ပင်းတယ ရွှေဥမင်ဘုရားအနီးရှိ ဈေးဆိုင်ခန်းများတွင် ဒေသထွက်ကုန်များ အရောင်းအ၀ယ် ကောင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယ ရွှေဥမင်ဘုရားအနီးရှိ ဈေးဆိုင်ခန်းများတွင် ဒေသထွက်ကုန်များ အရောင်းအ၀ယ် ကောင်းနေ


ဇွဲလေး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်း တယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူ တော် ဘုရားသို့ နွေရာသီအားလပ် ရက်များတွင် ပြည်တွင်းဘုရားဖူးအ များအပြား လာရောက်လည်ပတ် ဖူးမြော်လျက်ရှိရာ ဘုရားဈေးဆိုင် တန်းများ၌ ရောင်းချလျက်ရှိသော ဒေသထွက်ကုန်၊ ရိုးရာစားသောက် ကုန်များနှင့် ရိုးရာအ၀တ်အထည်များ အရောင်းအ၀ယ်ကောင်းလျက်ရှိ ကြောင်း သိရသည်။
.

.
အဆိုပါ ဘုရားဈေးဆိုင်တန်း များတွင် ဒေသထွက်ကုန်များ ဖြစ် သော လက်ဖက်ခြောက်၊ လက်ဖက် စို၊ ဂျူးပဲပုပ်ခြောက်၊ ကောက်ညှင်းပဲ ပုပ်ခြောက် စသည့်ဒေသထွက်ကုန် များ၊ ရိုးရာအစားအစာများဖြစ်သော တိုဟူးကြော်၊ ရှမ်းခေါက်ဆွဲနှင့် ဆေး ဖက်ဝင် ဟင်းသီးဟင်းရွက်အကြော် များ၊ ဒေသထွက်သီးနှံများနှင့်ရိုးရာ အ၀တ်အထည်များ ရောင်းချပေး လျက်ရှိရာ ပြည်တွင်းဘုရားဖူး ဧည့် သည်များနှင့် ကမ်္ဘာလှည့် ခရီးသည် များ အကြိုက်တွေ့ ၀ယ်ယူကြပြီး သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးသည့်အတွက် ၀ယ်ယူမှု များပြားကြောင်း သိရသည်။
.
ယခုအခါ ပင်းတယမြို့နယ်၏ အဓိက ထွက်ကုန်တစ်ခုဖြစ်သော ရွှေဖီဦးလက်ဖက် ထွက်ချိန်ဖြစ် သောကြောင့်လည်းကောင်း၊ အ ခြားသီးနှံများနှင့် ဟင်းသီးဟင်းရွက် များ ထွက်ရှိချိန်ဖြစ်သောကြောင့် လည်းကောင်း ပေါများစွာ ခူးဆွတ် ရောင်းချလျက်ရှိပြီး ရေနွေးကြမ်းနှင့် ဒေသထွက်အစားအစာများအား အစမ်းစားသုံးကြည့်နိုင်ပြီး စားသုံး သူများအကြိုက်တွေ့မှသာလျှင် ၀ယ် ယူနိုင်သည့် ရိုးရာဓလေ့ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats