တာချီလိတ်တွင် ကားလက်မှတ် ပွဲစားများနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း ပြင်ပရှိ ခရီးသွားလုပ်ငန်းများကြောင့် ဂိတ်တာဝန်ခံများ အဆင်မပြေ ဖြစ်ပေါ်နေ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Thursday, April 11, 2019
.
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၌ ယာဉ်စီးခနှုန်းထားများကို ကြားပွဲစားများကောက်ခံခြင်းနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်းပြင်တွင် ခရီးသည်ပို့ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဂိတ်တာဝန်ခံများ အဆင်မပြေ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
.
သင်္ကြန်တွင်းကာလ ခရီးသွားပြည်သူများ ခရီးသွားလာမှု အစဉ်ပြေချောမွေစေရန်အတွက် တာချီလိတ်မြို့နယ်ရှိ ခရီးသည်ပို့ဆောင်ရေးအသင်း၊ ကားဂိတ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်အသိပေး ရှင်းလင်းပွဲကို ဧပြီလ ၈ ရက်၊ ညနေပိုင်းက ပြုလုပ်ရာ အဆိုပါ ရှင်းလင်းပွဲတွင် အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဂိတ်တာဝန်ခံများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
တာချီလိတ်မြို့ဟာ ထိုင်းဘတ်ငွေနဲ့သုံးတာ မှန်ပေမယ့် ကျမတို့ ကားဝန်းရှိ ဂိတ်ပေါင်းစုံမိသားစုက မြန်မာ ကျပ်ငွေနဲ့ရတယ် ရတဲ့မြန်မာငွေကို ဘတ်ငွေလှဲပြီး အခန်းငှားခ၊ မီတာခ၊ ရေခ၊ အမှိုက်ခ စတဲ့ဝန်ဆောင်မှုတွေ ပေးရတော့ တစ်ရက်တစ်ရက်ကုန်ကျမှုက နေ့စဉ်ထမင်းစားဖို့အတွက် ရပ်တည်သလို ဖြစ်နေတယ် ဘတ်နဲ့ကျပ် လတဲ့အချိန်မှာလည်း အနည်းနဲ့အများအရှုံးပေါ်တယ်အခန်းခတွေကောက်တာလည်း တစ်ခန်းနဲ့တစ်ခန်း ညီမျှမှုမရှိဘူး အခန်းခတွေကိုလည်း ကျပ်ငွေနဲ့ သတ်မှတ်ပေးဖို့ သက်ဆိုင်ရာက ညှိနှိုင်းပေးစေလိုတယ် ကုမ္ပဏီကလည်း ရေမလာတာ၊ မီးမလာတာကအစ ဘာတာဝန်ယူမှုမှ မရှိဘူး မီတာခကိုလည်း သတ်မှတ် နှုန်းထက်ပိုကောက်တယ် ဒီကားလေးကွင်း ဆောက်စဉ်ကလည်း ဒီဂိတ်တွေကို အမည်ခံပြီး ဆောက်တဲ့အတွက် ဂိတ်တွေအဆင်ပြေအောင်သူလုပ်ပေးရမယ်၊ ဂိတ်တွေကို မကြည်ဘဲနဲ့ သူရဲ့ရင်းနှီးမှုကို မူတည်ပြီးလုပ်ဆောင်တယ် ဂိတ်တွေမှာ ကြုံတွေနေရတဲ့ အခက်အခဲကို ဘယ်သူမှ ဖြေရှင်းပေးခြင်းမရှိပါဘူးဟု အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဂိတ်တာဝန်ခံတစ်ဦးက ပြောသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးလှစိုး ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပို့/ဆက်ဒုဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ယာဉ်စည်းကမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက အဝေးပြေးယာဉ်ရပ်နားစခန်း တွင်ရှိ ခရီးသည်ပို့ဆောင်ရေးအသင်း၊ ကားဂိတ်တာဝန်ခံများအား သင်္ကြန်ကာလအတွင်း ယာဉ်စီးခနှုန်းထားများအား ကြားပွဲစားများဖြင့် ပိုမိုကောက်ခံခြင်း၊ မူလ၀ယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ ခရီးသည်အား သတ်မှတ်နေရာသို့ ရောက်ရှိအောင် ပို့ဆောင်ပေးမှု မရှိခြင်း၊ ခရီးစဉ်အား သတ်မှတ်ချိန်အတိုင်း ထွက်ခွာမှု မရှိခြင်း၊ လက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့် နေ့ရက်၌ အမှန် တစ်ကယ် ၀ယ်ယူရရှိမှု မရှိခြင်းစသည့် အချက်များအား တိုင်ကြားမှုများရှိလာပါက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည့် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
.
.
ထို့နောက်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးလှစိုး ဦးဆောင်သောအဖွဲ့ဝင်များက တာချီလိတ် မြို့နယ်ရှိ ခရီးသည်ပို့ဆောင်ရေးအသင်း၊ ကားဂိတ် ၃၂ ဂိတ်မှ တာဝန်ခံတို့အား သင်္ကြန်ကာလ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် စားစားသုံးသူရေးရာ ဦးစီးဌာန၏ကြိုတင်အသိပေးရှင်းလင်း လက်ကမ်းစာ စောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
တာချီလိတ်တွင် ကားလက်မှတ် ပွဲစားများနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း ပြင်ပရှိ ခရီးသွားလုပ်ငန်းများကြောင့် ဂိတ်တာဝန်ခံများ အဆင်မပြေ ဖြစ်ပေါ်နေ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၌ ယာဉ်စီးခနှုန်းထားများကို ကြားပွဲစားများကောက်ခံခြင်းနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်းပြင်ပတွင် ခရီးသည်ပို့ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဂိတ်တာဝန်ခံများ အဆင်မပြေ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
သြင်္ကန်တွင်းကာလ ခရီးသွားပြည်သူများ ခရီးသွားလာမှု အစဉ်ပြေချောမွေစေရန်အတွက် တာချီလိတ်မြို့နယ်ရှိ ခရီးသည်ပို့ဆောင်ရေးအသင်း၊ ကားဂိတ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်အသိပေး ရှင်းလင်းပွဲကို ဧပြီလ ၈ ရက်၊ ညနေပိုင်းက ပြုလုပ်ရာ အဆိုပါ ရှင်းလင်းပွဲတွင် အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဂိတ်တာဝန်ခံများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
တာချီလိတ်မြို့ဟာ ထိုင်းဘတ်ငွေနဲ့သုံးတာ မှန်ပေမယ့် ကျမတို့ ကားဝန်းရှိ ဂိတ်ပေါင်းစုံမိသားစုက မြန်မာ ကျပ်ငွေနဲ့ရတယ်။ ရတဲ့မြန်မာငွေကို ဘတ်ငွေလှဲပြီး အခန်းငှားခ၊ မီတာခ၊ ရေခ၊ အမှိုက်ခ စတဲ့ဝန်ဆောင်မှုတွေ ပေးရတော့ တစ်ရက်တစ်ရက်ကုန်ကျမှုက နေ့စဉ်ထမင်းစားဖို့အတွက် ရပ်တည်သလို ဖြစ်နေတယ်။ ဘတ်နဲ့ကျပ် လဲတဲ့အချိန်မှာလည်း အနည်းနဲ့အများအရှုံးပေါ်တယ်။ အခန်းခတွေကောက်တာလည်း တစ်ခန်းနဲ့တစ်ခန်း ညီမျှမှုမရှိဘူး။ အခန်းခတွေကိုလည်း ကျပ်ငွေနဲ့ သတ်မှတ်ပေးဖို့ သက်ဆိုင်ရာက ညှိနှိုင်းပေးစေလိုတယ်။ ကုမ္ပဏီကလည်း ရေမလာတာ၊ မီးမလာတာကအစ ဘာတာဝန်ယူမှုမှ မရှိဘူး။ မီတာခကိုလည်း သတ်မှတ် နှုန်းထက်ပိုကောက်တယ်။ ဒီကားလေးကွင်း ဆောက်စဉ်ကလည်း ဒီဂိတ်တွေကို အမည်ခံပြီး ဆောက်တဲ့အတွက် ဂိတ်တွေအဆင်ပြေအောင်သူလုပ်ပေးရမယ်၊ ဂိတ်တွေကို မကြည်ဘဲနဲ့ သူရဲ့ရင်းနှီးမှုကို မူတည်ပြီးလုပ်ဆောင်တယ်။ ဂိတ်တွေမှာ ကြုံတွေနေရတဲ့ အခက်အခဲကို ဘယ်သူမှ ဖြေရှင်းပေးခြင်းမရှိပါဘူးဟု အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဂိတ်တာဝန်ခံတစ်ဦးက ပြောသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးလှစိုး ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပို့/ဆက်ဒုဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ယာဉ်စည်းကမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက အဝေးပြေးယာဉ်ရပ်နားစခန်း အတွင်ရှိ ခရီးသည်ပို့ဆောင်ရေးအသင်း၊ ကားဂိတ်တာဝန်ခံများအား သြင်္ကန်ကာလအတွင်း ယာဉ်စီးခနှုန်းထားများအား ကြားပွဲစားများဖြင့် ပိုမိုကောက်ခံခြင်း၊ မူလဝယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ ခရီးသည်အား သတ်မှတ်နေရာသို့ ရောက်ရှိအောင် ပို့ဆောင်ပေးမှု မရှိခြင်း၊ ခရီးစဉ်အား သတ်မှတ်ချိန်အတိုင်း ထွက်ခွာမှု မရှိခြင်း၊ လက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့် နေ့ရက်၌ အမှန် တစ်ကယ် ဝယ်ယူရရှိမှု မရှိခြင်းစသည့် အချက်များအား တိုင်ကြားမှုများရှိလာပါက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည့် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
.
ကျွန်တော်တို့က စားသုံးသူကို ကာကွယ်ပေးရမယ်ဖြစ်ပါတယ်။ စားသုံးသူက ကျေနပ်မှုမရှိလို့၊ စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရရင် ကျွန်တော်တို့ဌာနကို တိုက်ရိုက်တိုင်ကြားနိုင်တယ်။ စစ်ဆေးတွေ့ရှိရင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ဖို့ရှိပါတယ်။ အခုလိုမျိုး ဆောင်ရွက်မှုကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကျိုင်းတုံမှာတစ်ကြိမ်တော့လုပ်ပြီးပါ။ တာချီလိတ်က နယ်စပ်ဒေသဖြစ်လို့ ခရီးသွားလာမှု များတယ်။ ဒါကြောင့် ဒီမှာ လာလုပ်တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ သြင်္ကန်းကာလအတွင်း တိုင်ကြားမှု ၂ မှုရှိတဲ့အထဲမှာ တစ်မှုကတော့ အဆင်ပြေသွားပြီး။ နောက်တစ်မှုကတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်။ တိုင်ကြားသူဘက်လည်း သက်သေအထောက်အထားတွေ၊ သေသေချာချာတိတိကျကျလေး တိုင်မှ ဖြေရှင်းလို့ရမှာ ဖြစ်ပါတယ်။ တချို့က တိတိကျကျမရသေးတဲ့အတွက် သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးလှစိုးက ပြောသည်။
.
ထို့နောက်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးလှစိုး ဦးဆောင်သောအဖွဲ့ဝင်များက တာချီလိတ် မြို့နယ်ရှိ ခရီးသည်ပို့ဆောင်ရေးအသင်း၊ ကားဂိတ် ၃၂ ဂိတ်မှ တာဝန်ခံတို့အား သြင်္ကန်ကာလ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် စားစားသုံးသူရေးရာ ဦးစီးဌာန၏ကြိုတင်အသိပေးရှင်းလင်း လက်ကမ်းစာ စောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment