ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္လာေသာ ထိုင္းႏုိင္ငံသား ႏွစ္ဦးအား ျပည္ႏွင္လႊဲေျပာင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 18, 2019

ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္လာေသာ ထိုင္းႏုိင္ငံသား ႏွစ္ဦးအား ျပည္ႏွင္လႊဲေျပာင္း


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ႏုိင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ က်ိဳင္းတံုအက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာေသာ ထိုင္းႏုိင္ငံသား ၂ ဦးအား ဧၿပီလ ၁၈ ရက္၊ ေန႔လယ္ပိုင္းက ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ-ထိုင္း အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားတြင္ ထိုင္းႏုိင္ငံတာဝန္ရွိသူမ်ားထံ ျပည္ႏွင္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
.
အဆိုပါ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပည္ႏွင္ဒဏ္အမိန္႔ ရရွိၿပီးျဖစ္ေသာ Mr.Suberk (၃၇ ႏွစ္)ႏွင့္ Mr.NaiJai (၃၉ ႏွစ္)တို႔အား တာခ်ီလိတ္ၿမိဳ႕နယ္႐ုံးမွ လူဝင္မႈႀကီးၾကပ္ေရး႐ုံးမွ ဒုလဝကမွဴး ဦးမ်ဳိးႏိုင္ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက က်ဳိင္းတုံအက်ည္းေထာင္မွ ထုတ္ယူ၍ ေမာ္ေတာ္ယာဥ္ျဖင့္ က်ဳိင္းတုံၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ပို႔ေဆာင္ၿပီး၊ လဝကဌာနခြဲ(၆)မွ ဦးစီးအရာရွိ ဦးမ်ဳိးဝင္းစိန္ႏွင့္ ျပည္ႏွင္အဖြဲ႕က ထိုင္းလဝက ဗိုလ္ႀကီး စုန္ဆပ္ပါကီးရန္း၊ ထိုင္းနယ္ျခားေကာ္မတီ အရာခံဗိုလ္ ဝပ္ခ်နားခ်ဳိင္းႏွင့္ ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားထံ စနစ္တက် လႊဲေျပာင္း ေပးအပ္ခဲ့သည္။
.
''ျမန္မာႏွစ္သစ္ကူးအခါသမယ အထိမ္းအမွတ္လည္းျဖစ္၊ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ဆက္ဆံေရးကို ေရွး႐ႈေသာအားျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈကို အေလးထားၿပီး ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄ဝ၁၊ ပုဒ္မခြဲ(၁)အရ ႏိုင္ငံေတာ္သမၼတ႐ုံးက စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ ထိုင္းႏိုင္ငံသား ႏွစ္ဦးကို လြတ္ၿငိမ္း ခ်မ္းသာခြင့္ ျပဳလိုက္တာပါ''ဟု ျမန္မာ-ထိုင္းအမွတ္(၁)ခ်စ္ၾကည္ေရးတံတား တာဝန္က်ျပည္ႏွင့္အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာသည္။
 .
ထိုင္းႏိုင္ငံသား Mr.Suberk ႏွင့္ Mr.NaiJai တို႔သည္ ၂ဝ၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၁၁ ရက္ေန႔ တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္မ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ပစၥတို ေသနတ္ လက္၊ က်ည္ ၃၄ ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိကာ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ အေထာက္အထားတစ္စုံတစ္ရာမပါရွိဘဲ တရားမဝင္ ဝင္ေရာက္မႈျဖင့္ ျမန္မာႏုိင္ငံတာဝန္ရွိသူမ်ားက ဖမ္းဆီးအေရးယူေဆာင္ရြက္ထားရွိၿပီး ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ လဝက ၁၃(၁)/၁၃(၅)ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၆ လ က်ခံေစခဲ့ၿပီး ႏိုင္ငံေတာ္သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ဧၿပီ ၁၇ ရက္တြင္ ျပန္လည္လြတ္ေျမာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထိုင်းနိုင်ငံသား နှစ်ဦးအား ပြည်နှင်လွှဲပြောင်း
.
မိုင်းမော (တြိဂံနယ်မြေ)
.
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ထိုင်းနိုင်ငံသား ၂ ဦးအား ဧပြီလ ၁၈ ရက်၊ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်အမိန့် ရရှိပြီးဖြစ်သော Mr.Suberk (၃၇ နှစ်)နှင့် Mr.NaiJai (၃၉ နှစ်)တို့အား တာချီလိတ်မြို့နယ်ရုံးမှ လူဝင်မှုကြီးကြပ်ရေးရုံးမှ ဒုလဝကမှူး ဦးမျိုးနိုင်နှင့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးနှင့် ရဲတပ်ဖွဲ့ဝင်များက ကျိုင်းတုံအကျည်းထောင်မှ ထုတ်ယူ၍ မော်တော်ယာဉ်ဖြင့် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ပို့ဆောင်ပြီး၊ လဝကဌာနခွဲ(၆)မှ ဦးစီးအရာရှိ ဦးမျိုးဝင်းစိန်နှင့် ပြည်နှင်အဖွဲ့က ထိုင်းလဝက ဗိုလ်ကြီး စုန်ဆပ်ပါကီးရန်း၊ ထိုင်းနယ်ခြားကော်မတီ အရာခံဗိုလ် ဝပ်ချနားချိုင်းနှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့သည်။
.
''မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်လည်းဖြစ်၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(၁)အရ နိုင်ငံတော်သမ္မတရုံးက စည်းကမ်းသတ်မှတ်ချက်မထားဘဲ ထိုင်းနိုင်ငံသား နှစ်ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်တာပါ''ဟု မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား တာဝန်ကျပြည်နှင့်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
 .
ထိုင်းနိုင်ငံသား Mr.Suberk နှင့် Mr.NaiJai တို့သည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပစ္စတို သေနတ် ၃ လက်၊ ၎င်းကျည် ၃၄ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိကာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးအရေးယူဆောင်ရွက်ထားရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ လဝက ၁၃(၁)/၁၃(၅)ဖြင့် တာချီလိတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ကျခံစေခဲ့ပြီး နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats