အောင်ပန်းတွင် သံဃာအချင်းချင်း စကားများရာမှ ဓါးထိုးမှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, April 2, 2019

အောင်ပန်းတွင် သံဃာအချင်းချင်း စကားများရာမှ ဓါးထိုးမှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ (၂) ရှိ အိမ်ရှင် ဒေါ်အေးအေးခိုင်၏ နေအိမ်တွင် တည်းခိုနေသည့် သံဃာ ၂ ပါး အချင်းမျး ရန်ဖြစ်ရာမှ ဓါးထိုးမှု ဖြစ်ပွားသဖြင့် အောင်ပန်းဆေးရုံမှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။
.

.
ကျွန်တော်တို့မှုဖြစ်စဉ်သေချာေ်အင် သေချာစုံစမ်းနေပါတယ်၊ တောင်ကြီးလဲလိုက်သွားပါပြီ`ဟု အောင်
ပန်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စိုးဝင်းက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
အုတ်တွင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်မှ သာသ
နာဝင်အမှတ် ၇/အတန()၀၀၂၄၄၇၊ ဦးပညာသီရိ (လူအမည် ဦးမြင့်သိန်း၊ သက်တော် ၄၄ နှစ်၊ ၀ါတော် ၁၆ ၀ါ) နှင့် ဘွဲ့အမည်တူ ဦးညာသီရိ(လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ မြနန္ဒာကမ္ဘာအေးကျောင်းတိုက်) တို့နှစ်ဦးသည် ဧပြီလ ၁ ရက် နံနက် ၂ နာရီခွဲအချိန်တွင် စကားများရန်ဖြစ်ရာမှ အုတ်တွင်းမြို့နေ ဦးပညာသီရီမှ ဓါဖြင့်ထိုးသဖြင့် လယ်ဝေးမြို့နေ ဦးပညသီရိတွင် ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး အောင်ပန်းဆေးရုံမှတဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
ညတွင်းချင်းကို ရဲဆေးစာနဲ့ အောင်ပန်းဆေးရုံကနေ စ၀်စံထွန်းဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲ
လောက်မှာ ခွဲစိတ်ပြီးပေမယ် သတိမလည်လာသေးဘို့လို့သိရတယ်`ဟု အောင်ပန်းမြို့ နာရေးကူညီမအသင်းမှဦးစိုးနိုင်ကပြောသည်။
.
အိမ်ရှင်ကို ခေါ်ပြောတာ ၂ ခါရှိပြီ။ လူကိုအိမ်ငှားထားတာကိစ္စမရှိဘူး၊ သံဃာတွေ မထားပါနဲ့ သံဃာဆိုတာကကျောင်းမှာဘဲသီတင်းသုံးရမှာပါ ခုက သံဃာတွေသာမက မယ်သီလတွေပါရှိနေတာလေ၊ အဲဒါကို မတင့်တယ်လို့ ရပ်ကွက်လဲသိက္ခာကျတယ်။ သာသနာ
လဲညှိုးနွမ်းစေတယ်လို့ပြောပေမယ့် မရခဲ့ဘူး၊ နောက်တစ်ခါထပ်တိုင်တော့ အဲဒါတွေက ညကျရင်သောက်စား မနက်ခင်းကျရင်
အလှူခံ အဲဒီလိုမျိုးဖြစ်နေတာ၊ အခုလဲ လုံးဝတည်းခိုမှုက်မခံဖို့ ခံဝန်ထိုးခိုင်းမယ်၊ လိုအပ်တဲ့သာသနာပိုင်းဆိုင်ရာတွေလဲ
လျှောက်ထားတင်ပြသွားမယ်ဟု ညောင်ပင်ထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ချွန်းက ပြောသည်။
.
အဆိုပါ ဦးဇင်းအချင်းချင်း ဓါးထိုးမှုတွင် ယင်းအိမ်တွင်ပင်တည်းခိုနေသည့် မြိုင်မြို့နယ်၊ သစ်ပင်ကြီးကျေးရွာ၊ အောင်ချမ်းသာကျောင်းတိုက်တွင် သီတင်းသုံးသည့် သာသနာဝင်အမှတ်၊ ၈/မမန()၀၀၀၉၉၅ ရှင်ပညာဇောတိ(လူအမည်ဦးငြိမ်းအေး သက်တော် ၆၄၊ ၀ါတော် ၁၄၀ါ) မှ ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် အောင်ပန်းနယ်မြေရဲစခန်းမှ()၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် သတင်းရေးချက်ရေးဖွင့်၍ ဓားဖြင့်ထိုးပြေးသူ  မြနန္ဒာကမ္ဘာအေးကျောင်းတိုက်မှ ဦးဇင်းဦးပညာသီရိအား
ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.

No comments:

Post a Comment

Recent Tube