ညိဳျမတို႔ ေပ်ာ္ၾကမယ့္ ႏွစ္ကူးတဲ့ ဒီခ်ိန္ခါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 11, 2019

ညိဳျမတို႔ ေပ်ာ္ၾကမယ့္ ႏွစ္ကူးတဲ့ ဒီခ်ိန္ခါ


ေအာင္ဆန္းဝင္း
.
.
သႀကၤန္ကာလနီးလာလို႔ ထင္ပါရဲ႕၊ ဟိုနား က တူးပို႔၊ ဒီနားက ရွာပုံေတာ္မင္းသားႀကီးနဲ႔ ေႏြဦးကဗ်ာက လွပေနတယ္။ အခ်ိန္ျပည့္ၾကာ ျဖဴေနတဲ့ထီလွည္းေတြေတာင္ ၾကာျဖဴတစ္ခန္း ရပ္ၿပီး ေႏြမကိုအလွည့္ေပးၾကတယ္။ သူ႔အခ်ိန္ ရာသီဆိုေတာ့ ရာသီစာေလးကို အလွည့္ေပးတဲ့ သေဘာေပါ့။ ျမန္မာေတြရဲ႕ ဆယ့္ႏွစ္လရာသီ က ဆယ့္ႏွစ္ပြဲတိတိ ပြဲစဥ္ဇယားအျပည့္။ အဲဒီ ပြဲစဥ္ေတြထဲမွာ ကူးေျပာင္းျခင္းဆိုတဲ့ ႏွစ္သစ္ မဂၤလာအတာသႀကၤန္ကို စိတ္၀င္စားမႈ ပိုမ်ားၾကတယ္။ အေပ်ာ္အပါးအတြက္ ဆိုၾကတီးၾက ေလာင္းၾကတယ္။ နိဗ္ၺာန္တံခါးအတြက္ လွဴ ဒါန္းမႈအစုစု လိႈင္လႈိင္ျပဳတဲ့အခ်ိန္အခါ။ တစ္ခါ တစ္ခါ အဆိုးနဲ႔အေကာင္း အေႂကြေစ့မ်က္ႏွာ ျပင္လို စိတ္ပါလက္ပါ ဒြန္တြဲေနတဲ့ပြဲ။ တစ္ႏိုင္ငံလုံးအတိုင္းအတာ ကေလးလူႀကီးလူငယ္လူ လတ္လူမ်ိဳးေပါင္းစုံ၊ ဘာသာစုံအယုတ္အလတ္ အျမတ္မေရြး ဆင္ႏႊဲၾကတဲ့ပြဲ။
.
ႏွစ္သစ္မဂၤလာအတာကူးတဲ့ေရကစားျခင္းအမႈကို ေရွးျမန္မာမင္းတစ္ပါးလက္ထက္က အစျပဳတယ္လို႔ ဆိုၾကတယ္။ ပူေလာင္ျပင္းျပတဲ့ ေႏြတစ္ခုမွာ ဘုရင္နဲ႔မယားတစ္သိုက္ေရခ်ိဳး ဆိပ္ဆင္းၾကတယ္။ တစ္ဦးနဲ႔တစ္ေယာက္ က်ီစယ္ ေနာက္ေျပာင္ေရပက္ရင္း ေရပက္ကစားတဲ့ သႀကၤန္ပြဲေတာ္ေမြးဖြားတယ္လို႔ ေျပာၾကတယ္။ အစကေတာ့ မင္းႀကိဳက္စိုးႀကိဳက္ မင္းခမ္းမင္း နား ႀကိတ္ပုန္းလုပ္တဲ့ပြဲျဖစ္ခ်င္ျဖစ္မွာေပါ့။ အခု အဲဒီဘုရင္နဲ႔ သူ႔မယားတစ္သိုက္ အစျပဳတဲ့ပြဲက ျမန္မာဘုရင္လက္ေအာက္ခံျဖစ္ဖူးတဲ့ ႏိုင္ငံ၊ အမ်ိဳးအႏြယ္တူ ႏိုင္ငံတိုင္းပြဲေတာ္ႀကီး တစ္ခမ္း တစ္နားဆင္ႏႊဲတာ ၀က္၀က္ကိုကြဲလို႔။ ပြဲေတာ္ နဲ႔ပတ္သက္ၿပီး ပတ္၀န္းက်င္ထိန္းသိမ္းေရးသ မားေတြက ေျပာတယ္။ သဘာ၀ေရခ်ိဳေတြ အလဟႆျဖဳန္းတီးတဲ့ပြဲတဲ့။ ဘုရင္နဲ႔မယားတစ္သိုက္ အစျပဳတဲ့ပြဲ၊ ဆယ့္ႏွစ္လရာသီထဲက ပြဲ ေတာ္တစ္ခု၊ ခရီးဆက္ဖို႔ပဲရွိတယ္။
.
သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးသမား ေတြေျပာတဲ့ ေရခ်ိဳအလဟႆျဖဳန္းတီးတဲ့ပြဲ စကားၾကားေတာ့ မဆီမဆိုင္စင္ကာပူႏိုင္ငံကို လွမ္းျမင္မိတယ္။ စင္ကာပူႏိုင္ငံ ျမန္မာဘုရင္ေတြ အာဏာစက္ကလြတ္တာ ကံေကာင္းျခင္း တစ္ပါးလို႔ ေျပာရမလားပါပဲ။ ကမၻာ့အခ်မ္းသာ ဆုံးႏိုင္ငံစာရင္းထဲပါတယ္။ နည္းပညာေရွ႕တန္း ေရာက္ေနတဲ့ႏိုင္ငံ၊ လာဘ္စားမႈအကင္းရွင္းဆုံး ႏိုင္ငံ။ လူတိုင္းသြားေရာက္လည္ပတ္ေနထိုင္ ခ်င္စိတ္ရွိတဲ့ႏိုင္ငံ။ အရာရာျပည့္စုံလြန္းလို႔ ေလာကနိဗ္ၺာန္လို႔ေျပာတဲ့ႏိုင္ငံ။ အံ့ၾသစရာ ေကာင္းတာက ခ်က္ျပဳတ္စားေသာက္စရာ ေရ ခ်ိဳတစ္စက္မွမရွိတဲ့ႏိုင္ငံျဖစ္ေနတယ္။ တစ္ႏိုင္ငံ လုံးသုံးဖို႔ ေရကို အိမ္နီးခ်င္းမေလးရွားႏိုင္ငံက ၀ယ္ရတယ္။ ေသာက္ျမင္ကပ္လို႔ မေလးရွားက ေရျဖတ္ခ်ရရင္ ႏိုင္ငံလုံးဆိုင္ရာ ငါးပါးေမွာက္မယ့္ကိန္း။ ျမန္မာဘုရင္ေတြ လက္တံ အဲဒီ ေလာက္ မရွည္ခဲ့တာ ကံေကာင္းတယ္ ေျပာရ မွာေပါ့။
.
ယိမ္းႏြဲ႕ကာ တီးကြက္နဲ႔အတူ ကစဥ္ လက္ ခုပ္သံ စည္းခ်က္လိုက္မွာလား။ ညီညီညာညင္း သြဲ႕သြဲ႕အတာေရသဘင္ပြဲရက္မွာ ယွဥ္ၿပိဳင္ရင္း ကကြက္ မ်ိဳးစုံနဲ႔။ ေဖာ္ေရြစြာပင္ ဆီးလို႔ႀကိဳေန မယ္။ လွမ္းလာခဲ့ေပါ့ကြယ္။ ညစဥ္ရက္ဆက္အ တူ ကဗ်ာေႏြဦးေတးသြားအလွနဲ႔ ကိုယ္ေလေမွ်ာ္ ေနမယ္။ ေတးေရးဆရာ ကိုေမာင္ေမာင္(အဥၡလီ)ေရးစပ္ထားတဲ့ ေႏြဦးကဗ်ာသီခ်င္းထီလွည္း ေပၚ ကခုန္ေပါက္ေျပးဆင္းလာတယ္။ နားစည္ ထဲ တၿငိမ့္ၿငိမ့္႐ိုက္ခတ္တဲ့ ေႏြဦးကဗ်ာသံၾကား ေတာ့ ေသာက္လက္စ ေရေႏြးခ်မ္းခြက္ခ်ၿပီးေတာ့ သႀကၤန္အေၾကာင္းအမွတ္တရတခ်ိဳ႕ကို အသက္ ခုနစ္ဆယ္ေက်ာ္ၿပီျဖစ္တဲ့ အဘြားေဒၚၫြန္႔ရင္က ေျပာတယ္။ သူျဖတ္သန္းခဲ့တဲ့ ေရွးေဟာင္းခပ္ က်က်သႀကၤန္အေၾကာင္းေတာ့ မဟုတ္ဘူး။ သူ႔ သားေတြ ေပ်ာ္ရႊင္ျမဴးတူးခဲ့တဲ့သႀကၤန္။ ဆိုၾက တီးၾကတဲ့ သႀကၤန္။ လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္နီးပါး က သႀကၤန္အေၾကာင္း။
.
အဘြားသားေတြက ဆိုတာတီးတာ၀ါသနာ ပါၾကတယ္။ အိမ္မွာသူတို႔ သူငယ္ခ်င္းေတြရဲ႕ ဂစ္တာ၀ိုင္း ေန႔တိုင္းရွိတယ္။ သႀကၤန္ေရာက္ တိုင္းတီး၀ိုင္းငွားၿပီး ရပ္ကြက္ထိပ္မွာ အေပ်ာ္ တမ္းစတိတ္႐ႈိးလုပ္ၾကတယ္။ သႀကၤန္မတိုင္ခင္ ဆိုမယ့္ လူေတြ သီခ်င္းတိုက္တာလည္း အ ဘြားတို႔အိမ္မွာပဲလုပ္တယ္။ သားသုံးေယာက္ လုံးက ဂစ္တာေကာင္းေကာင္းတီးတတ္တယ္ ေလ။ သူတို႔ေခါင္းေဆာင္ၿပီး လုပ္ၾကတာေပါ့။ တီး၀ိုင္းငွားခေစ်းကလည္း မေသးဘူး။ တစ္ ရက္ကို ႏွစ္ေထာင့္ငါးရာေတာင္ေပးရတာ။ အဲ ဒီေခတ္ အဲဒီအခါ ေငြေၾကးတန္ဖိုးနဲ႔ တြက္ရင္ နည္းတာမဟုတ္ဘူး။ ဆိုၾကမွာက ႏွစ္ရက္သုံး ရက္ရယ္။ သီခ်င္းတိုက္တာက တစ္လေလာက္ ၾကာတယ္။ စားေသာက္ၿပီးလာတဲ့လူေတြရွိသလို ဒီေရာက္မွရွိတာ ၀င္စားတဲ့ေတြလည္း တစ္ပုံ ႀကီး။ ပြဲလည္းၿပီးေရာ အဘြားအိမ္မီးဖိုေခ်ာင္လည္း ဗလာကိုျဖစ္ေရာတဲ့။
.
ဟုတ္ပါတယ္။ ဟိုအရင္သႀကၤန္ခ်ိန္ခါေတြ တုန္းက ရပ္ကြက္အလိုက္ ကိုယ္ပိုင္မ႑ပ္ထိုး ၿပီး အေပ်ာ္တမ္းစတိတ္႐ႈိး ေလးေတြလုပ္ၾကပါ တယ္။ စည္းနဲ႔၀ါးအလိုက္ နည္းနည္းမွန္ရင္ ၀ါသနာပါတဲ့လူ ဘယ္သူမဆိုတက္ဆိုလို႔ရတယ္။ ကိုယ့္အရပ္ ကိုယ့္ဇာတ္ဆိုေတာ့ အသံေကာင္း တာမေကာင္းတာ ျပႆနာမရွိဘူး။ ကိုယ့္ရြာ သားစင္ေပၚတက္ ဟဲတယ္ဆိုရင္ကို အားေပးၾကတာ။ ဆိုတဲ့သီခ်င္းေတြကေတာ့ ထုံးစံအတိုင္း အဆိုေတာ္ေပါင္းစုံရဲ႕ နာမည္ႀကီး သီခ်င္းေတြ။ တစ္ဦးတစ္ေယာက္ျခင္း စိတ္ႀကိဳက္ဆိုၾက တယ္။ တခ်ိဳ႕ကစုံတြဲ။ အမွန္အကန္စုံတြဲသီခ်င္း ဆိုတဲ့လူေတြရွိသလို၊ တခ်ိဳ႕ကစုံတြဲျဖစ္ဖို႔ ႀကံဖန္ ၿပီးစင္ေပၚတက္ ဟန္ေရးျပၾကတာ။ အဲဒီလို အႀကံအဖန္ ေတြေၾကာင့္ ကာလသားေခါင္းနဲ႔မိဘ ေတြ ေခါင္းမီးေတာက္ရတဲ့အခ်ိန္။ ၾကပ္မတ္ေန တဲ့ၾကားက ပတ္စာခြာဖ်ာသိမ္းေတာ့ ဧပရယ္ဖူး စာေတြ တစ္ပုံႀကီး။
.
တစ္ႏွစ္သားပြဲသိမ္းမွ ႐ုံးေရာက္ဂတ္ေရာက္ နဲ႔ျပႆနာႀကဳံရေသးတယ္။ သူတို႔ခ်င္းဘယ္လို ျဖစ္ၾကတယ္ မေျပာတတ္ပါဘူး။ တီး၀ိုင္းငွားခ ေပးကာနီးက်မွ ပိုက္ဆံစိုက္မယ့္လူေတြက မစိုက္ႏိုင္ဘူးျဖစ္ပါေလေရာ။ ပြဲၿပီးေတာ့ တီး၀ိုင္း ပိုင္ရွင္ေတြကလည္း ပိုက္ဆံလိုခ်င္တာေပါ့။ ခက္တာက စိုက္မယ္ဆိုတဲ့လူေတြက မေပး ေတာ့ အဘြားသားေတြကလည္း အကုန္လုံး တစ္ခါတည္းမေပးႏိုင္ဘူး။ အဲဒီမွာတိုင္လား ေတာလား လုပ္တာနဲ႔ အေတာ္ႀကီးရွင္းလိုက္ရ တယ္။ အရပ္လူႀကီးနဲ႔ဂတ္လူႀကီးေတြေကာင္းလို႔ အရစ္က်ခြဲသြင္းၿပီး အဆင္ေျပသြားတာ။ ႏို႔မို႔ဆို ေထာင္တန္းေတာင္က်မလားဘဲလို႔ ႀကဳံ ခဲ့ရတဲ့ ျပႆနာတစ္ခုအေၾကာင္းလည္း အ ဘြားေဒၚၫြန္႔ရင္က ေျပာပါတယ္။ အမ်ားနဲ႔လုပ္ တဲ့ကိစ္ၥဆိုေပမယ့္ တစ္စုံတစ္ခုအေၾကာင္းေပၚ ျပႆနာတက္ရင္ ေခါင္းခံရတဲ့လူေတြ ႀကဳံရတဲ့ ဒုကၡက မေသးပါဘူး။
.
ေနာက္ပိုင္းေတာ့ ရွားပါးတာလား၊ ပိတ္ ပင္တာလား၊ ႏွစ္ခုလုံးေၾကာင့္လားမသိတဲ့ အ ေၾကာင္းတရားေတြနဲ႔ ရပ္ကြက္အေပ်ာ္တမ္း မ႑ပ္ေလးေတြေပ်ာက္သြားပါတယ္။ ေသခ်ာ တာေတာ့ ျမန္မာႏိုင္ငံေအာက္ေျချပည္သူရဲ႕စီး ပြားေရးအေနအထား ခြက္မဆြဲရ႐ုံတမယ္ျဖစ္ ခဲ့တာ အဓိကက်ပါလိမ့္မယ္။ က်န္ခဲ့တဲ့ႏွစ္အ ပိုင္းအျခားေတြရဲ႕ ေကာင္းကြက္တစ္စက္မွမရွိ တဲ့ အေၾကာင္းအားလုံးအသိပါ။ လူတစ္ခု လူ တစ္ဖြဲ႕အတြက္ကလြဲလို႔ ျပည္သူလူထုအတြက္ လုပ္ကိုင္တာ တစ္ခုမွ မရွိခဲ့ပါဘူး။ ငတက္ျပား နဲ႔ေအးဓားျမေတြေပါင္းၿပီး စိတ္ႀကိဳက္ေခါင္းပုံ ျဖတ္ၾကတာ ျမန္မာျပည္ ေျမပုံခ်ပ္ႀကီးက ကမ္ၻာ့ အလယ္ ဆင္းရဲတြင္းနက္တဲ့ တိုင္းျပည္စာရင္း ထဲေရာက္သြားတယ္။ သယံဇာတေတြ ဖင္ခု ထိုင္ၿပီး ေရႊေက်ာင္းေျပာင္ေျပာင္ ၀မ္းေခါင္ေခါင္ ျဖစ္ခဲ့ရတဲ့ ျပည္သူေတြဘ၀တစ္ခုဆို အာဆီယံ မွာ ၀င္ေငြအနိမ့္ပါးဆုံးႏိုင္ငံတဲ့။(ဘယ္လိုရွက္ရ မွန္းေတာင္ မသိေတာ့ဘူး)
.
သႀကၤန္နဲ႔ပတ္သက္ရင္ သံခ်ပ္ေတြက မပါမျဖစ္ေပါ့။ သံခ်ပ္မပါရင္ သႀကၤန္က အသက္မဲ့ သလိုခံစားရတယ္။ သံခ်ပ္ဆိုတာ ျပည္သူေတြ လိုအပ္ခ်က္ ရင္ဖြင့္ တင္ျပတဲ့အရာ။ ျပည္သူ႕လ စာငုတ္တုတ္စားၿပီး ဘာတစ္ခုမွ မလုပ္တဲ့လူ ေတြအေၾကာင္း ေျပာၾကတယ္။ ဟိုလိုလိုဒီလို လိုလုပ္ခ်င္ေယာင္ေဆာင္တဲ့လူေတြအေၾကာင္း မီးေမာင္းထိုးတယ္။ လြန္ေလၿပီးတဲ့ ကာလတစ္ခုက ရပ္ကြက္ထိပ္မ႑ပ္ေပၚမွာထိုးတဲ့သံခ်ပ္ ေလးတစ္ခု သတိရမိတယ္။ သံခ်ပ္ထိုးတဲ့အ ေၾကာင္းအရာက သမ၀ါယမဆိုင္လူႀကီးေတြအ ေၾကာင္းပါ။ သမ၀ါယမဆိုင္ေတြမွာ လိုခ်င္တာ နဲ႔မလိုခ်င္တာစိတ္ပ်က္ပ်က္နဲ႔တြဲ၀ယ္ရတဲ့အ ခ်ိန္။ သူတို႔ခ်င္းစိတ္ႀကိဳက္ခြဲတမ္းခ်ၿပီးမွ ျပည္ သူေတြ မေလာက္မင ဆင့္အ၀ွာ ေခြးေမွ်ာ္သလို ေမွ်ာ္ရတဲ့အခ်ိန္ေပါ့။ သံခ်ပ္ထဲေျပာသြားတဲ့ စကားလုံးက သမ၀ါယမဆိုင္ လူႀကီးေတြသမတဲ့ အေတာ္၀ါယမစိုက္ထုတ္တာပဲတဲ့။(အရင္တုန္း ကေျပာတာ)။
.
ကမယ္ဆိုတီးပါမယ္ ရွက္လို႔မေနနဲ႔ကြယ္ ေမာပါရင္အေမာေျပေအာင္ ႏွစ္သိမ့္ပါလိုရယ္၊ ညင္ညင္သာသာ သီခ်င္းအလိုက္ကို သာသာ ယာယာတီးပါ့မယ္။ သႀကၤန္တြင္းမွာ တို႔တစ္ ေတြေပ်ာ္ၾကမယ္။ ေတးေရး ဦးဘိုခင္ ေရးစပ္ ထားတဲ့ ကမယ္ဆိုတီးပါမယ္ သီခ်င္းအလွည့္မွာ ေက်ာက္ခ်ရပ္ထားတဲ့ ထီလွည္းရဲ႕ဘီးေတြ လိမ့္ သြားတယ္။ တစ္ေနရာ ေရာက္ရင္ ႏွစ္သစ္ကူး လို႔ အခ်စ္ဦးကို ရွာေဖြမလား မေျပာတတ္။ အ ဘြား ေဒၚၫြန္႔ရင္ကေတာ့ အတိတ္က ႀကဳံခဲ့တဲ့ သႀကၤန္အေၾကာင္း ေျပာၿပီး ေမာသြားတယ္ထင္ ပါတယ္။ ေရေႏြးၾကမ္းခြက္ေလးေကာက္ကိုင္ၿပီး ခပ္လွမ္းလွမ္းကိုၾကည့္လို႔။ ဘုရင္နဲ႔မိဘုရားတစ္ သိုက္က အစျပဳတဲ့ပြဲ။ ေရခ်ိဳေတြျဖဳန္းတီးတဲ့ပြဲ လို႔လည္း ေျပာၾကတယ္။ ဘာပဲျဖစ္ျဖစ္ ဆယ့္ ႏွစ္ရာသီ ပြဲေတာ္ထဲက အခမ္းနားဆုံး အႀကီး က်ယ္ဆုံး ႏွစ္သစ္ကူး မဟာသႀကၤန္ခ်ိန္ခါကေတာ့ မၾကာခင္ ေရာက္လာေတာ့မွာပါ။ ။
.
ညိုမြတို့ ပျော်ကြမယ့် နှစ်ကူးတဲ့ ဒီချိန်ခါ
.
အောင်ဆန်းဝင်း
.
သင်္ကြန်ကာလနီးလာလို့ ထင်ပါရဲ့၊ ဟိုနား က တူးပို့၊ ဒီနားက ရှာပုံတော်မင်းသားကြီးနဲ့ နွေဦးကဗျာက လှပနေတယ်။ အချိန်ပြည့်ကြာ ဖြူနေတဲ့ထီလှည်းတွေတောင် ကြာဖြူတစ်ခန်း ရပ်ပြီး နွေမကိုအလှည့်ပေးကြတယ်။ သူ့အချိန် ရာသီဆိုတော့ ရာသီစာလေးကို အလှည့်ပေးတဲ့ သဘောပေါ့။ မြန်မာတွေရဲ့ ဆယ့်နှစ်လရာသီ က ဆယ့်နှစ်ပွဲတိတိ ပွဲစဉ်ဇယားအပြည့်။ အဲဒီ ပွဲစဉ်တွေထဲမှာ ကူးပြောင်းခြင်းဆိုတဲ့ နှစ်သစ် မင်္ဂလာအတာသင်္ကြန်ကို စိတ်ဝင်စားမှု ပိုများကြတယ်။ အပျော်အပါးအတွက် ဆိုကြတီးကြ လောင်းကြတယ်။ နိဗ်္ဗာန်တံခါးအတွက် လှူ ဒါန်းမှုအစုစု လှိုင်လှိုင်ပြုတဲ့အချိန်အခါ။ တစ်ခါ တစ်ခါ အဆိုးနဲ့အကောင်း အကြွေစေ့မျက်နှာ ပြင်လို စိတ်ပါလက်ပါ ဒွန်တွဲနေတဲ့ပွဲ။ တစ်နိုင်ငံလုံးအတိုင်းအတာ ကလေးလူကြီးလူငယ်လူ လတ်လူမျိုးပေါင်းစုံ၊ ဘာသာစုံအယုတ်အလတ် အမြတ်မရွေး ဆင်နွှဲကြတဲ့ပွဲ။
.
နှစ်သစ်မင်္ဂလာအတာကူးတဲ့ရေကစားခြင်းအမှုကို ရှေးမြန်မာမင်းတစ်ပါးလက်ထက်က အစပြုတယ်လို့ ဆိုကြတယ်။ ပူလောင်ပြင်းပြတဲ့ နွေတစ်ခုမှာ ဘုရင်နဲ့မယားတစ်သိုက်ရေချိုး ဆိပ်ဆင်းကြတယ်။ တစ်ဦးနဲ့တစ်ယောက် ကျီစယ် နောက်ပြောင်ရေပက်ရင်း ရေပက်ကစားတဲ့ သင်္ကြန်ပွဲတော်မွေးဖွားတယ်လို့ ပြောကြတယ်။ အစကတော့ မင်းကြိုက်စိုးကြိုက် မင်းခမ်းမင်း နား ကြိတ်ပုန်းလုပ်တဲ့ပွဲဖြစ်ချင်ဖြစ်မှာပေါ့။ အခု အဲဒီဘုရင်နဲ့ သူ့မယားတစ်သိုက် အစပြုတဲ့ပွဲက မြန်မာဘုရင်လက်အောက်ခံဖြစ်ဖူးတဲ့ နိုင်ငံ၊ အမျိုးအနွယ်တူ နိုင်ငံတိုင်းပွဲတော်ကြီး တစ်ခမ်း တစ်နားဆင်နွှဲတာ ဝက်ဝက်ကိုကွဲလို့။ ပွဲတော် နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသ မားတွေက ပြောတယ်။ သဘာဝရေချိုတွေ အလဟဿဖြုန်းတီးတဲ့ပွဲတဲ့။ ဘုရင်နဲ့မယားတစ်သိုက် အစပြုတဲ့ပွဲ၊ ဆယ့်နှစ်လရာသီထဲက ပွဲ တော်တစ်ခု၊ ခရီးဆက်ဖို့ပဲရှိတယ်။
.
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား တွေပြောတဲ့ ရေချိုအလဟဿဖြုန်းတီးတဲ့ပွဲ စကားကြားတော့ မဆီမဆိုင်စင်ကာပူနိုင်ငံကို လှမ်းမြင်မိတယ်။ စင်ကာပူနိုင်ငံ မြန်မာဘုရင်တွေ အာဏာစက်ကလွတ်တာ ကံကောင်းခြင်း တစ်ပါးလို့ ပြောရမလားပါပဲ။ ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံစာရင်းထဲပါတယ်။ နည်းပညာရှေ့တန်း ရောက်နေတဲ့နိုင်ငံ၊ လာဘ်စားမှုအကင်းရှင်းဆုံး နိုင်ငံ။ လူတိုင်းသွားရောက်လည်ပတ်နေထိုင် ချင်စိတ်ရှိတဲ့နိုင်ငံ။ အရာရာပြည့်စုံလွန်းလို့ လောကနိဗ်္ဗာန်လို့ပြောတဲ့နိုင်ငံ။ အံ့သြစရာ ကောင်းတာက ချက်ပြုတ်စားသောက်စရာ ရေ ချိုတစ်စက်မှမရှိတဲ့နိုင်ငံဖြစ်နေတယ်။ တစ်နိုင်ငံ လုံးသုံးဖို့ ရေကို အိမ်နီးချင်းမလေးရှားနိုင်ငံက ဝယ်ရတယ်။ သောက်မြင်ကပ်လို့ မလေးရှားက ရေဖြတ်ချရရင် နိုင်ငံလုံးဆိုင်ရာ ငါးပါးမှောက်မယ့်ကိန်း။ မြန်မာဘုရင်တွေ လက်တံ အဲဒီ လောက် မရှည်ခဲ့တာ ကံကောင်းတယ် ပြောရ မှာပေါ့။
.
ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကစဉ် လက် ခုပ်သံ စည်းချက်လိုက်မှာလား။ ညီညီညာညင်း သွဲ့သွဲ့အတာရေသဘင်ပွဲရက်မှာ ယှဉ်ပြိုင်ရင်း ကကွက် မျိုးစုံနဲ့။ ဖော်ရွေစွာပင် ဆီးလို့ကြိုနေ မယ်။ လှမ်းလာခဲ့ပေါ့ကွယ်။ ညစဉ်ရက်ဆက်အ တူ ကဗျာနွေဦးတေးသွားအလှနဲ့ ကိုယ်လေမျှော် နေမယ်။ တေးရေးဆရာ ကိုမောင်မောင်(အဥ္ခလီ)ရေးစပ်ထားတဲ့ နွေဦးကဗျာသီချင်းထီလှည်း ပေါ် ကခုန်ပေါက်ပြေးဆင်းလာတယ်။ နားစည် ထဲ တငြိမ့်ငြိမ့်ရိုက်ခတ်တဲ့ နွေဦးကဗျာသံကြား တော့ သောက်လက်စ ရေနွေးချမ်းခွက်ချပြီးတော့ သင်္ကြန်အကြောင်းအမှတ်တရတချို့ကို အသက် ခုနစ်ဆယ်ကျော်ပြီဖြစ်တဲ့ အဘွားဒေါ်ညွန့်ရင်က ပြောတယ်။ သူဖြတ်သန်းခဲ့တဲ့ ရှေးဟောင်းခပ် ကျကျသင်္ကြန်အကြောင်းတော့ မဟုတ်ဘူး။ သူ့ သားတွေ ပျော်ရွှင်မြူးတူးခဲ့တဲ့သင်္ကြန်။ ဆိုကြ တီးကြတဲ့ သင်္ကြန်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါး က သင်္ကြန်အကြောင်း။
.
အဘွားသားတွေက ဆိုတာတီးတာဝါသနာ ပါကြတယ်။ အိမ်မှာသူတို့ သူငယ်ချင်းတွေရဲ့ ဂစ်တာဝိုင်း နေ့တိုင်းရှိတယ်။ သင်္ကြန်ရောက် တိုင်းတီးဝိုင်းငှားပြီး ရပ်ကွက်ထိပ်မှာ အပျော် တမ်းစတိတ်ရှိုးလုပ်ကြတယ်။ သင်္ကြန်မတိုင်ခင် ဆိုမယ့် လူတွေ သီချင်းတိုက်တာလည်း အ ဘွားတို့အိမ်မှာပဲလုပ်တယ်။ သားသုံးယောက် လုံးက ဂစ်တာကောင်းကောင်းတီးတတ်တယ် လေ။ သူတို့ခေါင်းဆောင်ပြီး လုပ်ကြတာပေါ့။ တီးဝိုင်းငှားခစျေးကလည်း မသေးဘူး။ တစ် ရက်ကို နှစ်ထောင့်ငါးရာတောင်ပေးရတာ။ အဲ ဒီခေတ် အဲဒီအခါ ငွေကြေးတန်ဖိုးနဲ့ တွက်ရင် နည်းတာမဟုတ်ဘူး။ ဆိုကြမှာက နှစ်ရက်သုံး ရက်ရယ်။ သီချင်းတိုက်တာက တစ်လလောက် ကြာတယ်။ စားသောက်ပြီးလာတဲ့လူတွေရှိသလို ဒီရောက်မှရှိတာ ဝင်စားတဲ့တွေလည်း တစ်ပုံ ကြီး။ ပွဲလည်းပြီးရော အဘွားအိမ်မီးဖိုချောင်လည်း ဗလာကိုဖြစ်ရောတဲ့။
.
