ရွာငံတွင် မိုးသီးများ ပြင်းထန်စွာ ကျရောက်၍ လူနေအိမ်အမိုးများ ပျက်စီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019



မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ဧပြီလ ၂၃ ရက်၊ ညနေ ၄နာရီခွဲခန့်က မိုးသီးများ ပြင်းထန်စွာကျရောက် ခဲ့သဖြင့် လူနေအိမ် အမိုး အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
.
“ ခုထိတော့ မြို့ပေါ် စာရင်းကောက်ယူဆဲပဲ ရှိသေးတယ်၊ ကျေးရွာတွေဘက်လည်း ကျတယ်လို့ သိရပေမယ့် သေသေချာချာ စာရင်းမရသေးဘူး၊ လူထုတွေ့ကြုံရတဲ့ အခက်အခဲကို အမြန်ဆုံး ကူညီပေးနိုင်အောင်ဆောင်ရွက်နေပါတယ်” ဟု ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ကမ္ဘောဇတိုင်း၏ ဆက်သွယ်မေးမြန်းမှုအား ဖြေကြားသည်။
.

ထို့အတူ ရွာငံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်စိုးကလည်း  ပျက်စီးမှု စာရင်းများ သေသေချာချာ မသိရသေးသဖြင့် စာရင်း ကောက်ယူပြီးစီးမှသာ ထိခိုက်မှုများကို တိကျစွာ ဖြေကြားပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
“ ရွာငံမြို့ပေါ်မှာတော့ ၃ ပုံ ၁ ပုံလောက် ထိခိုက် နိုင်မယ် ခန့်မှန်းပါတယ်၊ ဘော်ဒါဆောင် မီးဖိုချောင်ကတော့ ပေါက်ပြဲကုန်ပါတယ်၊ ကားတွေ မထိခိုက်အောင် အတော် လုပ်ယူခဲ့ရပါတယ်၊ ဒီလောက်ကြီးတဲ့ မိုးသီး တစ်ခါမှ မကြုံဖူးပါဘူး၊ ကြက်သွန်နီဥ အကြီးစားတွေလောက် ရှိပါတယ်၊ နာရီဝက်လောက် ကျသွားတာပါ” ဟု ရွာငံမြို့နယ် လွင်ဘော်ဒါဆောင်မှ ဆရာ ဦးစိုးမြတ်လွင်က ရှင်းပြသည်။
.
ရွာငံမြို့ပေါ် ၃ ရပ်ကွက် ဖြစ်သည့် ဈေးတန်းကွက်သစ်၊ ရွာမ၊ တောင်ကုန်းရပ်ကွက်များနှင့် စာရင်း အတိအကျမသိ ရသေးသည့် ကျေးရွာအုပ်စု ၄ ခု ဘက်တွင် မိုးသီးများ ကျခဲ့ကြောင်း ထိခိုက်မှု ရှိ/မရှိကိုမူ သေချာစွာ မသိရသေးကြောင်း ၄င်းက ဆိုသည်။
.
အဆိုပါ မိုးသီးများ ကျဆင်းမှုမှာ အချိန် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး အရွယ်အစား ကြီးမားသဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုအချို့ ရှိနိုင်သော်လည်း ဧပြီလ ၂၃ ရက်၊ ညပိုင်းထိ စာရင်းဇယားများ ပြုစုနေဆဲဖြစ်ကြောင်း သိရသည်။
.


ရွာငံတွင် မိုးသီးများ ပြင်းထန်စွာ ကျရောက်၍ လူနေအိမ်အမိုးများ ပျက်စီး
.
မင်းဇော်မင်း
.
မ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ဧပြီလ ၂၃ ရက်၊ ညနေ ၄နာရီခွဲခန့်က မိုးသီးများ ပြင်းထန်စွာကျရောက် ခဲ့သဖြင့် လူနေအိမ် အမိုး အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
.
ခုထိတော့ မြို့ပေါ် စာရင်းကောက်ယူဆဲပဲ ရိသေးတယ်၊ ကျေးရွာတွေဘက်လည်း ကျတယ်လို့ သိရပေမယ့် သေသေချာချာ စာရင်းမရသေးဘူး၊ လူထုတွေ့ကြုံရတဲ့ အခက်အခဲကို အမြန်ဆုံး ကူညီပေးနိုင်အောင် ဆောင်ရွက်နေပါတယ် ဟု ရွာငံမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလယ် ဦးအောင်စိုးမင်းက ကမ္ဘောဇတိုင်း၏ ဆက်သွယ်မေးမြန်းမုအား ဖြေကြားသည်။
.
ထို့အတူ ရွာငံမြို့နယ်ရဲတပ်ဖွဲ့မူး ရဲမူး မြင့်စိုးကလည်း  ပျက်စီးမု စာရင်းများ သေသေချာချာ မသိရသေးသဖြင့် စာရင်း ကောက်ယူပြီးစီးမသာ ထိခိုက်မုများကို တိကျစွာ ဖြေကြားပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ရွာငံမြို့ပေါ်မာတော့ ၃ ပံုံ ၁ ပုံလောက် ထိခိုက် နိုင်မယ် ခန့်မန်းပါတယ်၊ ဘော်ဒါဆောင် မီးဖိုချောင်ကတော့ ပေါက်ပြဲကုန်ပါတယ်၊ ကားတွေ မထိခိုက်အောင် အတော် လုပ်ယူခဲ့ရပါတယ်၊ ဒီလောက်ကြီးတဲ့ မိုးသီး တစ်ခါမ မကြုံဖူးပါဘူး၊ ကြက်သွန်နီဥ အကြီးစားတွေလောက် ရိပါတယ်၊ နာရီဝက်လောက် ကျသွားတာပါ ဟု ရွာငံမြို့နယ် လွင်ဘော်ဒါဆောင်မ ဆရာ ဦးစိုးမြတ်လွင်က ရင်းပြသည်။
.

ရွာငံမြို့ပေါ် ၃ ရပ်ကွက် ဖြစ်သည့် ဈေးတန်းကွက်သစ်၊ ရွာမ၊ တောင်ကုန်းရပ်ကွက်များနင့် စာရင်း အတိအကျမသိ ရသေးသည့် ကျေးရွာအုပ်စု ၄ ခု ဘက်တွင် မိုးသီးများ ကျခဲ့ကြောင်း ထိခိုက်မု ရိ/မရိကိုမူ သေချာစွာ မသိရသေးကြောင်း ၎င်းက ဆိုသည်။
.
အဆိုပါ မိုးသီးများ ကျဆင်းမုမာ အချိန် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး အရွယ်အစား ကြီးမားသဖြင့် ထိခိုက်ဒဏ်ရာ ရရိမုအချို့ ရိနိုင်သော်လည်း ဧပြီလ ၂၃ ရက်၊ ညပိုင်းထိ စာရင်းဇယားများ ပြုစုနေဆဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment