အိုင်ဗရီကို့စ်တွင် မြန်မာဆန် တန်ချိန် ၁၈ဝဝဝ ကို ဖျက်ဆီးမှုကြောင့် မြန်မာ့ဆန်စပါးဈေးကွက် ထိခိုက်စေနိုင် ဟုဆို - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Comments system
Photo of three cats
Monday, April 22, 2019
ရဲရင့်ဇွဲ
.
အိုင်ဗရီကို့စ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က မြန်မာဆန် တန် ချိန် ၁၈ဝဝဝ ကို စားသုံးရန် မသင့်ဟု ဆိုကာ ဖျက်ဆီးခဲ့သော သတင်း ကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးဈေး ကွက်နှင့် စပါးစိုက်ပျိုးသူ တောင် သူများအတွက် ထိခိုက်နစ်နာစေနိုင် သည်ဟု ရှမ်းပြည်နယ်အတွင်းရှိ ဆန် စပါးစိုက်ပျိုးသူ တောင်သူများက ပြောဆိုလျက်ရှိသည်။
.
Photo - Internet
.
.
မြန်မာနိုင်ငံအနေဖြင့် ဆန် တင်ပို့မှုများတွင် နယ်စပ်ကုန်သွယ် ရေးမှတဆင့် တရုတ်နိုင်ငံသို့လည်း ကောင်း၊ ရေကြောင်းမှ တစ်ဆင့် အာဖရိကတိုက်သို့ လည်းကောင်း တင်ပို့နေခြင်းဖြစ်ကာ လက်ရှိ အ ချိန်တွင် သိသိသာသာ မရှိသေး သော်လည်း မကြာမီ ကာလအတွင်း မြန်မာ့ဆန်ဈေးကွက်အပေါ် ရိုက်ခတ် မှုများရှိလာနိုင်ကြောင်း ဆန်ကုန်သည်များက ပြောဆိုလျက် ရှိသည်။
.
အိုင်ဗရီကို့စ်တွင် မြန်မာဆန် တန်ချိန် ၁၈ဝဝဝ ကို ဖျက်ဆီးမှုကြောင့် မြန်မာ့ဆန်စပါးဈေးကွက် ထိခိုက်စေနိုင် ဟုဆို
.
ရဲရင့်ဇွဲ
.
အိုင်ဗရီကို့စ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က မြန်မာဆန် တန် ချိန် ၁၈ဝဝဝ ကို စားသုံးရန် မသင့်ဟု ဆိုကာ ဖျက်ဆီးခဲ့သော သတင်း ကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးစျေး ကွက်နှင့် စပါးစိုက်ပျိုးသူ တောင် သူများအတွက် ထိခိုက်နစ်နာစေနိုင် သည်ဟု ရှမ်းပြည်နယ်အတွင်းရှိ ဆန် စပါးစိုက်ပျိုးသူ တောင်သူများက ပြောဆိုလျက်ရှိသည်။
.
''အဲဒီသတင်း ထွက်လာပြီဆို ကတည်းက ကျွန်တော်တို့နိုင်ငံရဲ့ ဆန် စပါးစျေးကွက်နဲ့ စိုက်ပျိုးသူ တောင်သူတွေကို ထိခိုက်မှုတွေ ရှိ လာတော့မယ်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ သဘောင်္က အချိန်ဘယ် လောက်ကြာသလဲ၊ ရာသီဥတု ဒဏ် ဘယ်လောက် ခံထားရလဲဆိုတာ တွေကို သေချာစစ်ဆေးပြီးမှ တင် ပို့သင့်တယ်။ အဲဒါတွေသိရမှ အခုလို ပြဿနာတွေ ဖြစ်လာရင်ဘယ်သူ တွေကို အပြစ်တင်ရလဲ ဆိုတာ သေချာ သိနိုင်မှာပါ''ဟု ပင်းတယ မြို့ရှိ မိသားစုဆန်ပွဲရုံမှ ဦးတင်ဖေ က ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံအနေဖြင့် ဆန် တင်ပို့မှုများတွင် နယ်စပ်ကုန်သွယ် ရေးမှတဆင့် တရုတ်နိုင်ငံသို့လည်း ကောင်း၊ ရေကြောင်းမှ တစ်ဆင့် အာဖရိကတိုက်သို့ လည်းကောင်း တင်ပို့နေခြင်းဖြစ်ကာ လက်ရှိ အ ချိန်တွင် သိသိသာသာ မရှိသေး သော်လည်း မကြာမီ ကာလအတွင်း မြန်မာ့ဆန်စျေးကွက်အပေါ် ရိုက်ခတ် မှုများရှိလာနိုင်ကြောင်း ဆန်ကုန်သည်များက ပြောဆိုလျက် ရှိသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats