တ႐ုတ္ႏုိင္ငံသို႔ ကြၽဲ၊ ႏြားမ်ား တင္ပို႔ရာတြင္ မူဆယ္လမ္းေၾကာင္းအစား လြယ္ဂ်ယ္မွ တင္ပို႔ႏုိင္ေရး ေဆာင္ရြက္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, April 27, 2019

တ႐ုတ္ႏုိင္ငံသို႔ ကြၽဲ၊ ႏြားမ်ား တင္ပို႔ရာတြင္ မူဆယ္လမ္းေၾကာင္းအစား လြယ္ဂ်ယ္မွ တင္ပို႔ႏုိင္ေရး ေဆာင္ရြက္ေန


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နယ္စပ္လမ္းေၾကာင္းမွတဆင့္ တ႐ုတ္ ႏုိင္ငံသို႔ ကြၽဲ၊ ႏြားမ်ား တင္ပို႔ရာတြင္ ယခင္ တင္ပို႔ေနက် မူဆယ္လမ္း ေၾကာင္းအစား ကခ်င္ ျပည္နယ္၊ ဗန္းေမာ္-လြယ္ ဂ်ယ္ လမ္းေၾကာင္းအတုိင္း တင္ပို႔ ႏုိင္ေရး အတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရး ဝန္ႀကီး ဌာနႏွင့္ ေမြးျမဴေရးႏွင့္ ကုသ ေရးဦးစီးဌာနသို႔ တင္ျပ ေဆာင္ရြက္ လ်က္ရွိေၾကာင္း ကြၽဲ၊ ႏြား တင္ပို႔သူ မ်ားထံမွ သိရသည္။
.

.
''တ႐ုတ္ဘက္ကလည္း တစ္ ရက္ကို ေကာင္ေရ ၁၅ဝဝ အထိယူႏိုင္ မယ္လို႔ ဆိုထားတယ္။ အဓိကက ဒီဘက္က တရားဝင္ပို႔တာျဖစ္ေပမယ့္ တ႐ုတ္ဘက္က တရားမဝင္ပါဘူး။ အစိုးရခ်င္း ေဆာင္ရြက္ႏိုင္ဖို႔ တင္ ျပထားေပမယ့္ ခုခ်ိန္ထိေတာ့ အ ဆင္မေျပေသးဘူး။ အခုလမ္းေၾကာင္း အဆင္ေျပရင္စရိတ္လည္း သက္ သာမွာ ျဖစ္သလို ၾကပ္တည္းေနတဲ့ အေျခအေနကိုလည္း ေျဖေလွ်ာ့ရာ ေရာက္မယ္ဆိုၿပီး သက္ဆိုင္တဲ့ဝန္ ႀကီးဌာနေတြကို လမ္းေၾကာင္းခြင့္ျပဳ ခ်က္ တင္ျပေတာင္းခံထားပါတယ္''ဟု ကြၽဲ၊ ႏြား တရားဝင္တင္ပို႔ခြင့္ရသူ မႏၱေလးတိုင္းအဖြဲ႕ဥကၠဌ ဦးစိုးႏိုင္က ေျပာသည္။
.
လက္ရွိ အသံုးျပဳေနသည့္ မူ ဆယ္ လမ္းေၾကာင္းတြင္ တရားဝင္ တင္ပို႔ခြင့္ မရသျဖင့္ အခ်ိဳ႕ေသာကုန္ သည္မ်ား ဆံုး႐ႈံးမႈႀကီးမားစြာရွိေန ၿပီး၊ မူဆယ္ရွိၿခံမ်ားတြင္ အစာဖိုး၊ ထားသိုစရိတ္ ကုန္က်မႈျမင့္မား ေနသည့္အျပင္ တရားမဝင္လမ္း ေၾကာင္းမ်ားမွ အ႐ႈံးေစ်းျဖင့္ ေရာင္း ခ်ရျခင္းမ်ားရွိေနသည့္အတြက္ တစ္ ဘက္က ကမ္းလွမ္းလာသည့္ လြယ္ ဂ်ယ္မွာ တရားဝင္လမ္းေၾကာင္း ျဖစ္ သလို ကုန္သြယ္ေရးဇုန္လည္းရွိေန သည့္အတြက္ မူဆယ္လမ္းေၾကာင္း အစား လမ္းေၾကာင္းအသစ္မွ တင္ပို႔ ႏုိင္ရန္ စီစဥ္ေဆာင္ရြက္ေနျခင္း ျဖစ္ ေၾကာင္း သိရသည္။
.
''လြယ္ဂ်ယ္လမ္းေၾကာင္းကေန တင္ပို႔မယ္ဆိုရင္ မူဆယ္လမ္း ေၾကာင္းထက္ တစ္ေခါက္ကို သယ္ ယူစရိတ္ က်ပ္သိန္း ၁ဝဝ ေလာက္ သက္သာႏုိင္ပါတယ္။ တရားမဝင္ ေရႊလီျမစ္ကို ျဖတ္ကူးေနရေတာ့ စရိတ္က ယြမ္ ၁၅ဝဝ ေလာက္ကုန္ တယ္။ လြယ္ဂ်ယ္လမ္းကေတာ့ ယြမ္ ၃ဝဝ ေလာက္ပဲကုန္မယ္ဆိုရင္ ႏြား တစ္ေကာင္ကို က်ပ္ ၁ သိန္း ေလာက္ပိုက်န္ႏုိင္ၿပီး အဆင္ေျပ လာႏုိင္ပါတယ္။ ဒါေပမဲ့ တ႐ုတ္ဘက္ က ေျပာတဲ့အတုိင္း ယူဖို႔လိုမွာျဖစ္လို႔ ေစာင့္ၾကည့္ရမယ့္ အေျခအေနပါပဲ''ဟု တရားဝင္ ကြၽဲ၊ ႏြားတင္ပို႔ေနသည့္ ကုမၸဏီတစ္ခုျဖစ္ေသာ ေမာက္ခမ္း ကုမၸဏီမွ ဒါ႐ိုက္တာက ေျပာသည္။
.
လက္ရွိအခ်ိန္တြင္ မူဆယ္၌ ကြၽဲ၊ ႏြားမ်ားတင္ပို႔ခြင့္မရသျဖင့္ ထပ္မံတင္ပို႔မည့္ ႏြားမ်ားကို နား ကပ္႐ိုက္ခြင့္ ဆိုင္းငံ့ထားရသလို ၿခံ မ်ားတြင္လည္း ထိန္းသိမ္းေစာင့္ ေရွာက္ထားရလ်က္ရွိသည္ဟု ¤င္းက ဆိုသည္။
.
တ႐ုတ္ႏိုင္ငံမွ ဝယ္လက္မ်ား၏ လုိအပ္ခ်က္မ်ားမွာ ႏြားသိုးမ်ားျဖစ္ သလို ေစ်းေကာင္းေပးဝယ္ေသာ္ လည္း ျမန္မာႏိုင္ငံ သတ္မွတ္ခ်က္ အရ သင္းၿပီးႏြားထီးမ်ားကိုသာသယ္ ေဆာင္ခြင့္ေပးထားသျဖင့္ ေမွာင္ခို ေစ်းကြက္အျဖစ္ လုပ္ေဆာင္ေနရ ေၾကာင္း၊ လမ္းခရီးဂိတ္မ်ိဳးစံုကိုျဖတ္ သန္းရာတြင္လည္း ကုန္သည္နည္း ကုန္သည္ဟန္မ်ားျဖင့္ ျဖတ္သန္းမွသာ အဆင္ေျပေခ်ာေမြ႕ရေၾကာင္း၊ သို႔မ ဟုတ္ပါက ေႏွာင့္ေႏွးရသည့္ အ ျပင္ လက္နက္ကိုင္မ်ား၏ အႏၱရာယ္ကို လည္းအထူးသတိထားၾကရ ေၾကာင္း ကြၽဲ၊ ႏြားတင္ပို႔သူမ်ားထံမွ သိရ သည္။
.
တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တင်ပို့ရာတွင် မူဆယ်လမ်းကြောင်းအစား လွယ်ဂျယ်မှ တင်ပို့နိုင်ရေး ဆောင်ရွက်နေ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်လမ်းကြောင်းမှတဆင့် တရုတ် နိုင်ငံသို့ ကျွဲ၊ နွားများ တင်ပို့ရာတွင် ယခင် တင်ပို့နေကျ မူဆယ်လမ်း ကြောင်းအစား ကချင် ပြည်နယ်၊ ဗန်းမော်-လွယ် ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့ နိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနသို့ တင်ပြ ဆောင်ရွက် လျက်ရှိကြောင်း ကျွဲ၊ နွား တင်ပို့သူ များထံမှ သိရသည်။
.
''တရုတ်ဘက်ကလည်း တစ် ရက်ကို ကောင်ရေ ၁၅ဝဝ အထိယူနိုင် မယ်လို့ ဆိုထားတယ်။ အဓိကက ဒီဘက်က တရားဝင်ပို့တာဖြစ်ပေမယ့် တရုတ်ဘက်က တရားမဝင်ပါဘူး။ အစိုးရချင်း ဆောင်ရွက်နိုင်ဖို့ တင် ပြထားပေမယ့် ခုချိန်ထိတော့ အ ဆင်မပြေသေးဘူး။ အခုလမ်းကြောင်း အဆင်ပြေရင်စရိတ်လည်း သက် သာမှာ ဖြစ်သလို ကြပ်တည်းနေတဲ့ အခြေအနေကိုလည်း ဖြေလျှော့ရာ ရောက်မယ်ဆိုပြီး သက်ဆိုင်တဲ့ဝန် ကြီးဌာနတွေကို လမ်းကြောင်းခွင့်ပြု ချက် တင်ပြတောင်းခံထားပါတယ်''ဟု ကျွဲ၊ နွား တရားဝင်တင်ပို့ခွင့်ရသူ မန္တလေးတိုင်းအဖွဲ့ဥက္ကဌ ဦးစိုးနိုင်က ပြောသည်။
.
လက်ရှိ အသုံးပြုနေသည့် မူ ဆယ် လမ်းကြောင်းတွင် တရားဝင် တင်ပို့ခွင့် မရသဖြင့် အချို့သောကုန် သည်များ ဆုံးရှုံးမှုကြီးမားစွာရှိနေ ပြီး၊ မူဆယ်ရှိခြံများတွင် အစာဖိုး၊ ထားသိုစရိတ် ကုန်ကျမှုမြင့်မား နေသည့်အပြင် တရားမဝင်လမ်း ကြောင်းများမှ အရှုံးစျေးဖြင့် ရောင်း ချရခြင်းများရှိနေသည့်အတွက် တစ် ဘက်က ကမ်းလှမ်းလာသည့် လွယ် ဂျယ်မှာ တရားဝင်လမ်းကြောင်း ဖြစ် သလို ကုန်သွယ်ရေးဇုန်လည်းရှိနေ သည့်အတွက် မူဆယ်လမ်းကြောင်း အစား လမ်းကြောင်းအသစ်မှ တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း သိရသည်။
.
''လွယ်ဂျယ်လမ်းကြောင်းကနေ တင်ပို့မယ်ဆိုရင် မူဆယ်လမ်း ကြောင်းထက် တစ်ခေါက်ကို သယ် ယူစရိတ် ကျပ်သိန်း ၁ဝဝ လောက် သက်သာနိုင်ပါတယ်။ တရားမဝင် ရွှေလီမြစ်ကို ဖြတ်ကူးနေရတော့ စရိတ်က ယွမ် ၁၅ဝဝ လောက်ကုန် တယ်။ လွယ်ဂျယ်လမ်းကတော့ ယွမ် ၃ဝဝ လောက်ပဲကုန်မယ်ဆိုရင် နွား တစ်ကောင်ကို ကျပ် ၁ သိန်း လောက်ပိုကျန်နိုင်ပြီး အဆင်ပြေ လာနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက် က ပြောတဲ့အတိုင်း ယူဖို့လိုမှာဖြစ်လို့ စောင့်ကြည့်ရမယ့် အခြေအနေပါပဲ''ဟု တရားဝင် ကျွဲ၊ နွားတင်ပို့နေသည့် ကုမ္ပဏီတစ်ခုဖြစ်သော မောက်ခမ်း ကုမ္ပဏီမှ ဒါရိုက်တာက ပြောသည်။
.
လက်ရှိအချိန်တွင် မူဆယ်၌ ကျွဲ၊ နွားများတင်ပို့ခွင့်မရသဖြင့် ထပ်မံတင်ပို့မည့် နွားများကို နား ကပ်ရိုက်ခွင့် ဆိုင်းငံ့ထားရသလို ခြံ များတွင်လည်း ထိန်းသိမ်းစောင့် ရှောက်ထားရလျက်ရှိသည်ဟု ¤င်းက ဆိုသည်။
.
တရုတ်နိုင်ငံမှ ဝယ်လက်များ၏ လိုအပ်ချက်များမှာ နွားသိုးများဖြစ် သလို စျေးကောင်းပေးဝယ်သော် လည်း မြန်မာနိုင်ငံ သတ်မှတ်ချက် အရ သင်းပြီးနွားထီးများကိုသာသယ် ဆောင်ခွင့်ပေးထားသဖြင့် မှောင်ခို စျေးကွက်အဖြစ် လုပ်ဆောင်နေရ ကြောင်း၊ လမ်းခရီးဂိတ်မျိုးစုံကိုဖြတ် သန်းရာတွင်လည်း ကုန်သည်နည်း ကုန်သည်ဟန်များဖြင့် ဖြတ်သန်းမှသာ အဆင်ပြေချောမွေ့ရကြောင်း၊ သို့မ ဟုတ်ပါက နှောင့်နှေးရသည့် အ ပြင် လက်နက်ကိုင်များ၏ အန္တရာယ်ကို လည်းအထူးသတိထားကြရ ကြောင်း ကျွဲ၊ နွားတင်ပို့သူများထံမှ သိရ သည်။
.

No comments:

Post a Comment