ဂ်ပန္-ျမန္မာ ပူးေပါင္းဖန္တီးခဲ့ေသာ မုန္႔ဟင္းခါးတစ္ပြဲ ဟာသ႐ုပ္ရွင္ဇာတ္လမ္းမွ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ မ်ားတြင္ ဆု ၆ ဆု ဆြတ္ခူး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, April 21, 2019

ဂ်ပန္-ျမန္မာ ပူးေပါင္းဖန္တီးခဲ့ေသာ မုန္႔ဟင္းခါးတစ္ပြဲ ဟာသ႐ုပ္ရွင္ဇာတ္လမ္းမွ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ မ်ားတြင္ ဆု ၆ ဆု ဆြတ္ခူး


ကေမၻာဇတိုင္း
.
ဂ်ပန္ႏွင့္ ျမန္မာအႏုပညာရွင္မ်ား ပူးေပါင္းဖန္တီးခဲ့သည့္ မုန္႔ဟင္းခါးတစ္ပြဲ အမည္ရ ဟာသ႐ုပ္ရွင္ဇာတ္ လမ္းတိုကို ၿပီးခဲ့သည့္ ဧၿပီလ ၁၀ ရက္က အေမရိကန္ႏုိင္ငံ၊ နယူေယာက္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ေသာ New York Film Awards ၿပိဳင္ပြဲတြင္ ဝင္ေရာက္ျပသခဲ့ရာ Besy Parody ဆု ရရွိခဲ့ၿပီး အဆိုပါ႐ုပ္ရွင္မွ ႏုိင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ မ်ားတြင္ ဆု ခု ဆြတ္ခူးရရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
.

.
အဆိုပါ ႐ုပ္ရွင္ဇာတ္လမ္းတိုမွာ ျမန္မာ့႐ိုးရာအစားအစာျဖစ္ေသာ မုန္႔ဟင္းခါးအေၾကာင္းကို ေခါင္းစဥ္ တစ္ခုအေနျဖင့္ ဖန္တီးထားေသာ ျမန္မာစကားေျပာ ဟာသ႐ုပ္ရွင္ဇာတ္လမ္းတိုတစ္ခုျဖစ္ေၾကာင္း သိရသည္။
.
ထို႔အတူ ျမန္မာႏုိင္ငံတြင္ ၂၀၁၇ ခုႏွစ္က က်င္းပျပဳလုပ္ခဲ့သည့္ ဝႆန္႐ုပ္ရွင္ပြဲေတာ္တြင္လည္း ဆန္ကာ တင္ေရြးခ်ယ္ခံခဲ့ရၿပီး ယခုႏွစ္ ေမလ ၁၈ ရက္တြင္ က်င္းပျပဳလုပ္မည့္ World Cosplay Sumit Myanmar ပြဲတြင္ လည္း ဝင္ေရာက္ျပသႏုိင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
မုန္႔ဟင္းခါးတစ္ပြဲ ႐ုပ္ရွင္ဇာတ္ကားဟာ ၂၀၁၇ ခုႏွစ္က ျမန္မာႏုိ္ငငံမွာ ႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတို ဟာသ ႐ုပ္ရွင္ျဖစ္ပါတယ္။ လူငယ္မုန္႔ဟင္းခါးသည္ေလးတစ္ေယာက္က ဖခင္ျဖစ္သူအတြက္ လက္စားေခ်ဖို႔ ျမန္မာႏုိင္ငံ မုန္႔ ဟင္းခါးေလာကကို လက္ဝါးႀကီးအုပ္ထားတဲ့ မသမာလွ်ိဳ႕ဝွက္ဂိုဏ္းတစ္ခုကို စိန္ေခၚတိုက္ခိုက္တဲ့ ဇာတ္လမ္းေလး တစ္ခုျဖစ္ပါတယ္။ ျမန္မာလူမ်ိဳး သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္ထားၿပီး တက္သစ္စ သ႐ုပ္ေဆာင္ ေနဦးလိႈင္က အဓိက ဇာတ္ေကာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ႐ိုက္တာ Mr. Yuki Kitazumi (Tokyo) ပူးတြဲဒါ႐ိုက္တာ ကို ေအာင္သူရိန္၊ ဇာတ္ညႊန္း Mr. Yuko Hirata (Tokyo) ထုတ္လုပ္သူ Mr. Tomoya Shinmachi (Hyogo) တို႔က အဓိက တာဝန္ယူေဆာင္ရြက္ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္က အေမရိကန္လို ႏုိင္ငံမ်ိဳးမွာ အသိအမွတ္ျပဳခံရတယ္ဆိုေတာ့ အတိုင္းမသိ ဝမ္းသာပီတိျဖစ္ရပါတယ္။ ျမန္မာႏုိင္ငံအေနနဲ႔ ကမၻာမွာ သံသယ ျဖစ္ခံေနရတဲ့ တခ်ိဳ႕အေျခအေနေလးေတြ ရွိေနတာဆိုေတာ့ ဒီ႐ုပ္ရွင္ေလးကို အရင္းခံၿပီး ဒီႏုိင္ငံရဲ႕ အေျခအေနကို နားလည္ေစခ်င္ပါတယ္။ အခုကေနၿပီးေတာ့ ျမန္မာႏုိင္ငံရဲ႕အေၾကာင္းကို ႏုိင္ငံတကာကေန သိရွိေစႏုိင္မယ့္ အလုပ္ေတြကို ဆက္ၿပီး လုပ္ေဆာင္သြားမွာပါဟု ဒါ႐ိုက္တာ Mr. Kitazumi က ေျပာသည္။
.
New York Film Awards ၿပိဳင္ပြဲကို ကမၻာတစ္ဝွမ္းမွ လူငယ္အႏုပညာရွင္မ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ လ်က္ရွိၿပီး လစဥ္က်င္းပေလာ့ရွိေသာ ၿပိဳင္ပြဲတစ္ခုျဖစ္သည္။ ျမန္မာစကားေျပာ ဇာတ္လမ္းတိုျဖစ္ေသာ မုန္႔ဟင္းခါးတစ္ပြဲမွာ ၂၀၁၉ ခုႏွစ္၊ မတ္လအတြက္ ျပဳလုပ္သည့္ ၿပိဳင္ပြဲတြင္ Best Parody ဆုကို ဆြတ္ခူးရရွိခဲ့ျခင္းျဖစ္သည္။
.
အဆိုပါ႐ုပ္ရွင္မွာ ၎ဆုအျပင္ အိႏၵိယႏုိင္ငံတြင္ က်င္းပေသာ L’Age d’Or International Arthouse Film Festival ပြဲတြင္လည္း Best Debut Filmmaker ဆုႏွင့္ Outstanding Achienement Award of Short Film ဆု၊ အေမရိကန္ႏုိင္ငံတြင္ က်င္းပေသာ Indie Short Festival တြင္ Best Parody Short ဆု၊ အေမရိကန္ႏိုင္ငံ၊ Independent Short Awards တြင္ Bronze Award of Best Parody Short ဆု၊ ဂ်ပန္ႏုိင္ငံNagaoka Indies Movie Competition တြင္ Honorable Mention ဆု မ်ားကို ဆြတ္ခူးရရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
.
ဂျပန်-မြန်မာ ပူးပေါင်းဖန်တီးခဲ့သော မုန့်ဟင်းခါးတစ်ပွဲ ဟာသရုပ်ရှင်ဇာတ်လမ်းမှ နိုင်ငံတကာရုပ်ရှင်ပွဲတော် များတွင် ဆု ၆ ဆု ဆွတ်ခူး
.
ကမ္ဘောဇတိုင်း
.
ဂျပန်နှင့် မြန်မာအနုပညာရှင်များ ပူးပေါင်းဖန်တီးခဲ့သည့် မုန့်ဟင်းခါးတစ်ပွဲ အမည်ရ ဟာသရုပ်ရှင်ဇာတ် လမ်းတိုကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်က အမေရိကန်နိုင်ငံ၊ နယူယောက်မြို့တွင် ကျင်းပပြုလုပ်သော New York Film Awards ပြိုင်ပွဲတွင် ဝင်ရောက်ပြသခဲ့ရာ Besy Parody ဆု ရရှိခဲ့ပြီး အဆိုပါရုပ်ရှင်မှ နိုင်ငံတကာရုပ်ရှင်ပွဲတော် များတွင် ဆု ၆ ခု ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ မြန်မာ့ရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါးအကြောင်းကို ခေါင်းစဉ် တစ်ခုအနေဖြင့် ဖန်တီးထားသော မြန်မာစကားပြော ဟာသရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုဖြစ်ကြောင်း သိရသည်။
.
ထို့အတူ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ဝဿန်ရုပ်ရှင်ပွဲတော်တွင်လည်း ဆန်ကာ တင်ရွေးချယ်ခံခဲ့ရပြီး ယခုနှစ် မေလ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် World Cosplay Sumit Myanmar ပွဲတွင် လည်း ဝင်ရောက်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
မုန့်ဟင်းခါးတစ်ပွဲ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်က မြန်မာနို်ငငံမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတို ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။ လူငယ်မုန့်ဟင်းခါးသည်လေးတစ်ယောက်က ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ မြန်မာနိုင်ငံ မုန့် ဟင်းခါးလောကကို လက်ဝါးကြီးအုပ်ထားတဲ့ မသမာလျှို့ဝှက်ဂိုဏ်းတစ်ခုကို စိန်ခေါ်တိုက်ခိုက်တဲ့ ဇာတ်လမ်းလေး တစ်ခုဖြစ်ပါတယ်။ မြန်မာလူမျိုး သရုပ်ဆောင်များစွာ ပါဝင်ထားပြီး တက်သစ်စ သရုပ်ဆောင် နေဦးလှိုင်က အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Mr. Yuki Kitazumi (Tokyo)၊ ပူးတွဲဒါရိုက်တာ ကို အောင်သူရိန်၊ ဇာတ်ညွှန်း Mr. Yuko Hirata (Tokyo)၊ ထုတ်လုပ်သူ Mr. Tomoya Shinmachi (Hyogo) တို့က အဓိက တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်က အမေရိကန်လို နိုင်ငံမျိုးမှာ အသိအမှတ်ပြုခံရတယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ သံသယ ဖြစ်ခံနေရတဲ့ တချို့အခြေအနေလေးတွေ ရှိနေတာဆိုတော့ ဒီရုပ်ရှင်လေးကို အရင်းခံပြီး ဒီနိုင်ငံရဲ့ အခြေအနေကို နားလည်စေချင်ပါတယ်။ အခုကနေပြီးတော့ မြန်မာနိုင်ငံရဲ့အကြောင်းကို နိုင်ငံတကာကနေ သိရှိစေနိုင်မယ့် အလုပ်တွေကို ဆက်ပြီး လုပ်ဆောင်သွားမှာပါဟု ဒါရိုက်တာ Mr. Kitazumi က ပြောသည်။
.
New York Film Awards ပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ လူငယ်အနုပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး လစဉ်ကျင်းပလော့ရှိသော ပြိုင်ပွဲတစ်ခုဖြစ်သည်။ မြန်မာစကားပြော ဇာတ်လမ်းတိုဖြစ်သော မုန့်ဟင်းခါးတစ်ပွဲမှာ ၂၀၁၉ ခုနှစ်၊ မတ်လအတွက် ပြုလုပ်သည့် ပြိုင်ပွဲတွင် Best Parody ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
.
အဆိုပါရုပ်ရှင်မှာ ၎င်းဆုအပြင် အိန္ဒိယနိုင်ငံတွင် ကျင်းပသော L’Age d’Or International Arthouse Film Festival ပွဲတွင်လည်း Best Debut Filmmaker ဆုနှင့် Outstanding Achienement Award of Short Film ဆု၊ အမေရိကန်နိုင်ငံတွင် ကျင်းပသော Indie Short Festival တွင် Best Parody Short ဆု၊ အမေရိကန်နိုင်ငံ၊ Independent Short Awards တွင် Bronze Award of Best Parody Short ဆု၊ ဂျပန်နိုင်ငံNagaoka Indies Movie Competition တွင် Honorable Mention ဆု များကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats