ေက်ာင္းဆင္းပြဲကူး ေရႊေတာင္ဦး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 17, 2019

ေက်ာင္းဆင္းပြဲကူး ေရႊေတာင္ဦး


ေဒါက္တာေအာင္ေက်ာ္ (သြား/ဆရာ၀န္)
.
.
ဓာတ္ေပါင္းစု
.
လွည္း၀င္႐ိုးသံ၊ တညံညံ၊ ပုဂံဘုရား ေပါင္းေရႊလသာ၀ါ၀ါ၀င္း ဘုရားေရထဲဆင္း” “ေတာင္သူကြမ္းညႇပ္ တဖ်ပ္ဖ်ပ္” “သဇင္ပန္းခိုင္ တၿမိဳင္ၿမိဳင္စသည္ျဖင့္ အတိုခ်ဳပ္ မွတ္ သံေပါက္လကၤာမ်ားကို ကၽြန္ေတာ္တို႔ ငယ္စဥ္ တုန္းက ရြတ္ဆိုရေကာင္း၊ အာေတြ႕ လွ်ာေတြ႕၍ အၿပိဳင္ေအာ္ဆိုခဲ့ၾက၏။ အဓိပၸာယ္ ကိုကား သိပ္သိလွ၍ မဟုတ္ပါ။ ေနာင္ စာ ေတြ ဖတ္လာေသာအခါ မွတ္သား သိရွိရ သည္မွာ ကိန္းဂဏန္း အေရအတြက္ကို ေန႔ သင့္ နံသင့္ မွတ္လြယ္ေအာင္သီ ကုံးထားျခင္း ျဖစ္ေၾကာင္း နားလည္ၾကရေတာ့၏။ စာပို ဖတ္၍ ပိုမို သိလာရေသာအခါ၌ကား ၀ိ၀ါဒ ေတြအေတာ္ကြဲျပားေနၾကသျဖင့္ ႐ႈပ္ေထြးေသာ အယူအဆ၊ အျငင္းပြားဖြယ္ ကိန္းဂဏန္း ေၾကာင့္၊ စကား အျငင္းအခုံျဖစ္ၾက၊ ယုတ္ၱိ ယုတၱာ ရွိ/မရွိ ဆင္ျခင္ေတြးေတာၾက၊ ကိုယ့္ အယူအဆ၊ သူ႕အယူအဆ ျဖစ္ႏိုင္ေျခရွိ/မရွိ စဥ္းစားစရာေတြက မ်ားျပားလို႔ ေနပါေတာ့၏။ ဥပမာအားျဖင့္ ဘုရားေပါင္းအေရအတြက္သည္ လွည္း၀င္း႐ိုးသံအထိ ေထာင္ဂဏန္းပဲလား၊ ေထာင္ဂဏန္း ၄၄၈၆ က ျဖစ္ႏိုင္လိမ့္မည္။ သန္းဂဏန္းဆိုလွ်င္ ၄၄၈၆၇၃၃ ျဖစ္မည္။ စဥ္းစားစရာကား ဧရာ၀တီျမစ္ေၾကာင္း ေရတိုက္စား ၍ ကမ္းပါးေျမၿပိဳရာတြင္ ေစတီဘုရားေတြ ေရ ထဲဆင္း စာရင္းကို ““ေရႊလသာ””ရာဂဏန္းယူ မည္လား၊ ၀ါ၀ါ၀င္းအထိ သန္းဂဏန္းယူမည္ လား။ ရာဂဏန္း ယူက ၈၄၆ ဆူႏႈတ္လိုက္လွ်င္ ဘုရားအဆူေပါင္း ၃၆၄၀ က်န္ရွိမည္။ ျဖစ္ႏိုင္ ေျခရွိ၏။ ၀ါ၀ါ၀င္းအထိဆိုလွ်င္ ၈၄၆၄၄၄ ျဖစ္ ၍ ၄၄၈၆၇၃၃ ထဲက ႏႈတ္ရလိမ့္မည္။ ၃၆၄၀၂၈၉ က်န္မည္မို႔ ဘုရားအဆူေပါင္း သုံး သန္းေျခာက္သိန္းေလးေသာင္းေက်ာ္ႀကီးေတာ့ မျဖစ္ႏိုင္ဘူး မဟုတ္လား။ စာဖတ္သူတို႔ ဦး ေႏွာက္ေျခာက္ေအာင္ လုပ္ျခင္း မဟုတ္ရပါ။
.
ေတာင္သူကြမ္းညႇပ္ကေတာ့ ၇၆၂၃ ကကၠဴေမြေတာ္ဘုရားရွိ ဘုရားေစတီအဆူေပါင္း ပါ။ သဇင္ပန္းခိုင္ကမူ ၆၃၅၂ တည္းမို႔ ရခိုင္ ျပည္ရွိ ဘုရားမ်ားအေနႏွင့္ နည္းေနပါမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေျမာက္ဦး ရွစ္ ေသာင္းဘုရားသည္ နာမည္ႀကီးျဖစ္ကာ ယင္းတစ္ဌာနတည္းမွာပင္လွ်င္ သန္းဂဏန္း ကပ္ေနၿပီမို႔ ဘုရားေပါင္း အားလုံးအေနျဖင့္ သန္းဂဏန္းျဖစ္ေသာ တၿမိဳင္ၿမိဳင္ထိ ၆၃၅-၂၇၅၅ ဆုံးျဖတ္က ေျခာက္သိန္းေက်ာ္ေန မည္။ ျဖစ္ႏိုင္ေျခရွိပါ့မလား၊ ပုဂံေခတ္ထက္ မ်ားစြာေစာသည့္ ရခိုင္ျပည္၌ ရာဇ၀င္သမိုင္း ေၾကာင္း ေလးပိုင္းေလးက႑ ရွိခဲ့ဖူးရာ မျဖစ္ ႏိုင္ဟုလည္း ကၽြန္ေတာ္ကမူ မျငင္း၀ံ့ပါေပ။ သမိုင္းသုေတသီတို႔၏ တာ၀န္အျဖစ္ထား လိုက္ၾကပါစို႔။ စာေပဖတ္႐ႈ သိပ္မႏွံ႔စပ္၍လား၊ သမိုင္းဘာသာရပ္ကို ၉ တန္းအထိသာ(ဟို တုန္းက တန္းျမင့္ေက်ာင္းထြက္ အစိုးရစစ္စာ ေမးပြဲ)သင္ၾကား ခဲ့၍လား၊ ကၽြန္ေတာ့္ ဗဟုသုတ လိုေနဦးမည္ ၀န္ခံပါ၏။ ဤစာပိုဒ္အတြက္ ေခါင္းစီးငယ္ ““ဓာတ္ေပါင္းစု””မွာ ေရွးေစတီအိုပ်က္ေဟာင္း အစုတို႔ ၿပိဳပ်က္သမွ်ကို ဌာပနာမ်ား တူးယူၿပီး ေစတီႀကီးတစ္ဆူတည္းအျဖစ္ ျပန္လည္တည္ ထား ကိုးကြယ္ရာ၌ ဓာတ္ေတာ္ေမြေတာ္မ်ား အားလုံးစုေပါင္းဌာပနာခဲ့ျခင္းေၾကာင့္ ““ဓာတ္ ေပါင္းစု”” အမည္ဘြဲ႕ေတာ္ရရွိျခင္း အေၾကာင္း ရပ္ျဖစ္၏။
.
မရည္ရြယ္ဘဲ
.
ျမန္မာ့အင္း၀ ရာဇ၀င္သမိုင္း၌ မရြယ္ဘဲ ေစာ္ကဲမင္းျဖစ္အဆိုတစ္ရပ္ရွိခဲ့ဖူး၏။ ကၽြန္ ေတာ္သည္လည္း မရည္ရြယ္ဘဲ ကုသိုလ္ႀကီး ႀကီးတစ္ရပ္ရရွိလိုက္သည့္အျပင္ ဤေဆာင္းပါး ကို ေရးသားရန္ ျဖစ္သြားခဲ့ရ၏။ အျခားေတာ့ မဟုတ္ပါ။ ေညာင္ေရႊၿမိဳ႕၌ ၿမိဳ႕တည္စဦးကာလ ေရွးအလြန္က်ေသာ ေရႊေတာင္ဦးေစတီ ေဟာင္းကို ျပန္လည္အသစ္တည္ဖို႔ ျပင္ဆင္ရာသို႔ ကၽြန္ေတာ္ေရာက္ရွိ လွဴဒါန္းခြင့္ ရလိုက္ပါသည္။ ခရီးစဥ္မွာ ေဆာင္းပါးမ်ား၌ ကၽြန္ေတာ္ အလ်ဥ္းသင့္လွ်င္ အၿမဲထည့္ေရးေနက်၊ ေညာင္ေရႊၿမိဳ႕နယ္၊ ေညာင္ေရႊၿမိဳ႕အနီး ေခါင္ တိုင္သို႔အသြား ေျမာက္ေတာင္ပို႔ႀကီး ေက်းရြာ အစြန္တြင္ ဖြင့္လွစ္ထားေသာ စိုက္ပ်ိဳးေမြးျမဴလူ ငယ္ေလ့က်င့္သင္တန္းေက်ာင္းသို႔ ၁၆/၃/ ၂၀၁၉ ေန႔က သြားျဖစ္ခဲ့၏။ ၂ ႏွစ္သင္တန္း ျဖစ္ကာ၊ ရွစ္တန္းေအာင္ ကိုးတန္းတက္မည့္ ေတာင္ႀကီးခ႐ိုင္ရွိ ၁၂ ၿမိဳ႕နယ္မွ ေက်ာင္းသူ ေက်ာင္းသားမ်ားကို ေရးေျဖႏႈတ္ေျဖ စိစစ္ေရြး ခ်ယ္သည့္ လူငယ္သင္တန္းပါ။ နတလ၏ ႀကီး ၾကပ္မႈ လက္ေအာက္၌ ရွိ၏။ ၉ တန္းႏွင့္ ၁၀ တန္းကို ေညာင္ေရႊၿမိဳ႕ အထက ၂ ၌ ေက်ာင္း ထားေပး၏။ ၁၀ တန္း စာေမးပြဲေျဖၿပီးခ်ိန္ ရက္ပိုင္းအလြန္၌ ႏွစ္စဥ္ေက်ာင္းဆင္းပြဲက်င္းပေပး ၏။ စိတ္ဓာတ္ေရးရာအတြက္ လူေကာင္းလူ ေတာ္ေတြျဖစ္လာေစရန္ ကၽြန္ေတာ္သြားေရာက္ ပို႔ခ် ေဟာေျပာေပးခဲ့သည္မွာ ၂၀၀၁ ခုႏွစ္၊ သင္ တန္းအပတ္စဥ္ ၁ ႏွစ္ႏွင့္ ၂ ရွိကတည္းကျဖစ္ ၏။ ယခု အပတ္စဥ္ ၁၈ သင္တန္းဆင္းပြဲဆို ေတာ့ ၁၈ ႏွစ္တင္းတင္းျပည့္ခဲ့ပါၿပီ။ ေနာက္ပိုင္း သုံးေလးႏွစ္၌ ကၽြန္ေတာ္ ေက်ာင္းဆင္းပြဲ မ တက္ေရာက္ႏိုင္ခဲ့သည္မွာ အသက္အရြယ္ႀကီး လာသည့္အတြက္ စိတ္သြားတိုင္းကိုယ္မပါႏိုင္ခဲ့ ျခင္းေၾကာင့္ပါ။
.
ယခုႏွစ္၌ ကၽြန္ေတာ့္က်န္းမာေရးအေတာ္ ဟန္လာသည့္ျပင္ သြားျပန္ေရးကား အဆင္ေျပခဲ့ျခင္းက အဓိကျဖစ္၏။ ၁၅/၃/၂၀၁၉ ညေန ပိုင္းတြင္ တက္ေရာက္ႏိုင္ မႏိုင္ ဆက္သြယ္ ေမး ျမန္းခ်ိန္အထိကား အဆင္ေျပမေျပ မေသခ်ာ ေသး၍ မလာႏိုင္ေတာ့ေၾကာင္း ျပန္ၾကားလိုက္ ၿပီျဖစ္၏။ အဆင္ေျပခ်င္ေတာ့ သား ရန္ကုန္ ဆင္းဖို႔ ျဖစ္လာရာ ဟဲဟိုးေလယာဥ္ကြင္းသို႔ ကား ႀကဳံလိုက္ႏိုင္ပါမည္တဲ့။ ၂ မိနစ္အတြင္း အ၀တ္ အစား ကတိုက္က႐ိုက္လဲလွယ္ၿပီး ထလိုက္ျဖစ္ ေတာ့၏။ အခမ္းအနား က်င္းပခ်ိန္က နံနက္ ၁၀ နာရီမွ ဟဲဟိုးသို႔ ၈ နာရီေက်ာ္ေက်ာ္မွာ ဆင္းျဖစ္သည္။ သားကိုေလယာဥ္ကြင္း၌ ပို႔ခဲ့႐ုံ မွ်သာမို႔ ခ်က္ခ်င္းျပန္လွည့္ထြက္ႏိုင္ကာ အျပန္ ခရီးေခါင္တိုင္လမ္းခြဲမွ ခရီးဆက္ခဲ့ ၾကသည္။ ေက်ာင္း၀င္းအတြင္း ၀င္လိုက္ခ်ိန္မွာ နံနက္ ၉ နာရီခြဲသာရွိေသး၏။ မလာႏိုင္ပါဟု သိထား ၾကၿပီး ကၽြန္ေတာ္ဘြားခနဲ ေပၚလာ၍ အားလုံး ၀မ္းသာၾက၏။ ေတာင္ႀကီးမွ ေညာင္ေရႊသို႔ ဆင္းကာ ေတာင္ပို႔ႀကီးသို႔ ခရီးဆက္ျဖစ္တိုင္း ဆရာမႀကီး ေဒၚလွေဌးအိမ္သို႔ ၀င္ၿမဲပါ။ ဆရာမ ႀကီးတက္ေရာက္ႏိုင္မည္ ဆိုပါက ႀကိဳပို႔ကၽြန္ ေတာ္ေဆာင္ရြက္ေပးေနက်၊ ခုေတာ့ လမ္း ေၾကာင္းမသင့္၍ ၀င္မေခၚခဲ့ႏိုင္သည္ကို စိတ္မ ေကာင္းျဖစ္ရ၏။ သင္တန္းေက်ာင္းက အငွား ကား လႊတ္၍ ႀကိဳခိုင္းထားေၾကာင္း သိရမွ ကၽြန္ေတာ္၀မ္းသာသြားသည္။ ၁၀ နာရီခြဲမွာ အခမ္းအနားစျဖစ္ၿပီး ၁၂ နာရီခြဲမွာ ေန႔လယ္ စာျဖင့္ တည္ခင္းဧည့္ခံၾက၏။ မရည္ရြယ္ဘဲ ေက်ာင္းဆင္းပြဲ တက္ေရာက္ခ်ီးျမႇင့္ျဖစ္သည့္ ျပင္ မရည္ရြယ္ဘဲ ေရႊေတာင္ဦးသို႔လည္း ၀င္ျဖစ္ခဲ့၊ လွဴဒါန္းျဖစ္ခဲ့သည္။ 
.
လမုံးအက
.
စာပိုဒ္ခြဲ ေခါင္းစီးငယ္ ““လမုံးအက””ကို ျမင္လိုက္သည့္အခိုက္ ““ဘယ့္ႏွယ္စာေရးဆ ရာပါလိမ့္။ ေဆာင္းပါး ေခါင္းစီးႀကီး နိဗၺာန္ အက်ိဳးေမွ်ာ္””အေၾကာင္းကေန စိုက္ပ်ိဳးေမြး ျမဴ လူငယ္ေလ့က်င့္ သင္တန္းေက်ာင္းက ၾကားျဖတ္၀င္လာ၊ ခုတစ္ခါ ရွမ္းအေရွ႕ပိုင္း ႐ိုးရာအက လမုံးက ၀င္ေဖာက္၊ ေျပာက္ တိေျပာက္ေတာက္နဲ႔ အ႐ူးလက္နက္ရြာလို ပါလားဟဟု မွတ္ခ်က္ျပဳၾကလိမ့္မည္ထင္ ပါ၏။ ဆုံးေအာင္ေတာ့ ဆက္ဖတ္ပါ မိတ္ ေဆြဟု ေမတၱာရပ္ခံခ်င္ပါ၏။ ကၽြန္ေတာ္က ေသာ့တြဲစာေရးနည္းဟု ႀကီးႀကီးက်ယ္က်ယ္ နာမည္ေပးလိုက္ခ်င္သည္။ ေသာ့တစ္ေခ်ာင္း စီ အမ်ားႀကီးတြဲခ်ိတ္လိုက္ေတာ့ ေသာ့တြဲတစ္ ခုျဖစ္သြားသလိုပဲ။ အခ်က္ငယ္ေလးေတြ စု စည္းေပးလိုက္ေတာ့ ေဆာင္းပါးေကာင္းတစ္ ပုဒ္ျဖစ္ေစမွာပါဟု အာမခံလို၏။ အခမ္းအနား ဆိုသည့္ အတိုင္း အစီအစဥ္ဖတ္၊ ဖြင့္လွစ္ေၾကာင္း ေၾကညာ၊ တာ၀န္ရွိပုဂ္ၢိဳလ္လူႀကီးမင္း မ်ား အသီးသီးမိန္႔ခြန္းေႁခြ၊ အမွာစကား ၾသ၀ါဒ ေျပာၾကား၊ ေက်ာင္းသမိုင္းခင္းျပသူ၊ ေက်ာင္း မွတ္တိုင္ေထြေထြတင္ျပသူ၊ ေက်ာင္းဆင္းလက္ မွတ္ေပးအပ္၊ ေက်ာင္းဆင္းသူတပည့္မ်ား တစ္ဦးခ်င္း မိတ္ဆက္ကာ ေက်းဇူးတင္စကား ေျပာ၊ က်န္ရစ္မည့္ ၉ တန္းေျဖမ်ား ကိုယ္စား ေက်ာင္းသားတစ္ဦးက ၁၀ တန္းေျဖ အစ္ကို အစ္မမ်ားကို ႏႈတ္ဆက္စကားေျပာ၊ သင္တန္းသူ သင္တန္းသား အားလုံးစုေပါင္း အကပေဒသာျဖင့္ ေဖ်ာ္ေျဖ၊ စုေပါင္းဓာတ္ပုံ႐ိုက္၊ ၿပီး ေတာ့ ၀မ္းဗိုက္လည္းဟာၿပီမို႔ ဧည့္ခံေန႔လယ္စာကို ၿမိန္ၿမိန္စားသုံးၾကသည္ေပါ့။
.
အဲ အကပေဒသာမွာ လမုံးအက သုံးခ်ီ ေတာင္မွ၊ တစ္ခ်ီႏွင့္တစ္ခ်ီကကြက္ေတြက အ မ်ိဳးမ်ိဳးေျပာင္း၊ ေတာ္ၾကတတ္ၾကပါေပ၏။ ေနာက္ဆုံးေတာ့ ထုံးစံအတိုင္း သႀကၤန္အႀကိဳ ““ျမနႏၵာ””သီခ်င္း ေရသဘင္အကျဖင့္ ပြဲသိမ္း ၾက၏။ ကၽြန္ေတာ္စတင္ ဆင္ႏႊဲဖူးသည့္ အပတ္ စဥ္အစပိုင္းေတြ ေက်ာင္းဆင္းတုန္းက ဓႏု အိုးစည္တီး၀ိုင္း အဖြဲ႕တြက္ အိုးစည္ဗုံေမာင္းေတြ ဘယ္လိုငွားရမ္းရွာေဖြသည္ မေျပာတတ္ပါ။ ျမည္ပါေပ့ ဟိန္းပါေပ့။ ျမဴးႂကြတက္ႂကြစြာ စုေပါင္းကၾကႏွင့္ ၿမိဳင္ဆိုင္လွပါဘိ။ ေနာက္ပိုင္း အပတ္စဥ္ေတြမွာ ေက်ာင္းေတြပိတ္ကာ ေနရပ္ ျပန္ၾကရေတာ့မည္မို႔ ေက်ာင္းေတာ္ မဟာဘြဲ႕ သီခ်င္း ဆရာေတြကို အမွားရွိက ခြင့္လႊတ္ၾကဖို႔ ေတာင္းပန္သီခ်င္း အကႏွင့္ ေနာက္ဆုံးပြဲသိမ္း ကေတာ့ ျမနႏ္ၵာသႀကၤန္အက။ တစ္ႏွစ္တုန္းက လြန္ခဲ့သည့္ ရွစ္ႏွစ္ေက်ာ္ကျဖစ္သည္။ ပအို၀္း ၀တ္စုံမ်ားႏွင့္အကကိုပင္ ထူးထူးျခားျခားၾကည့္ ႐ႈအားေပးခြင့္ရလိုက္ေသး၏။ သုံးေလးႏွစ္ မသြားျဖစ္ခဲ့ဘဲ ယခုႏွစ္မွာေတာ့ လမုံးအက ေတာင္မွ ကျပႏိုင္ၾက၍ ခ်ီးက်ဴးရ၏။ ဂုံရွမ္း တို႔ေနထိုင္ရာ ေဒသရင္း အေရွ႕ပိုင္းရွမ္းျပည္ နယ္ က်ိဳင္းတုံဘက္က ႐ိုးရာလမုံးအကမွာ ပ၀ါ တစ္ကမ္း လက္တစ္လွမ္း အလြန္ယဥ္ေက်း သိမ္ေမြ႕ေသာ စုေပါင္းယိမ္းအကျဖစ္ပါသည္။ လူႀကီးမင္းေတြပါ၀င္ေသာ ဧည့္ပရိသတ္မ်ား ေရွ႕မွာဆိုေတာ့လည္း အားလုံးမ်က္ႏွာတည္ တည္ႀကီးေတြ ျဖစ္ေနတာ တစ္ခုခၽြတ္ ယြင္းခ်က္အားနည္းခ်က္။ ပရိသတ္ကို ေဖ်ာ္ေျဖ ရာ၌ ၾကည္ႏူးေပ်ာ္ရႊင္သြားၾကရေအာင္။ မ်က္ ႏွာေပးၿပဳံးၿပဳံးေလးမွေပါ့ေနာ္။ အႏုပညာဆိုတာ ဖန္တီးမႈေလ။ ဟုတ္။
.
ကုသိုလ္ခူးပြဲ
.
ေက်ာင္းဆင္းပြဲမွ ကုသိုလ္ခူးပြဲအျဖစ္ ေျပာင္းလဲေပးသူမွာ ဆရာမႀကီးေဒၚလွေဌး၏ စြမ္းေဆာင္မႈျဖစ္သည္။ ထမင္းပြဲၿပီးေတာ့ အခ်ိဳတည္းၾက၏။ ၿပီးေတာ့လည္း အသီးသီးႏႈတ္ ဆက္ၿပီး ျပန္ၾကခြဲခြာၾကရတာ ဓမၼတာ။ ေနာင္ ႏွစ္ေတာ့ ျပန္ဆုံၾကပါဦးမည္။ ဆရာမႀကီးကို ကၽြန္ေတာ့္ကားႀကဳံျဖင့္ အိမ္အေရာက္ ျပန္ပို႔ေပး ဖို႔ ကၽြန္ေတာ္ တာ၀န္ယူလိုက္၏။ ကားေပၚမွာ ေထြရာေလးပါး ေျပာဆိုၾကရင္းျဖင့္ ေရႊေတာင္ ဦးေစတီအသစ္ ျပန္တည္မည့္ အေၾကာင္းပါ လာ၏။ ဆရာမႀကီးကို အိမ္ျပန္မပို႔မီ ထြက္ ေပၚလာသည့္ ေရွးေဟာင္းဘုရားဌာပနာမ်ား ပူေဇာ္ ထားရာသို႔ ဆရာ့ကို ဘုရားဖူးပို႔ပါမည္ဆို လာ၏။ ကုသိုလ္ေပးသည္မို႔ ၀မ္းေျမာက္စြာယူ ရပါ၏။ ေဖာင္ေတာ္ဦးဘုရားေဒသစာရီႂကြခ်ီ ေညာင္ေရႊၿမိဳ႕တြင္ သုံးညက်ိန္းအပူေဇာ္ခံရာ အ႒ဒိသာ ဓမၼ၀ိဟာရ ေဒသစာရီယာယီစံ ေက်ာင္းေတာ္တည္ရွိရာႏွင့္ မလွမ္းမကမ္း၊ ေရွးက ေျမနီေစတီေတာ္ေဟာင္းႀကီးရွိရာ ေန ရာဟု ကၽြန္ေတာ္မွတ္မိ၏။ ရွင္းလင္းထား၍ ေျမညီကြင္းျပင္က်ယ္ႀကီးျဖစ္ေနၿပီ။ ေျမစိုက္ တစ္ထပ္အေဆာက္အဦ၏ ေခါင္းရင္းပိုင္း၊ သံ တိုင္မ်ား ကာရံထားသည့္စင္ျမင့္အဆင့္ဆင့္ေပၚ ၌ မေမွ်ာ္လင့္ဘဲ ဘုရားအဆူေပါင္း ေျမာက္ျမား စြာတို႔ အစီအရီအပူေဇာ္ခံေနပါ၏။ လွ်ပ္စစ္မီး ေတြ ထိန္လင္းေနေအာင္ ထြန္းညိႇပူေဇာ္ထား သျဖင့္ ၾကည္ညိဳဖြယ္ ဖူးေျမာ္ရပါ၏။ မ်က္စိ ပႆဒကို ဆြဲငင္လိုက္သည္ကေတာ့ ေရႊဆင္း  တု၊ ေငြဆင္းတုႏွင့္ ပဥ္ၥေလာကဆင္းတုေတာ္တို႔ ျဖစ္ၾကသည္။ ေရႊဆင္းတုေတာ္၏ ေငြပလ္ႅင္ မ်က္ႏွာစာတြင္ ေလးေထာင့္ကြက္ျမႀကီး ႏွစ္ပြင့္ ျမႇဳပ္ႏွံလွဴဒါန္းထားပုံမွာ အျမင္ဆန္းေန၏။ ေရွး ေဟာင္းလက္ရာဟု သက္ေသခံေနသည့္ပုံ။ မိုင္း ကိုင္စက်င္ေက်ာက္ျဖဴလက္ရာဟု ထင္မွတ္ ယူဆမိသည့္ ေက်ာက္ဆင္းတုေတာ္ႀကီးႀကီး ရြယ္ရြယ္ငယ္ငယ္မ်ိဳးစုံ အဆူေပါင္းမ်ားစြာ။ ထို႔ ထက္ပို၍ အဆူအေရအတြက္ မ်ားျပားလွသည္ ကေတာ့ အုတ္ခြက္ဘုရားမ်ားျဖစ္၏။ ေက်ာက္ ျဖဴဆင္းတုေတာ္မ်ားႏွင့္ ႏႈိင္းစာလွ်င္ အုတ္ခြက္ ဘုရားမ်ားက ၪာဏ္ေတာ္ေသးငယ္ၾကပါသည္။ အဆူေပါင္းသုံးေလးရာခန္႔ရွိမည္ ခန္႔မွန္းမိ၏။ ေၾကးဆင္းတုမ်ားကိုလည္း ဖူးခဲ့ရပါသည္။
.
ဘုရားတည္ရန္ အေဆာင္တြင္း အလွွဴခံ ဌာနႏွင့္ အျပင္ဘက္ အ၀င္မ႑ပ္ဦး၌ ဆြမ္း ကပ္ရန္ အလွဴခံဌာန အသီးသီးသို႔ တစ္ဌာနလွ်င္ ေဆာင္းပါးတစ္ပုဒ္ႏွင့္ ကဗ်ာတစ္ပုဒ္ စာမူပူေဇာ္၀တ္ၱဳက်ပ္တစ္ေသာင္းႏွစ္ေထာင္စီ လွဴဒါန္းခဲ့၏။ စာေပမွရရွိေသာ အက်ိဳးမ်ားကို အသက္ ၁၈ ႏွစ္မွ ယခု ၇၃ ႏွစ္တိုင္ေအာင္ ကိုယ္တိုင္မသုံးဘဲ အားလုံးလွဴႏိုင္ေသး၍ ပီတိ ျဖစ္ရ၏။ စာဖတ္သူတို႔အား အမွ်ေ၀ပါသည္။ ေညာင္ေရႊၿမိဳ႕ကို ေရႊေညာင္ပင္ေပါက္ရာ အရပ္၌ ေအဒီ ၁၃၅၉ ခုႏွစ္တြင္ ေမာရွမ္းေစာ္ဘြား စ၀္ဆီဖတည္စဥ္မွာ ယင္းေရႊေညာင္ပင္ကိုငုံ၍ ေရႊေတာင္ဦး ေစတီေတာ္ကိုလည္း တည္လွဴပူ ေဇာ္ခဲ့ေၾကာင္း သမိုင္း၌ ဆိုပါ၏။ ယခု ၂၀၁၉ ျဖစ္၍ ႏွစ္ေပါင္း ၆၆၀ ရွိၿပီ။ ေညာင္ေရႊ ဓာတ္ေပါင္းစုေစတီႀကီးတည္စဥ္က ေရႊေတာင္ဦး ေစ တီၿပိဳပ်က္ကို ၿမိဳ႕နံေစတီျဖစ္၍ ခ်န္ရစ္ခဲ့ဟန္ တူ၏။ ရွမ္းအေရွ႕ေရႊမိုင္းဖုန္းဆရာေတာ္ အာ႐ုံ ရ၍ ရွာေဖြၿပီး ျပန္လည္အသစ္တည္ရန္ျဖစ္လာ ၏။ ႏွစ္ ၇၀၀ ခန္႔က ဌာပနာဆင္းတုေတာ္မ်ား ဖူးခြင့္ရ၍ ၀မ္းသာကုသိုလ္ယူခြင့္ရ၏။ ရပ္ေ၀း ရပ္နီးေရႊဧည့္သည္ေတာ္မ်ား အင္းေလးေဖာင္ ေတာ္ဦးဘုရား ခရီးစဥ္ေညာင္ေရႊေရာက္လွ်င္ ၀င္ေရာက္ဖူးေျမာ္ ၾကည္ညိဳ လွဴဒါန္းႏိုင္ပါ ေၾကာင္း နိဗၺာန္အက်ိဳးေမွ်ာ္ ႏႈိးေဆာ္ရင္း။
.
ကျောင်းဆင်းပွဲကူး ရွှေတောင်ဦး
.
ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
ဓာတ်ပေါင်းစု
.
လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရား ပေါင်းရွှေလသာဝါ၀ါဝင်း ဘုရားရေထဲဆင်း” “တောင်သူကွမ်းညှပ် တဖျပ်ဖျပ်” “သဇင်ပန်းခိုင် တမြိုင်မြိုင်စသည်ဖြင့် အတိုချုပ် မှတ် သံပေါက်လင်္ကာများကို ကျွန်တော်တို့ ငယ်စဉ် တုန်းက ရွတ်ဆိုရကောင်း၊ အာတွေ့ လျှာတွေ့၍ အပြိုင်အော်ဆိုခဲ့ကြ၏။ အဓိပ္ပာယ် ကိုကား သိပ်သိလှ၍ မဟုတ်ပါ။ နောင် စာ တွေ ဖတ်လာသောအခါ မှတ်သား သိရှိရ သည်မှာ ကိန်းဂဏန်း အရေအတွက်ကို နေ့ သင့် နံသင့် မှတ်လွယ်အောင်သီ ကုံးထားခြင်း ဖြစ်ကြောင်း နားလည်ကြရတော့၏။ စာပို ဖတ်၍ ပိုမို သိလာရသောအခါ၌ကား ၀ိ၀ါဒ တွေအတော်ကွဲပြားနေကြသဖြင့် ရှုပ်ထွေးသော အယူအဆ၊ အငြင်းပွားဖွယ် ကိန်းဂဏန်း ကြောင့်၊ စကား အငြင်းအခုံဖြစ်ကြ၊ ယုတ်္တိ ယုတ္တာ ရှိ/မရှိ ဆင်ခြင်တွေးတောကြ၊ ကိုယ့် အယူအဆ၊ သူ့အယူအဆ ဖြစ်နိုင်ခြေရှိ/မရှိ စဉ်းစားစရာတွေက များပြားလို့ နေပါတော့၏။ ဥပမာအားဖြင့် ဘုရားပေါင်းအရေအတွက်သည် လှည်းဝင်းရိုးသံအထိ ထောင်ဂဏန်းပဲလား၊ ထောင်ဂဏန်း ၄၄၈၆ က ဖြစ်နိုင်လိမ့်မည်။ သန်းဂဏန်းဆိုလျှင် ၄၄၈၆၇၃၃ ဖြစ်မည်။ စဉ်းစားစရာကား ဧရာဝတီမြစ်ကြောင်း ရေတိုက်စား ၍ ကမ်းပါးမြေပြိုရာတွင် စေတီဘုရားတွေ ရေ ထဲဆင်း စာရင်းကို ““ရွှေလသာ””ရာဂဏန်းယူ မည်လား၊ ၀ါ၀ါဝင်းအထိ သန်းဂဏန်းယူမည် လား။ ရာဂဏန်း ယူက ၈၄၆ ဆူနှုတ်လိုက်လျှင် ဘုရားအဆူပေါင်း ၃၆၄၀ ကျန်ရှိမည်။ ဖြစ်နိုင် ခြေရှိ၏။ ၀ါ၀ါဝင်းအထိဆိုလျှင် ၈၄၆၄၄၄ ဖြစ် ၍ ၄၄၈၆၇၃၃ ထဲက နှုတ်ရလိမ့်မည်။ ၃၆၄၀၂၈၉ ကျန်မည်မို့ ဘုရားအဆူပေါင်း သုံး သန်းခြောက်သိန်းလေးသောင်းကျော်ကြီးတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ စာဖတ်သူတို့ ဦး နှောက်ခြောက်အောင် လုပ်ခြင်း မဟုတ်ရပါ။
.
တောင်သူကွမ်းညှပ်ကတော့ ၇၆၂၃ ကက္ကူမွေတော်ဘုရားရှိ ဘုရားစေတီအဆူပေါင်း ပါ။ သဇင်ပန်းခိုင်ကမူ ၆၃၅၂ တည်းမို့ ရခိုင် ပြည်ရှိ ဘုရားများအနေနှင့် နည်းနေပါမည်။ အဘယ်ကြောင့်ဆိုသော် မြောက်ဦး ရှစ် သောင်းဘုရားသည် နာမည်ကြီးဖြစ်ကာ ယင်းတစ်ဌာနတည်းမှာပင်လျှင် သန်းဂဏန်း ကပ်နေပြီမို့ ဘုရားပေါင်း အားလုံးအနေဖြင့် သန်းဂဏန်းဖြစ်သော တမြိုင်မြိုင်ထိ ၆၃၅-၂၇၅၅ ဆုံးဖြတ်က ခြောက်သိန်းကျော်နေ မည်။ ဖြစ်နိုင်ခြေရှိပါ့မလား၊ ပုဂံခေတ်ထက် များစွာစောသည့် ရခိုင်ပြည်၌ ရာဇဝင်သမိုင်း ကြောင်း လေးပိုင်းလေးကဏ္ဍ ရှိခဲ့ဖူးရာ မဖြစ် နိုင်ဟုလည်း ကျွန်တော်ကမူ မငြင်းဝံ့ပါပေ။ သမိုင်းသုတေသီတို့၏ တာဝန်အဖြစ်ထား လိုက်ကြပါစို့။ စာပေဖတ်ရှု သိပ်မနှံ့စပ်၍လား၊ သမိုင်းဘာသာရပ်ကို ၉ တန်းအထိသာ(ဟို တုန်းက တန်းမြင့်ကျောင်းထွက် အစိုးရစစ်စာ မေးပွဲ)သင်ကြား ခဲ့၍လား၊ ကျွန်တော့် ဗဟုသုတ လိုနေဦးမည် ဝန်ခံပါ၏။ ဤစာပိုဒ်အတွက် ခေါင်းစီးငယ် ““ဓာတ်ပေါင်းစု””မှာ ရှေးစေတီအိုပျက်ဟောင်း အစုတို့ ပြိုပျက်သမျှကို ဌာပနာများ တူးယူပြီး စေတီကြီးတစ်ဆူတည်းအဖြစ် ပြန်လည်တည် ထား ကိုးကွယ်ရာ၌ ဓာတ်တော်မွေတော်များ အားလုံးစုပေါင်းဌာပနာခဲ့ခြင်းကြောင့် ““ဓာတ် ပေါင်းစု”” အမည်ဘွဲ့တော်ရရှိခြင်း အကြောင်း ရပ်ဖြစ်၏။
.
မရည်ရွယ်ဘဲ
.
မြန်မာ့အင်းဝ ရာဇဝင်သမိုင်း၌ မရွယ်ဘဲ စော်ကဲမင်းဖြစ်အဆိုတစ်ရပ်ရှိခဲ့ဖူး၏။ ကျွန် တော်သည်လည်း မရည်ရွယ်ဘဲ ကုသိုလ်ကြီး ကြီးတစ်ရပ်ရရှိလိုက်သည့်အပြင် ဤဆောင်းပါး ကို ရေးသားရန် ဖြစ်သွားခဲ့ရ၏။ အခြားတော့ မဟုတ်ပါ။ ညောင်ရွှေမြို့၌ မြို့တည်စဦးကာလ ရှေးအလွန်ကျသော ရွှေတောင်ဦးစေတီ ဟောင်းကို ပြန်လည်အသစ်တည်ဖို့ ပြင်ဆင်ရာသို့ ကျွန်တော်ရောက်ရှိ လှူဒါန်းခွင့် ရလိုက်ပါသည်။ ခရီးစဉ်မှာ ဆောင်းပါးများ၌ ကျွန်တော် အလျဉ်းသင့်လျှင် အမြဲထည့်ရေးနေကျ၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့အနီး ခေါင် တိုင်သို့အသွား မြောက်တောင်ပို့ကြီး ကျေးရွာ အစွန်တွင် ဖွင့်လှစ်ထားသော စိုက်ပျိုးမွေးမြူလူ ငယ်လေ့ကျင့်သင်တန်းကျောင်းသို့ ၁၆/၃/ ၂၀၁၉ နေ့က သွားဖြစ်ခဲ့၏။ ၂ နှစ်သင်တန်း ဖြစ်ကာ၊ ရှစ်တန်းအောင် ကိုးတန်းတက်မည့် တောင်ကြီးခရိုင်ရှိ ၁၂ မြို့နယ်မှ ကျောင်းသူ ကျောင်းသားများကို ရေးဖြေနှုတ်ဖြေ စိစစ်ရွေး ချယ်သည့် လူငယ်သင်တန်းပါ။ နတလ၏ ကြီး ကြပ်မှု လက်အောက်၌ ရှိ၏။ ၉ တန်းနှင့် ၁၀ တန်းကို ညောင်ရွှေမြို့ အထက ၂ ၌ ကျောင်း ထားပေး၏။ ၁၀ တန်း စာမေးပွဲဖြေပြီးချိန် ရက်ပိုင်းအလွန်၌ နှစ်စဉ်ကျောင်းဆင်းပွဲကျင်းပပေး ၏။ စိတ်ဓာတ်ရေးရာအတွက် လူကောင်းလူ တော်တွေဖြစ်လာစေရန် ကျွန်တော်သွားရောက် ပို့ချ ဟောပြောပေးခဲ့သည်မှာ ၂၀၀၁ ခုနှစ်၊ သင် တန်းအပတ်စဉ် ၁ နှစ်နှင့် ၂ ရှိကတည်းကဖြစ် ၏။ ယခု အပတ်စဉ် ၁၈ သင်တန်းဆင်းပွဲဆို တော့ ၁၈ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ နောက်ပိုင်း သုံးလေးနှစ်၌ ကျွန်တော် ကျောင်းဆင်းပွဲ မ တက်ရောက်နိုင်ခဲ့သည်မှာ အသက်အရွယ်ကြီး လာသည့်အတွက် စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ ခြင်းကြောင့်ပါ။
.
ယခုနှစ်၌ ကျွန်တော့်ကျန်းမာရေးအတော် ဟန်လာသည့်ပြင် သွားပြန်ရေးကား အဆင်ပြေခဲ့ခြင်းက အဓိကဖြစ်၏။ ၁၅/၃/၂၀၁၉ ညနေ ပိုင်းတွင် တက်ရောက်နိုင် မနိုင် ဆက်သွယ် မေး မြန်းချိန်အထိကား အဆင်ပြေမပြေ မသေချာ သေး၍ မလာနိုင်တော့ကြောင်း ပြန်ကြားလိုက် ပြီဖြစ်၏။ အဆင်ပြေချင်တော့ သား ရန်ကုန် ဆင်းဖို့ ဖြစ်လာရာ ဟဲဟိုးလေယာဉ်ကွင်းသို့ ကား ကြုံလိုက်နိုင်ပါမည်တဲ့။ ၂ မိနစ်အတွင်း အဝတ် အစား ကတိုက်ကရိုက်လဲလှယ်ပြီး ထလိုက်ဖြစ် တော့၏။ အခမ်းအနား ကျင်းပချိန်က နံနက် ၁၀ နာရီမှ ဟဲဟိုးသို့ ၈ နာရီကျော်ကျော်မှာ ဆင်းဖြစ်သည်။ သားကိုလေယာဉ်ကွင်း၌ ပို့ခဲ့ရုံ မျှသာမို့ ချက်ချင်းပြန်လှည့်ထွက်နိုင်ကာ အပြန် ခရီးခေါင်တိုင်လမ်းခွဲမှ ခရီးဆက်ခဲ့ ကြသည်။ ကျောင်းဝင်းအတွင်း ဝင်လိုက်ချိန်မှာ နံနက် ၉ နာရီခွဲသာရှိသေး၏။ မလာနိုင်ပါဟု သိထား ကြပြီး ကျွန်တော်ဘွားခနဲ ပေါ်လာ၍ အားလုံး ဝမ်းသာကြ၏။ တောင်ကြီးမှ ညောင်ရွှေသို့ ဆင်းကာ တောင်ပို့ကြီးသို့ ခရီးဆက်ဖြစ်တိုင်း ဆရာမကြီး ဒေါ်လှဌေးအိမ်သို့ ဝင်မြဲပါ။ ဆရာမ ကြီးတက်ရောက်နိုင်မည် ဆိုပါက ကြိုပို့ကျွန် တော်ဆောင်ရွက်ပေးနေကျ၊ ခုတော့ လမ်း ကြောင်းမသင့်၍ ဝင်မခေါ်ခဲ့နိုင်သည်ကို စိတ်မ ကောင်းဖြစ်ရ၏။ သင်တန်းကျောင်းက အငှား ကား လွှတ်၍ ကြိုခိုင်းထားကြောင်း သိရမှ ကျွန်တော်ဝမ်းသာသွားသည်။ ၁၀ နာရီခွဲမှာ အခမ်းအနားစဖြစ်ပြီး ၁၂ နာရီခွဲမှာ နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံကြ၏။ မရည်ရွယ်ဘဲ ကျောင်းဆင်းပွဲ တက်ရောက်ချီးမြှင့်ဖြစ်သည့် ပြင် မရည်ရွယ်ဘဲ ရွှေတောင်ဦးသို့လည်း ဝင်ဖြစ်ခဲ့၊ လှူဒါန်းဖြစ်ခဲ့သည်။ 
.
လမုံးအက
.
စာပိုဒ်ခွဲ ခေါင်းစီးငယ် ““လမုံးအက””ကို မြင်လိုက်သည့်အခိုက် ““ဘယ့်နှယ်စာရေးဆ ရာပါလိမ့်။ ဆောင်းပါး ခေါင်းစီးကြီး နိဗ္ဗာန် အကျိုးမျှော်””အကြောင်းကနေ စိုက်ပျိုးမွေး မြူ လူငယ်လေ့ကျင့် သင်တန်းကျောင်းက ကြားဖြတ်ဝင်လာ၊ ခုတစ်ခါ ရှမ်းအရှေ့ပိုင်း ရိုးရာအက လမုံးက ဝင်ဖောက်၊ ပြောက် တိပြောက်တောက်နဲ့ အရူးလက်နက်ရွာလို ပါလားဟဟု မှတ်ချက်ပြုကြလိမ့်မည်ထင် ပါ၏။ ဆုံးအောင်တော့ ဆက်ဖတ်ပါ မိတ် ဆွေဟု မေတ္တာရပ်ခံချင်ပါ၏။ ကျွန်တော်က သော့တွဲစာရေးနည်းဟု ကြီးကြီးကျယ်ကျယ် နာမည်ပေးလိုက်ချင်သည်။ သော့တစ်ချောင်း စီ အများကြီးတွဲချိတ်လိုက်တော့ သော့တွဲတစ် ခုဖြစ်သွားသလိုပဲ။ အချက်ငယ်လေးတွေ စု စည်းပေးလိုက်တော့ ဆောင်းပါးကောင်းတစ် ပုဒ်ဖြစ်စေမှာပါဟု အာမခံလို၏။ အခမ်းအနား ဆိုသည့် အတိုင်း အစီအစဉ်ဖတ်၊ ဖွင့်လှစ်ကြောင်း ကြေညာ၊ တာဝန်ရှိပုဂ်္ဂိုလ်လူကြီးမင်း များ အသီးသီးမိန့်ခွန်းခြွေ၊ အမှာစကား သြဝါဒ ပြောကြား၊ ကျောင်းသမိုင်းခင်းပြသူ၊ ကျောင်း မှတ်တိုင်ထွေထွေတင်ပြသူ၊ ကျောင်းဆင်းလက် မှတ်ပေးအပ်၊ ကျောင်းဆင်းသူတပည့်များ တစ်ဦးချင်း မိတ်ဆက်ကာ ကျေးဇူးတင်စကား ပြော၊ ကျန်ရစ်မည့် ၉ တန်းဖြေများ ကိုယ်စား ကျောင်းသားတစ်ဦးက ၁၀ တန်းဖြေ အစ်ကို အစ်မများကို နှုတ်ဆက်စကားပြော၊ သင်တန်းသူ သင်တန်းသား အားလုံးစုပေါင်း အကပဒေသာဖြင့် ဖျော်ဖြေ၊ စုပေါင်းဓာတ်ပုံရိုက်၊ ပြီး တော့ ဝမ်းဗိုက်လည်းဟာပြီမို့ ဧည့်ခံနေ့လယ်စာကို မြိန်မြိန်စားသုံးကြသည်ပေါ့။
.
အဲ အကပဒေသာမှာ လမုံးအက သုံးချီ တောင်မှ၊ တစ်ချီနှင့်တစ်ချီကကွက်တွေက အ မျိုးမျိုးပြောင်း၊ တော်ကြတတ်ကြပါပေ၏။ နောက်ဆုံးတော့ ထုံးစံအတိုင်း သင်္ကြန်အကြို ““မြနန္ဒာ””သီချင်း ရေသဘင်အကဖြင့် ပွဲသိမ်း ကြ၏။ ကျွန်တော်စတင် ဆင်နွှဲဖူးသည့် အပတ် စဉ်အစပိုင်းတွေ ကျောင်းဆင်းတုန်းက ဓနု အိုးစည်တီးဝိုင်း အဖွဲ့တွက် အိုးစည်ဗုံမောင်းတွေ ဘယ်လိုငှားရမ်းရှာဖွေသည် မပြောတတ်ပါ။ မြည်ပါပေ့ ဟိန်းပါပေ့။ မြူးကြွတက်ကြွစွာ စုပေါင်းကကြနှင့် မြိုင်ဆိုင်လှပါဘိ။ နောက်ပိုင်း အပတ်စဉ်တွေမှာ ကျောင်းတွေပိတ်ကာ နေရပ် ပြန်ကြရတော့မည်မို့ ကျောင်းတော် မဟာဘွဲ့ သီချင်း ဆရာတွေကို အမှားရှိက ခွင့်လွှတ်ကြဖို့ တောင်းပန်သီချင်း အကနှင့် နောက်ဆုံးပွဲသိမ်း ကတော့ မြနန်္ဒာသင်္ကြန်အက။ တစ်နှစ်တုန်းက လွန်ခဲ့သည့် ရှစ်နှစ်ကျော်ကဖြစ်သည်။ ပအိုဝ်း ဝတ်စုံများနှင့်အကကိုပင် ထူးထူးခြားခြားကြည့် ရှုအားပေးခွင့်ရလိုက်သေး၏။ သုံးလေးနှစ် မသွားဖြစ်ခဲ့ဘဲ ယခုနှစ်မှာတော့ လမုံးအက တောင်မှ ကပြနိုင်ကြ၍ ချီးကျူးရ၏။ ဂုံရှမ်း တို့နေထိုင်ရာ ဒေသရင်း အရှေ့ပိုင်းရှမ်းပြည် နယ် ကျိုင်းတုံဘက်က ရိုးရာလမုံးအကမှာ ပဝါ တစ်ကမ်း လက်တစ်လှမ်း အလွန်ယဉ်ကျေး သိမ်မွေ့သော စုပေါင်းယိမ်းအကဖြစ်ပါသည်။ လူကြီးမင်းတွေပါဝင်သော ဧည့်ပရိသတ်များ ရှေ့မှာဆိုတော့လည်း အားလုံးမျက်နှာတည် တည်ကြီးတွေ ဖြစ်နေတာ တစ်ခုချွတ် ယွင်းချက်အားနည်းချက်။ ပရိသတ်ကို ဖျော်ဖြေ ရာ၌ ကြည်နူးပျော်ရွှင်သွားကြရအောင်။ မျက် နှာပေးပြုံးပြုံးလေးမှပေါ့နော်။ အနုပညာဆိုတာ ဖန်တီးမှုလေ။ ဟုတ်။
.
ကုသိုလ်ခူးပွဲ
.
ကျောင်းဆင်းပွဲမှ ကုသိုလ်ခူးပွဲအဖြစ် ပြောင်းလဲပေးသူမှာ ဆရာမကြီးဒေါ်လှဌေး၏ စွမ်းဆောင်မှုဖြစ်သည်။ ထမင်းပွဲပြီးတော့ အချိုတည်းကြ၏။ ပြီးတော့လည်း အသီးသီးနှုတ် ဆက်ပြီး ပြန်ကြခွဲခွာကြရတာ ဓမ္မတာ။ နောင် နှစ်တော့ ပြန်ဆုံကြပါဦးမည်။ ဆရာမကြီးကို ကျွန်တော့်ကားကြုံဖြင့် အိမ်အရောက် ပြန်ပို့ပေး ဖို့ ကျွန်တော် တာဝန်ယူလိုက်၏။ ကားပေါ်မှာ ထွေရာလေးပါး ပြောဆိုကြရင်းဖြင့် ရွှေတောင် ဦးစေတီအသစ် ပြန်တည်မည့် အကြောင်းပါ လာ၏။ ဆရာမကြီးကို အိမ်ပြန်မပို့မီ ထွက် ပေါ်လာသည့် ရှေးဟောင်းဘုရားဌာပနာများ ပူဇော် ထားရာသို့ ဆရာ့ကို ဘုရားဖူးပို့ပါမည်ဆို လာ၏။ ကုသိုလ်ပေးသည်မို့ ဝမ်းမြောက်စွာယူ ရပါ၏။ ဖောင်တော်ဦးဘုရားဒေသစာရီကြွချီ ညောင်ရွှေမြို့တွင် သုံးညကျိန်းအပူဇော်ခံရာ အဋ္ဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီယာယီစံ ကျောင်းတော်တည်ရှိရာနှင့် မလှမ်းမကမ်း၊ ရှေးက မြေနီစေတီတော်ဟောင်းကြီးရှိရာ နေ ရာဟု ကျွန်တော်မှတ်မိ၏။ ရှင်းလင်းထား၍ မြေညီကွင်းပြင်ကျယ်ကြီးဖြစ်နေပြီ။ မြေစိုက် တစ်ထပ်အဆောက်အဦ၏ ခေါင်းရင်းပိုင်း၊ သံ တိုင်များ ကာရံထားသည့်စင်မြင့်အဆင့်ဆင့်ပေါ် ၌ မမျှော်လင့်ဘဲ ဘုရားအဆူပေါင်း မြောက်မြား စွာတို့ အစီအရီအပူဇော်ခံနေပါ၏။ လျှပ်စစ်မီး တွေ ထိန်လင်းနေအောင် ထွန်းညှိပူဇော်ထား သဖြင့် ကြည်ညိုဖွယ် ဖူးမြော်ရပါ၏။ မျက်စိ ပဿဒကို ဆွဲငင်လိုက်သည်ကတော့ ရွှေဆင်း  တု၊ ငွေဆင်းတုနှင့် ပဉ်္စလောကဆင်းတုတော်တို့ ဖြစ်ကြသည်။ ရွှေဆင်းတုတော်၏ ငွေပလ်္လင် မျက်နှာစာတွင် လေးထောင့်ကွက်မြကြီး နှစ်ပွင့် မြှုပ်နှံလှူဒါန်းထားပုံမှာ အမြင်ဆန်းနေ၏။ ရှေး ဟောင်းလက်ရာဟု သက်သေခံနေသည့်ပုံ။ မိုင်း ကိုင်စကျင်ကျောက်ဖြူလက်ရာဟု ထင်မှတ် ယူဆမိသည့် ကျောက်ဆင်းတုတော်ကြီးကြီး ရွယ်ရွယ်ငယ်ငယ်မျိုးစုံ အဆူပေါင်းများစွာ။ ထို့ ထက်ပို၍ အဆူအရေအတွက် များပြားလှသည် ကတော့ အုတ်ခွက်ဘုရားများဖြစ်၏။ ကျောက် ဖြူဆင်းတုတော်များနှင့် နှိုင်းစာလျှင် အုတ်ခွက် ဘုရားများက  ဉာဏ်တော်သေးငယ်ကြပါသည်။ အဆူပေါင်းသုံးလေးရာခန့်ရှိမည် ခန့်မှန်းမိ၏။ ကြေးဆင်းတုများကိုလည်း ဖူးခဲ့ရပါသည်။
.
ဘုရားတည်ရန် အဆောင်တွင်း အလှှူခံ ဌာနနှင့် အပြင်ဘက် အဝင်မဏ္ဍပ်ဦး၌ ဆွမ်း ကပ်ရန် အလှူခံဌာန အသီးသီးသို့ တစ်ဌာနလျှင် ဆောင်းပါးတစ်ပုဒ်နှင့် ကဗျာတစ်ပုဒ် စာမူပူဇော်ဝတ်္တုကျပ်တစ်သောင်းနှစ်ထောင်စီ လှူဒါန်းခဲ့၏။ စာပေမှရရှိသော အကျိုးများကို အသက် ၁၈ နှစ်မှ ယခု ၇၃ နှစ်တိုင်အောင် ကိုယ်တိုင်မသုံးဘဲ အားလုံးလှူနိုင်သေး၍ ပီတိ ဖြစ်ရ၏။ စာဖတ်သူတို့အား အမျှဝေပါသည်။ ညောင်ရွှေမြို့ကို ရွှေညောင်ပင်ပေါက်ရာ အရပ်၌ အေဒီ ၁၃၅၉ ခုနှစ်တွင် မောရှမ်းစော်ဘွား စဝ်ဆီဖတည်စဉ်မှာ ယင်းရွှေညောင်ပင်ကိုငုံ၍ ရွှေတောင်ဦး စေတီတော်ကိုလည်း တည်လှူပူ ဇော်ခဲ့ကြောင်း သမိုင်း၌ ဆိုပါ၏။ ယခု ၂၀၁၉ ဖြစ်၍ နှစ်ပေါင်း ၆၆၀ ရှိပြီ။ ညောင်ရွှေ ဓာတ်ပေါင်းစုစေတီကြီးတည်စဉ်က ရွှေတောင်ဦး စေ တီပြိုပျက်ကို မြို့နံစေတီဖြစ်၍ ချန်ရစ်ခဲ့ဟန် တူ၏။ ရှမ်းအရှေ့ရွှေမိုင်းဖုန်းဆရာတော် အာရုံ ရ၍ ရှာဖွေပြီး ပြန်လည်အသစ်တည်ရန်ဖြစ်လာ ၏။ နှစ် ၇၀၀ ခန့်က ဌာပနာဆင်းတုတော်များ ဖူးခွင့်ရ၍ ဝမ်းသာကုသိုလ်ယူခွင့်ရ၏။ ရပ်ဝေး ရပ်နီးရွှေဧည့်သည်တော်များ အင်းလေးဖောင် တော်ဦးဘုရား ခရီးစဉ်ညောင်ရွှေရောက်လျှင် ဝင်ရောက်ဖူးမြော် ကြည်ညို လှူဒါန်းနိုင်ပါ ကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်ရင်း။
.

No comments:

Post a Comment