တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့များ ကျရောက်ခြင်းကို ကကွယ်ရန် လေထုထဲသို့ ရေမှုန်ဖြန်းသည့် စက်ရရှိရေး စီစဉ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 9, 2019

တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့များ ကျရောက်ခြင်းကို ကကွယ်ရန် လေထုထဲသို့ ရေမှုန်ဖြန်းသည့် စက်ရရှိရေး စီစဉ်နေ


မြစ်မခ
.
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် မီးခိုးမြူငွေ့များ ကျရောက်ခြင်းကို ကကွယ်ရန် လေထုထဲသို့ ရေမှုန်ဖြန်းသည့် စက်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုလိုက်သည်။
.

.
လေထုအညွှန်းကိန်းတိုင်းတာရေး စက်အသစ်တစ်လုံးကို ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဝယ်ယူပြီး ပါက တာချီလိတ်မြို့နယ်၌ စက်တစ်လုံးအမြဲထားရှိနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
လေထုထဲသို့ ရေမှုန်ဖြန်းသည့် စက်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မီးခိုးမြူအများစုမှာ တောမီးလောင်ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများမီးရှို့မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်တဲ့အတွက် အသိပညာပေးလုပ်ငန်းများကို ပိုမိုအားထည့်ဆောင် ရွက်ရန် လိုအပ်ပါတယ်။ မဖြစ်မနေဆောင်ရွက်ရလျှင်လည်း အလှည့်ကျဆောင်ရွက်သည့် အလေ့အထကို စည်း ရုံး ပညာပေးဆောင်ရွက်ရန် လိုအပ်ပါတယ်။ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကပြောသည်။
.
တာချီလိတ်မြို့အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ကျရောက် ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်၊ အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ခံများနှင့် ဧပြီ ၇ ရက်က တွေ့ဆုံစဉ် ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
.
တာချီလိတ်မြို့တွင် မတ် ၁၅ ရက်မှစ၍ မီးခိုးမြူငွေ့ကျရောက်နေသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လေထုအညွှန်းကိန်း တိုင်းတာရေးစက်ဖြင့် တိုင်းတာဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်နှင့် ၁၇ ရက် များတွင် လေထုအရည်အသွေး ညွှန်းကိန်း PM10 ၃၀၂ နှင့် ၂၇၆ အသီးသီးရောက်ရှိခဲ့ပြီး တိုင်းတာချက်များ အရ နောက်ရက်များတွင်ပြန်လည် ကျဆင်းခဲ့သော်လည်း မတ် ၃၁ ရက်တွင် ၅၀၂ ထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။
.
အဆိုပါ လေထုအရည်အသွေးတွင် ညွှန်းကိန်း ၃၀၀ နှင့် အထက်ကို ဘေးအန္တရာယ်အရှိဆုံးအဆင့်အဖြစ် သတ်မှတ်ထားရှိရာ ဧပြီလပထမပတ်တွင် လေထုအရည်အသွေးညွှန်းကိန်း တဖြည်းဖြည်းလျော့ကျဆင်းလာနေ ကြောင်း သိရသည်။
.
တာချီလိတ်မြို့တွင် လေထုအရည်အသွေး တိုင်းတာချက်များအရ လေထုအတွင်းအမှုန်ပါဝင်မှုများပြား သော် လည်း လူကို အန္တရာယ်ဖြစ်စေနိုင်သည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနော့ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်များ ပါဝင်မှုနည်းပါးကြောင်း သိရသည်။
.
မြန်မာ−ထိုင်း နယ်နိမိတ်ဖြစ်သည့် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့များတွင် နှစ်စဉ်ပွင့်လင်းရာသီရောက်တိုင်း တောင်ယာမီးရှို့မှုများကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
.

No comments:

Post a Comment