ကမ္ဘောဇအနာဂတ်လင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေရှားပါးခက်ခဲရာ နေရာဒေသများသို့ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019



ကမ္ဘောဇတိုင်း
.
.
.
ယခုအခါ ဖောင်ဒေးရှင်းပိုင် အင်္ဂလန်နိုင်ငံထုတ် Dando ရေတွင်းတူးစက်သစ်ကြီးများဖင့် နိုင်ငံတွင်း နေရာဒေသ အနှံ့အပြားတွင် စဉ်ဆက်မပတ် တူးဖော်လှဒါန်းပေးလျက်ရှရာ ဧပြီလ ၁၁ ရက်နေ့က စက်ရေတွင်း ၂၀၂ တွင်း မြောက်ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၁) ရပ်ကွက် စက်ရေတွင်းသည် အနက်ပေ ၄၈၀ အရောက်၌ တစ်နာရီလျှင် ရေဂါလံပေါင်း ၃၀၀၀ ကျော် ဖင့် ရေအောင်ခဲ့ပြီး ဒေသနေပြည်သူများ ရေကောင်း ရေသန့်များ လုံလောက်စွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အောင်ပန်း မြို့ စိုက်ပျိုးရေးသုတေသနခြံနှင့် လားရှိုးမြို့နယ် ကောင်းကျဲအီ ကျေးရွာတို့ တွင် ရေကောင်းရေသန့်ရရှိရေးအတွက် ဆက်လက်တူးဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိရှိ ချမ်းမြေကျောင်း တွင်လည်း ဆက်လက်တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယခု ဧပြီလအတွင်း ပုသိမ်ကြီးမြို့နယ်၊ နှမ်းကဲကျေးရွာအုပ်စု၊ ဟဲဟိုးမြို့နယ် ဆူပန်းအင်းကျေးရွာနှင့် တောင်ကြီး မြို့နယ် ဆွန်းလွန်းဘုန်းကြီးများကျောင်းသို ရေသယ်ယာဉ်များဖင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
.
မန်မာနိုင်ငံအတွင်း ရေအခက်အခဲဖြစ်နေသောဒေသများအနေဖြင့် သန့်ရှင်းသောရေ လိုအပ်ပါက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အောက်မြန်မာပြည် ဖုန်း ၀၁ ၅၀၂၈၆၈ နှင့် အထက် မြန်မာပြည် ၀၂ ၂၀၀၀၁၆၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
.
ကမ္ဘောဇအနာဂတ်လင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေရှားပါးခက်ခဲရာ နေရာဒေသများသို့ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိ
ကမ္ဘောဇတိုင်း
.
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၁၄ ခုနှစ်မှ စတင်၍ နိုင်ငံတစ်ဝန်း ရေရှားပါးသော ဒေသများရှိ ပြည်သူများ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းများ တူးဖော် လှူဒါန်းပေးခြင်း၊ ရေသယ်ယာဉ်များဖြင့် ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
.
ယခုအခါ ဖောင်ဒေးရှင်းပိုင် အင်္ဂလန်နိုင်ငံထုတ် Dando ရေတွင်းတူးစက်သစ်ကြီးများဖြင့် နိုင်ငံတွင်း နေရာဒေသ အနှံ့အပြားတွင် စဉ်ဆက်မပြတ် တူးဖော်လှူဒါန်းပေးလျက်ရှိရာ ဧပြီလ ၁၁ ရက်နေ့က စက်ရေတွင်း ၂၀၂ တွင်း မြောက်ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၁) ရပ်ကွက် စက်ရေတွင်းသည်် အနက်ပေ ၄၈၀ အရောက်၌ တစ်နာရီလျှင် ရေဂါလံပေါင်း ၃၀၀၀ ကျော် ဖြင့် ရေအောင်ခဲ့ပြီး ဒေသနေပြည်သူများ ရေကောင်း ရေသန့်များ လုံလောက်စွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အောင်ပန်း မြို့ စိုက်ပျိုးရေးသုတေသနခြံနှင့် လားရှိုးမြို့နယ် ကောင်းကျဲအီ ကျေးရွာတို့ တွင် ရေကောင်းရေသန့်ရရှိရေးအတွက် ဆက်လက်တူးဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိရှိ ချမ်းမြေ့ကျောင်း တွင်လည်း ဆက်လက်တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ်သစ် ၄၇ စီး ဖြင့် နိုင်ငံတစ်ဝန်းရှိ ရေရှားပါးသော အရပ်ဒေသများတွင် ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်း၍လည်းကောင်း၊ လူမှုရေး ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍လည်းကောင်း သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။
.
ယခု ဧပြီလအတွင်း ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု၊ ဟဲဟိုးမြို့နယ် ဆူပန်းအင်းကျေးရွာနှင့် တောင်ကြီး မြို့နယ် ဆွန်းလွန်းဘုန်းကြီးများကျောင်းသို့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
ရေရှားပါးသောဒေသများတွင် သန့်ရှင်းသော သောက်သုံးရေများ အဆင်ပြေလုံလောက်စွာ သုံးစွဲနိုင်စေရန် စက်ရေတွင်း ၂၀၂ တွင်း တူးဖော်လှူဒါန်းပေးခြင်း၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များ သွယ်တန်းပေးခြင်း၊ ရေသယ်ယာဉ်သစ် ၄၇ စီးကို နိုင်ငံတစ်ဝန်းရှိ ပရဟိတအသင်းများအား လှူဒါန်းပေးခဲ့သည့်အပြင် ဖောင်ဒေးရှင်းတည်ထောင်ချိန်မှစ၍ ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး ဘာသာမရွေး ၊ နိုင်ငံတော်နှင့်ပြည်သူအတွက် ကျပ်ငွေ (၁၅၄)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံအတွင်း ရေအခက်အခဲဖြစ်နေသောဒေသများအနေဖြင့် သန့်ရှင်းသောရေ လိုအပ်ပါက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အောက်မြန်မာပြည် ဖုန်း ၀၁ ၅၀၂၈၆၈ နှင့် အထက် မြန်မာပြည် ၀၂ ၂၀၀၀၁၆၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment