တောင်ကြီးထွေအုပ်နှင့် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ တွေ့ဆုံမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, April 6, 2019

တောင်ကြီးထွေအုပ်နှင့် လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ တွေ့ဆုံမည်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ CSO များ၊ သတင်း မီဒီယာများ ဧပြီလအတွင်း တွေ့ဆုံပွဲ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.

.
တောင်ကြီးမြို့ပေါ်မှာရှိတဲ့ သတင်းမီဒီယာတွေအပါအ၀င် CSO အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အ စည်းတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တချို့အသင်းအဖွဲ့ တွေကတော့ မှတ်ပုံတင်ထားပြီး တ ချို့ကတာ့ မှတ်ပုံမတင်ထားပေမယ့် ပတ်ဝန်းကျင်မှာ ၀င်ဆံ့ပြီးတော့ကူညီ ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ အားလုံးပါဝင်အောင် ဖိတ်ကြားသွားမှာဖြစ်ပါတယ်ဟု တောင်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားခဲ့သည်။
.
ထိုသို့တွေ့ဆုံရာတွင် တောင် ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသည့် တောင်ကြီးမြို့ နယ်အခြေစိုက် အရပ်ဘက်အဖွဲ့ အစည်းများ၊ CSO အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီ ယာများအကြား အပြန်အလှန် မိတ်ဆက်ခြင်းအစီအစဉ် ပြုလုပ်သွားမည် ဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင် ပင်သွားရန် ရည်ရွယ်၍ တွေ့ဆုံပွဲပြု လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
ယင်းတွေ့ဆုံပွဲပြုလုပ်ခြင်းအား ဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် နားလည်မှုရှိလာပြီး ပူးပေါင်းကူညီ ဆောင်ရွက်နိုင်မှုအားများ တိုးလာမည် ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို ယခင်ကထက်ပို၍ ပူး ပေါင်းဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောကြားခဲ့သည်။
.
ယခုပြုလုပ်မည့် တွေ့ဆုံပွဲသည် တောင်ကြီးမြို့နယ်ထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် တောင်ကြီးမြို့နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း များ၊ CSO အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ သတင်းမီဒီယာ များအကြား လက်ရှိအစိုးရသက်တမ်း အတွင်း ပထမဆုံးအကြိမ်တွေ့ ဆုံခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats