အဝေရာမီးပုံးပျံကွင်းအား ရှမ်းပြည်နယ် ဂုဏ်ဆောင်ကွင်းအဖြစ် ရရှိရေးအတွက် တင်ပြထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019



.
.
.
.
.
.
ယခု လက်ရှိ မီးပုံးပျံပြိုင်ပွဲကျင်း ပရာ အဝေရာကွင်းကို ၂ဝဝ၇ ခုနှစ် ရှမ်းပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် စတင်ပြောင်းရွှေ့ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခင်က ပြည်နယ်အားကစားကွင်း၊ အမှတ် (၂၁၂) ဆက်သွယ်ရေး တပ်ပိုင်ကွင်း စသည့်နေရာများတွင် ကျင်းပ ပြုလုပ်ခဲ့ဖူးကြောင်း သိရ သည်။
.
.
အဝေရာမီးပုံးပျံကွင်းအား ရှမ်းပြည်နယ် ဂုဏ်ဆောင်ကွင်းအဖြစ် ရရှိရေးအတွက် တင်ပြထား
.
ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်၏ အထင်ကရ ပွဲ တော်ဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကျင်းပရာ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ အ ဝေရာ မီးပုံးပျံကွင်းအား ရှမ်းပြည်နယ် အစိုးရပိုင် ပြည်နယ်ဂုဏ်ဆောင်ကွင်း အဖြစ်ရရှိရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထား ကြောင်း သိရသည်။
.
''အဝေရာမီးပုံးပျံကွင်းကို ရှမ်းပြည်နယ်ရဲ့ ဂုဏ်ဆောင်ကွင်းအဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်အရအ မှုတွဲ တည်ဆောက်ပြီး ပြည်ထောင် စုအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ အဲဒီကွင်းထဲမှာ တပ်ပိုင်မြေပါတယ်။ ပညာရေး ဌာနပိုင်မြေတွေ ပါတယ်။ မီးရထားဌာနပိုင်မြေတွေ စသဖြင့်ပေါ့ ဌာနဆိုင်ရာ မြေတွေပါပါတယ်။ ဒါကို မီးပုံးပျံပြိုင်ပွဲ အပါအဝင် တခြားပွဲ လမ်းသဘင်တွေမှာ အသုံးပြုနိုင်ဖို့ အတွက် အမှုတွဲ တည်ဆောက်ပြီး တောင်းခံထားတာ ဖြစ်ပါတယ်'' ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး ဦးစိုးစိုးဇော်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ အဝေရာမီးပုံးပျံကွင်းကို လက်ရှိနေရာမှ အခြားသင့်တော်ရာ နေရာတစ်ခုသို့ ပြောင်းရွှေ့ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက ရှမ်း ပြည်နယ် အစိုးရအဖွဲ့၏ ၂ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ သတင်း စာ ရှင်းလင်းပွဲတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးစိုးညွန့်လွင်က ပြောကြားခဲ့ ပြီးနောက် မီးပုံးပျံပညာရှင်၊ ဝါသနာ ရှင်များနှင့် မြို့နေလူထုများမှ မီးပုံးပျံ ကွင်းမပြောင်းရွှေ့ရေးအတွက် နိုင် ငံတော်သမ္မတနှင့် တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် အပါအဝင် သက် ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြ တောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရ သည်။
.
တောင်ကြီးတန်ဆောင်တိုင်မီးပုံး ပျံပြိုင်ပွဲသည် ရှမ်းပြည်နယ်၏ ဂုဏ် ဆောင်ပွဲတော်တစ်ခု ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင်မက ကမ္ဘာတိုင်ကျော် ကြားပြီး နှစ်စဉ် ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ အများအပြား လာရောက်လည်ပတ်ကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။
.
ယခု လက်ရှိ မီးပုံးပျံပြိုင်ပွဲကျင်း ပရာ အဝေရာကွင်းကို ၂ဝဝရ ခုနှစ် ရှမ်းပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် စတင်ပြောင်းရွှေ့ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခင်က ပြည်နယ်အားကစားကွင်း၊ အမှတ် (၂၁၂) ဆက်သွယ်ရေး တပ်ပိုင်ကွင်း စသည့်နေရာများတွင် ကျင်းပ ပြုလုပ်ခဲ့ဖူးကြောင်း သိရ သည်။
.
အဆိုပါ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်မီး ပုံးပျံပြိုင်ပွဲအပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော လွတ် လပ်ရေးနေ့၊ ပြည်ထောင်စုနေ့စသည့် နိုင်ငံတော် အထိမ်းအမှတ် အခမ်းအ နားများအပြင် မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲ၊ ဖမ်းဆီးရမိသော မူးယစ်ဆေး ဝါးများ မီးရှို့ဖျက်ဆီးပွဲစသည့် အခမ်း အနားများကို ကျင်းပပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment