ရှမ်းပြည်နယ်သည် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်နိုင်မှု ကဏ္ဍတွင် ထိပ်ဆုံး၌ ရပ်တည်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 5, 2019

ရှမ်းပြည်နယ်သည် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်နိုင်မှု ကဏ္ဍတွင် ထိပ်ဆုံး၌ ရပ်တည်နေဟု ဆို


ခွန်သက်ထူး
.
ရှမ်းပြည်နယ်သည် ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်နိုင်မှု ကဏ္ဍတွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ထိပ် ဆုံးတွင် ရပ်တည်နေသည်ဟု စိုက် ပျိုးရေးဦးစီးဌာန၊ သုတေသနဌာနမှူး ဒေါက်တာခင်သိန်းညွန့်က ပြော ဆိုခဲ့သည်။
.

.
အရည်အသွေးပြည့်မီသော စပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ် ခြင်း နည်းပညာသင်တန်း ဖွင့်ပွဲကို မတ်လ ၂၈ ရက်၊ နံနက်ပိုင်းက ရှမ်း ပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန အ စည်းအဝေး ခန်းမတွင် ပြုလုပ်ရာ အဆိုပါ သင်တန်း ဖွင့်ပွဲအပြီးတွင် ဒေါက်တာ ခင်သိန်းညွန့်က ကမ္ဘောဇတိုင်း၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်ဟာ တခြားပြည် နယ်နဲ့ တိုင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဟင်းသီးဟင်းသီး စိုက်ပျိုး ထုတ် လုပ်နိုင်မှု ကဏ္ဍမှာ ထိပ်ဆုံးက ရပ် တည်နေပါတယ်။ ဒါပေမဲ့ ပိုးသတ် ဆေးကိုအလွန်အကျွံ သုံးကြတယ်။ ပိုးသတ်ဆေး သုံးတာက ဆေးပက် ဖြန်းတဲ့ တောင်သူတွေ အတွက်လည်း မကောင်းဘူး။ စားသုံးသူတွေ အ တွက်လည်း မကောင်းဘူး။ အဲဒီနည်း စနစ်တွေ ပြောင်းပြီးတော့ အော်ဂဲနစ် ဘက်ကို သွားနိုင်မယ်ဆိုရင် ပိုပြီး တော့ကောင်းလာမှာပါ။ ရှမ်းပြည် နယ်က အော်ဂဲလ်နစ်အဖွဲ့အစည်းတွေ လည်း ရှိနေပါပြီ။ လုပ်လည်းလုပ်နေ ကြပြီ။ ဒါကြောင့်တောင်သူတွေလည်း ဖြည်းဖြည်း သဘောပေါက်လာမှာပါ။ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ဟင်း သီးဟင်းရွက်ကို ကိုယ်စားပြုတဲ့အစု အဖွဲ့လို့လည်း ပြောလို့ရပါတယ်ဟု ဒေါက်တာခင်သိန်းညွန့်က ပြောသည်။
.
အဆိုပါအရည်အသွေးပြည့်မီ သော စပါးမျိုးကောင်းမျိုးသန့်မျိုး စေ့ထုတ်လုပ်ခြင်း နည်းပညာသင် တန်းအား စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ KOPIA PROGRAM ၏အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသင်တန်းသို့ တောင်ကြီးခရိုင်အ တွင်းရှိ တောင်သူ ၅၀ ဦးနှင့် ရှမ်း ပြည်နယ်အတွင်းရှိ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနများမှ ၀န်ထမ်း ၂၀ ဦးတို့ တက်ရောက်ခဲ့ကြကာ သင်တန်းကို မတ်လ ၂၈ ရက်မှ ၃၀ ရက် အထိ ၃ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
.
ဒီနေ့ပြုလုပ်တဲ့သင်တန်းက စပါး မျိုးစေ့ထုတ်လုပ်မှု ၃ ရက်တာသင် တန်းဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံက KOPIA PROGRAM နဲ့ စိုက် ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ KOPIA PROGRAM ဆိုတာက မျိုးစေ့ထုတ်လုပ်ငန်းတွေနဲ့ ပတ်သက် ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တောင်သူအစုအဖွဲ့တွေနဲ့ မျိုးစေ့ ထုတ်လုပ်ငန်းတွေကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦး စီးဌာနနဲ့ ပူးပေါင်းပြီးတော့ နည်း ပညာပိုင်းဆိုင်ရာတွေ အပါအ၀င် ဘက်စုံလိုအပ်ချက်တွေကို ပံ့ပိုးကူ ညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်””ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေး မှူး ဦးတင်ဦးကြိုင်က ကမောဇတိုင်း သို့ပြောကြားခဲ့သည်။
.
KOPIA PROGRAM အ နေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း၌တောင် သူများအား စိုက်ပျိုးရေးနှင့်ပတ်သက် သည့် သင်တန်းပေါင်း ၂၆ ကြိမ် ဖွင့် လှစ်ပို့ချပေးခဲ့ပြီး တောင်သူဦး ရေ ၁၅၀ ကျော်နှင့် ၀န်ထမ်းဦးရေ ၅၀၀ ကျော်ခန့်တို့အား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment