ရှမ်းတိုင်းရင်းသားရိုးရာ အလှဆင် ၀ါးခမောက်များ ရောင်းအား ကောင်းနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 12, 2019



ထက်တိုင်းကျော်
.
.

.
အလှဆင် ၀ါးခမောက်လုပ်ငန်းအတွက် အဓိကကုန်ကြမ်းဖြစ်သည့် ၀ါးဖက်ကို ကျိုင်းတုံမြို့နယ်မှ ထွက်ရှိပြီး ၀ါးဖက်ခမောက်အပေါ်တွင် ဆေးရောင်စုံခြယ်သ၍ ရွှေ၊ ငွေရောင် အလှဆင်ပစ်္စည်းများဖြင့် ခြူးခက် ပန်းနွယ် ပုံသဏ္ဍာန်ဖော် အလှဆင်၍ ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသည်။
.
အဆိုပါ အလှဆင်ဝါးခမောက် လုပ်ငန်းအား ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စုရှိ နောင်လေ၊ ယန်းလ၊ ကျိုင်းကမ်းရွာများတွင် ပြုလုပ်ကြပြီး ကျိုင်းတုံမြို့မဈေးနှင့် ရှမ်းတိုင်းရင်းသားရိုးရာပစ်္စည်း အရောင်းဆိုင်များတွင် ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။
.
.
ယင်းအလှဆင် ၀ါးဖက်ခမောက်ကို ရှမ်းတိုင်းရင်းသူများ ပါဝင်သည့် ဘုရားပွဲ၊ အလှုပွဲ၊ ရှင်ပြုပွဲနှင့် လူ အများ စုပေါင်းပါဝင်သည့် ပွဲများတွင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန် အတွက် ၀င်ဆင်ကြသောကြောင့် လုပ်ငန်းများ ဆက်လက်ရပ်တည် အောင်မြင်နိုင်ပြီး မိသားစုအိမ်တွင်းမှု အနုပညာ လက်မှုပစ်္စည်း ကုန်ထုတ် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျက် ရှိသည်။
.
ကျိုင်းတုံမြို့နယ်တွင် အဆိုပါ အလှဆင်ဝါးဖက်ခမောက်များအား လက်လီဈေး တစ်လုံးလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး လက်ကား ၀ယ်ယူပါက ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရသည်။
.
ရှမ်းတိုင်းရင်းသားရိုးရာ အလှဆင် ၀ါးခမောက်များ ရောင်းအား ကောင်းနေ
.
ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ်ဒေသထွက် အလှဆင် ၀ါးခမောက်များအား ဒေသတွင်းနှင့် ခရီးသွားဧည့်သည်များမှ ဝယ်ယူ အားပေးကြသဖြင့် ရက်လုပ်သူများနှင့် တစ်ဆင့် ဝယ်ယူရောင်းချသူများ ဝင်ငွေရ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
.
အလှဆင် ၀ါးခမောက်လုပ်ငန်းအတွက် အဓိကကုန်ကြမ်းဖြစ်သည့် ၀ါးဖက်ကို ကျိုင်းတုံမြို့နယ်မှ ထွက်ရှိပြီး ၀ါးဖက်ခမောက်အပေါ်တွင် ဆေးရောင်စုံခြယ်သ၍ ရွှေ၊ ငွေရောင် အလှဆင်ပစ်္စည်းများဖြင့် ခြူးခက် ပန်းနွယ် ပုံသဏ္ဍာန်ဖော် အလှဆင်၍ စျေးကွက်အတွင်း၌ ရောင်းချလျက်ရှိသည်။
.
အဆိုပါ အလှဆင်ဝါးခမောက် လုပ်ငန်းအား ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စုရှိ နောင်လေ၊ ယန်းလ၊ ကျိုင်းကမ်းရွာများတွင် ပြုလုပ်ကြပြီး ကျိုင်းတုံမြို့မစျေးနှင့် ရှမ်းတိုင်းရင်းသားရိုးရာပစ်္စည်း အရောင်းဆိုင်များတွင် ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။
.
လယ်ယာလုပ်ငန်းခွင် အားချိန်နဲ့ ကျောင်းပိတ်ရက်တွေဆိုရင်တော့ အမျိုးသမီးငယ်တွေ ၀ါးဖတ်ခမောက် လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ အ လုပ်များတဲ့ အချိန်တွေဆိုရင် အိမ် စောင့်တဲ့ အဖိုး၊ အဖွားတွေက တစ် ဖက်တစ်လမ်းကနေ ဝင်ငွေရအောင် လုပ်ကိုင်ကြပါတယ်ဟု ကျိုင်းတုံ မြို့၊ ကတ်ဖကျေးရွာအုပ်စုနေ ဦးစိုင်းလုံက ကမေ်္ဘာဇတိုင်းသို့ ပြောသည်။
.
ယင်းအလှဆင် ၀ါးဖက်ခမောက်ကို ရှမ်းတိုင်းရင်းသူများ ပါဝင်သည့် ဘုရားပွဲ၊ အလှုူပွဲ၊ ရှင်ပြုပွဲနှင့် လူ အများ စုပေါင်းပါဝင်သည့် ပွဲများတွင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန် အတွက် ဝင်ဆင်ကြသောကြောင့် လုပ်ငန်းများ ဆက်လက်ရပ်တည် အောင်မြင်နိုင်ပြီး မိသားစုအိမ်တွင်းမှု အနုပညာ လက်မှုပစ်္စည်း ကုန်ထုတ် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျက် ရှိသည်။
.
ကျိုင်းတုံမြို့နယ်တွင် အဆိုပါ အလှဆင်ဝါးဖက်ခမောက်များအား လက်လီစျေး တစ်လုံးလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး လက်ကား ဝယ်ယူပါက ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် စျေးနှုန်းရှိကြောင်း သိရသည်။
.

No comments:

Post a Comment