တူးပို့သံ ညံမစဲ၊ မြန်မာ့ သင်္ကြန်ပွဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 9, 2019

တူးပို့သံ ညံမစဲ၊ မြန်မာ့ သင်္ကြန်ပွဲ


မြမြ (ပညာရေး)
.

.
တန်ခူးလသင်္ကြန်ချိန် ရောက်တော့မယ်ဆို တာနဲ့ လူတိုင်းရဲ့ ရင်ထဲမှာ အလွန်ပျော်ကြပါတယ်။ အထူးသဖြင့် လူငယ်တွေက ပိုပြီးပျော် ကြမယ် ထင်ပါတယ်။ သင်္ကြန်လှည့်မယ့်အလှပြ ကားတွေကိုလည်း သူ့ထက်ငါ ပိုလှအောင် ပြင် ကြဆင်ကြ၊ သင်္ကြန်မဏ္ဍပ်တွေကိုလည်းဆောက် လုပ်ကြနဲ့ ရင်ထဲမှာ တစ်လှိုက်လှိုက်နဲ့ ပျော်နေ ကြတာ။ မောရမှန်း ပန်းရမှန်းမသိ၊ ထမင်းမေ့ ဟင်းမေ့ပေါ့လေ။ ကိုယ့်ရပ်ကွက်၊ သူ့ရပ်ကွက် အပြိုင်အဆိုင် ပြင်ကြဆင်ကြရတာပေါ့။ သင်္ကြန် သီချင်းတွေကလည်း မြူးမြူးကြွကြွနဲ့ တေးသံ တွေ တခြိမ့်ခြိမ့်နဲ့ပေါ့။ သင်္ကြန်မယ်လေးတွေက လည်း သင်္ကြန်ဝတ်စုံတွေ ဆင်တူချုပ်ကြလုပ် ကြ၊ ကခုန်ကြနဲ့ မြူးကြွပျော်ရွှင်နေကြပါတယ်။
.
          သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးသံမြူးသာယာ
          သင်္ကြန်မယ်များ တူးပို့တူးပို့ မူးမာရဲ့နော်ဗျာ
          ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေကာ
          မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင် ဗျား  စတဲ့ သင်္ကြန်တေးသီချင်းမျိုးစုံကလည်း ဝေဆာလို့ပေါ့နော်။
.
သင်္ကြန်ဆိုသည်မှာ သင်္ကန်္တဟူသော ပါဠိ စကားမှ ဆင်းသက်လာပြီး ကူးပြောင်းခြင်းလို့ အဓိပ်္ပါယ်ရပါတယ်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုပါတယ်။ သင်္ကြန်ပွဲတော် ကို ပုဂံခေတ်မှ စတင်ကျင်းပခဲ့ပါတယ်။ ပုဂံ ခေတ်၏ ယဉ်ကျေးမှု လက်ရာများမှာ သမိုင်းအ ထောက်အထားများကို တွေ့ရှိရပါတယ်။ ပုဂံ ခေတ်ရှေးမူ ရှေးလက်ရာများမှာ အမျိုးသား၊ အ မျိုးသမီးများသည် ပုဂံခေတ်ဝတ်စုံများနဲ့ဖလား ကို ဘယ်လက်က ကိုင်၍ ညာလက်က သပြေ ခက်ကိုကိုင်ပြီး ရေပက်ကစားနေကြတဲ့ ပုံများကို တွေ့ရပါတယ်။ နှစ်ဟောင်းက အညစ်အကြေး များကို နှစ်သစ်သို့ ပါမသွားအောင် သန့်စင် ကြည်လင်တဲ့ ရေအေးအေးလေးမှာ အမွှေးနံ့ သာတွေထည့်ပြီး သပြေခက်နဲ့ယဉ်ယဉ်ကျေး ကျေး ပက်ဖျန်းပေးခြင်းဟာ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပါ။
.
သက္ကရာဇ် ၁၂၃၅ ခုခန့်မှာ ကင်းဝန်မင်းကြီး ရဲ့ရာသီဖွဲ့ သံပေါက်မှာ ““တန်ခူးမိဿ၊ စိတြ၊ လနှင့် ယှဉ်ပြိုင်ထွန်း၊ ရင်ခတ်၊ ကံ့ကော်၊ ထုံ သင်းပျော်၊ ပွဲတော် အတာသွန်း””လို့ ရေးဖွဲ့ ထားပါတယ်။ မိဿရာသီဖြစ်တဲ့ တန်ခူးလမှာ စိတြကြယ်နှင့် လတို့ ယှဉ်ပြိုင်ကာ ထွန်းလင်း ခဲ့ပြီး ရာသီပန်းမှာ ရင်ခတ်ပန်းနဲ့ ကံ့ကော်ပန်း တို့ ဖြစ်တယ်လို့ ဆိုလိုတာပါ။ ပုဂံခေတ်က တန် ခူ၊ အင်းဝခေတ်က တန်ခူးလို့ခေါ်ပြီးထန်းသီး ဆွတ်သောလဟု ဆိုစမှတ်ပြုခဲ့ကြပါတယ်။ အတာကူသောလဟုလည်း ဆိုကြပါတယ်။ ယခု နှစ် မဟာသင်္ကြန်စာမှာတော့ မဟာသင်္ကြန်အ ကြိုချိန်ဟာ ၂၀၁၉ ခု ဧပြီလ ၁၃ ရက် စနေ နေ့ ဖြစ်ပါတယ်။ မဟာသင်္ကြန်ကျချိန်ကတော့ ဧပြီလ ၁၄ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၂၁ မိနစ် ၄၂ စက်္ကန့်လို့ ဆိုပါ တယ်။ ဧပြီလ ၁၅ ရက် တနင်္လာနေ့ကတော့ သင်္ကြန်အကြတ်နေ့ပါ။ မဟာသင်္ကြန် တက်ချိန် ကတော့ ဧပြီလ ၁၆ ရက် အင်္ဂါနေ့ မြန်မာစံ တော်ချိန် ည ၉ နာရီ ၂၆ မိနစ် ၂၃ စက်္ကန့် ဖြစ်ပါတယ်။ ဧပြီလ ၁၇ ရက် ဗုဒ်္ဓဟူးနေ့ကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ပါ။
.
ဘာဏုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်း ဟာ ကြာဝတ်ဆံအဆင်းနှင့်တူသော အ၀တ်တန် ဆာတို့ကို ၀တ်ဆင်လျက် နဂါးကို စီး၍ လက် တစ်ဖက်ကား မြားကိုကိုင်၍ ကျန်လက်တစ်ဖက် က လွှားကို ကိုင်လျက်အရှေ့မြောက်ထောင့်မှ သည် အနောက်သို့ ၀င်၏ဟုဆိုထားပါသည်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ်္ဓဘာ သာနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့အစဉ်အလာတို့ အလွန်ဖွံ့ဖြိုး စည်ပင်သော နိုင်ငံဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီမှာ ဆယ့်နှစ်လလုံး ရိုးရာဓလေ့ အစဉ်အလာပွဲတော်များ ရှိကြပါတယ်။ မြန်မာ နှစ်ရဲ့ အစဆုံးတန်ခူးလမှာ မဟာသင်္ကြန်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်ဆိုပြီး ၄ ရက်သတ်မှတ်ထားပါတယ်။ နန်္ဒာဒေ၀ီနတ် သမီး အလှည့်စေ့ပြီဖြစ်၍ ““ပရမီသွာ””နတ်မင်း ၏ သား ““အာသီ””အမည်ရှိသော ဗြဟ်္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ကညာဒေ၀ီနတ် သမီးကား ခရီးဦးကြိုဆို၍ ရပ်စောင့်နေလျက် လှမ်းလင့်၏ ““ဓံသီ””နတ်သမီးကား အဖြူ၊အနီ၊ အစိမ်း၊ အပြာ၊ အ၀ါအားဖြင့် ငါးပါးသော အ ဆင်းဖြင့် ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင် လျက် သင်္ကြန်မင်း ခုနစ်ပါးတို့သည် တစ်နှစ် လျှင် တစ်ပါးကျစီ တာဝန်ယူ၍ နှစ်ကူးသည်နှင့် အလှည့်ကျ တာဝန်ကူးပြောင်းရသည်ကို အ တာကူးသည်။ တာကူးသည်ဟု ခေါ်ကြကြောင်း ယူဆကြပါသည်။
.
သိကြားမင်းကြီးဟာ မြတ်စွာဘုရားမှာကြား လမ်းညွှန်ထားခဲ့တဲ့အတိုင်း တစ်နှစ်တစ်ခါ လူ့ ပြည်သို့ ဆင်းသက်ပါတယ်။ လူတွေဟာ မြတ် စွာဘုရားရဲ့ ဆုံးမပဲ့ပြင် လမ်းညွှန်မှုတွေကို ကျင့် သုံးလိုက်နာမှု ရှိ၊ မရှိ ကြည့်ရှုရန် ဆင်းသက်ခဲ့ ခြင်း ဖြစ်ပါတယ်။ သင်္ကြန်အတက်နေ့မှာတော့ တာဝတိံသာနတ်ပြည်သို့ ပြန်တက်သွားပါတယ်။ လူကြီးမိဘများက မိမိတို့ရဲ့ သားသမီးမြေးမြစ် များကို ဤနေ့ကြီးရက်မြတ်များမှာ မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်ကြဖို့ အထူးမှာကြားဆုံး မကြပါတယ်။ သိကြားမင်းကြီးဟာ လူ့ပြည်ကို ဆင်းလာတဲ့အခါ ရွှေပရပိုဒ်နဲ့ ခွေးသားရေဟူ၍ ပေလွှာနှစ်ခု ပါလာခဲ့ပါတယ်။ ကောင်းမှုများ ပြု လုပ်ပါက မိမိရဲ့အမည်ကို ရွှေပရပိုဒ်မှာ ရေး မှတ်ပြီး မကောင်းမှုများ ပြုလုပ်ပါက ခွေးသား ရေမှာ ရေးမှတ်သွားမှာ ဖြစ်တယ်လို့ ပြောကြပါ တယ်။ ကျွန်မငယ်စဉ်က ကျွန်မရဲ့ အမည်ကို ခွေးသားရေမှာ ရေးမှတ်ခံရမှာကို အလွန့်အ လွန် ကြောက်ခဲ့ပါတယ်။ ကျွန်မက သင်္ကြန်ရက် တွေမှာ ဆိုရင် အဖိုးအဖွား အဖေအမေတို့နဲ့ ဘုန်းကြီးကျောင်းကို အမြဲလိုက်သွားခဲ့ပါတယ်။ ကျွန်မရဲ့ အဖွား ဒေါ်စိန်အုပ်က ပုဂံကို ဘုရား ဖူးသွားတုန်းက ၀ယ်ခဲ့တဲ့ ယွန်းဗျပ်အသစ်လေး ကို ဥပုသ်စောင့်သွားတိုင်း လှူဖွယ်ပစ်္စည်းတွေ ထည့်ပြီး တစ်ဘက်လေးကို ခေါင်းခုလုပ်ကာ ခေါင်းပေါ်ရွက်ပြီး သွားတတ်ပါတယ်။ ပြီးရင် ကျောင်းထိုင်ဆရာတော်ကြီးအား ကပ်လှူရန် ကြေးကွမ်းအစ်ကြီး ထဲမှာ ကွမ်း၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ နွယ်ချို၊ စမုံစပါး၊ လေးညှင်းပွင့် များ အစုံထည့်ထားပါတယ်။ ကျောင်းထိုင်ဆရာ တော်ကြီးက ကွမ်းစားခြင်းကို နှစ်သက်ပါတယ်။ ကျွန်မက ကြေးကွမ်းအစ်ကြီးကို ပိုက်ပြီးအမြဲ လိုက်ပါတယ်။ ကျွန်မရဲ့ စိတ်ထဲမှာ အမည်လေး ကို ရွှေပရပိုဒ်မှာ ရေးမှတ်နေလောက်ပြီလို့ လမ်း တစ်လျှောက်လုံး ကြည်နူးစိတ်တွေအပြည့်နဲ့ ပေါ့။
.
သင်္ကြန်အကြိုနေ့ မရောက်ခင်ကပင် ကျွန် မတို့ဟာ သင်္ကြန်အိုးနှစ်လုံးကို ရွှေရောင်နဲ့ ငွေ ရောင်ခွဲပြီး အသင့်ဝယ်ထားပါတယ်။ သင်္ကြန်အ ကြို၊ အကျ၊ အကြတ်၊ အတက်ဟူ၍ ၄ ရက် ထားရမှာ ဖြစ်လို့ ကြာရှည်ခံမယ့် အရွက်အခက် တွေကို သင်္ကြန်အိုးမှာ ထည့်ပြီး အိမ်ရှေ့အရိပ် ရတဲ့နေရာမှာ ခုံအမြင့်လေးနဲ့ တင်ကာ သိကြား မင်းကြီးအား ကြိုဆိုပါတယ်။ အချို့ကလည်း ခု နှစ်နေ့၊ ခုနှစ်နံ၊ ခုနှစ်ရက်သားသမီးများအတွက် ရည်ရွယ်ပြီး အုန်းရွက်၊ ကံ့ကော်ရွက်၊ ဇီးရွက်၊ ရွက်လှ၊ မြေဇာပင်၊ သပြေ၊ နေကြာစတဲ့ အ ရွက်အခက်များ အရောင်စုံ အသွေးစုံ ပန်းစက်္ကူ များနဲ့ လုပ်ထားတဲ့ တံခွန်၊ ထီး၊ မုလေးပွား၊ ကုက်္ကား၊ ယပ်တောင်တို့ကိုလည်း ငွေရောင် သင်္ကြန်အိုးမှာ လှလှပပလေး ထည့်ကာ တန် ဆာဆင်ကြပါတယ်။ ဘုရားစင်အောက်ခုံပေါ်မှာ တော့ ရွှေရောင်အိုးလေးကို တင်ပြီး ခုနှစ်ရက် သားသမီးများအတွက် နေ့နံအလိုက် နှစ်သက် ရာ၊ ရာသီနှင့် အဆင်ပြေရာ၊ ပန်းတွေနဲ့ လှလှ လေး ပြင်ဆင်ကြပါတယ်။ နေ့သားအလိုက် ပန်းများမှာ-
တနင်္ဂနွေ- အုန်းပန်း၊ အင်ကြင်းပန်း။
.
တနင်္လာ- ကြာပန်း၊ ကညွတ်ပန်း၊ ကံ့ကော်ပန်း၊ ကျောက်ပန်း၊ ခတ်္တာပန်း၊ ခွါညိုပန်း၊ ခ၀ဲပန်း၊ ချယ်ရီပန်း၊ ခေါင်းလောင်းပန်း၊ ခရစ်စမတ်ပန်း၊ ဂန်္ဓမာပန်း၊ ငုပန်း။
.
အင်္ဂါ- စံပယ်ပန်း၊ စက်္ကူပန်း၊ စကားဝါ၊ စကား ဖြူ၊ စိန်ပန်း၊ ဇွန်ပန်း၊ ဇီဇ၀ါပန်း၊ ဇလပ်ပန်း၊ ညမွှေးပန်း။
.
ဗုဒ္ဓဟူး- ရွက်လှပန်း၊ ရေမွှေးပန်း၊ ယင်းမာပန်း၊ ယုဇနပန်း၊ လေးကျွန်းကြာခိုင်။
.
ကြာသပတေး- မေမြို့ပန်း၊ မဉ္စူပန်း၊ မြတ်လေး ပန်း၊ မိကျောင်းပန်း၊ ပုလဲပန်း၊ ပိတောက်ပန်း၊ ပိန်းပန်း၊ ပုဏ်္ဏရိတ်ပန်း၊ ဖယောင်းပန်း။
.
သောကြာ- ဒေါနပန်း၊ တရုတ်စံကားပန်း၊ နှင်း ဆီပန်း၊ နေကြာပန်း၊ နှင်းပန်း၊ တမာပန်း။
.
မြန်မာပြည်တစ်ခွင်လုံးမှာ သင်္ကြန်အကြိုနေ့ ကတည်းက သင်္ကြန်မဏ္ဍပ်များ ဖွင့်လှစ်ခြင်း၊ မဏ္ဍပ်များ၊ လမ်းများပေါ်မှာ ရေပက်ကစားနေ ကြပါပြီ။ ရေပက်ခံမဏ္ဍပ်တိုင်းမှာ မုန့်လုံးရေပေါ် သာကူကျို၊ စတုဒီသာ၊ ဖျော်ရည်မျိုးစုံ၊ မုန့် လက်ဆောင်း၊ ရွှေရင်အေး၊ ဖွာလူဒါ၊ စသဖြင့် အလှူပြု ကျွေးမွေးကြပါတယ်။ တစ်အိမ်နဲ့တစ် အိမ်လည်း မုန့်တွေလုပ်ပြီး အပြန်အလှန် ပေး လှူကြပါတယ်။ မုန့်လုံးရေပေါ် အလုံးထဲမှာ င ရုတ်သီးစိမ်းကို အပျော်သဘောထည့်တတ်ကြ ပါတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်မဆိုးကြဘဲ စကြ၊ လှောင်ကြ၊ ရေပက်ကြနဲ့ အလွန်ပျော်စရာ ကောင်းတဲ့ မုဒိတာ ပွဲတော်တစ်ခုပါ။ ““ဒါနတဝေ ဝေ၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့သာ ဆင့်ရော့၊ အရွယ်သင့်၊ အရွယ်ငယ်၊ မြန်မာတွေ ထည်လိုက်ကြ””ဟု ဆရာဇော်ဂျီက ရေးဖွဲ့ခဲ့ပါတယ်။ မြန်မာတွေ ယဉ်ကျေးတယ်ဆို တာ ကမ်္ဘာက သိပါတယ်။ ဘာကိုပဲလုပ်လုပ်၊ လိုတာထက် ပိုတာတော့မကောင်းပါဘူး။ တန် ဆေး လွန်ဘေးဆိုသလိုပေါ့။ ပျော်သင့်သ လောက် ပျော်ပါ။ အရက်သေစာ သောက်စားမူး ယစ်ပြီး ဆဲကြဆိုကြ၊ ရန်ဖြစ်ကြတယ်ဆိုတာ မျိုး မဖြစ်အောင် ဆင်ခြင်သတိဖြင့် ပျော်ကြဖို့ သာ လိုပါတယ်။
.
ဖြူစင်သန့်ရှင်းတဲ့ မြန်မာ့ရိုးရာ အစဉ်အလာ ကောင်းတွေကို မိမိကြောင့် မညစ်နွမ်းစေသင့် ပါ။ ကောင်းမြတ်တဲ့ ဤရက်မြတ်များမှာ အဖိုး အဖွားများကို ရေချိုးသန့်စင်ပေးခြင်း၊ ခေါင်း လျှော်ပေးခြင်း၊ ခြေသည်းလက်သည်းများ ညှပ် ပေးခြင်း၊ အ၀တ်များ လျှော်ဖွပ်ခြင်း စသည့် ကောင်းမှု ကုသိုလ်များ ပြုကြပါတယ်။ ဘုရား ကျောင်းကန်များမှာ အမှိုက်များ၊ ချုံနွယ်များ ရှင်းလင်းခုတ်ထွင်ပေးခြင်း၊ ဘုန်းကြီးကျောင်း များကို ရေဆေးသန့်စင်ပေးခြင်း၊ ပန်းကန်ခွက် ရောက်များကို ဆေးကြောပေးခြင်း၊ ဘုရားစေတီ များကို ရေသပ်္ပါယ်ပေးခြင်း စတဲ့ကောင်းမြတ် တဲ့ ကုသိုလ်တွေ ပြုကြပါတယ်။ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း၊ သက်ကြီးရွယ်အိုနှင့် အဖိုးအဖွား အဖေအမေများ၊ ဆရာသမားများကို ပူဇော်ကန် တော့ခြင်း၊ ရွာဦးရွာထိပ်၊ မြို့ဦးမြို့ထိပ်၊ လမ်း ထိပ်များမှာ အန်္တရာယ်ကင်း ပရိတ်များရွတ်ဖတ် ခြင်းများ ပြုလုပ်ကြပါတယ်။ ““၀ဋ်မကင်းသူကို ဖြင့် လွှတ်ခြင်းငှာ ၀ါသနာပါတဲ့ ရွှေမြန်မာသည် လူမျိုးမှာ လ၊ အကျိုးသည်လို တူလိုက်ပါ့။ ရွှေ မဉ်္စူနှုတ်ချိုခွန်းရယ်နဲ့ သွန်းလိုက်မိပါ့”” ဟု ဆ ရာဇော်ဂျီက ရေးဖွဲ့ခဲ့ပါတယ်။
.
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ သားသတ် ရုံမှ နွားတွေကို စုပေါင်းဒါနဖြင့် ၀ယ်ပြီးဘေးမဲ့ လွှတ်ပေးခြင်း၊ ငါးသက်လွှတ်ပွဲများ၊ ငှက်လွှတ် ပွဲများဖြင့်လည်း ကုသိုလ်ထူး ကုသိုလ်မြတ်များ ကို ပြုလုပ်ကြပါတယ်။ ကုသိုလ်ရေးမှာ လက် မနှေးတဲ့ မြန်မာလူမျိုးများ ဖြစ်ကြပါတယ်။ အ လှပြယာဉ်တွေကလည်း အလွန်ကျက်သရေရှိ ပြီး ပျိုမေလေးတွေကလည်း အလွန်လှကြပါ တယ်။ အိုးစည်သံ၊ တထုံထုံ၊ စည်ဗြောသံ ညံ မစဲတဲ့ ကျွန်မတို့ မြန်မာ့သင်္ကြန်ကို ဂုဏ်ယူလို့ မဆုံးပါဘူး။ လူသားတိုင်းမှာ ချစ်တတ်တဲ့ အ သည်းနှလုံး ကိုယ်စီရှိကြပါတယ်။ အချစ်ကြီး ရင် အမျက်ကြီးတယ်။ ကျီးစားသန်တော့ ရန် များတယ်ဆုတဲ့ စကားလေးကို ကြားဖူးကြမှာ ပါ။ ပုဂံခေတ်က နရသီဟပတေ့မင်းကြီးမှာ မိ ဖုရားတွေ အများကြီးရှိတဲ့အထဲက စောလုံဆိုတဲ့ မိဖုရားကို တအားချစ်ခဲ့ပါတယ်။ အဲဒါကြောင့် ချစ်လွန်းလို့ ကျီစားမိခဲ့ပါတယ်။ သင်္ကြန်ခါမှာ မြစ်ဆိပ်မှာရှိတဲ့ ရေကစားမဏ္ဍပ်မှာ မောင်းမ ငယ်တစ်ဦးကို စေလွှတ်ပြီး စောလုံကို ဦးခေါင်း ထက်မှ ရေလောင်းစေခဲ့ပါတယ်။ ကျန်တဲ့မောင်း မတော်တွေကလည်း ရေ၀ိုင်းပြီး ပက်ကြပါ တယ်။ လှလှပပ ထုံးထားတဲ့ ဆံထုံးနဲ့ လှလှပပ ၀တ်စားထားတဲ့ အ၀တ်အစားတွေနဲ့အတူ တစ် ကိုယ်လုံး ရေတွေစိုပြီး အိနြေ်္ဒပျက်ခဲ့ရပါတယ်။ အခြားမင်းပရိသတ်အားလုံးတို့က ရယ်မောကြ တော့ စောလုံဟာ အလွန်ရှက်သွားခဲ့ပါတယ်။
.
စောလုံရဲ့ ရင်ထဲမှာ မင်းကြီးဟာ လူပုံအ လယ်မှာ သူ့ကို အရှက်ရအောင် လုပ်တယ်လို့ အကျိတ်အခဲ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ဘု ရင့်ပွဲတော်အုပ်မှာ အဆိပ်ခပ်ခဲ့ပါတယ်။ ဘုရင် ကို ရက်ရက်စက်စက် ကလဲ့စားချေမယ်ဆိုတဲ့ သဘောပေါ့။ ဘုရင်ကြီးကလည်း ပွဲတော်မတည် မီ စစ်ဆေးခိုင်းခဲ့ပါတယ်။ အဆိပ်ခပ်ထားပြီး ဆိုတာ သိသွားတဲ့အခါ မိဖုရားစောလုံကို သေ ဒဏ်ပေးခဲ့ပါတယ်။ ဒါဟာ သင်္ကြန်နဲ့ ပတ်သက် ပြီး ရင်နင့်ဖွယ်ရာ ဖြစ်ရပ်လေး တစ်ခုအဖြစ် ယနေ့ထိ ကျန်ရှိခဲ့ပါတယ်။ အကျီစားသန်ခဲ့ရာ မှ အသက်ခန်္ဓာကြွေခဲ့ရတဲ့ အဖြစ်ဆိုးကို ခေတ် အဆက်ဆက် ပြော၍ မဆုံးအောင် ဇာတ်လမ်း လေးအဖြစ် ရှိနေခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ““ချောဂုဏ်နဲ့ နွှဲရှာတဲ့ စောလုံရဲ့ ပုဂံရာဇ၀င်တရား”” ဟု လေးချိုးကြီး မှာ ရေးဖွဲ့ခဲ့ပါတယ်။ ““တန်ခူးမည်မှတ်ဖက်ဆွတ် ရေတိုးသင်္ကြန်မိုး””ဟူသော ရှေးအစဉ်အလာ စ ကားနဲ့အညီ သင်္ကြန်လက်ဆေး မိုးများရွာတတ် ပါတယ်။ အဖူးအငုံလေးများနဲ့ ပွင့်ဖို့ရန်အား ယူနေတဲ့ ပိတောက်ပန်း၊ ငုပန်းလေးတွေဟာ ၀င်းထိန်နေအောင် ပွင့်လာကြပါတယ်။ ရွှေရည် ကို သောက်ထားသလားလို့တောင် ထင်ရပါ တယ်။ ““ပွင့်ဖူးမှာ အ၀ါခြယ်၍ မာလာအလယ် မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့် နှစ်ဆုံးကုန်အ တာဝင်းသို့ မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့၊ အရေးအခါသာမှ ခမျာမှာ တဂုဏ်ဆန်းရတယ်။ ပန်းပိတောက်များ””ဟု တစ်နှစ်မှာ တစ်လ၊ တစ် လမှာ တစ်ရက်ထဲ ခက်ခက်ခဲခဲ ပွင့်ရရှာ တဲ့ ပိတောက်ပန်းလေးကို ဆရာဇော်ဂျီက စာ ပန်းချီခြယ်သခဲ့ပါတယ်။ သင်္ကြန်နဲ့ ပိတောက် ပန်းဟာ ခွဲခြားလို့ မရပါဘူး။
.
တဖန် ““လတန်ခူးပေမို့ အလှထူးပါဘိ၊ မြ မြဖူးရယ်တဲ့ ခိုင်ရွှေဝါ၊ တကယ်တမ်းသာဖြင့် ဘယ်ပန်းသော်စံ မတူဘု၊ နန်္ဒမူဖန် ဂူထိပ်မှာလ၊ ပစေ်္စကာချွေးတော်သိပ်ရတယ်။ အေးရိပ်ဆာ ယာ””ဟု ပိတောက်ပင်ရိပ်မှာ ပစေ်္စကာ အရှင် မြတ်တို့ ချွေးသိပ်ခဲ့ပုံနှင့် အေးမြပုံ၊ အမောမြေ ပုံတို့ကို ရေးဖွဲ့ထားပါတယ်။ ပွင့်လင်းရာသီဖြစ် တဲ့အတွက် ငှက်ကလေးတွေလည်း သူတို့ရဲ့ တေးသီချင်းတွေကို သီကျူးနိုင်ကြပါပြီ။ ““မြိုင် ကျေးငှက်တို့ ရွတက်ခုန်ပျံ သိုက်မြုံယံမှ တေး သံကျူးရင့် ဂါထာဆင့်၍ ဖွင့်ဟသီချင်းညည်း လေပြီ””ဟု ဆရာကြီးဟာ မြအသွေးမှာ ရွှေရေး လုနေတယ်လို့ တင်စားလိုက်ချင်ပါရဲ့။ ရဟန်း စာဆိုကျော် ရှင်ဥတ်္တမကျော်က ““သစ်ရွက်ရော် ရီ၊ က်္ကုန်္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ ဆေးစုံ ခြယ်သော ပုံသို့ ”” ဟု တင်စားပြီး စာပန်းချီ ခြယ်သခဲ့ပါတယ်။ က်္ကုန်္ဒနီလာ မြကျောက်ဖျာပေါ် မှာ သိင်္ဂနိက်ရွှေစင်ရည်ကို တစ်ဝက်မျှ သုတ် လိမ်းထားသလိုဟု ဆိုလိုခြင်းပါ။
.
တောင်ကြီးမြို့၊ မြို့မဈေးကြီးအနီးက ဗဟို မဏ္ဍပ်ကြီးကလည်း ကြီးကျယ်ခမ်းနားပြီး မြို့ ကျက်သရေဆောင် သင်္ကြန်မဏ္ဍပ်ကြီး ဖြစ်ပါ တယ်။ အလှပဆုံး၊ ခေတ်အမှီဆုံးဆောက်လုပ် ထားပါတယ်။ သင်္ကြန်မယ်လေးတွေကလည်း ယဉ်ကျေးလှပတဲ့ ၀တ်စုံလေးတွေနဲ့ မြူးကြွနေ အောင် ကပြကြပါတယ်။ တီးမှုတ်တဲ့ ဂီတသံ တွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တက်တက်ကြွ ကြွ ရှိလှပါတယ်။ လာရောက်ကြည့်ရှုအားပေး ကြတဲ့ ပရိသတ်ကြီးကလည်း တတပ်တအားပါ ပဲ။ သီချင်းတွေကို လိုက်ဆိုကြပြီး လက်ခုတ် တွေ တီးကာခုန်လို့ ဆွလို့ ပျော်နေကြပါတယ်။ မြင်ရတဲ့ မြင်ကွင်းက အလွန်အားတက်ဖွယ် ကောင်းလှပါတယ်။ ဗဟိုမဏ္ဍပ်ကြီးကတော့ ည အခါမှာ ပရိသတ်အပြည့်ဆုံးပါပဲ။ အချို့မဏ္ဍပ် တွေမှာ အဆိုတော်တွေ လာရောက်သီဆိုကြ လို့ ကျိတ်ကျိတ်တိုး စည်ကားလှပါတယ်။ သင်္ကြန်မဏ္ဍပ်တွေက ရပ်ကွက်တိုင်းမှာ ရှိပါ တယ်။ နံနက် ၇ နာရီလောက်ကတည်းက ရေ တွေ စပြီး ပက်နေပါတယ်။ ညနေ ၆ နာရီ လောက်အထိ ပက်ကြတာပါ။
.
ရေပက်ခံ အဖွဲ့တွေကလည်း မဏ္ဍပ်တစ်ခု ပြီး တစ်ခုလှည့်လည်ပြီး မုန့်တွေ စားရင်းရေ ပက်ခံကြပါတယ်။ ပျော်စရာအကောင်းဆုံး ပွဲ တော်ကြီးတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ် ခုလုံး ခြိမ့်ခြိမ့်သဲ စည်ကားတဲ့ ရိုးရာပွဲကြီးပါ။ တူးပို့သံ ညံမစဲတဲ့ မြန်မာ့သင်္ကြန်ပွဲတော်ကြီးက မြနန်္ဒာသီချင်းနဲ့အတူ မြိုင်ဆိုင်လို့ နေပါတယ်။ သင်္ကြန်ရက်က ၄ ရက်ထဲမို့ တိုတောင်းလိုက် တာလို့တောင် တွေးနေကြပါတယ်။ သင်္ကြန်အ တက်နေ့ကတော့ အစည်ကားဆုံး၊ အပျော်ဆုံး နေ့ပါ။ မဟာသင်္ကြန်ရဲ့ နောက်ဆုံးရက်လည်း ဖြစ်တဲ့အတွက် အစွမ်းကုန်ပျော်ကြပါတယ်။ ဖျော်ဖြေရေး မဏ္ဍပ်များမှ
.
““သင်္ကြန်ခါတော်၊ ရေကစားကြတာ ပျော် ရွှင်စရာ၊ လောင်းကာပက်ကာ မောင်ရင်းနှမပ မာ ကြည်လင်စွာ ရေကစားမှာ ရေကစားမှာ ညိုမြတော့ ခေါ်မခံနိုင်ဘူးဆရာ လောင်းလောင်း လောင်းလိုက်ပါ ရွှဲအောင်လောင်းလိုက်ပါ၊ ပက် ပက် ပက်လိုက်ပါ မောင်ကြီးတို့လည်းပါ””ဆိုပြီး အဆိုအကတွေ မြိုင်တဲ့အပြင် မဏ္ဍပ်ရှေ့က ပ ရိသတ်ကြီးကလည်း လိုက်ဆိုကြပြီး အပြတ် ပျော်နေကြပါတယ်။ ကျောင်းအလိုက်၊ ရုံးအ လိုက်၊ ရပ်ကွက်အလိုက် ကလိုက်၊ လှလိုက်ကြ တာ။ လမ်းလျှောက်သင်္ကြန်ကလည်း ခေတ်မီ လိုက်တာနော်။
.
““နောင်နှစ်ကိုလည်း ဆီးလို့ကြိုမယ်၊ မောင်ကြီးလာပါမယ် လာပါမယ်။ နောင်နှစ်ကို လည်း ဆီးလို့ကြိုကွယ် မောင်တို့လာပါမယ် လာပါမယ် မာပါစေကွယ် သဒ်္ဓါတွေပိုတယ်။ ဆီးကြိုလို့နေမယ်။ ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ်။”” ဆိုတဲ့ သီချင်းလေးနဲ့ အတူ သင်္ကြန်မယ်လေးတွေက လက်ကလေး တွေ ဝှေ့ရမ်းနှုတ်ဆက်သွားကြပါတယ်။ ဤက ပွဲအစီအစဉ် ပြီးတဲ့အခါ အလှဆုံး၊ အယဉ်ကျေး ဆုံး အလှပြယာဉ်များနဲ့ ယိမ်းအဖွဲ့များကို ဆု များပေးကြပါတယ်။ ကြည်နူးမှု၊ သာယာမှု၊ စိတ်အေးချမ်းမှု၊ လွမ်းမော တသမှုတွေ ထုံမွှန်း နေတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲကြီးဟာ ရသမျိုးစုံ ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ နောင်နှစ်များမှာလည်း အစဉ်အလာ ရိုးရာမပျက် ဆက်လက်ကျင်းပ ပါဦးမယ်။ သင်္ကြန်ရေအေးနဲ့အတူ မြန်မာပြည် ကြီး ငြိမ်းချမ်းပါစေ၊ ကမ်္ဘာသူ၊ ကမာသားအားလုံး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ကြပါ စေ။ ။
.

No comments:

Post a Comment