တရားဝင္ တင္သြင္းေရာင္းခ်ခြင့္ မရွိေသာ ျပည္ပႏုိင္ငံထုတ္ မုန္႔မ်ားကို ဟိုပံုးတြင္ ေတြ႕ရွိေနရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019

တရားဝင္ တင္သြင္းေရာင္းခ်ခြင့္ မရွိေသာ ျပည္ပႏုိင္ငံထုတ္ မုန္႔မ်ားကို ဟိုပံုးတြင္ ေတြ႕ရွိေနရ


ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ၊ ဟိုပံုးၿမိဳ႕နယ္အတြင္း၌ တရားဝင္တင္ သြင္းေရာင္းခ်ခြင့္မရွိေသာ ျပည္ပႏုိင္ ငံထုတ္ မုန္႔အမ်ိဳးမ်ိဳးကို ေရာင္းခ်မႈ မ်ား ေတြ႕ရွိေနရသည္ဟု သိရသည္။
.
.
''အဓိကကေတာ့ တ႐ုတ္မုန္႔ေတြ ကို တင္သြင္းေရာင္းခ်ေနၾကတာပါ။ နယ္စပ္ၿမိဳ႕ေတြကသာ တင္သြင္းခြင့္ မျပဳဘူးဆိုရင္ ေရာင္းစရာအေၾကာင္း မရွိပါဘူး။ တင္သြင္းေနတဲ့ ၿမိဳ႕ေတြ ကေန ပိတ္ပင္သင့္ပါတယ္။ တင္သြင္း လာခဲ့ရင္လည္း ေတြ႕ရွိတဲ့ေနရာမွာပဲ မီး႐ိႈ႕ဖ်က္ဆီးသင့္ပါတယ္''ဟု ဟိုပံုး ၿမိဳ႕ေန ေဒသခံျပည္သူတစ္ဦးက ၏အျမင္ကို ကေမၻာဇတုိင္းသို႔ ေျပာ သည္။
.
ယင္းကဲ့သို႔ တရားဝင္ တင္သြင္း ခြင့္မရွိေသာ စားေသာက္ကုန္မ်ားကို နယ္စပ္ေဒသမ်ားမွ တရားမဝင္တင္ သြင္းလာေနျခင္းျဖစ္ၿပီး ယင္းနယ္ စပ္ၿမိဳ႕မ်ားတြင္ စနစ္တက် ပိတ္ပင္ တားဆီးသြားရန္ လိုအပ္ေနေၾကာင္း ¤င္းက ဆက္လက္ေျပာၾကားခဲ့သည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရွမ္း ျပည္နယ္စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးမင္း ေအာင္က''တ႐ုတ္မုန္႔က တစ္ႏုိင္ငံ လံုးပ်ံ႕ေနတဲ့ အခါက်ေတာ့ ပြင့္ပြင့္ လင္းလင္းေျပာရရင္ ေဘးအႏၱရာယ္ အ႐ွိဆံုး ကုန္စည္၊ ေဘးအႏၱရာယ္အ ႐ွိဆံုး ဝန္ေဆာင္မႈ အဲဒါေတြကို ဦး စားေပးၿပီး စိစစ္ရပါတယ္။ ထုပ္လုပ္ တဲ့ရက္စြဲ၊ သက္တမ္းကုန္ဆံုးတဲ့ရက္ စြဲမပါတာေတြကို ဦးစားေပး စစ္ရပါ တယ္။ တခ်ိဳ႕က ထုတ္လုပ္တဲ့ရက္စြဲ၊ သက္တမ္း ကုန္ဆံုးတဲ့ရက္စြဲေတာ့ပါ တယ္။ ဒါေပမဲ့ သက္တမ္းလြန္ေန တာမ်ဳိးဆိုရင္ေတာ့ သိမ္းဆည္းပါ တယ္။ က်န္တာေတြကေတာ့ ေစ်း ကြက္ထဲမွာ လတ္တေလာဘယ္ လို ေျဖ႐ွင္းမလဲဆိုတာ ေတာ္ ေတာ္ေလး က်ယ္ျပန္႔တယ္။ စား သံုးသူေရးရာဦးစီးဌာနကို သတင္း ေပးတယ္၊ သို႔မဟုတ္ ဌာနက ေတြ႕ ႐ွိတယ္ဆိုရင္ေတာ့ သိမ္းဆည္းပါ တယ္''ေျပာၾကားခဲ့သည္။
.
စားသံုးသူေရးရာဦးစီးဌာန အေန ျဖင့္ ျပည္သူမ်ား စားသံုးသူအခြင့္အ ေရးအျပည့္အဝ ရရွိေရးအတြက္ တိုင္ၾကားစာ လက္ခံေျဖရွင္းေရးဌာန (CICC) မ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ ဖြင့္လွစ္ထား ၿပီး လက္ခံေျဖရွင္းေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း သိရသည္။
.
တရားဝင် တင်သွင်းရောင်းချခွင့် မရှိသော ပြည်ပနိုင်ငံထုတ် မုန့်များကို ဟိုပုံးတွင် တွေ့ရှိနေရ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်အတွင်း၌ တရားဝင်တင် သွင်းရောင်းချခွင့်မရှိသော ပြည်ပနိုင် ငံထုတ် မုန့်အမျိုးမျိုးကို ရောင်းချမှု များ တွေ့ရှိနေရသည်ဟု သိရသည်။
.
''အဓိကကတော့ တရုတ်မုန့်တွေ ကို တင်သွင်းရောင်းချနေကြတာပါ။ နယ်စပ်မြို့တွေကသာ တင်သွင်းခွင့် မပြုဘူးဆိုရင် ရောင်းစရာအကြောင်း မရှိပါဘူး။ တင်သွင်းနေတဲ့ မြို့တွေ ကနေ ပိတ်ပင်သင့်ပါတယ်။ တင်သွင်း လာခဲ့ရင်လည်း တွေ့ရှိတဲ့နေရာမှာပဲ မီးရှို့ဖျက်ဆီးသင့်ပါတယ်''ဟု ဟိုပုံး မြို့နေ ဒေသခံပြည်သူတစ်ဦးက ၎င်း ၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်းကဲ့သို့ တရားဝင် တင်သွင်း ခွင့်မရှိသော စားသောက်ကုန်များကို နယ်စပ်ဒေသများမှ တရားမဝင်တင် သွင်းလာနေခြင်းဖြစ်ပြီး ယင်းနယ် စပ်မြို့များတွင် စနစ်တကျ ပိတ်ပင် တားဆီးသွားရန် လိုအပ်နေကြောင်း ¤င်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်း အောင်က''တရုတ်မုန့်က တစ်နိုင်ငံ လုံးပျံ့နေတဲ့ အခါကျတော့ ပွင့်ပွင့် လင်းလင်းပြောရရင် ဘေးအန္တရာယ် အရှိဆုံး ကုန်စည်၊ ဘေးအန္တရာယ်အ ရှိဆုံး ဝန်ဆောင်မှု အဲဒါတွေကို ဦး စားပေးပြီး စိစစ်ရပါတယ်။ ထုပ်လုပ် တဲ့ရက်စွဲ၊ သက်တမ်းကုန်ဆုံးတဲ့ရက် စွဲမပါတာတွေကို ဦးစားပေး စစ်ရပါ တယ်။ တချို့က ထုတ်လုပ်တဲ့ရက်စွဲ၊ သက်တမ်း ကုန်ဆုံးတဲ့ရက်စွဲတော့ပါ တယ်။ ဒါပေမဲ့ သက်တမ်းလွန်နေ တာမျိုးဆိုရင်တော့ သိမ်းဆည်းပါ တယ်။ ကျန်တာတွေကတော့ စျေး ကွက်ထဲမှာ လတ်တလောဘယ် လို ဖြေရှင်းမလဲဆိုတာ တော် တော်လေး ကျယ်ပြန့်တယ်။ စား သုံးသူရေးရာဦးစီးဌာနကို သတင်း ပေးတယ်၊ သို့မဟုတ် ဌာနက တွေ့ ရှိတယ်ဆိုရင်တော့ သိမ်းဆည်းပါ တယ်''ပြောကြားခဲ့သည်။
.
စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် ပြည်သူများ စားသုံးသူအခွင့်အ ရေးအပြည့်အဝ ရရှိရေးအတွက် တိုင်ကြားစာ လက်ခံဖြေရှင်းရေးဌာန (CICC) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထား ပြီး လက်ခံဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment