ေနာင္ (ျမစ္မခ)
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊
လား႐ိႈးတြင္ ျပည္သူမ်ားလံုၿခံဳေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔မွ လွည့္ကင္း၊ ရပ္
ကင္း၊ ၀ပ္ကင္းမ်ားအျပင္ လမ္းေလ်ာက္ကင္းျဖင္႔ပါ လံုျခံဳေရးယူထားေၾကာင္း သိရွိရသည္။
လား႐ိႈးၿမိဳ႕ေနျပည္သူမ်ား
စိတ္ေအးခ်မ္းသာစြာျဖင့္ ေနထိုင္ႏိုင္ေရးအတြက္ လား႐ိႈးၿမိဳ႕ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ဝင္ မ်ားမွ
ကင္းအမ်ိဳးမ်ိဳးျဖင့္ လံုၿခံဳေရးမ်ားေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“အဓိကေတာ့
လမ္းေလွ်ာက္ကင္းနဲ႔ လံုၿခံဳေရးေဆာင္ရြက္ေပးတာပါ။ ဘဏ္ေတြ၊ ဆိုင္ေတြ အေရးႀကီးတဲ့ လမ္း
ဆံု၊ လမ္းခြေတြမွာ ရပ္ကင္းေတြရွိမယ္။ လမ္းေလွ်ာက္ကင္းေတြရွိတယ္။ ကားေတြနဲ႔
လွည့္တာေတြလည္းရွိပါ တယ္။’’ဟု လား႐ိႈးၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး
ရဲအုပ္ ေနေက်ာ္က ေျပာသည္။
လား႐ိႈးၿမိဳ႕တြင္
ဘဏ္မ်ားဗံုးေပါက္ကဲြျခင္းမ်ား၊ ဖုန္းဆိုင္မ်ားအေဖာက္ခံရျခင္းမ်ား၊ လုယက္မႈမ်ား၊
ဆိုင္ကယ္ မ်ားခိုးယူခံရျခင္းမ်ား မၾကာခဏျဖစ္ပြားေနျခင္းေၾကာင့္ လမ္းေလွ်ာက္ကင္းကို
ထပ္မံတိုးခ်ဲ႕ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
“အဓိကျပႆနာကေတာ့
မူးယစ္ေဆးေၾကာင့္လို႔ ထင္ပါတယ္။ လူငယ္ေတြက မူးယစ္ေဆးေတြသံုးေၾကာင္ၿပီး ေတာ့
လိုက္လုပ္ေနတာမ်ားတယ္။ ရာမကအဆိုးဆံုးျဖစ္ေနတာ။ ေစ်းကလည္းေပါေနေတာ့ လူငယ္ေတာ္ေတာ္
မ်ားမ်ား သံုးေနတာေတြ႔ေနရတယ္။ ဆိုလိုတာက မူးယစ္ေဆးကို အဓိကထားနိမ္နင္းရင္ မႈခင္းကက်ဆင္းလာ
မယ္လို႔ ျမင္မိပါတယ္။’’ဟု လား႐ိႈးၿမိဳ႕ေဒသခံ တစ္ဦးကေျပာသည္။
လား႐ိႈးၿမိဳ႕တြင္
ရပ္ကြက္(၁၂)ရပ္ကြက္ရွိကာ၊ ၿမိဳ႕မရဲစခန္း၊ လား႐ိႈးၿမိဳ႕နယ္ရဲစခန္းႏွင့္ ရပ္ကြက္မ်ားတြင္
ရဲကင္းစခန္းမ်ားထားရွိၿပီး လံုၿခံဳေရးမ်ားေဆာင္ရြက္ေနေၾကာင္း သိရသည္။
.
လားရှိုးမြို့တွင် ရဲတပ်ဖွဲ့မှ
လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများအပြင် လမ်းလျောက်ကင်းဖြင့်ပါ လုံခြုံရေး ယူထား
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
လားရှိုးတွင် ပြည်သူများလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လှည့်ကင်း၊ ရပ် ကင်း၊
ဝပ်ကင်းများအပြင် လမ်းလျောက်ကင်းဖြင့်ပါ လုံခြုံရေးယူထားကြောင်း သိရှိရသည်။
လားရှိုးမြို့နေပြည်သူများ
စိတ်အေးချမ်းသာစွာဖြင့် နေထိုင်နိုင်ရေးအတွက် လားရှိုးမြို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များမှ ကင်းအမျိုးမျိုးဖြင့် လုံခြုံရေးများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
သိရသည်။
“အဓိကတော့ လမ်းလျှောက်ကင်းနဲ့ လုံခြုံရေးဆောင်ရွက်ပေးတာပါ။ ဘဏ်တွေ၊ ဆိုင်တွေ အရေးကြီးတဲ့
လမ်း ဆုံ၊ လမ်းခွတွေမှာ ရပ်ကင်းတွေရှိမယ်။ လမ်းလျှောက်ကင်းတွေရှိတယ်။ ကားတွေနဲ့ လှည့်တာတွေလည်းရှိပါ
တယ်။’’ဟု လားရှိုးမြို့မ ရဲစခန်းမှ စခန်းမှူး ရဲအုပ် နေကျော်က ပြောသည်။
လားရှိုးမြို့တွင် ဘဏ်များဗုံးပေါက်ကွဲခြင်းများ၊
ဖုန်းဆိုင်များအဖောက်ခံရခြင်းများ၊ လုယက်မှုများ၊ ဆိုင်ကယ် များခိုးယူခံရခြင်းများ
မကြာခဏဖြစ်ပွားနေခြင်းကြောင့် လမ်းလျှောက်ကင်းကို ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း
သိရသည်။
“အဓိကပြဿနာကတော့ မူးယစ်ဆေးကြောင့်လို့ ထင်ပါတယ်။ လူငယ်တွေက မူးယစ်ဆေးတွေသုံးကြောင်ပြီး
တော့ လိုက်လုပ်နေတာများတယ်။ ရာမကအဆိုးဆုံးဖြစ်နေတာ။ ဈေးကလည်းပေါနေတော့ လူငယ်တော်တော်
များများ သုံးနေတာတွေ့နေရတယ်။ ဆိုလိုတာက မူးယစ်ဆေးကို အဓိကထားနိမ်နင်းရင် မှုခင်းကကျဆင်းလာ
မယ်လို့ မြင်မိပါတယ်။’’ဟု လားရှိုးမြို့ဒေသခံ တစ်ဦးကပြောသည်။
လားရှိုးမြို့တွင် ရပ်ကွက်(၁၂)ရပ်ကွက်ရှိကာ၊
မြို့မရဲစခန်း၊ လားရှိုးမြို့နယ်ရဲစခန်းနှင့် ရပ်ကွက်များတွင် ရဲကင်းစခန်းများထားရှိပြီး
လုံခြုံရေးများဆောင်ရွက်နေကြောင်း သိရသည်။
No comments:
Post a Comment