ဟုတ်ပါတယ်။ ဟိုအရင်သင်္ကြန်ချိန်ခါတွေ တုန်းက ရပ်ကွက်အလိုက် ကိုယ်ပိုင်မဏ္ဍပ်ထိုး ပြီး အပျော်တမ်းစတိတ်ရှိုး လေးတွေလုပ်ကြပါ တယ်။ စည်းနဲ့ဝါးအလိုက် နည်းနည်းမှန်ရင် ၀ါသနာပါတဲ့လူ ဘယ်သူမဆိုတက်ဆိုလို့ရတယ်။ ကိုယ့်အရပ် ကိုယ့်ဇာတ်ဆိုတော့ အသံကောင်း တာမကောင်းတာ ပြဿနာမရှိဘူး။ ကိုယ့်ရွာ သားစင်ပေါ်တက် ဟဲတယ်ဆိုရင်ကို အားပေးကြတာ။ ဆိုတဲ့သီချင်းတွေကတော့ ထုံးစံအတိုင်း အဆိုတော်ပေါင်းစုံရဲ့ နာမည်ကြီး သီချင်းတွေ။ တစ်ဦးတစ်ယောက်ခြင်း စိတ်ကြိုက်ဆိုကြ တယ်။ တချို့ကစုံတွဲ။ အမှန်အကန်စုံတွဲသီချင်း ဆိုတဲ့လူတွေရှိသလို၊ တချို့ကစုံတွဲဖြစ်ဖို့ ကြံဖန် ပြီးစင်ပေါ်တက် ဟန်ရေးပြကြတာ။ အဲဒီလို အကြံအဖန် တွေကြောင့် ကာလသားခေါင်းနဲ့မိဘ တွေ ခေါင်းမီးတောက်ရတဲ့အချိန်။ ကြပ်မတ်နေ တဲ့ကြားက ပတ်စာခွာဖျာသိမ်းတော့ ဧပရယ်ဖူး စာတွေ တစ်ပုံကြီး။
.
တစ်နှစ်သားပွဲသိမ်းမှ ရုံးရောက်ဂတ်ရောက် နဲ့ပြဿနာကြုံရသေးတယ်။ သူတို့ချင်းဘယ်လို ဖြစ်ကြတယ် မပြောတတ်ပါဘူး။ တီးဝိုင်းငှားခ ပေးကာနီးကျမှ ပိုက်ဆံစိုက်မယ့်လူတွေက မစိုက်နိုင်ဘူးဖြစ်ပါလေရော။ ပွဲပြီးတော့ တီးဝိုင်း ပိုင်ရှင်တွေကလည်း ပိုက်ဆံလိုချင်တာပေါ့။ ခက်တာက စိုက်မယ်ဆိုတဲ့လူတွေက မပေး တော့ အဘွားသားတွေကလည်း အကုန်လုံး တစ်ခါတည်းမပေးနိုင်ဘူး။ အဲဒီမှာတိုင်လား တောလား လုပ်တာနဲ့ အတော်ကြီးရှင်းလိုက်ရ တယ်။ အရပ်လူကြီးနဲ့ဂတ်လူကြီးတွေကောင်းလို့ အရစ်ကျခွဲသွင်းပြီး အဆင်ပြေသွားတာ။ နို့မို့ဆို ထောင်တန်းတောင်ကျမလားဘဲလို့ ကြုံ ခဲ့ရတဲ့ ပြဿနာတစ်ခုအကြောင်းလည်း အ ဘွားဒေါ်ညွန့်ရင်က ပြောပါတယ်။ အများနဲ့လုပ် တဲ့ကိစ်္စဆိုပေမယ့် တစ်စုံတစ်ခုအကြောင်းပေါ် ပြဿနာတက်ရင် ခေါင်းခံရတဲ့လူတွေ ကြုံရတဲ့ ဒုက္ခက မသေးပါဘူး။
.
နောက်ပိုင်းတော့ ရှားပါးတာလား၊ ပိတ် ပင်တာလား၊ နှစ်ခုလုံးကြောင့်လားမသိတဲ့ အ ကြောင်းတရားတွေနဲ့ ရပ်ကွက်အပျော်တမ်း မဏ္ဍပ်လေးတွေပျောက်သွားပါတယ်။ သေချာ တာတော့ မြန်မာနိုင်ငံအောက်ခြေပြည်သူရဲ့စီး ပွားရေးအနေအထား ခွက်မဆွဲရရုံတမယ်ဖြစ် ခဲ့တာ အဓိကကျပါလိမ့်မယ်။ ကျန်ခဲ့တဲ့နှစ်အ ပိုင်းအခြားတွေရဲ့ ကောင်းကွက်တစ်စက်မှမရှိ တဲ့ အကြောင်းအားလုံးအသိပါ။ လူတစ်ခု လူ တစ်ဖွဲ့အတွက်ကလွဲလို့ ပြည်သူလူထုအတွက် လုပ်ကိုင်တာ တစ်ခုမှ မရှိခဲ့ပါဘူး။ ငတက်ပြား နဲ့အေးဓားမြတွေပေါင်းပြီး စိတ်ကြိုက်ခေါင်းပုံ ဖြတ်ကြတာ မြန်မာပြည် မြေပုံချပ်ကြီးက ကမ်္ဘာ့ အလယ် ဆင်းရဲတွင်းနက်တဲ့ တိုင်းပြည်စာရင်း ထဲရောက်သွားတယ်။ သယံဇာတတွေ ဖင်ခု ထိုင်ပြီး ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်ခဲ့ရတဲ့ ပြည်သူတွေဘဝတစ်ခုဆို အာဆီယံ မှာ ဝင်ငွေအနိမ့်ပါးဆုံးနိုင်ငံတဲ့။(ဘယ်လိုရှက်ရ မှန်းတောင် မသိတော့ဘူး)
.
သင်္ကြန်နဲ့ပတ်သက်ရင် သံချပ်တွေက မပါမဖြစ်ပေါ့။ သံချပ်မပါရင် သင်္ကြန်က အသက်မဲ့ သလိုခံစားရတယ်။ သံချပ်ဆိုတာ ပြည်သူတွေ လိုအပ်ချက် ရင်ဖွင့် တင်ပြတဲ့အရာ။ ပြည်သူ့လ စာငုတ်တုတ်စားပြီး ဘာတစ်ခုမှ မလုပ်တဲ့လူ တွေအကြောင်း ပြောကြတယ်။ ဟိုလိုလိုဒီလို လိုလုပ်ချင်ယောင်ဆောင်တဲ့လူတွေအကြောင်း မီးမောင်းထိုးတယ်။ လွန်လေပြီးတဲ့ ကာလတစ်ခုက ရပ်ကွက်ထိပ်မဏ္ဍပ်ပေါ်မှာထိုးတဲ့သံချပ် လေးတစ်ခု သတိရမိတယ်။ သံချပ်ထိုးတဲ့အ ကြောင်းအရာက သမဝါယမဆိုင်လူကြီးတွေအ ကြောင်းပါ။ သမဝါယမဆိုင်တွေမှာ လိုချင်တာ နဲ့မလိုချင်တာစိတ်ပျက်ပျက်နဲ့တွဲဝယ်ရတဲ့အ ချိန်။ သူတို့ချင်းစိတ်ကြိုက်ခွဲတမ်းချပြီးမှ ပြည် သူတွေ မလောက်မင ဆင့်အဝှာ ခွေးမျှော်သလို မျှော်ရတဲ့အချိန်ပေါ့။ သံချပ်ထဲပြောသွားတဲ့ စကားလုံးက သမဝါယမဆိုင် လူကြီးတွေသမတဲ့ အတော်ဝါယမစိုက်ထုတ်တာပဲတဲ့။(အရင်တုန်း ကပြောတာ)။
.
ကမယ်ဆိုတီးပါမယ် ရှက်လို့မနေနဲ့ကွယ် မောပါရင်အမောပြေအောင် နှစ်သိမ့်ပါလိုရယ်၊ ညင်ညင်သာသာ သီချင်းအလိုက်ကို သာသာ ယာယာတီးပါ့မယ်။ သင်္ကြန်တွင်းမှာ တို့တစ် တွေပျော်ကြမယ်။ တေးရေး ဦးဘိုခင် ရေးစပ် ထားတဲ့ ကမယ်ဆိုတီးပါမယ် သီချင်းအလှည့်မှာ ကျောက်ချရပ်ထားတဲ့ ထီလှည်းရဲ့ဘီးတွေ လိမ့် သွားတယ်။ တစ်နေရာ ရောက်ရင် နှစ်သစ်ကူး လို့ အချစ်ဦးကို ရှာဖွေမလား မပြောတတ်။ အ ဘွား ဒေါ်ညွန့်ရင်ကတော့ အတိတ်က ကြုံခဲ့တဲ့ သင်္ကြန်အကြောင်း ပြောပြီး မောသွားတယ်ထင် ပါတယ်။ ရေနွေးကြမ်းခွက်လေးကောက်ကိုင်ပြီး ခပ်လှမ်းလှမ်းကိုကြည့်လို့။ ဘုရင်နဲ့မိဘုရားတစ် သိုက်က အစပြုတဲ့ပွဲ။ ရေချိုတွေဖြုန်းတီးတဲ့ပွဲ လို့လည်း ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ဆယ့် နှစ်ရာသီ ပွဲတော်ထဲက အခမ်းနားဆုံး အကြီး ကျယ်ဆုံး နှစ်သစ်ကူး မဟာသင်္ကြန်ချိန်ခါကတော့ မကြာခင် ရောက်လာတော့မှာပါ။ ။
.

No comments:

Post a Comment

Journal Download

Photo of three cats