တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ၀ါးပြားလမ်းဆုံ မီးပွိုင့်အနီးတွင် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, April 5, 2019

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ၀ါးပြားလမ်းဆုံ မီးပွိုင့်အနီးတွင် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ရှိနေ


အောင်ဆန်းဝင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ၀ါးပြားလမ်းဆုံ မီးပွိုင့်အနီးတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်အချို့မှ စည်းကမ်းမဲ့မောင်းနှင်မှုများ ရှိနေပြီး ယာဉ်အနရာယ်ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။
.

.
ဝါးပြားလမ်းဆုံက မြို့ရဲ့ အချက်အခြာကျတဲ့ နေရာတွေထဲမှာ ပါလာတော့ ယာဉ်အသွားအလာ တော်တော် ရှုပ်ထွေးပါတယ်။ မိုးလင်းမိုးချုပ် တွဲကားကြီးတွေနဲ့ ကုန် တင်ကားကြီးတွေ သွားလာနေတယ်။ မြို့တွင်းသွားလာ နေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေလည်း တော်တော်များ လာပါတယ်။ အဲဒီလိုများ လာတာနဲ့ အတူ စည်းကမ်းမဲ့မောင်းနှင် လာ တာကို တွေ့လာရပါတယ်။ အဲဒီ လို စည်းကမ်းမဲ့ မောင်းနှင်တာတွေ ကြောင့် မလိုလားအပ်တဲ့ ယာဉ် အန်္တရာယ် ဖြစ်ပေါ်လာမှာကို စိုးရိမ်နေ ရပါတယ်ဟု အဆိုပါ ၀ါးပြားလမ်း ဆုံမီးပွိုင့်အနီးရှိ တက္ကစီဂိတ်မှ အငှား ယာဉ်မောင်း တစ်ဦးက ၎င်းင်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ပြောသည်။
.
တောင်ကြီးမြို့တော် ဖွံ့ဖြိုးတိုး တက်လာမှုနှင့်အတူ လမ်းပန်းဆက် သွယ်ရေးကဏ္ဍ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် မြို့နေလူထုသွား လာရေးတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ကို အသုံးပြုမှုပိုမို များပြားလာသည်ကို တွေ့ရသည်။ သို့ရာတွင် မော်တော်ဆိုင်ကယ်စီးနင်း သူအများစုမှာ တောင်ကြီးမြို့၏ အဓိကလမ်းမကြီး ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်းလမ်းတွင်သာ ဆိုင်ကယ် စီးဦးထုပ်ကို ၀တ်ဆင်မောင်းနှင်ကြပြီး ကျန် အရှေ့မြို့ပတ်လမ်း၊ အနောက် မြို့ပတ်လမ်းနှင့် လမ်းသွယ်များပေါ် တွင် မောင်းနှင်ရာ၌ စည်းကမ်းမဲ့ မောင်းနှင်မှုများကို တွေ့မြင်နေရ သည်။
.
ဝါးပြားလမ်းဆုံ အနီးတစ်ဝိုက်မှာ ထိုင်ကြည့်ရင် ကားတွေ၊ ဆိုင်ကယ်တွေ စည်းကမ်းပျက်မောင်းနှင် နေတာကို တွေ့ရပါလိမ့်မယ်။ အများစုကတော့ ဆိုင်ကယ်စီးတဲ့လူငယ် လူရွယ်တွေပါ။ ယာဉ်ကြောကိုလည်း ယူချင်သလိုယူတယ်။ ကိုယ်သွားတဲ့ နေရာ ရောက်ရင်ပြီးရောမောင်းချင်သ လို မောင်းနေကြတယ်။ အသက်ကယ် ဦးထုပ်ဆောင်းရကောင်းမှန်း သိပုံ တောင်မပေါ်ဘူး။ ယာဉ်တိုက်မှုက နေ့စဉ်လိုလို ဖြစ်နေတာပါ။ အုတ် သဲကျောက်သယ်တဲ့ကားနဲ့ ကုန်ကား ကြီးတွေကလည်း ပြိုင်ကားမောင်း နေသလား မှတ်ရတယ်ဟု ကျောင်း ကြီးစုရပ်ကွက်နေဒေသခံတစ်ဦး မှလည်း ပြောကြားခဲ့သည်။
.
မကြာမီကာလတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလသို့ ရောက်ရှိလာတော့မည် ဖြစ်ရာ တောင် ကြီးမြို့သို့ မြန်မာနိုင်ငံ ဒေသ အသီးသီးမှ ခရီးသွားပြည်သူများ အများအပြား ၀င်ရောက်လာလျက် ရှိသည့်အတွက် မြို့တွင်းလမ်းများ ပေါ်တွင်ယာဉ် အသွားအလာ ပိုမို ရှုပ်ထွေးလာမည်ဖြစ်ပြီး ယာဉ်အန်္တ ရာယ် လမ်းအန်္တရာယ်ကို စိုးရိမ်နေရ ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်းပေါ်တွင် အဆိုပါဝါးပြား လမ်းဆုံအပြင် တောင်ကြီးတက္ကသိုလ် အနီးရှိ ဧရာဝတီလမ်းဆုံ၊ နိဗ်္ဗာန် လမ်းဆုံမီးပွိုင့်၊ မြို့မဈေးအနီး တစ် ၀ိုက်ရှိ လမ်းဆုံများ၊ အခြားလမ်း ဆုံလမ်းခွများတွင်လည်း ယာဉ်အ သွားအလာရှုပ်ထွေးပြီး စည်းကမ်း မဲ့ မောင်းနှင်မှုများလည်းရှိနေသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats