ေတာင္ႀကီးၿမိဳ႕.ကံသာရပ္ကြက္တြင္ ၄ ေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, April 28, 2019

ေတာင္ႀကီးၿမိဳ႕.ကံသာရပ္ကြက္တြင္ ၄ ေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြား


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ မဂၤလာလမ္း၊ အမွတ္ (၁၁၈)ရွိ ေနအိမ္ (ျမင္းျဖဴ  ႏွစ္ေကာင္ေဆးတိုက္)တြင္ ဧၿပီလ၂၈ ရက္က ၄ ေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.

.
''လူသတ္မႈ ျဖစ္ပြားတာေတာ့ မွန္ပါတယ္။ စစ္ေဆးေနဆဲ ျဖစ္တဲ့အတြက္ အေသးစိတ္ကိုေတာ့ ဘာမွေျပာလို႔ မရေသးပါဘူး။ စစ္ေဆးၿပီးတာနဲ႔ အေသးစိတ္ကို ျပန္ေျပာေပးပါ့မယ္''ဟု ေတာင္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေမာင္ေမာင္ႏိုင္က ကေမၻာဇတိုင္းသို႔ေျပာၾကားခဲ့သည္။
.
အဆိုပါ ေနအိမ္ (ျမင္းျဖဴႏွစ္ေကာင္တိုင္းရင္းေဆးတိုက္)သို႔ အလုပ္လုပ္ရန္လာေရာက္သူ မနန္းျပည့္ျပည့္ သည္ ပီလ ၂၈ ရက္၊ နံနက္ပိုင္းက အလုပ္ဝင္ရန္ ေရာက္႐ွိလာစဥ္ ေနအိမ္ေအာက္ထပ္၌ အမ်ိဳးသား ၁ ဦး ေသြးမ်ားျဖင့္ ေသဆံုးေနေၾကာင္းေတြ႔႐ွိရသျဖင့္ သက္ဆိုင္ရာသို႔အေၾကာင္းၾကားခဲ့ရာ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ခင္ေမာင္ဦး ဦးစီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သက္ေသမ်ားႏွင့္အတူ  နံနက္ ၈ နာရီခြဲအခ်ိန္ခန္႔တြင္ အခင္းျဖစ္ ေနရာသို႔ သြားေရာက္ စစ္ေဆးခဲ့ရာ စိုင္းေဆမြန္း၊ (၂၇)ႏွစ္၊ နန္းခမ္းလိင္၊ (၂၃)ႏွစ္၊ ေမာင္ဖဖ၊ (၇)လ မေအးမိုး (၁၇)ႏွစ္၊ တို႔ ေသဆံုးေနျခင္းအား ေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။
.
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဩဂုတ္လအတြင္းကလည္း ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ ေရႊမုေ႒ာဘုရားေတာင္ေပၚ တြင္ ၄ ေလာင္းၿပိဳင္လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။
.
တောင်ကြီးမြို့.ကံသာရပ်ကွက်တွင် ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈)ရှိ နေအိမ် (မြင်းဖြူ  နှစ်ကောင်ဆေးတိုက်)တွင် ဧပြီလ၂၈ ရက်က ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
''လူသတ်မှု ဖြစ်ပွားတာတော့ မှန်ပါတယ်။ စစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ ဘာမှပြောလို့ မရသေးပါဘူး။ စစ်ဆေးပြီးတာနဲ့ အသေးစိတ်ကို ပြန်ပြောပေးပါ့မယ်''ဟု တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါ နေအိမ် (မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်)သို့ အလုပ်လုပ်ရန်လာရောက်သူ မနန်းပြည့်ပြည့် သည် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက အလုပ်ဝင်ရန် ရောက်ရှိလာစဉ် နေအိမ်အောက်ထပ်၌ အမျိုးသား ၁ ဦး သွေးများဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရာ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ  နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အခင်းဖြစ် နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ စိုင်းဆေမွန်း၊ (၂၇)နှစ်၊ နန်းခမ်းလှိုင်၊ (၂၃)နှစ်၊ မောင်ဖဖ၊ (၇)လ မအေးမိုး (၁၇)နှစ်၊ တို့ သေဆုံးနေခြင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လအတွင်းကလည်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေမုဋ္ဌောဘုရားတောင်ပေါ် တွင် ၄ လောင်းပြိုင်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment