မူဆယ်မြို့ တုံခန်ကျေးရွာအဆင်းလမ်းတွင် တရုတ်ပြည် ကျင်းစန်းကျော့ ဒေသမှ ကြံလုပ်သားများ လိုက်ပါလာသည့် ယာဉ်တိမ်းမှောက်ရာ ၁၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, April 4, 2019

မူဆယ်မြို့ တုံခန်ကျေးရွာအဆင်းလမ်းတွင် တရုတ်ပြည် ကျင်းစန်းကျော့ ဒေသမှ ကြံလုပ်သားများ လိုက်ပါလာသည့် ယာဉ်တိမ်းမှောက်ရာ ၁၂ ဦး ဒဏ်ရာရ

နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တုံခန်ကျေးရွာအဆင်းလမ်းတွင် ဧပြီ ၂ ရက် ညပိုင်းက တရုတ်နိုင်ငံ၊ ကျင်းစန်းကျော့ ဒေသမှကံလုပ်သားအဖွဲ့ ၁၅ ဦး လိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရှိ လူမှုကူညီရေး အသင်းများမှ သိရှိရသည်။  
.

.
ုတ်ပြည် ကျင်းစန်းကျော့ဒေသမှ ကံလုပ်သားအဖွဲ့ ၁၅ ဦးမှ ကားငှား၍ ပြန်လာစဉ် မူဆယ် တုံခန်ကျေးရွာ အဆင်း ရေချောင်းကွေ့ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့ရာမှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
.
မနေ့ညက ၁၂ ယောက် ဒဏ်ရာရတယ်။ ၇ ယောက်ကတော့ အတွင်းလူနာ ၅ ယောက်ကတော့ အပြင်လူနာ အဖြစ် ကုသပေးထားပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ အခြေအနေတော့ မရှိပါဘူး။ အားလုံး ကောင်းပါ တယ်။’’ဟု ကုဏာလူမှုကူညီရေးအသင်း (မူဆယ်)မှ ဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။  
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုအား မူဆယ်မြို့မှ ကရုဏာလူမှုကူညီရေးအသင်းယာဉ်များ၊ အခြားသော အသင်းများမှ ယာဉ်များဖြင့် မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ၊ ထိခိုက်ဒဏ်ရာရသူများအား မူဆယ် ကရုဏာ လူမှုကူညီရေးအသင်းမှ ဆေးဖိုးများလည်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
ုတ် လိုက်ထရပ်ယာဉ်တိမ်းမှောက်တာပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။’’ဟု မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ အရှိန်လွန်ပြီး ယာဉ်တိမ်းမှောက်ကာ ခရီးသည်များအား ထိခိုက်ဒဏ်ရာရစေသူ ထွက်ပြေး တိမ်းရှောင်နေသော ယာဉ်မောင်းအား မူဆယ်မြို့မ ရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၉၊ ပုဒ်မ-၂၇၉/ ၃၃၇/၂၂၀ တို့ဖြင့် အမှုဖွင့် အရေးယူကာ၊ ယာဉ်မောင်းအား အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment