ေျမြမေသ တုတ္မက်ိဳး ေျဖရွင္းရမည့္ က်ဴး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019

ေျမြမေသ တုတ္မက်ိဳး ေျဖရွင္းရမည့္ က်ဴး


ကေမၻာဇတိုင္း
.

ေရြးေကာက္ခံ NLD အစိုးရလက္ထက္ သက္တမ္း ၃ ႏွစ္တာ ကာလအတြင္း၌ ရည္မွန္းခ်က္ တာဝန္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာတြင္ ေအာင္ျမင္သည့္ လုပ္ငန္းမ်ား ရွိသလို လုပ္ငန္း အမ်ားစုမွာ အတိုင္းအတာ တစ္ခုအထိသာ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏုိင္ေသးေၾကာင္း ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ကေမၻာဇတိုင္း၏ အင္တာဗ်ဴး အစီအစဥ္တြင္ ေျပာၾကားခဲ့ပါသည္။
.
ရွမ္းျပည္နယ္သည္ ျမန္မာႏိုင္ငံအတြင္းရွိ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၄ ခုအနက္ နယ္ေျမဧရိယာ အက်ယ္ျပန္႔ဆံုး ျပည္နယ္ျဖစ္သလို တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား အမ်ားဆံုး ေနထုိင္ရာ ျပည္နယ္လည္း ျဖစ္သည္။ ထို႔အျပင္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားလည္း အမ်ားဆံုး တည္ရွိရာ ျပည္နယ္တစ္ခုျဖစ္သည့္ အေလ်ာက္ ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ စီမံအုပ္ခ်ဳပ္မႈအပိုင္းတြင္ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားကဲ့သို႔ လြယ္ကူ အဆင္ေျပေခ်ာေမြ႕မည္ မဟုတ္သည္မွာ အေသအခ်ာပင္ ျဖစ္သည္။
.
ယင္းကဲ့သို႔ ျပည္နယ္အစိုးရအဖြဲ႕၏ ေျဖရွင္းေဆာင္ရြက္ေနရသည့္ ျပႆနာအ႐ႈပ္အေထြးမ်ားအနက္တြင္ တစ္ခု အပါအဝင္ျဖစ္ေသာ ေျမယာျပႆနာသည္လည္း စိန္ေခၚမႈ တစ္ရပ္သဖြယ္ တည္ရွိေနပါသည္။ ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕အေနျဖင့္ သက္တမ္း ၃ ႏွစ္တာ ကာလအတြင္း ျပန္လည္စြန္႔လႊတ္ အပ္ႏွံေျမ ေျမဧရိယာ (၃ဝ၈၃၁ ဒသမ ၆၈၈)ဧကအနက္မွ (၂၉၅၇၂ ဒသမ ၅၇၆)ဧကကို သက္ဆိုင္သူမ်ားထံသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ႏုိင္ခဲ့ၿပီး ျဖစ္ ပါေၾကာင္းႏွင့္ လႊဲေျပာင္းရန္ က်န္ရွိေသာ ဧရိယာ ၁၂၁၈ ဒသမ ၁၇၂ ဧကကိုလည္း ေတာင္သူမ်ား လက္ဝယ္ သို႔ အျမန္ျပန္လည္ ေပးအပ္ႏိုင္ေရးအတြက္ မူလလုပ္ကိုင္သူ မွန္ကန္ေရးကို စိစစ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရပါသည္။ ယင္း ကိန္းဂဏန္းမ်ားက အစိုးရအဖြဲ႕မွ ထုတ္ျပန္ထားေသာ ကိန္းဂဏန္းမ်ားသာျဖစ္ၿပီး အမွန္တကယ္ ေတာင္သူလယ္ဝယ္သို႕ေရာက္ရွိမႈ အေျခအေနမွာ တစ္မ်ိဳးတစ္မည္ ျဖစ္ႏုိင္ပါသည္။ အခ်ိဳ႕ေသာ ေျမယာကိစၥရပ္မ်ားတြင္ သက္ဆုိင္ရာမွ ျပန္လည္စြန္႔လႊတ္ၿပီး ျဖစ္ေသာ္လည္း မူလပိုင္ ေတာင္သူမ်ား လက္ဝယ္သို႔ ျပန္လည္ေရာက္ရွိျခင္း မရွိဘဲ လက္လႊဲလက္ေျပာင္း ေရာက္ရွိသြားသည္ကိုလည္း ၾကားသိေနရသည္။
.
လယ္ယာေျမ ျပႆနာအျပင္ ျပည္နယ္အစိုးရအတြက္ အဓိက ရင္ဆုိင္ေနရသည့္ ေျမယာျပႆနာ တစ္ရပ္မွာ ၿမိဳ႕ျပေဒသမွ က်ဴးေက်ာ္မ်ားအေရးျဖစ္သည္။ တစ္ႏွစ္ထက္ တစ္ႏွစ္ တိုးပြားလာေသာ လူဦးေရႏွင့္ ေက်းလက္ ေဒသမွ ၿမိဳ႕ျပသို႔ ေျပာင္းေရႊ႕ အေျခခ်လာမႈမ်ားေၾကာင့္ ၿမိဳ႕ျပမ်ားတြင္ လူဦးေရက သိပ္သည္းမႈ မ်ားလာၿပီး ေနစရာေျမေနရာ အခက္အခဲ ျဖစ္ေပၚလာရသည္။ စား၊ ဝတ္၊ ေနေရးဟု ေရွးလူႀကီးမ်ား ေျပာဆိုခဲ့သည့္အတုိင္း လူရယ္လို႔ ျဖစ္လာလွ်င္ ပထမဦးဆံုး အသက္ရွင္သန္ေရးအတြက္ စားေသာက္ေရးကို ရွာႀကံရသည္။ ထို႔ေနာက္ အရွက္လံုေစေရးႏွင့္ သင့္တင့္ ေသာ ခႏၶာကိုယ္အကာအကြယ္ ရရွိေရးအတြက္ ဝတ္ဆင္ေရးကိစၥကို ရွာႀကံရသည္။ ထိုႏွစ္ခ်က္ ျပည့္စံုလွ်င္ ေနထုိင္ေရးအတြက္ ရွာႀကံရျပန္သည္။
.
ယင္းကဲ့သို႔ ေနထိုင္ေရးအတြက္ အပူမွာ ေက်းလက္ေဒသမ်ားတြင္ မသိသာေသာ္လည္း ၿမိဳ႕ျပတြင္မူ အခက္အခဲ တစ္ရပ္ ျဖစ္လာသည္။ ေနထိုင္စရာ မရွိသူမ်ားက သင့္ေတာ္ရာ ေနရာတြင္ ျဖစ္သလို က်ဴးေက်ာ္ေနထိုင္ၾကသည္။ ေတာင္ႀကီးၿမိဳ႕အေနာက္ဘက္ ေတာင္တစ္ေၾကာတြင္ က်ဴးေက်ာ္ေနအိမ္မ်ားကို အမ်ားအျပား ျမင္ေတြ႕ရမည္ျဖစ္ပါ သည္။ အဆိုပါ က်ဴးေက်ာ္မ်ားကို ဖယ္ရွားေရးမွာလည္း ျပည္နယ္အစိုးရအဖြဲ႕အတြက္ အဓိက ေခါင္းခဲစရာ ျပႆနာ တစ္ရပ္ ျဖစ္ေနသည္။ မသိခ်င္ေယာင္ေဆာင္၍ မလုပ္မ႐ႈတ္ မျပဳတ္ေနျခင္းလည္း ျဖစ္ႏိုင္ေပသည္။
.
မရွိဆင္းရဲ၍ က်ဴးေက်ာ္ေနထုိင္သူမ်ား ရွိသကဲ့သို႔ ေငြေၾကးတတ္ႏုိင္သူမ်ားမွ ဥပေဒကို မသိက်ိဳးကြၽံ ျပဳကာ က်ဴးေက်ာ္မႈမ်ားကိုလည္း ေတြ႕ျမင္ေနရသည္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ စီမံခန္႔ခဲြပိုင္ခြင့္ရွိေသာ ေျမေနရာျဖစ္သည့္ ေတာင္ႀကီးၿမိဳ႕၊ ကံႀကီးရပ္ကြက္၊ ေတာင္ႀကီး-ဟိုပံုးသြားကားလမ္း ယာဘက္အတြင္းရွိ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေရး႐ုံး အနီး၌ ခြင့္ျပဳခ်က္ မရွိဘဲ တရားမဝင္ ေဆာက္လုပ္ထားေသာ ၃ ထပ္ အေဆာက္အဦႀကီးမွာ ျပည္နယ္အစိုးရကို မထီမဲ့ျမင္ ျပဳသကဲ့သို႔ ျဖစ္ေနသည္။ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ကလည္း ခရီးစဥ္  တစ္ခုတြင္ မိမိတို႔ အစိုးရလက္ထက္၌ က်ဴးေက်ာ္ မရွိေၾကာင္းႏွင့္ ရွိပါကလည္း လက္သင့္ခံမည္ မဟုတ္ေၾကာင္း ေျပာဆိုထားသည့္အျပင္ ပါဝင္ပတ္သက္ သည့္ တာဝန္ရွိ ဌာနဆိုင္ရာမ်ားကိုပါ အေရးယူမည္ဟု ေျပာဆိုခဲ့ပါသည္။ အဆိုပါ ေဆာက္လုပ္ထားသည့္ ၃ ထပ္ အေဆာက္အဦ အပါအဝင္ အျခားေသာသူမ်ား၏ က်ဴးေက်ာ္ေနမႈကို သက္ဆုိင္ရာဌာနမ်ားမွ တားျမစ္စာမ်ား ထုတ္ျပန္ၿပီး လုပ္ထံုး လုပ္နည္းႏွင့္အညီ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေျပာဆိုထားေသာ္လည္း ယေန႔တုိင္ မည္သည့္ အေရးယူ ေဆာင္ရြက္မႈမ်ိဳးကိုမွ် မေတြ႕ရေသးေခ်။ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေျပာၾကားခဲ့သည့္ စကားႏွင့္ ဖီလာဆန္႔က်င္ေနသည့္သဖြယ္ ျဖစ္ေနသည္ကို ေတြ႕ရသည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အေနျဖင့္ က်န္ရွိေနသည့္ သက္တမ္း ၂ ႏွစ္တာ ကာလအတြင္း အျခားေသာ ျပည္နယ္ အေရးကိစၥမ်ားႏွင့္အတူ ေျမယာျပႆနာ၊ အထူးအားျဖင့္ က်ဴး ျပႆနာမ်ားကိုလည္း ေျ>ြမမေသ တုတ္မက်ိဳး Win Win စနစ္ျဖင့္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏုိင္ပါေစေၾကာင္း။  
.
မြွေမသေ တုတ်မကျိုး ဖြေရှင်းရမည့် ကျူး
.
ကမ္ဘောဇတိုင်း
.
ရွေးကောက်ခံ NLD အစိုးရလက်ထက် သက်တမ်း ၃ နှစ်တာ ကာလအတွင်း၌ ရည်မှန်းချက် တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်သည့် လုပ်ငန်းများ ရှိသလို လုပ်ငန်း အများစုမှာ အတိုင်းအတာ တစ်ခုအထိသာ အောင်မြင်အောင် ဆောင်ရွက်နိုင်သေးကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ကမ္ဘောဇတိုင်း၏ အင်တာဗျူး အစီအစဉ်တွင် ပြောကြားခဲ့ပါသည်။
.
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် နယ်မြေဧရိယာ အကျယ်ပြန့်ဆုံး ပြည်နယ်ဖြစ်သလို တိုင်းရင်းသား မျိုးနွယ်စုများ အများဆုံး နေထိုင်ရာ ပြည်နယ်လည်း ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း အများဆုံး တည်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည့် အလျောက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံအုပ်ချုပ်မှုအပိုင်းတွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ လွယ်ကူ အဆင်ပြေချောမွေ့မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
.
ယင်းကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၏ ဖြေရှင်းဆောင်ရွက်နေရသည့် ပြဿနာအရှုပ်အထွေးများအနက်တွင် တစ်ခု အပါအဝင်ဖြစ်သော မြေယာပြဿနာသည်လည်း စိန်ခေါ်မှု တစ်ရပ်သဖွယ် တည်ရှိနေပါသည်။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် သက်တမ်း ၃ နှစ်တာ ကာလအတွင်း ပြန်လည်စွန့်လွှတ် အပ်နှံမြေ မြေဧရိယာ (၃ဝ၈၃၁ ဒသမ ၆၈၈)ဧကအနက်မှ (၂၉၅၇၂ ဒသမ ၅၇၆)ဧကကို သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ် ပါကြောင်းနှင့် လွှဲပြောင်းရန် ကျန်ရှိသော ဧရိယာ ၁၂၁၈ ဒသမ ၁၇၂ ဧကကိုလည်း တောင်သူများ လက်ဝယ် သို့ အမြန်ပြန်လည် ပေးအပ်နိုင်ရေးအတွက် မူလလုပ်ကိုင်သူ မှန်ကန်ရေးကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ ယင်း ကိန်းဂဏန်းများက အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများသာဖြစ်ပြီး အမှန်တကယ် တောင်သူလယ်ဝယ်သို့ရောက်ရှိမှု အခြေအနေမှာ တစ်မျိုးတစ်မည် ဖြစ်နိုင်ပါသည်။ အချို့သော မြေယာကိစ္စရပ်များတွင် သက်ဆိုင်ရာမှ ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သော်လည်း မူလပိုင် တောင်သူများ လက်ဝယ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိဘဲ လက်လွှဲလက်ပြောင်း ရောက်ရှိသွားသည်ကိုလည်း ကြားသိနေရသည်။
.
လယ်ယာမြေ ပြဿနာအပြင် ပြည်နယ်အစိုးရအတွက် အဓိက ရင်ဆိုင်နေရသည့် မြေယာပြဿနာ တစ်ရပ်မှာ မြို့ပြဒေသမှ ကျူးကျော်များအရေးဖြစ်သည်။ တစ်နှစ်ထက် တစ်နှစ် တိုးပွားလာသော လူဦးရေနှင့် ကျေးလက် ဒေသမှ မြို့ပြသို့ ပြောင်းရွှေ့ အခြေချလာမှုများကြောင့် မြို့ပြများတွင် လူဦးရေက သိပ်သည်းမှု များလာပြီး နေစရာမြေနေရာ အခက်အခဲ ဖြစ်ပေါ်လာရသည်။ စား၊ ဝတ်၊ နေရေးဟု ရှေးလူကြီးများ ပြောဆိုခဲ့သည့်အတိုင်း လူရယ်လို့ ဖြစ်လာလျှင် ပထမဦးဆုံး အသက်ရှင်သန်ရေးအတွက် စားသောက်ရေးကို ရှာကြံရသည်။ ထို့နောက် အရှက်လုံစေရေးနှင့် သင့်တင့် သော ခန္ဓာကိုယ်အကာအကွယ် ရရှိရေးအတွက် ဝတ်ဆင်ရေးကိစ္စကို ရှာကြံရသည်။ ထိုနှစ်ချက် ပြည့်စုံလျှင် နေထိုင်ရေးအတွက် ရှာကြံရပြန်သည်။
.
ယင်းကဲ့သို့ နေထိုင်ရေးအတွက် အပူမှာ ကျေးလက်ဒေသများတွင် မသိသာသော်လည်း မြို့ပြတွင်မူ အခက်အခဲ တစ်ရပ် ဖြစ်လာသည်။ နေထိုင်စရာ မရှိသူများက သင့်တော်ရာ နေရာတွင် ဖြစ်သလို ကျူးကျော်နေထိုင်ကြသည်။ တောင်ကြီးမြို့အနောက်ဘက် တောင်တစ်ကြောတွင် ကျူးကျော်နေအိမ်များကို အများအပြား မြင်တွေ့ရမည်ဖြစ်ပါ သည်။ အဆိုပါ ကျူးကျော်များကို ဖယ်ရှားရေးမှာလည်း ပြည်နယ်အစိုးရအဖွဲ့အတွက် အဓိက ခေါင်းခဲစရာ ပြဿနာ တစ်ရပ် ဖြစ်နေသည်။ မသိချင်ယောင်ဆောင်၍ မလုပ်မရှုတ် မပြုတ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
.
မရှိဆင်းရဲ၍ ကျူးကျော်နေထိုင်သူများ ရှိသကဲ့သို့ ငွေကြေးတတ်နိုင်သူများမှ ဥပဒေကို မသိကျိုးကျွံ ပြုကာ ကျူးကျော်မှုများကိုလည်း တွေ့မြင်နေရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွားကားလမ်း ယာဘက်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး အနီး၌ ခွင့်ပြုချက် မရှိဘဲ တရားမဝင် ဆောက်လုပ်ထားသော ၃ ထပ် အဆောက်အဦကြီးမှာ ပြည်နယ်အစိုးရကို မထီမဲ့မြင် ပြုသကဲ့သို့ ဖြစ်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ခရီးစဉ်  တစ်ခုတွင် မိမိတို့ အစိုးရလက်ထက်၌ ကျူးကျော် မရှိကြောင်းနှင့် ရှိပါကလည်း လက်သင့်ခံမည် မဟုတ်ကြောင်း ပြောဆိုထားသည့်အပြင် ပါဝင်ပတ်သက် သည့် တာဝန်ရှိ ဌာနဆိုင်ရာများကိုပါ အရေးယူမည်ဟု ပြောဆိုခဲ့ပါသည်။ အဆိုပါ ဆောက်လုပ်ထားသည့် ၃ ထပ် အဆောက်အဦ အပါအဝင် အခြားသောသူများ၏ ကျူးကျော်နေမှုကို သက်ဆိုင်ရာဌာနများမှ တားမြစ်စာများ ထုတ်ပြန်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ယနေ့တိုင် မည်သည့် အရေးယူ ဆောင်ရွက်မှုမျိုးကိုမျှ မတွေ့ရသေးချေ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် စကားနှင့် ဖီလာဆန့်ကျင်နေသည့်သဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကျန်ရှိနေသည့် သက်တမ်း ၂ နှစ်တာ ကာလအတွင်း အခြားသော ပြည်နယ် အရေးကိစ္စများနှင့်အတူ မြေယာပြဿနာ၊ အထူးအားဖြင့် ကျူး ပြဿနာများကိုလည်း ေြ>ွမမသေ တုတ်မကျိုး Win Win စနစ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း။  
.

No comments:

Post a Comment