လားရှိုးတွင် တပ်သိမ်းမြေပြန်ရရှိရေး ဆန္ဒဖော်ထုတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 5, 2019

လားရှိုးတွင် တပ်သိမ်းမြေပြန်ရရှိရေး ဆန္ဒဖော်ထုတ်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်မြောက်ပိုင်းလာှးိုးမြို့နယ်တွင် တပ်မတော်မှသိမ်းဆည်းထားသစည့် မြေယာများ ဥပဒေနှင့်အညီ ပြန်လည်ရရှိရေးအတွက် ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက တောင်သူ ၂၀၀ ဦးခန့်မှ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
.
.
လာှးိုးမြို့၊ အမှတ် () ရပ်ကွက်နှင့် အမှတ် (၁၂) ရပ်ကွက်ကြားရှိ ခေးခမ်းကျေးရွာနှင့် ဘူတာခေးနင်းကျေးရွာမှ တောင်သူများ လုပ်ကိုင်နေသည့် လယ်ယာမြေများကို အမှတ် (၃၄၆) အမြောက်တပ်၊ လစရ (၇) နှင့် လဆသ (၇) တပ်နယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ ဒေသခံတောင်သများနှင့် မြေယာအငြင်းပွားမှုဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြေယာများကို ဥပဒေနှင့်အညီ ပြန်လည်ရရှိရေးနှင့်  တပ်နယ်အတွင်း ပါဝင်သည်ဟုဆိုကာ သိမ်းဆည်းထားသည့် မြေများအား ခြံကွက်ရိုက် ရောင်းချနေခြင်းများကို ဥပဒေအတိုင်း ဆောင် ရွက်ပေးရန်၊ ယင်းမြေအတွင်း အကောင်အထည်မဖော်နိုင်သည့် စီမံကိန်းနေရာများကို တောင်သူများအား ပြန်ပေးရန် စသည့် ကြွေးကြော်သံများနှင့်အတူ လားရှိုးဘူတာမှ မြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းဆန္ဒပြပွဲအား နစ်နာသူများဘက်မှ ဥပဒေအရ လိုက်ပါကူညီနေသူ ပဲခူးမြို့မှ ဦးလေးနိုင်က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment