အာခါတိုင်းရင်းသားများ၏ တီးမှုတ်ခြင်း မပါသည့် ရိုးရာ အဆိုဂီတများ တိမ်မြုပ် ပျောက်ကွယ်နိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, April 6, 2019

အာခါတိုင်းရင်းသားများ၏ တီးမှုတ်ခြင်း မပါသည့် ရိုးရာ အဆိုဂီတများ တိမ်မြုပ် ပျောက်ကွယ်နိုင်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေချ နေထိုင်လျက်ရှိသော အာခါ တိုင်းရင်းသားလူမျိုးများ၏ တီးမှုတ် ခြင်း မပါဝင်ဘဲ သီချင်းစာသားသက် သက် အသံနေအသံထားဖြင့် သီဆို သည့် ဂီတမှာ တိမ်မြုပ်ပျောက်ကွယ် သွားနိုင်သည်ဖြစ်ရာ မပျောက်ကွယ် စေရန်အတွက် လက်ဆင့်ကမ်းထိန်း သိမ်းရန် လိုအပ်နေကြောင်း သိရသည်။
.

.
အာခါတိုင်းရင်းသားများ၏ ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာအရ အလှူမင်္ဂလာပွဲနှင့် လယ်ယာ၊ တောင် ယာလုပ်ငန်းခွင်များ၌ သီချင်းစာသား ချည်းသက်သက် သီဆိုဖျော်ဖြေသည့် ရိုးရာဂီတသီချင်းများအား မျိုးဆက် သစ်လူငယ်များက လက်ဆင့်ကမ်းအ မွေ အနှစ်အဖြစ် လက်ဆင့်ကမ်း ထိန်း သိမ်းကာ သီဆိုခြင်းမျိုးကို မတွေ့ရ သဖြင့် မကြာမီတွင်တိမ်ကောပျောက် ကွယ်သွားနိုင်သည်ဟု ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာ အုပ်စုရှိ တင်းထိုက်အာခါကျေးရွာနေ ဦးလောဂျူးထံမှ သိရသည်။
.
တီးမှုတ်ခြင်းကိရိယာ မပါဝင်ဘဲ စာသားသက်သက် သီဆိုဖျော် ဖြေရသည့် အာခါတိုင်းရင်းသား ရိုးရာဂီတတွင် ရေမြေတောတောင်၊ လယ်ယာ၊ ကျေးငှက်တိရစ္ဆာန် သဘာ ၀သရုပ်ဖော်နှင့် မိသားစု၊မိတ်ဆွေ၊ ချစ်ခင်သူများ၏ ဆက်ဆံရေးအ ကောင်း၊ အဆိုးလောကဓံတရားများ ၏ အနက်အဓိပ်္ပါယ်အား ဖော်ကျူး ကာ သံရှည်ဆွဲ၍ မည်သံစွဲ အလင်္ကာဖြင့် သီဆိုကြခြင်းဖြစ်ကြောင်း သိရသည်။
.
အခုလက်ရှိ ရွာပွဲတွေ၊ အခမ်း အနားတွေမှာ သီချင်းဆိုတတ်သူက အသက် ၆၀ ကျော် အဖိုးအဖွားတချို့ပဲ အနည်းအကျဉ်းကျန်ပါတယ်။ ကျွန်တော်တို့လို အသက် ၄၀ ကျော်တွေတောင် မဆိုဖြစ်ခဲ့ရာကနေ မဆိုတတ်ပါဘူး။ အညှာမှာ မြရည်လိမ်းတယ်ဆိုသလို အနှစ်သာရအဓိပ္ပာယ် ကြွယ်ဝနေတာကို နားမလည်တာ ကြောင့်လည်း ပါပါတယ်။ တကယ် ဆိုရင် ကိုယ့်ရိုးရာမပျက်အောင်တော့ ထိန်းသိမ်းထားသင့်တယ်ဆိုတာ သိပေမယ့် ဘယ်သူမှ အလေးနက် မထားတော့ တစ်နေ့နေ့မှာ ပျောက်ကွယ်သွားနိုင်ပါတယ်””ဟု ဦးလော ဂျူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံတကသိုလ်မှ အာခါတိုင်းရင်းသားတက္ကသိုလ် ကျောင်းသားတစ်ဦးကလည်း ကျွန်တော် ငယ်ငယ်က ခေတ်ပေါ်သီချင်း တွေ တအားကြိုက်လို့အလွတ်ရပါ တယ်။ ဒါပေမဲ့ အဘိုး၊ အဘွားတွေဆို နေကြတဲ့ အာခါသီချင်းကိုတော့ တစ်ခါမှ မဆိုဖြစ်ခဲ့ပါဘူးဟု ပြောသည်။
.
အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ သံလွင်မြစ် အရှေ့ခြမ်း ဖြစ်သည့် ကျိုင်းတုံခရိုင်၊ တာချီလိတ် ခရိုင်နှင့် မိုင်းဆတ်ခရိုင်များအတွင်း ပျံ့နှံ့နေထိုင်လျက်ရှိပြီး နယ်မြေချင်း ထိစပ်နေသော အိမ်နီးချင်း တရုတ် နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံများ တွင် နေထိုင်ကြသူများလည်း ရှိနေ ကာ ၀တ်စားဆင်ယင်မှုနှင့် ဘာသာ စကားမှာလည်း တူညီမှုများစွာရှိနေ ကြောင်း သိရသည်။
.

No comments:

Post a Comment