ရွမ္းျပည္နယ္အစိုးရအဖဲြ႔၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ စစ္တုရင္ၿပိဳင္ပဲြမွ ဆုရရွိသူမ်ားကို ဆုခ်ီးျမင့္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, April 11, 2019

ရွမ္းျပည္နယ္အစိုးရအဖဲြ႔၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ စစ္တုရင္ၿပိဳင္ပဲြမွ ဆုရရွိသူမ်ားကို ဆုခ်ီးျမင့္


ေနာင္ (ျမစ္မခ)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕တြင္ ရွမ္းျပည္နယ္အစိုးရအဖဲြ႔၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္ အလိုက္ စစ္တုရင္ၿပိဳင္ပဲြမွ ဆုရရွိသူမ်ားကို ဧၿပီ ၁၀ ရက္က မူဆယ္ၿမိဳ႕၊ မဂၤလာမူဆယ္ခန္းမတြင္ ဆုခ်ီးျမင့္ေပးလိုက္ေၾကာင္း သိရွိရသည္။
အဆိုပါ ၿပိဳင္ပဲြကို ပထမဦးဆံုးအႀကိမ္ျဖစ္ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ေပါင္းစံုမွ စစ္တုရင္အားကစားသမား၊ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားလာေရာက္ယွဥ္ၿပိဳင္ရာမွ ဆုရရွိေသာ အားကစားသမားမ်ားအား ဆုခ်ီးျမင့္ျခင္းျဖစ္ ေၾကာင္း သိရသည္။
ကြ်န္ေတာ္တို႔က အျပည္ျပည္ဆိုင္ရာအမ်ိဳးသား အလြတ္တန္းအသက္(၂၀)ေအာက္အဖဲြ႔လိုက္မွာ ပထမဆုရရွိ တာျဖစ္ပါတယ္။ ဒီမွာႏိုင္ၿပီးေတာ့ ရွမ္းျပည္နယ္ကိုယ္စားျပဳအေနနဲ႔ ေနျပည္ေတာ္မွာ ေနာက္လသြားၿပိဳင္ရမွာပါ။ အရမ္းေပ်ာ္ပါတယ္။’’ဟု လား႐ိႈးၿမိဳ႕မွယွဥ္ၿပိဳင္သူ အသက္ ၁၁ ႏွစ္အရြယ္ ေဇာ္ရဲထြဋ္က ေျပာသည္။  
 ၿပိဳင္ပဲြကို ဧၿပီ ၇ ရက္မွ ၁၀ ရက္အထိ ယွဥ္ၿပိဳင္ကစားၾကရာ ၿပိဳင္ပဲြသို႔ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ေပါင္း ၄၅ ၿမိဳ႕နယ္မွ အားကစားသမား အမ်ိဳးသား၊ အမ်ိဳးသမီး ၂၃၅ ဦး လာေရာက္ယွဥ္ၿပိဳင္ကာ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသား အလြတ္တန္း ၂၅ ႏွစ္အထက္ တစ္ဦးခ်င္းဆု၊ အျပည္ျပည္ဆိုင္ရာ ၂၅ ႏွစ္ေအာက္အလြတ္တန္း အမ်ိဳးသား တစ္ဦးခ်င္းဆု၊ အျပည္ျပည္ဆိုင္ရာ ၂၅ ႏွစ္အထက္အလြတ္တန္း အမ်ိဳးသားဆု၊ အျပည္ျပည္ဆိုင္ရာ ၂၀ ႏွစ္ေအာက္ အလြတ္တန္းအမ်ိဳးသားတစ္ဦးခ်င္းဆု၊ ျမန္မာ႐ိုးရာအမ်ိဳးသားအလြတ္တန္း ၂၅ ႏွစ္အထက္ တစ္ဦးခ်င္းဆု၊ ျမန္မာ့႐ိုးရာအမ်ဳိးသားအလြတ္တန္း ၂၅ ႏွစ္ေအာက္ တစ္ဦးခ်င္းဆု၊ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီး ၂၅ ေအာက္ တစ္ဦးခ်င္းဆု၊ အျပည္ျပည္ဆိုင္ရာအမ်ိဳးသမီး ၂၅ ႏွစ္ေအာက္ အသင္းလိုက္ဆု၊ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသား ၂၀ ႏွစ္ေအာက္ အသင္းလိုက္ဆုႏွင့္ စြယ္စံုတံခြန္စိုက္ဖလားတို႔အား ခ်ီးျမင့္ေပးခဲ့ေၾကာင္း သိရသည္။
အသက္ ၁၁ ႏွစ္ပဲ ရွိေသးတဲ့သားက ၿပိဳင္ခ်င္တယ္ဆိုလို႔ လိုက္လာၿပီးအားေပးတာပါ။ ၿပိဳင္ေနတဲ့အခ်ိန္မွာ လည္း ေရဗူးေလးေတာင္မခ်ေပးထားဘူးဗ်ာ။ မိဘေတြမပါရင္ ဘယ္လိုေတာင္ျဖစ္မလည္းမသိေတာ့ပါဘူး။ ဒီအားကစားကို စိတ္ပါ၀င္စားတဲ႔သူနည္းပါတယ္။ ေျပာခ်င္တာက ဒီအားကစားကို သက္ဆိုင္သူေတြကအားေပး ၾကပါ။’’ဟု လား႐ိႈးၿမိဳ႕မွ လာေရာက္ယွဥ္ၿပိဳင္သူ၏ မိဘတစ္ဦးက ေျပာသည္။
အဆိုပါၿပိဳင္ပဲြတြင္ အျပည္ျပည္ဆိုင္ရာစစ္တုရင္ၿပိဳင္ပဲြ၊ ျမန္မာ့႐ိုးရာစစ္တုရင္ၿပိဳင္ပဲြမ်ားကို အလြတ္တန္း၊ အသက္ ၂၀ ႏွစ္ေအာက္ လူငယ္၊ အတန္းႏွစ္တန္းျဖင့္ အမ်ိဳးသား၊ အမ်ိဳးသမီးအသက္ ၂၅ ႏွစ္ေအာက္ ယွဥ္ၿပိဳင္ခဲ့ကာ ယင္းၿပိဳင္ပဲြမွ ေရြးခ်ယ္ခံရသူမ်ားသည္ ေမ ၁ ရက္မွ ၈ ရက္အထိက်င္းပမည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ စစ္တုရင္ ၿပိဳင္ပဲြတြင္ ဆက္လက္ ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲမှ ဆုရရှိသူများကို ဆုချီးမြင့်
နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ် အလိုက် စစ်တုရင်ပြိုင်ပွဲမှ ဆုရရှိသူများကို ဧပြီ ၁၀ ရက်က မူဆယ်မြို့၊ မင်္ဂလာမူဆယ်ခန်းမတွင် ဆုချီးမြင့်ပေးလိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်ဖြစ် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ စစ်တုရင်အားကစားသမား၊ အမျိုးသား၊ အမျိုးသမီးများလာရောက်ယှဉ်ပြိုင်ရာမှ ဆုရရှိသော အားကစားသမားများအား ဆုချီးမြင့်ခြင်းဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာအမျိုးသား အလွတ်တန်းအသက်(၂၀)အောက်အဖွဲ့လိုက်မှာ ပထမဆုရရှိ တာဖြစ်ပါတယ်။ ဒီမှာနိုင်ပြီးတော့ ရှမ်းပြည်နယ်ကိုယ်စားပြုအနေနဲ့ နေပြည်တော်မှာ နောက်လသွားပြိုင်ရမှာပါ။ အရမ်းပျော်ပါတယ်။’’ဟု လားရှိုးမြို့မှယှဉ်ပြိုင်သူ အသက် ၁၁ နှစ်အရွယ် ဇော်ရဲထွဋ်က ပြောသည်။ 
ပြိုင်ပွဲကို ဧပြီ ၇ ရက်မှ ၁၀ ရက်အထိ ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်မှ အားကစားသမား အမျိုးသား၊ အမျိုးသမီး ၂၃၅ ဦး လာရောက်ယှဉ်ပြိုင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသား အလွတ်တန်း ၂၅ နှစ်အထက် တစ်ဦးချင်းဆု၊ အပြည်ပြည်ဆိုင်ရာ ၂၅ နှစ်အောက်အလွတ်တန်း အမျိုးသား တစ်ဦးချင်းဆု၊ အပြည်ပြည်ဆိုင်ရာ ၂၅ နှစ်အထက်အလွတ်တန်း အမျိုးသားဆု၊ အပြည်ပြည်ဆိုင်ရာ ၂၀ နှစ်အောက် အလွတ်တန်းအမျိုးသားတစ်ဦးချင်းဆု၊ မြန်မာရိုးရာအမျိုးသားအလွတ်တန်း ၂၅ နှစ်အထက် တစ်ဦးချင်းဆု၊ မြန်မာ့ရိုးရာအမျိုးသားအလွတ်တန်း ၂၅ နှစ်အောက် တစ်ဦးချင်းဆု၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ၂၅ အောက် တစ်ဦးချင်းဆု၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီး ၂၅ နှစ်အောက် အသင်းလိုက်ဆု၊ အပြည်ပြည်ဆိုင်ရာ အမျိုးသား ၂၀ နှစ်အောက် အသင်းလိုက်ဆုနှင့် စွယ်စုံတံခွန်စိုက်ဖလားတို့အား ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
“အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့သားက ပြိုင်ချင်တယ်ဆိုလို့ လိုက်လာပြီးအားပေးတာပါ။ ပြိုင်နေတဲ့အချိန်မှာ လည်း ရေဗူးလေးတောင်မချပေးထားဘူးဗျာ။ မိဘတွေမပါရင် ဘယ်လိုတောင်ဖြစ်မလည်းမသိတော့ပါဘူး။ ဒီအားကစားကို စိတ်ပါဝင်စားတဲ့သူနည်းပါတယ်။ ပြောချင်တာက ဒီအားကစားကို သက်ဆိုင်သူတွေကအားပေး ကြပါ။’’ဟု လားရှိုးမြို့မှ လာရောက်ယှဉ်ပြိုင်သူ၏ မိဘတစ်ဦးက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲများကို အလွတ်တန်း၊ အသက် ၂၀ နှစ်အောက် လူငယ်၊ အတန်းနှစ်တန်းဖြင့် အမျိုးသား၊ အမျိုးသမီးအသက် ၂၅ နှစ်အောက် ယှဉ်ပြိုင်ခဲ့ကာ ယင်းပြိုင်ပွဲမှ ရွေးချယ်ခံရသူများသည် မေ ၁ ရက်မှ ၈ ရက်အထိကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲတွင် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment