လားရှိုးမြို့တွင် မြန်မာ့ရိုးရာအတာ သင်္ကြန်၌ မဏ္ဍပ်ကြီး ၆ ခု အပြင် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များကို ခွင့်ပြုပေးထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 10, 2019

လားရှိုးမြို့တွင် မြန်မာ့ရိုးရာအတာ သင်္ကြန်၌ မဏ္ဍပ်ကြီး ၆ ခု အပြင် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များကို ခွင့်ပြုပေးထား


နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့၌ ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် မဏ္ဍပ်ကြီး ၆ ခုအပြင် ရပ်ကွက်အလိုက် ရေက စားမဏ္ဍပ်များကို ခွင့်ပြုပေးထား ကြောင်း သိရှိရသည်။  
.

.
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ တော်ကို ပုံစံမျိုးစုံဖြင့် ကျင်းပလျက် ရှိရာ အချို့မြို့များတွင် လမ်းလျှောက် သင်္ကြန်၊ စတုဒီသာကျွေးမွေးခြင်းများ ကို ပြုလုပ်ကြပြီး လားရှိုးမြို့တွင် လည်း ယင်းကဲ့သို့ စည်ကားစေရန် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 
.
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ်၊ သက် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ က လုံခြုံရေးကို ဖြန့်ခွဲဆောင်ရွက် ပြီးတော့  အရပ်ဖက်ကလုပ်တဲ့ မဏ္ဍပ် ကြီး ၆ ခုရယ်၊ ရေကစားမဏ္ဍပ် အငယ်လေးတွေနဲ့ စည်ကားအောင် ကျင်းပ သွားမှာပါ။ ရမခ တပ်ထဲ မှာလည်း တပ်မိသားစုမဏ္ဍပ်အ ကြီးတွေ ရှိပါတယ်။ အရပ်သားတွေ သွားရောက်ပြီးတော့ လည်ပတ်လို့ ရပါတယ်””ဟု လားရှိုးမြို့နယ် အုပ် ချုပ်ရေး မှူး ဦးအာကာလင်းက ပြောသည်။
.
လားရှိုးမြို့တွင် ယခင်နှစ်များ၌ ကုမ်္ပဏီမှ ပြုလုပ်သည့် မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များရှိခဲ့ပြီး ယခုနှစ်တွင်လည်း ရပ်ကွက်တစ်ခု လျှင် မဏ္ဍပ်တစ်ခုရှိစေလိုပြီး ကုမ်္ပဏီ များမှလည်း ရေကစားမဏ္ဍပ်များ တည်ဆောက်ပေးစေလိုကြောင်း ဒေသခံတို့က ဆိုသည်။ 
.
 ““ဒီနှစ်လားရှိုးမှာ လမ်းလျှောက် သင်္ကြန်မရှိရင် ကျောက်မဲကို သွား လည်မယ်လို့ စိတ်ကူးထားပါ တယ်။ ကျောက်မဲမှာကတော့ လမ်းလျှောက် သင်္ကြန်ကျင်းပမယ်လို့ သိရပါတယ်။ ကျောက်မဲက သိပ်လည်းမဝေးလို့ ပါ။”ဟု လားရှိုးမြို့ဒေသခံ ကိုသူရိန် က ပြောသည်။
.
လားရှိုးမြို့တွင် ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး သင်္ကြန်ကာလတွင် သဘာဝရေပူစမ်း၊ ရေအေးချောင်း၊ ဟူးမွန်ဆည်၊ ကလေးများရေကစား ရာ  Water Park နှင့် ရှန်ခိုက် ရေ ကူးကန်သို့လည်း သွားရောက် လည် ပတ် ကစားနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats