ဥာဏ် ပူဇော်ပန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 9, 2019

ဥာဏ် ပူဇော်ပန်း


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.

.
အဖိုးအခ
.
ငွေကြေးစနစ် မပေါ်ထွန်းမီကာလ ဟိုရှေး ယခင်ခေတ်တုန်းက တစ်ဦးထံ၌ ပိုလျှံပစ်္စည်းကို အခြားတစ်ဦးက လိုအပ်နေလျှင် အပိုအလိုတို့ ကို အချင်းချင်းလဲလှယ်၍ ဖလှယ်၍ နှစ်ဦးနှစ် ဖက်ကျေကျေနပ်နပ် အပေးအယူလုပ်ကြရ၏။ ဤသို့သော ဓလေ့ကို မူတည်၍ ““ဆန်ပေးမှ ဆီ ရ၊ သားပေးမှသမီးရ””ဆိုသော မြန်မာ့ပြော  ရိုးပြောစဉ်စကားများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုသည့် နှစ်ဦးသား သဘောတူလဲလှယ် သော ဖလှယ်သော ကျင့်ထုံးကို အင်္ဂလိပ်ဝေါ ဟာရဖြင့် barter system ဟုခေါ်ပါ၏။ နောင် သောအခါ ကြေးနီကြေးဝါ၊ သံ၊ ငွေ၊ ရွှေ စ သောမြေအောက် သယံဇာတသဘာဝသတ်္ထုရိုင်း များကို တူးဖော်တတ်လာ၊ သန့်စင်တတ်လာ ပြီးနောက် လူ့အသုံးအဆောင်အိုးခွက်ပန်းကန် ဓားလှံလက်နက် စသည့် တီထွင်ဖြစ်သုံးစွဲဖြစ် လာကြ၏။ ပစ္စည်းချင်း ဖလှယ်ခြင်းမှသည် ကြားခံ ပစ္စည်းတစ်ခုခုကို တန်ဖိုးညှိသုံးစွဲတတ် လာသည့် နောက်ပိုင်း ရွှေစငွေစ အပိုင်းအပြတ် ဖြင့် လည်းကောင်း၊ ရွှေဒင်္ဂါးငွေဒင်္ဂါး သွန်းလောင်း ၍ လည်းကောင်း ငွေကြေးသုံးစွဲသည့် စနစ်ပေါ် ထွန်းလာ၏။ ရွှေငွေဒင်္ဂါးအမြောက်အမြားဆိုပါက သယ်ယူရာ၌ မလွယ်ကူ၊ ၀န်ကျယ်ပြီး လေး လံသည့် ပြဿနာတို့ကြောင့် စက္ကူ တီထွင် ဖန်တီးသုံးစွဲတတ်ကြသော နောက်ပိုင်းမှာ ငွေ စက္ကူရိုက်နှိပ်၍ ဒင်္ဂါးအစားအသုံးပြုလာကြ သည်။ ဘဏ်စနစ်လည်း ပေါ်လာပြီ။ ငွေစက္ကူ ကို စိတ်ထင်တိုင်းအလွန်အကျွံရိုက်နှိပ်သုံးစွဲနေ ပါက ဖောင်းပွနှုန်းကို စီးပွားရေးနယ်ပယ်၌ မခံ နိုင်တော့ပါ။ ဘဏ်၌ရွှေတုံးရွှေချောင်းအပေါင် ထားကာ ယင်းရွှေနှင့် တန်ဖိုးတူညီမျှသော ငွေ စက္ကူတို့ကိုသာ ရိုက်နှိပ်ခွင့်ကန့်သတ်ခြင်းဖြင့် ထိန်းမတ်ကြရပါသည်။
.
အရောင်းအ၀ယ် စနစ်ဖြစ်ထွန်းလာသည် နှင့် အမျှ တန်ဖိုးတန်းညှိကာ အဖိုးအခသတ် မှတ်ချက်သည်လည်း ပေါ်ပေါက်လာရ၏။ ပစ္စည်းရောင်းကုန်ဝယ်ကုန်တို့ကိုသာလျှင် အ ဖိုးအခသတ်မှတ်ရသည်မဟုတ်ပါ။ လူ၏၀န် ဆောင်ခ၊ လုပ်အားခတို့ကိုလည်း တန်းတစ်ခု ညှိကာ သတ်မှတ်လာရတော့၏။ နေ့စားလရှင်း၊ လစာ၊ အိမ်လခ၊ ကျောင်းလခရေခ၊ မီးခ၊ ဆံပင်ညှပ်ခ စသည်တို့မှသည် အစိုးရထံပေး သွင်းရသော မြေခွန်၊ အိမ်ခွန်၊ ၀င်ငွေခွန်၊ စည်ပင်ခွန်၊ လိုင်စင်ကြေး၊ မီးကင်းကြေး၊ ဆက်ကြေး စသည်ဖြင့် အမျိုးအမည် မျိုးစုံ ခေါ်တွင်နေသော်လည်း အနှစ်ချုပ်မှာ ငွေ ပေးရခြင်းဖြစ်၏။ ၁၉၆၀ ကျော်နှစ်များ၌ လုပ် အားခတစ်နေ့တာ ၃ိ/-၁၅ါး(သုံးကျပ်ဆယ့်ငါး ပြား)ဟု ဖော်ပြရလျှင် ခေတ်လူငယ်တို့ ““ဆရာ ကြီး ယုံတမ်းစကားပြောနေတာလား””ဟု ကျီ စယ်ကြလိမ့်မည် သေချာပါ၏။ ဤနှုန်းထားမှာ မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီး၍ ဆယ့်လေး ငါးနှစ်ကျော်အထိ လုပ်သားတို့ရရှိသော နေ့စား ခဖြစ်သည်မှာ အမှန်ပါ။ အခေါက်ရွှေတစ်ကျပ် သားကို ငွေကျပ်နှစ်ရာဝန်းကျင်သာရှိသေးချိန် ဖြစ်သည်။ ယခုလို ကျပ်ဆယ်သိန်းကျော်သွား သည့် မျက်မှောက်ခေတ်၌ နေ့စားခ ကျပ်ငါး ထောင် မပြည့်သည်နှင့် နှိုင်းစာလျှင် ယင်း ၃ိ/ ၁၅ါးက ပို၍ တန်ကြေးရှိပြီး အသုံးလည်းခံ၊ စားသောက်သုံးစွဲဖို့ ပိုအဆင်ပြေကြပါ၏။ အ ဘယ်ကြောင့်ဆိုသော် ကုန်ဈေးနှုန်းကိုကြည့်ဦး။ ဆန်တစ်ပြည် ပြား ၆၀၊ ဆီတစ်ပိဿာနှစ်ကျပ် ခွဲ၊ မုန့်ဟင်းခါးတစ်ပွဲတစ်မတ်(၂၅ါး)။
.
ဝါသနာ
.
““အထုံပါရမီဆက်တိုင်မီ””ဆိုသော စကား တစ်ရပ်ရှိ၏။ အထုံဆိုသည်မှာ ၀ါသနာ၊ စွဲမြဲ မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ပါရမီကား အစဉ် တစိုက်ပြုကျင့်ဖြည့်ဆည်းခြင်းအားဖြင့် ထု ထည်ကြီးမားခိုင်မာပြည့်ဝလာခြင်းကို ဆိုပါ၏။ ဗုဒ္ဓဘာသာ၏ အရိုးစွဲ အယူမှန်တစ်ခုမှာ လူအပါအ၀င် သတ္တ၀ါတိုင်း တစ်ဘ၀ပြီးတစ်ဘ၀ ဆက်ကာဆက်ကာ ဖြစ်ပျက်ကြလျက် သံသရာခရီးသွားနေကြသူများသာဖြစ်၏။ သံသ ရာခရီးသည် မဆုံးနိုင်အောင်လည်ပတ်နေ သည်ဖြစ်၍ ချားရဟတ်ဖြင့် တင်စားကာ ဥဒါဟ ရုဏ်ပြ၏။ သောက်ရေအိုး တည်ငြိမ်နေစေရန် ကရွတ်ခွေခံရ၏။ ယင်းကရွတ်ခွေပေါ်၌လျှောက် လှမ်းနေသည့် ကင်းတို့၊ ပုရွက်ဆိတ်တို့မှာ တစ်ပတ်ပြီးတစ်ပတ်အဆက်မပြတ် လျှောက် နေရပါတော့မည်။ ကရွတ်ခွေဟူသည် အဆုံး အစမရှိသော စက်ဝိုင်းပုံကြီးမဟုတ်ပါလား။ ထို့ကြောင့် ““သုံးဆယ့်တစ်ဘုံဝဋ်တွင်း၊ ကရွတ်ကွင်း ကင်းလျှောက်သည့်ပမာ။ အဲဒါ အဲဒါ ဘ၀သံသရာ””ဟူ၍ စာရေးဆရာ၊ ဒါရိုက် တာ အကယ်ဒမီရွှေစင်ရုပ်ဆုများပိုင်ရှင်၊ ဘဘ ဦးသုခ က ဘ၀သံသရာဇာတ်ကား၏ အဖွင့် ရုပ်ရှင်တေး၌ သီကုံးရေးသားသီဆိုခဲ့ခြင်း ဖြစ် ပါသည်။
.
လူရယ်လို့ ဖြစ်လာပြီးသည့်နောက် စားဝတ် နေရေးဟူသော လူ့ဘ၀အရေးသုံးပါးအတွက် ဖြည့်ဆည်းပေးရန် ၀င်ငွေရှိဖို့ အလုပ်တစ်ခုခု လုပ်ကိုင်ကြရပါ၏။ မိမိဝါသနာပါရာအလုပ်ကို လုပ်ကိုင်ရလျှင် မောပင် မောငြားသော်လည်း ပျော်ရွှင်နေတတ်သည်။ အကြောင်းမှာ အလုပ် နှင့် ၀ါသနာ တစ်ထပ်တည်းကျလျက်ရှိနေ၍ ဖြစ်၏။ ၀ါသနာပါသည့်အလုပ်ထဲ၌စိတ်နှစ်ကာ ဈာန်ဝင်စားလုပ်ကိုင်နေရလျှင် အချိန်ကုန်၍ကုန် မှန်းမသိ၊ မောရပန်းရမှန်းလည်းမသိ၊ ထမင်း ဆာရေငတ်မှန်းလည်းမသိ၊ အာရုံတစ်ခုတည်း ပေါ်မှာ စိတ်ဇောကပ်နေခြင်းမို့ ငြိမ်သက်ချမ်းသာ ခြင်း အရသာအပြည့်အ၀ ခံစားနေ၍ဖြစ်၏။ ပန်းချီပန်းပု ဆရာကြီးဦးငွေကိုင်သည် ဈာန်ဝင် စားပြီး ရေဆေးပန်းချီဆွဲနေရာ၊ စုတ်တံဆေး သည့်ခွက်ကို ကော်ဖီခွက်ထင်ပြီး ယူသောက်ရာ ကော်ဖီမဟုတ်မှန်းမသိ၊ အရသာကိုလည်း မသိ လိုက်ဘဲနှင့် တစ်ခွက်လုံးကုန်အောင်သောက်မိ လိုက်ကြောင်း၊ သူ၏ တပည့်တစ်ဦးဖြစ်သူ တောင်ကြီးသားပန်းချီပန်းပုဆရာကြီး ဦးစံဖေက  ဖောက်သည်ချပြောပြခဲ့ဖူးသည်ကို ယခုစာရေး နေချိန်၌ ကျွန်တော်ပြန်လည်အမှတ်ရလာ၏။ ယင်းသို့ ၀ါသနာနှင့် အသက်မွေးဝမ်းကျောင်း အလုပ်(တစ်နည်းငွေရှာသောအလုပ်)ထပ်တူရှိ သော သူမှာ ကံကောင်းပေစွ၊ လက်ရာမွန်များ လည်း အဖတ်တင်၊ ငွေကြေးလည်း ပြေလည် သည်လေ။ အနုပညာရှင် အတော်များများသည် ငွေကြေးထက် ၀ါသနာကို ပိုအလေးထားကြ ၏။ အနုပညာရှင်တိုင်း မာနလည်းကြီးကြ၏။ လည်ချောင်းမြက်ပေါက်ပါစေ၊ သူတို့အနုပညာ အတွက်ကိုတော့ မာန်ချပြီး ငွေကြေးနှင့်မလဲ လှယ်နိုင်ကြပါ။ ပညာမာန်၊ အနုပညာမာန်ဟု ဆိုရပါမည်။
.
အနုပညာအရပ်ရပ်တို့အနက် ဖန်တီးရအ ခက်ခဲဆုံးမှာ စာပေဖြစ်မည်ဟု ကျွန်တော်ယူ၏။ စာလုံးလေးတွေကို သူ့နေရာနှင့်သူ စီကုံးဖွဲ့နွှဲ့ လိုက်ကာမျှဖြင့် စာဖတ်သူကို ငိုစေရယ်စေ၊ ဆွေးလွမ်းစေရယ်မောစေ ပြုစားရသည်ကား လွယ်ကူသော ကိစ္စမဟုတ်ပါပေ။ စာပေသမ္ဘာ ဖြင့် ကဝေပမာပြုစားနိုင်ပါမှ။
.
ာဏ်ပူဇော်
.
လောကကြီးထဲ၌ အတတ်ပညာပေါင်းများ စွာရှိသည့်အနက် လူတစ်ဦးတစ်ယောက်သည် ပညာအတော်များများကိုတော့ တတ်မြောက်နိုင် ပါလိမ့်မည်။ သို့သော် ပညာရပ်အားလုံးကိုမူ မတတ်စွမ်းနိုင်ပါ။ မိမိမတတ်စွမ်းသော ပညာ အတွက် တတ်ကျွမ်းသူ ပညာရှင်ထံမှ အကူအ ညီကို ရယူကြရပါသည်။ ဉာဏ်ရည်ဉာဏ်သွေး မှ ဖြစ်ပေါ်လာသော ယင်းပညာအတွက် ကူညီ ပေးသူအား အကူအညီရယူသူက ပူဇော်သမှု ဖြည့်စွက်ကန်တော့ကြရရိုး ထုံးစံရှိပါသည်။ ဆို ကြပါစို့ အငြိမ့်မင်းသမီးတစ်ဦးသည် ရုပ်ဆင်းရူ ပကာကောင်း၏။ ကကွက်စုံပြီး ညက်ညောလှပ စွာ ကတတ်၏။ အသံလည်းကောင်း၍ သီချင်း ဆိုက ပရိသတ်အလွန်အားပေး၏။ ဆိုင်းတီး ၀ိုင်းကြီးကလည်း သူမ၏ အဆိုအကကို ပို၍ ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပို့ဆောင်ပေးနိုင်၏။ သူမလိုအပ်သည်မှာ သီချင်းရေးသီပေးမည့်သူ ဖြစ်၏။ အငြိမ့်တစ်ဖွဲ့သားလုံးက သီချင်းမရေး တတ်သဖြင့် နာမည်ကြီး စာရေးဆရာ(ရှေးတုန်း က သီချင်းရေးပေးနိုင်၊ ဇာတ်ကရန် ဇာတ်လမ်း ရေးပေးနိုင်သူကို စာရေးဆရာဟု ခေါ်ခဲ့ကြ၏၊ ခုခေတ်စာရေးနေကြသော စာရေးဆရာဆိုသူ တို့ကား စာကိုသာလျှင် ရေးသားနိုင်မည်၊ အ လွန်အကျွံကဗျာရေးနိုင်ကောင်း ရေးနိုင်ပါလိမ့် မည်။ သီချင်းတော့ ရေးနိုင်ဖို့ ခက်လိမ့်မည်။)သီချင်းရေးဆရာထံ ချဉ်းကပ်ရတော့၏။ သီ ချင်းရေးဆရာက မင်းသမီး၏ အသံစွမ်းပေါ်မူ တည်၍ သူဆိုနိုင်မည့် သံစဉ်ဖြင့် သီချင်းရေး ကာ သီဆိုနည်းပါ သင်ကြားပြသပေးမည်။ ကံချင်းတိုက်ဆိုင်က သီချင်းနာမည်ကြီးရေပန်း စားသကဲ့သို့ ဇာတ်အငြိမ့်မင်းသား၊ မင်းသမီး တို့လည်း ပေါ်ပြူလာဖြစ်၊ စန်းထပြီး ဟိုးလေး တကြော်ဖြစ်ပြီ။
.
ထိုသောအခါ ကျေးဇူးရှင် သီချင်းရေးဆ ရာကို ဉာဏ်ပူဇော်သောအားဖြင့် ကန်တော့ရ မည်ဖြစ်၏။ မည်သို့မည်ပုံကန်တော့မည်နည်း။  ဣစ်္ဆာသယလိုတရငွေကြေးဖြင့်ကန်တော့ခြင်း သည် လှူလှူစားစား အကျိုးများမည်။ ခေါင်း ပေါင်းဖျင်စပိုးပုဆိုး စသည်တို့လည်း ကန်တော့ နိုင်၏။ ရှေးက ငွေကြေးကိုမြင်သာထင်သာ ကန်တော့ခြင်းသည် ရိုင်းပျသည်ဟု ယူဆသ ဖြင့် ဆရာသမားကို ဉာဏ်ပူဇော်ဖို့ ငွေကြေးပါ လျှင်သော်မှ မမြင်အောင် ဆောင်ရွက်ကြ၏။ အနုပညာသမားတို့သည် စိတ်ကူးစိတ်သန်းအ လွန်ကောင်းတတ်ကြ၏။ လိုလျှင်ကြံဆနည်း လမ်းရ၏။ ကလပ်ဖြင့်တင်ကန်တော့မည်။ ငွေ ကိုစာအိတ်တွင်း၌ထည့်၊ ကလပ်ပေါ်တင်ပြီး လျှင် လှသောမွှေးသော မြတ်လေးပန်း၊ စံပယ် ပန်း စသဖြင့် ဖုံးလွှမ်းထားမည်။ ပန်းကလပ်ဟု မြင်စေသိစေ၏။ ယင်း ပန်းကလပ်ဖြင့် ရိုသေ စွာ လက်နှစ်ဖက်ကိုင်ပြီး တရိုတသေ ပေးအပ် မည်။ ၀ပ်ပျပ်ရိုကျိုးထိခြင်းကြီးငါးပါးဖြင့် ဦးချ ကန်တော့ပါသည်။ ဤသို့ဖြင့် ““ကန်တော့ပန်း”” စကားအသုံးအနှုန်းပေါ်လာခြင်းဖြစ်၏။ အသံ မင်းသမီးဟု နာမည်ကြီးလှသော တစ်ခေတ်မှာ တစ်ယောက် ထွန်းပေါက်သည့် လေပါတီမမြ ရင်သည် သီချင်းရေးဆရာများကို ရိုသေစွာ ကန်တော့မြဲဖြစ်သည်ဟု ဖတ်မှတ်ရဖူးပါ၏။ မည်သည့် ကိစ်္စမဆို အဖိုးအခပေးရမြဲမို့ ဉာဏ် ပညာအသုံးပြုကာ ဖန်တီးရသော အနုပညာ ရပ်တိုင်းကို ဉာဏ်ပူဇော်ခဟူ၍ သုံးခဲ့ကြ၏။ အဖိုးအခသဖွယ် ကျေးဇူးဆပ်ခြင်းပါ။ ကျွန် တော်ကတော့ ““ပူဇော်ခ””သည် စဉ်းငယ်ရိုင်း ၍ ““ပူဇော်ပန်း””သုံးပါသည်။
.
မှတ်မိသရွေ့
.
““ဆရာရဲဘော်မြသိန်း””““စာမူခ(သို့မ ဟုတ်)ဉာဏ်ပူဇော်ခနှင့် ကိုယ်တွေ့””ဟူသော ဆောင်းပါးကို ဖတ်ရပြီးနောက် ကျွန်တော်ဖြတ် သန်းခဲ့ရသည့် စာပေခရီးမှာ ရရှိခဲ့ဖူးသော ဉာဏ် ပူဇော်ပန်းများ အစီအရီ ပေါ်လာကြပါသည်။ ဆရာ့ကိုယ်တွေ့သည် ဆရာ့သမိုင်းဖြစ်သလို၊ ကျွန်တော့်ကိုယ်တွေ့သည်လည်း ကျွန်တော့်သ မိုင်းကြောင်းဟု ပြောနိုင်ပါ၏။ အသက် ၁၃ နှစ် သားမှစ၍ စာရေးလာခဲ့သော ကျွန်တော်သည် ယခုလာမည့် မေလ ၁၀ ရက်နေ့၌ အသက် ၇၃ နှစ်ပြည့်မည်မို့ စာရေးသက် နှစ် ၆၀ ပြည့်တော့ မည်။ ဘာလိုလိုနှင့် ဆယ်စုနှစ်ခြောက်ရစ်ဆို သည်ကား မနည်းလှသော နှစ်တွေဖြစ်ခဲ့ပြီ။ ဘာများအရာထင်ထင်ရှိခဲ့ပြီးပြီနည်း။ ဆောင်းပါး ကဗျာ အပုဒ်ပေါင်း ထောင်ကျော်၊ ရောင်းတန်း စာအုပ် ၁၄ အုပ်နှင့် ၂၀၀၀ ပြည့်နှစ်နောက် ပိုင်း ရိုက်နှိပ်လှူဒါန်းခဲ့သော စာအုပ်ပေါင်း ၂၁ အုပ်တို့ကို ပေါင်းစုလိုက်လျှင် စာအုပ် ၃၅ အုပ် အရာထင်ခဲ့ပြီပြောနိုင်ပါမည်။ ၀ါသနာပါသည့် စာပေအလုပ်ဖြင့် မွေ့လျော်ရသောဘ၀ကို ဆ ရာဝန်ဘ၀ထက်ပိုပြီး မွေ့ပျော်ပါကြောင်းဝန်ခံ ချင်ပါ၏။ မိဘဘိုးဘွားအခံရှိထားပြီး ဆရာဝန် ဘ၀ဖြင့် စင်ကြယ်စွာရသော ငွေတို့ကို စား သောက်လှူဒါန်းပေးကမ်းနိုင်ခဲ့၏။ စာပေမှရ သော ငွေကို ထိပါးစရာမလိုဘဲ စာပေအတွက် ပြန်လည်လှူဒါန်းအသုံးပြုနိုင်သည့် အကျိုးပေး ကောင်း၏ ဟူ၍ ကျွန်တော်အလွန်မတန်ကျေ နပ်ကြည်နူးပီတိဖြစ်ရပါသည်။
.
ပြည်နယ်သားတစ်ဦးအဖို့ မြန်မာစာကျွမ်း ကျင်စွာ ရေးသားနိုင်ရန် အတော်ကြီးရုန်းကန် ရ၏။ စာပေခယောင်းတောသည် ပန်းမွေ့ရာ မဟုတ်ခဲ့ပါ။ စာတစ်ပုဒ် ရေးသားနိုင်ရန် စာ ဆယ်အုပ် ဖတ်ပါဟူသော မြန်မာစာဆရာ ဦး သိန်းမောင်၏ သြ၀ါဒကို ခံယူကျင့်သုံးခဲ့သည် မှာ ယနေ့ထိဖြစ်၏။ စာအုပ်ပေါင်းသောင်းချီ၍ ဖတ်ရှုခဲ့ပြီးလေပြီ။ စဦးပိုင်းရေးသမျှ အပယ်ခံ များသာဖြစ်၏။ စာရေးသက်လေးငါးနှစ်ရမှ ပုံ နှိပ်စာလုံးဖြင့် မိမိလက်ရာကို မြင်တွေ့ခွင့်ရ၏။   ပီတိသည် ဗိုက်မဆာ၊ မအိပ်ချင်၊ ကိုယ့်လက် ရာကို အထပ်ထပ်အခါခါပြန်ဖတ်၍ မဆုံးနိုင် မပြီးနိုင်တော့။ စာမူခဆိုတာ ဝေလာဝေး၊ စာ စောင်စာအုပ်တောင်မှ လက်ဆောင်မရခဲ့။ နောက်ထပ် သုံးနှစ်စောင့်မှ ဈေးဦးပေါက် ၁၅ိ/ စာတိုက်မှ ငွေပို့ခပြားငါးဆယ်ကို စာစောင်တိုက် က မစိုက်ပေးနိုင်။ မိမိက ကျခံခဲ့ရ၍ ဆယ့်လေး ကျပ်ခွဲသာရ၏။ မြို့လယ်ဓမ်္မာရုံမှာ အားလုံးအ လှူခံပုံးထဲထည့်လှူပြီး အောင်မြင်သော စာရေး ဆရာဖြစ်ရပါလို၏ဆုကို တောင်းခဲ့၏။ အမှတ် တရစာစောင် နှစ်လည်မဂ်္ဂဇင်းစသည်တို့ကား စာပေစိတ်ဓာတ်ဖြင့် ကူညီရခြင်းပါ။ စာအုပ် လက်ဆောင်တော့ ရပါ၏။
.
စန္ဒာမဂ္ဂဇင်းက ၂၅ိ/ နောက်ပိုင်း ၄၀ိ/ လုံမ လေးက ၇၅ိ/ နောက်ပိုင်း ၁၅၀ိ/ စံပယ်ဖြူကို တော့ စာပေစိတ်ဖြင့် ကူညီခဲ့၏။ အတွေးအမြင် ကလည်း ၁၅၀ိ/နောက်ပိုင်း ဆရာမောင်ဝံသ တောရဆောက်တည်တော့ မိသားစုကိုစာပေ စိတ်ဖြင့်ကူညီခဲ့၏။ ဘာသာရေးစာစောင်များက တော့ ၇၅ိ/မှ ၁၂၀ိ/ ထိသာမီ၏။ နောက်ပိုင်း မရေးဖြစ်တော့ပါ။ ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၁၉၈၄ ခုနှစ်ကတည်းက လုံမလေး၊ စံပယ်ဖြူ၊ သရဖူ၊ သူရဇ်္ဇ၊ သိဒ်္ဓိမိုး၊ မဟိဒ်္ဓိ၊ မဟော်သဓာ၊ wellness တို့ သုံးပေးခဲ့၍ ကျေးဇူးအထူးတင်ရ ပါသည်။ အမြင့်ဆုံး စာမူခ ဆောင်းပါးတစ်ပုဒ် တစ်သောင်းခွဲ၊ ကဗျာ တစ်သောင်း ဖြစ်ပါ ကြောင်း။ ။
.

No comments:

Post a Comment