ကလောတွင် တပ်မတော်အရာရှိ မောင်းနှင်လာသည့် ယာဉ် တိမ်းမှောက်သဖြင့် ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 5, 2019

ကလောတွင် တပ်မတော်အရာရှိ မောင်းနှင်လာသည့် ယာဉ် တိမ်းမှောက်သဖြင့် ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ လမိုင်းကျေးရွာ အနီး၌ တပ်မတော်အရာရှိ မောင်းနှင်လာသော မော်တော်ယာဉ်သည် ဧပြီလ ၄ ရက်၊ ည ၉ နာရီ ကျော်ခန့်တွင် တိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါရှိသူ ၂ ဦး သေဆုံးကာ၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ဟိုပုံးမြို့၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ ဗိုလ်ကြီး သန်းထိုက်အောင်သည် မော်တော်ယာဉ်အမှတ်၊ 7D/1176 HONDA FIT-GD1 ယာဉ်အား ပင်လောင်းဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် လမိုင်းကျေးရွာ အကျော် မိုင်တိုင်အမှတ် (၄/၇)နှင့် (၅/၀)ကြားသို့ အရောက်တွင် လမ်း၏ ယာဘက်အခြမ်းသို့ အရှိန်မထိမ်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ ဗိုလ်ကြီး သန်းထိုက်အောင် အပါအ၀င် ၄ ဦးမှာ ဒဏ်ရာများ ရရှိကာ အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၇၀၀)၌ ဆေးကုသမှု ခံယူနေရလျက် ရှိကြောင်းနှင့် ယာဉ်ပေါ် ပါသူများမှာ မိသားစုဝင်များ ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်၍ တိမ်းမှောက်ကာ အခြားသူများအား ဒဏ်ရာများ ရရှိ/ သေဆုံးစေသူ ယာဉ်မောင်း ဗိုလ်ကြီး သန်းထိုက်အောင်အား ဥပဒေအရ အရေးယူပေးရန်အတွက် အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကလောတပ်ဖွဲ့စိတ်မှ ကလော မြို့မရဲစခန်းသို့ တိုင်ကြားခြင်းကြောင့် ယာဉ်(ပ) ၃/၂၀၁၉၊ ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment