လျှောက်လှမ်းရင်း အသက်မွေးဝမ်းကျောင်း အနေနဲ့လည်း ကျွန်တော့် အိမ်မှာပဲ Studio လေးထောင်ထားပါတယ်။ အဲဒီ Studio ကိုတော့ ကျွန်တော့်သူငယ်ချင်း စိုင်းခမ်းသီနဲ့ အတူပေါင်းပြီး ဖွင့်ထားတာပါ။
Dream Studio လို့ ခေါ်ပါတယ်။
ဝါသနာနဲ့ ၀မ်းရေးက ထပ်တူကျ တယ်လို့ ပြောရမှာပေါ့။ နောက်တစ်ခုကတော့ ကျွန်တော့် ဦးလေးလို
ခင်မင်ရတဲ့ သူရဲ့အိမ် ကို ကျွန်တော်ပဲ အစအဆုံး တာဝန်ယူပြီး ဆောက်ပေးနေပါတယ်။ ဂီတ၀ါသနာအပြင်
အင်ဂျင်နီယာလည်း ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ငယ်ငယ်တုန်းက ကျောင်းစာဘက်ကို ဦးစားမ ပေးခဲ့လို့
အင်ဂျင်နီယာဘွဲ့တော့ မရခဲ့ပါဘူး။
.
ကမ္ဘောဇတိုင်း။ အစ်ကို့အနေနဲ့
ဂီတအပြင် ပေါ့ တခြား ဘာတွေကို ၀ါသနာပါသေးလဲ။
အယ်လှိုင်း။ ဂီတ ၀ါသနာပြီးရင်
နောက် တစ်ခုက သရုပ်ဆောင်ပိုင်းကိုလည်း စိတ်ဝင် စားပါတယ်။ ဖြစ်တော့ မဖြစ်နိုင်ပါဘူး။
ဝါသနာ ပါတယ် ဆိုရုံလေးပါ။
.
ကမ္ဘောဇတိုင်း။ အစ်ကို တေးဆိုတစ်ခုတည်း
လုပ်တာလား၊ တေးရေးရောလုပ်လား။
အယ်လှိုင်း။ ဟုတ်ကဲ့
ကျွန်တော်သီချင်း တွေလည်း ရေးပါတယ်။
.
ကမ္ဘောဇတိုင်း။ အစ်ကို ဘယ်အသက်ရွယ်
လောက်မှာ သီချင်းတွေဆို၊ သီချင်းတွေ ရေး နေပြီလဲ။
အယ်လှိုင်း။ ကျွန်တော်
၁၀ တန်းပြီးတဲ့ အချိန်လောက်ကစပြီး သီချင်းတွေ ဆိုနေ၊ ရေး နေပါပြီ။ ၀ါသနာတူ သူငယ်ချင်းတွေနဲ့အတူ
Demo ခွေလေးတွေ စလုပ်ဖြစ်နေပါပြီ။ မှတ် မှတ်ရရဆိုရင် ၂၀၀၃ ခုနှစ်လောက်ကပါ။
.
ကမ္ဘောဇတိုင်း။ အစ်ကိုအနေနဲ့
အနုပညာ လောကကို စတင်ဝင်ရောက်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။ အနုပညာ အသိုင်းအ၀ိုင်းကကော
ပံ့ပိုးမှုတွေ ရှိခဲ့ပါသ လား။
အယ်လှိုင်း။ အနုပညာလောကကို
စ၀င် လာကတည်းက ဒီနေ့ဒီအချိန်အထိ အခက်အ ခဲကတော့ မျိုးစုံပါပဲ။ အစစအရာရာ လက်တွဲ ခေါ်ခဲ့တဲ့
စီနီယာအစ်ကိုကြီးတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာ အစစအရာရာ ငွေပါမှပဲ သီချင်းတွေ
လုပ်နိုင်မယ့် အခြေအနေဆိုတော့ ပိုက်ဆံလေးစုလိုက်၊ သီချင်းလေး ပြေးလုပ် လိုက်နဲ့ပါပဲ။
အဲဒီတုန်းက အိမ်ကမိဘတွေက လည်း ကျွန်တော့်မှာ အလုပ်အကိုင် မယ်မယ် ရရမရှိတော့ သီချင်းလုပ်ရင်
ဆူရော။ ၀ါသနာ ကလည်း အဆိုတော်ရူးဆိုတော့ ဂီတလော ကထဲကို ခြေချမိကတည်းက အခုထိအမှတ် ရစရာတွေ
အများကြီးပါပဲ။
.
ကမ္ဘောဇတိုင်း။ အစ်ကို့ရဲ့
တစ်ကိုယ်တော် မီနီအယ်လ်ဘမ်ဖြစ်တဲ့ ချယ်ရီသင်္ကြန်အကြောင်း လေးကို ပြောပြပေးပါဦး။
အယ်လှိုင်း။ ချယ်ရီသင်္ကြန်
သီချင်းလေး ကို ၂၀၁၅ အကုန်လောက်မှာ စရေးဖြစ်တာပါ။ သီချင်း ပုံစံကတော့ Hard Rock အမျိုးအစား လေးပါ။ ဒီသီချင်းက ကျွန်တော်ကိုယ်တိုင်ရေး၊
ကိုယ်တိုင်ဆိုထားတာပါ။ ရေးပြီးပြီးချင်းမှာပဲ Guitarist ကိုအင်းဆားနဲ့
တိုင်ပင်ပြီး တောင် ကြီးက Otherway Studio မှာ အင်းဆားရယ်၊ ကိုဇေတူးရယ်
အစအဆုံး Arrange လုပ်ပြီး တီးပေးထားတာပါ။ Mixing ကလည်း ကိုဇေတူးပဲ ဆွဲပေးခဲ့တာပါ။
.
ကမ္ဘောဇတိုင်း။ အဲဒီ ချယ်ရီသင်္ကြန်
မီနီ အယ်လ်ဘမ်ကို စီစဉ်တဲ့အခါမှာ ဘယ်လိုအခက် အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ။ ပြီးတော့ ဒီခွေ
သွင်းစဉ်ကာလတစ်လျှောက်မှာ အမှတ်တရ ဖြစ်စရာ အကြောင်းတစ်ခုကို ပြောပြပါဆိုရင် ဘာဖြစ်မလဲ။
အယ်လှိုင်း။ ဒီသီချင်း
သွင်းစဉ်ကတော့ အခက်အခဲမရှိခဲ့ပါဘူး။ ကိုအင်းဆားရယ်၊ ကို ဇေတူးရယ်ပဲ အစအဆုံး စေတနာအပြည့်၊
သြသိ အပြည့်နဲ့ ကူညီတီးခတ်ပေးခဲ့လို့ အားလုံး အဆင်ပြေပါတယ်။ အမှတ်တရ အနေနဲ့ကတော့ အိုးစည်ထည့်ရမယ့်နေရာမှာ
အိုးစည်ငှားဖို့ အဆင်မပြေလို့ ကျွန်တော့်သားလေး ဒုံဒုံအ တွက်ဝယ်ပေးထားတဲ့ ဗုံသေးသေးလေးနဲ့
Recording လုပ်ခဲ့ရတာကတော့ အမှတ်တရ ပါပဲ။
.
ကမ္ဘောဇတိုင်း။ ကိုအယ်လှိုင်းအနေနဲ့
အခု လက်ရှိ ဆောင်ရွက်နေတဲ့ အနုပညာကြိုးစား အားထုတ်မှုတွေအပေါ်မှာ ကိုယ့်ဘာသာကိုယ် အားရကျေနပ်မှုရှိပါသလား။
ကိုယ့်ဘာသာ ကိုယ်လိုအပ်နေသေးတယ်လို့ ယူဆမိပါသ လား။
အယ်လှိုင်း။ ဟုတ်ကဲ့
ကျေနပ်ပါတယ်။ အဓိကက ကျွန်တော် သီချင်းတွေကို မြတ်နိုး လို့ ဒီလမ်းပေါ်ကို ရိုးရိုးသားသားနဲ့
လျှောက်ခဲ့ တယ်ဆိုတော့ လိုအပ်ချက်များစွာ ရှိနေဦးမှာပါ။ သင်ယူစရာတွေကိုလည်း သင်ယူရင်း
ကျွန် တော် ကျေနပ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ အဲဒီ ချယ်ရီသင်္ကြန်က
ြွှဠ အနေနဲ့ရော ထွက်ရှိထားတာဆိုတော့ အဆိုပိုင်း၊ အတီးပိုင်း အပြင် သရုပ်ဆောင်မှုအ ပိုင်းတွေကိုလည်း
ပြောပြပေးပါဦး။
အယ်လှိုင်း။ ချယ်ရီသင်္ကြန်
သီချင်းကို MTV ရိုက်ကူးပေးခဲ့တာကတော့ ဓါတ်ပုံငြိမ်းဝေ ဖြစ်ပါတယ်။ အခကြေးငွေမယူဘဲ
အကောင်းဆုံး ရိုက်ကူးတည်းဖြတ်ပေးခဲ့တာပါ။ အဲဒီ ချယ်ရီ သင်္ကြန် သီချင်းမှာ အဆိုပိုင်း၊
အတီးပိုင်း၊ Mixing ပိုင်းနဲ့ MTV ရိုက်ကူးရေးအပိုင်း
အား လုံးကို ကျေနပ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ အစ်ကို့အနေနဲ့
ဘယ်လို သီချင်း အမျိုးအစားကို နှစ်သက်ပြီး ဘယ်လို ပုံစံမျိုးနဲ့ သီချင်းတွေရေးဖြစ်လဲ။
အယ်လှိုင်း။ ကျွန်တော်ကတော့ Slow Rock, Pop Rock, Country, Hard Rock ဂီတအမျိုးအစားတွေကို နှစ်သက်ပါတယ်။ သီချင်းရေးရင်လည်း အဲဒီ Music ပုံစံတွေပဲ ရေးဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ အစ်ကိုအနေနဲ့
အနုပညာ နဲ့ ပတ်သက်လို့ လတ်တလောဘာတွေလှုပ် ရှားနေလဲ။
အယ်လှိုင်း။ အနုပညာလှုပ်ရှားမှု
အနေ နဲ့ကတော့ Dream Music Band အနေနဲ့
Solo Album လေးတီးထားပြီးပါပြီ။ အဆို ပိုင်း အချောထပ်ဖို့နဲ့
ကြူအငစူန နည်းနည်း ကျန်ပါတယ်။
.
ကမ္ဘောဇတိုင်း။ နောက်ထပ်ကော
တေး အယ်လ်ဘမ် ထုတ်ဝေဖို့ ရှိပါသလား။
အယ်လှိုင်း။ နောက်ထပ်ဆိုရင်
ခုနက ပြောတဲ့ အင်းသွေးသစ်အဖွဲ့နဲ့အတူ Group Album လေးထွက်ဖို့ ကြိုးစားနေပါတယ်။
တခြား Group Album တွေမှာလည်း ပါဝင်ဖို့ တိုင်ပင်ထားတာလေးတွေ
ရှိပါတယ်။
.
ကမ္ဘောဇတိုင်း။ နောက်တစ်ချက်ကပေါ့
မ ကြာသေးခင်ကပဲ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ကနေ တေးသီချင်းမူပိုင်ခွင့် နဲ့ ပတ်
သက်လို့ အသိပေးကြေညာချက်တစ်ခု ထွက် လာတယ်ပေါ့။ အဲဒီအပေါ်မှာ အစ်ကို့ရဲ့အမြင် ကို သုံးသပ်ပြောကြားပေးပါဦး။
အယ်လှိုင်း။ တေးသီချင်း
မူပိုင်ခွင့်အနေနဲ့ အခုလို အနုပညာရှင်တွေဘက်က ခံစားခွင့်အ တွက် ရပ်တည်ပေးတာ မင်္ဂလာရှိပါတယ်။
တ ကယ်တမ်း ဥပဒေအသက်ဝင်ပြီး ကြပ်ကြပ်မတ် မတ်နဲ့လိုအပ်တဲ့ နေရာတွေမှာထိထိရောက် ရောက်ရှိဖို့တော့
လိုအပ်မှာပါ။
.
ကမ္ဘောဇတိုင်း။ ပြည်တွင်း/ပြည်ပက
လေး စားအားကျ အတုယူရတဲ့ အနုပညာရှင်တွေ ဆိုရင် ဘယ်သူတွေ ဖြစ်မလဲ။
အယ်လှိုင်း။ ကျွန်တော်က
သီချင်းအမျိုး အစားမရွေးဘူး။ အကုန်နားထောင်ဖြစ်ပါတယ်။ လေးစားအားကျရတဲ့ ပြည်တွင်း/ပြည်ပ
အနု ပညာရှင်တွေကတော့ အများကြီးပါပဲ။ သင် ဆရာ မဟုတ်ပေမယ့် မြင်ဆရာ၊ ကြားဆရာ တွေဖြစ်လို့
အားလုံးကို လေးစားအားကျအတု ယူရပါတယ်။
.
ကမ္ဘောဇတိုင်း။ ရှမ်းပြည်နယ်အတွင်းမှာရှိ
ကြတဲ့ ဂီတကို ရူးသွပ်ကြတဲ့၊ ကြိုးစားနေကြတဲ့မျိုး ၀ါသနာတူ ညီအစ်ကိုမောင်နှမတွေအတွက်
ဘယ်လို အကြံပေးစကား ပြောချင်ပါသလဲ။
အယ်လှိုင်း။ ရှမ်းပြည်နယ်အတွင်းမှာ
တော့ ဂီတကိုရူးသွပ်ကြတဲ့ လူငယ်တွေများပါ တယ်။ ကျွန်တော် ကိုယ်တိုင်လည်း လေ့လာ သင်ယူဆဲ၊
ကြိုးစားလျှောက်လှမ်းနေဆဲမို့ အဓိကကတော့ ဂီတလမ်းကြောင်းပေါ်မှာ အ ရိုးသားဆုံးနဲ့ လိုအပ်ချက်တွေကို
ဖြည့်ဆည်း သင်ယူရင်း လျှောက်လှမ်းကြပါလို့ အကြံပြု တိုက်တွန်းချင်ပါတယ်။
.
ကမ္ဘောဇတိုင်း။ ပရိသတ်တွေကို
အစ်ကို့အ နေနဲ့ စကားလက်ဆောင်လေး ပြောပေးပါဦး။
အယ်လှိုင်း။ ဒီနေရာမှာ
ကျွန်တော့ရဲ့ ပရိသတ်လို့တော့ ခေါင်းစဉ်မတပ်ရဲပါဘူး။ ဒီသီချင်းလေးကို ၂၀၁၅ မှာရေးပြီး
၂၀၁၆ သင်္ကြန်မတိုင်ခင် MTV ရိုက်ပြီး အွန်လိုင်း ပေါ်မှာ ဖြန့်ခဲ့တယ်။
ဒီသီချင်းကို နားထောင်ဖူး တဲ့သူ၊ ကြည့်ဖူးတဲ့သူတွေ အကုန်လုံးလည်း တောင်ပေါ်မြို့ရဲ့
သင်္ကြန်ငွေ့အသက်လေးကို ခံစားမိမယ်လို့ မျှော်လင့်ရင်းအားပေးတဲ့သီချင်း ချစ်သူမိတ်ဆွေသူငယ်ချင်းအားလုံးကို
ကျေး ဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီသီချင်း ဖြစ်မြောက်ရေးအတွက် အစစအ
ရာရာ ကူညီပေးခဲ့သူတွေအားလုံးကိုလည်း အထူး ကျေးဇူးတင်သလို အခုလို အချိန်ပေးပြီး မေးမြန်းပေးတဲ့
ကမေ်္ဘာဇတိုင်းသတင်းဂျာနယ် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
.
တေးသံရှင် အယ်လှိုင်းသည် လက်ရှိတွင် Dream Studio အမည်ရ စတူဒီယိုတစ်ခုကို ၎င်းင်း၏ အသက်မွေး ၀မ်းကျောင်းလုပ်ငန်းအဖြစ် ထူထောင်ထားပြီး
တိုင်းရင်းသားရိုးရာဆန်ဆန် တေးသီချင်းအသစ်များကို ဖန်တီးနေသူ တစ် ဦးလည်းဖြစ်ပါသည်။
လက်ရှိတွင် အယ်လှိုင်း သည် အင်းသွေးသစ်အဖွဲ့နှင့် အုပ်စုအယ်လ် ဘမ် ၂ ချပ်တွင် ပါဝင်သီဆိုထားပြီး
အခြား သော Group Album များတွင်လည်း တေး သီးချင်းအများအပြားကို ရေးစပ်သီဆိုထားပြီး ဖြစ်ကြောင်း သိရပါသည်။
.
No comments:
Post a Comment