ပင်းတယနှင့် ကျောက်မဲမြို့များတွင် လမ်းလျှောက်သင်္ကြန်ပွဲ ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 3, 2019

ပင်းတယနှင့် ကျောက်မဲမြို့များတွင် လမ်းလျှောက်သင်္ကြန်ပွဲ ပြုလုပ်မည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတ ယ မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်များတွင် မြန်မာ့ရိုးရာ လမ်းလျှောက်မဟာသင်္ကြန် ပွဲတော်များကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

.
ပင်းတယမြို့တွင် ကျင်းပပြု လုပ်မည့် ဓနုရိုးရာလမ်းလျှောက် သင်္ကြန်ပွဲတော်မှာ ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်း ပပြုလုပ်ခဲ့ကာ ထိုစဉ်ကလည်း မျှော် မှန်းထားသည်ထက် ပိုမိုစည်ကား ခဲ့သည်ဟု သိရသည်။
.
ဒီနှစ်၊က၊တော့ မနှစ်၊ကနဲ့မတူ တမူထူးပြီး ရိုးရာပုံစံဝါးကို အသုံးပြုပြီး  လမ်းတစ်လျှောက် အလှဆင်မှာပါ။ ပထမဆုံး သံဃာတော်တွေကိုဆွမ်း ကပ်မယ်၊ ဘိုးဘွားကန်တော့မယ်၊ ပြီးတော့ ရိုးရာဝတ်စုံဝတ်ပြီး အောင် သပြေခက်နဲ့ ရိုးရာ အိုးစည်တီးပြီး အေးချမ်းယဉ်ကျေးစွာ လမ်းလျှောက် ရေကစားကြမှာပါ။ ဓနုတိုင်းရင်းသား လူငယ်မောင်မယ်တွေ ရိုးရာဓလေ့ကို ချစ်ခင်ပြီး ရိုးရာဝတ်စုံကို မြတ်နိုး ခင်မင်စွာ ၀တ်ဆင်တတ်ကြစေဖို့ ရည် ရွယ်ပါတယ်ဟု ဓနုတိုင်းရင်းသား လူငယ်အဖွဲ့မှ ပရဟိတအကျိုးဆောင် စိုင်းလူခေးက ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်လည်း ပထမဆုံးအကြိမ်အဖြစ် လမ်း လျှောက်သင်္ကြန်နှင့် စတုဒီသာကျွေး မွေးခြင်းများ ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်လည်း ထိုင်း-မြန် မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရရှိ စေရန်ရည်ရွယ်၍ ချစ်ကြည်ရေး တံတားပေါ်၌ လမ်းလျှောက်သင်္ကြန် ပွဲတော် ပြုလုပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats