မိုင်းယောင်း၌ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို ဆက်တိုက်ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 30, 2019



.
ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ တာလုပ်ကျေးရွာနှင့် မုန်းလိုက်တံတား စစ်ဆေးရေးဂိတ်တို့တွင် ဧပြီလ ၂၉ ရက် ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများကို ဆက်တိုင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.
မုန်းလိုက်ကျေးရွာအုပ်စု၊ တာလုပ်ကျေးရွာနေ ဒေါ်အီကောင်းတစ် (၇၈ နှစ်) ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ဧပြီလ ၂၉ ရက်၊ ညနေ ၅ နာရီခွဲတွင် မိုင်းယောင်းမြို့မစခန်းမှူး ဒုရဲမှူးသက်လွင် နှင့် အဖွဲ့သည် သက်သေများနှင့်အတူ အဆိုပါ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ခြံဝင်းအတွင်းရှိ ကောက်ရိုးစင် ပေါ်မှ WY စာတမ်းပါ လိမ္မောရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၂၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ငွေကျပ် ၂ သိန်းခန့်နှင့် ခဲပြားစက္ကူလိပ် ၁ လိပ်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပလတ်စတစ်ဘူး ၁ ဘူးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
.
အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် အဆိုပါ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မုန်းလိုက်တံတား စစ်ဆေးရေးဂိတ်၊ ရဲစခန်း အနောက်တောင်ဘက်(၇)မိုင့်ခန့်အကွာတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ယာဉ်မောင်း နွဲ့အွန်၊(၅၃ နှစ်) မယ်ဟုတ် ကျေးရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နေသူ မောင်နှင်ပီး အိုက်အွန်ပျဲန်း၊(၅၉ နှစ်) ဈေးတန်းရပ်ကွက်၊ မိုင်းဖြတ်မြို့ နေသူနှင့် အိုက်ရီကျောက်၊(၆၇ နှစ်)၊ နမ့်ကုန်းကျေးရွာ၊ နမ့်ပုန်းအုပ်စု၊ မိုင်းဖြတ်မြို့နေသူတို့ လိုက်ပါစီးနင်းလာသည့် CRV အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် အရှည် ၅ ပေ ၄ လက်မခန့်ရှိ ရှမ်းတူမီး သေနတ် တစ်လက်နှင့် သံဖြင့် ပြုလုပ်ထားသော သစ်သားလက်ကိုင်ရိုးတပ် ၁၂ ဗို့ကျည် ထည့်သွင်းပစ်ခတ်ရသော အရှည် ၆  လက်မခန့်ရှိ လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့ကျည် အနီရောင် တောင့်၊ အပြာရောင်း တောင့် ပေါင်း တောင့် HUAWEI တံဆိပ်ပါ လက်ကိုင်ဖုန်းတစ်လုံး ၊SAMSUNG တံဆိပ်ပါလက်ကိုင်ဖုန်း တစ်လုံး၊ NOKLA တံဆိပ်ပါ လက်ကိုင်ဖုန်း တစ် လုံး၊ မြန်မာကျပ်ငွေရောရာ ကျပ်သိန်း ၂၀ ခန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
မိုင်းယောင်း၌ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို ဆက်တိုက်ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိိုင်း၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ တာလုပ်ကျေးရွာနှင့် မုန်းလိုက်တံတား စစ်ဆေးရေးဂိတ်တို့တွင် ဧပြီလ ၂၉ ရက် ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများကို ဆက်တိုင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
မုန်းလိုက်ကျေးရွာအုပ်စု၊ တာလုပ်ကျေးရွာနေ ဒေါ်အီကောင်းတစ် (၇၈ နှစ်) ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ဧပြီလ ၂၉ ရက်၊ ညနေ ၅ နာရီခွဲတွင် မိုင်းယောင်းမြို့မစခန်းမှူး ဒုရဲမှူးသက်လွင် နှင့် အဖွဲ့သည် သက်သေများနှင့်အတူ အဆိုပါ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ခြံဝင်းအတွင်းရှိ ကောက်ရိုးစင် ေပေါ်မှ WY စာတမ်းပါ လိမ္မောရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၂၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ငွေကျပ် ၂ သိန်းခန့်နှင့် ခဲပြားစက္ကူလိပ် ၁ လိပ်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပလတ်စတစ်ဘူး ၁ ဘူးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိ သူဒေါ်အီကောင်းတစ် (၇၈ နှစ်)၊ တာလုပ်ကျေးရွာ၊ မုန်းလိုက်အုပ်စု၊ မိုင်းယောင်းမြို့နေသူအား မိုင်းယောင်းမြို့မရဲစခန်းက မယ(ပ) ၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉ (က)ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် အဆိုပါ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မုန်းလိုက်တံတား စစ်ဆေးရေးဂိတ်၊ ရဲစခန်း အနောက်တောင်ဘက်(၇)မို်င့်ခန့်အကွာတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ယာဉ်မောင်း နွဲ့အွန်၊(၅၃ နှစ်) မယ်ဟုတ် ကျေးရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နေသူ မောင်နှင်ပြီး အိုက်အွန်ပျဲန်း၊(၅၉ နှစ်) စျေးတန်းရပ်ကွက်၊ မိုင်းဖြတ်မြို့ နေသူနှင့် အိုက်ရီကျောက်၊(၆၇ နှစ်)၊ နမ့်ကုန်းကျေးရွာ၊ နမ့်ပုန်းအုပ်စု၊ မိုင်းဖြတ်မြို့နေသူတို့ လိုက်ပါစီးနင်းလာသည့် CRV အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် အရှည် ၅ ပေ ၄ လက်မခန့်ရှိ ရှမ်းတူမီး သေနတ် တစ်လက်နှင့် သံဖြင့် ပြုလုပ်ထားသော သစ်သားလက်ကိုင်ရိုးတပ် ၁၂ ဗို့ကျည် ထည့်သွင် းပစ်ခတ်ရသော အရှည် ၆  လက်မခန့်ရှိ လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့ကျည် အနီရောင် ၃ တောင့်၊ အပြာရောင်း ၁ တောင့် ပေါင်း ၄ တောင့် HUAWEI တံဆိပ်ပါ လက်ကိုင်ဖုန်းတစ်လုံး ၊SAMSUNG တံဆိပ်ပါလက်ကိုင်ဖုန်း တစ်လုံး၊ NOKLA တံဆိပ်ပါ လက်ကိုင်ဖုန်း တစ် လုံး၊ မြန်မာကျပ်ငွေရောရာ ကျပ်သိန်း ၂၀ ခန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ တရားမဝင်လက်နက်များ သယ်ဆောင်လာသူများဖြစ်သော နွဲ့အွန်(၅၃ နှစ်)၊ အိုက်ရီကျောက်(၆၇ နှစ်)နှင့် အိုက်အွန်ပျဲန်း၊(၅၉ နှစ်)တို့သုံးဦးအား မိုင်းယောင်းမြို့မရဲစခန်းက (ပ) ၆/၂၀၁၉၊ ရှမ်းလက်နက် ၁၂(က) ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment