မိုင်းယောင်း၌ (၄၃)ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 8, 2019

မိုင်းယောင်း၌ (၄၃)ကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲကို ဧပြီလ ၁၁ ရက်မှ ၁၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ စုပေါင်းရဟန်းခံ ရှင်ပြုပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက မိုင်းယောင်းမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးသို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့သည်။
.
အဆိုပါ စုပေါင်းရဟန်းခံရှင်ပြုပွဲကို မိုင်းယောင်းမြို့၊  ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment