ကျိုင်းလပ်တွင် လမ်းဘေးဈေးဆိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသည့် ယာဉ်မောင်းကိုအရေးယူ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Thursday, April 18, 2019
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ ပါလျှိုးကျေးရွာအုပ်စု၊ ၀မ်မီးမိုင်ကျေးရွာအနီးတွင် ဧပြီလ ၁၇ ရက်၊ ညနေပိုင်းက ကားလမ်းဘေးရှိ ဈေးဆိုင်တစ်ဆိုင်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိသည့် ယာဉ်မောင်းကို အရေးယူဆောင်ရွက်ထားကြောင်း မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ သိရသည်။
.
.
ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ ယာဉ်မောင်း စိုင်းတွီ (၄၀ နှစ်) မောင်နှင်လာသော မော်တော်ယာဉ်သည် ဧပြီလ ၁၇ ရက်၊ ညနေ ၄ နာရီ၊ ၄၅ မိနစ်ခန့်တွင် တာလေ-ကျိုင်းလပ်သွား ကားလမ်းမိုင်တိုင်အမှတ် (၂၈ ကီလို)အနီး ၀မ်မီးမိုင်ကျေးရွာလမ်းအကွေ့ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းတောင်ဘက်ဘေးရှိေးဆိုင်အား ၀င်ရောက်တိုက် မိသဖြင့် ယာဉ်ပေါ်ပါလာသူ ယာဉ်မောင်း၏ဇနီး ဒေါ်အီလှ မှာ ၀ဲဘက်နဖူးစောင်း ပေါက်ပြဲ ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီးေးဆိုင်အတွင်း ဈေးရောင်းနေသူ မထွေးထွေးဝေ(၁၉ နှစ်)မှာ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ တစ်ချက်နှင့် ညာဘက်ခြေကျင်းဝတ်တွင် ဖူးရောင်နာကျင်ဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခဲ့သည်။
.
.
.
ကျိုင်းလပ်တွင် လမ်းဘေးဈေးဆိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသည့် ယာဉ်မောင်းကိုအရေးယူ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ ပါလျှိုးကျေးရွာအုပ်စု၊ ဝမ်မီးမို်င်ကျေးရွာအနီးတွင် ဧပြီလ ၁၇ ရက်၊ ညနေပိုင်းက ကားလမ်းဘေးရှိ စျေးဆိုင်တစ်ဆိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိသည့် ယာဉ်မောင်းကို အရေးယူဆောင်ရွက်ထားကြောင်း မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ သိရသည်။
.
ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ ယာဉ်မောင်း စိုင်းတွီ (၄၀ နှစ်) မောင်နှင်လာသော မော်တော်ယာဉ်သည် ဧပြီလ ၁၇ ရက်၊ ညနေ ၄ နာရီ၊ ၄၅ မိနစ်ခန့်တွင် တာလေ-ကျိုင်းလပ်သွား ကားလမ်းမိုင်တိုင်အမှတ် (၂၈ ကီလို)အနီး ဝမ်မီးမို်င်ကျေးရွာလမ်းအကွေ့ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းတောင်ဘက်ဘေးရှိ ဈေးဆိုင်အား ဝင်ရောက်တိုက် မိသဖြင့် ယာဉ်ပေါ်ပါလာသူ ယာဉ်မောင်း၏ဇနီး ဒေါ်အီလှ မှာ ဝဲဘက်နဖူးစောင်း ပေါက်ပြဲ ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဈေးဆိုင်အတွင်း စျေးရောင်းနေသူ မထွေးထွေးဝေ(၁၉ နှစ်)မှာ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ တစ်ချက်နှင့် ညာဘက်ခြေကျင်းဝတ်တွင် ဖူးရောင်နာကျင်ဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခဲ့သည်။
.
ယာဉ်မောင်းကို စစ်ဆေးတဲ့အခါ အရက်နံရနေတယ်။ အရက်သေစာ သောက်စားပြီး မောင်းတော့ ယာဉ်ရဲ့အရှိန်ကို မထိန်းနိုင်ဘဲ လမ်းဘေးဆိုင်ကို ဝင်ရောက်တိုက် မိတာပါ။ ယာဉ်မောင်းရဲ့ဇနီးနဲ့ ဈေးရောင်းတဲ့ အမျိုးသမီးတို့ ဒဏ်ရာ အနည်းငယ်စီ ရခဲ့ပါတယ်။ မစိုးရိမ်ရလို့ တာလေဆေးရုံမှာ ပို့ဆောင်ဆေးကုသထားပါတယ်ဟု မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ စိုင်းတွီ (၄၀ နှစ်)၊ ဆီနော်(၂)ရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်နေသူအား မိုင်းပါလျှိုးနယ်မြေရဲ စခန်းက ယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 
.
No comments:
Post a Comment