လယ္ယာေျမထြက္သီးႏွံမ်ားကို တ႐ုတ္သို႔ တင္ပို႔သည့္ ေနာင္ေတာင္းဂိတ္ ပိတ္လိုက္ျခင္းေၾကာင့္ နမ့္ခမ္း ေဒသခံမ်ား အခက္ႀကံဳ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019

လယ္ယာေျမထြက္သီးႏွံမ်ားကို တ႐ုတ္သို႔ တင္ပို႔သည့္ ေနာင္ေတာင္းဂိတ္ ပိတ္လိုက္ျခင္းေၾကာင့္ နမ့္ခမ္း ေဒသခံမ်ား အခက္ႀကံဳ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ နမ့္ခမ္းၿမိဳ႕နယ္အတြင္းရွိ ေတာင္သူလယ္သမားမ်ား အေနျဖင့္  ေဒသ ထြက္ကုန္ လယ္ယာၿခံထြက္သီး ႏွံမ်ားကို တ႐ုတ္ႏုိင္ငံသို႔ တင္ပို႔ရာ ေနာင္ေတာင္းဂိတ္အား ဝင္ခြင့္ပိတ္ လိုက္သည့္အတြက္ အခက္အခဲႀကံဳ ေနရၿပီး တတ္စြမ္းသမွ် ကူညီေဆာင္ ရြက္သြားမည္ ျဖစ္သည္ဟု နမ့္ခမ္း ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးေမာင္က ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
.
တ႐ုတ္ႏိုင္ငံ ေနာင္ေတာင္းၿမိဳ႕ ဂိတ္မွ နမ့္ခမ္း ေဒသခံေတာင္သူမ်ား ၏ လယ္ယာထြက္ကုန္မ်ားကို ဝင္ခြင့္ ပိတ္လိုက္သည့္ကိစၥႏွင့္ ပတ္သက္၍  ဧၿပီလ ၁၄ ရက္က နမ့္ခမ္းေတာင္ သူမ်ား၏ တင္ျပထားမႈကို ဧၿပီလ ၁၉ ရက္တြင္ နမ့္ခမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး မွဴး႐ံုး၌ ျပဳလုပ္သည့္ ေတြ႕ဆံုပြဲအၿပီး တြင္ ေတာင္သူလယ္သမားမ်ား အ တြက္ တတ္စြမ္းသမွ် ကူညီေဆာင္ ရြက္ေပးသြားမည္ျဖစ္သည္ဟု ¤င္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
.
''ၿမိဳ႕နယ္ေတာင္သူေတြအေနနဲ႔ အရင္က ေရႊလီခ်ိဳင့္ဝွမ္းမူဆယ္-နမ့္ ခမ္းလယ္ယာထြက္ကုန္ေတြကိုတစ္ ပိုင္တစ္ႏိုင္နားလည္မႈနဲ႔ တ႐ုတ္ႏိုင္ငံ ကို ဝင္ထြက္ေရာင္းခ်ေနတာရွိပါတယ္။ ဒါေပမဲ့ ခုရက္ပိုင္းကပဲ တ႐ုတ္ႏိုင္ငံ ဘက္က ေမွာင္ခိုလမ္းေတြကို ပိတ္ဆို႔ တဲ့အေနနဲ႔ ဝင္ခြင့္ေတြပိတ္တာျဖစ္လို႔  ေတာင္သူေတြ တရားဝင္အခြန္ေဆာင္ သြားလာမယ္ဆိုရင္ေတာ့ သြားလာခြင့္ ရမွာျဖစ္ပါတယ္။ ျပည္မက ေတာင္ သူေတြလည္း ၁ဝ၅ မိုင္မွာ တရားဝင္ အခြန္ေဆာင္ၿပီး သြားလာတာ ျဖစ္ ပါတယ္။ အခုကေတာ့ ၿမိဳ႕နယ္အဆင့္ ေတာင္သူေတြနဲ႔ ညႇိႏိႈင္းေဆြးေႏြးတာ ျဖစ္လို႔ ခ႐ိုင္အဆင့္ကို တင္ျပၿပီးဆက္ လက္ေဆာင္ရြက္ဖို႔ ရွိပါမယ္''ဟုျပည္ နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦး ေအးေမာင္က ေျပာသည္။
.
၎အေနျဖင့္ ေတာင္သူမ်ား အက်ိဳးအတြက္ လိုအပ္ပါက ျပည္ နယ္လႊတ္ေတာ္တြင္ တင္ျပသြားမည္ ျဖစ္သည္ဟု ဆက္လက္ေျပာၾကားခဲ့ သည္။
.
ထို႔အတူ နမ့္ခမ္းၿမိဳ႕နယ္ေတာင္ သူလယ္သမားမ်ားအသင္းမွ တြဲ ဘက္ အတြင္းေရးမွဴး ဦးစိုင္းဆမ္မြန္ ကလည္း ''အရင္က ဒီအတိုင္း ဝင္ ထြက္ခြင့္ ရေနတာပါ။ ဟိုဘက္မွာ လည္း ရွမ္းရြာေတြ ၂ဝ ေက်ာ္တယ္။ အခုက ေဒသထြက္ ဖရဲသီးေတြဝင္ ခြင့္မရေတာ့ အထားမခံလုိ႔ပ်က္စီးနစ္ နာၾကရတာေပါ့။ ေနာင္ေတာင္းဂိတ္ က အရင္လို ဘာအခြန္မွ မရွိဘဲဝင္ ခြင့္ရခ်င္တာပါ။ အခုက ေထြလာဂ်ီ ယာဥ္ေတြ ေပးမဝင္ေတာ့ဘူး။ ေမး ေတာ့ အထက္က ပိတ္ခိုင္းတာလို႔ ဆို တယ္။ အခုေတာ့ ေနာင္ေတာင္းက တရားဝင္မရေပမယ့္ တျခားလမ္း ၂ ခုကေတာ့ ရေနပါေသးတယ္။ ဒါေပ မဲ့ ေနာင္ေတာင္းက အရင္လိုဝင္ခြင့္ရ ရင္ေတာ့ အဆင္ေျပတာေပါ့''ဟု ဆိုသည္။
.
ယခင္က နမ့္ခမ္းေဒသခံေတာင္ သူမ်ားအေနျဖင့္ ၿခံထြက္သီးႏွံမ်ား ျဖစ္သည့္ ဖရဲ၊ ေျပာင္း၊  ေႏြစပါး စ သည္တို႔ကို တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေနာင္မ၊ မန္ေဟာင္း၊ ေနာင္တိန္း၊ ဟိုဆိုင္း၊ ေကာင္းဝိန္းစသည့္ ကူး တို႔ဆိပ္မ်ားမွတဆင့္ ေနာင္ေတာင္း ၿမိဳ႕သို႔ သြားေရာက္ ေရာင္းခ်မႈမ်ား ရွိခဲ့ၿပီး တ႐ုတ္ကုမၸဏီမ်ားမွလည္း မ်ိဳးေစ့၊ ပိုးသတ္ေဆး၊ ဓာတ္ေျမၾသ ဇာစသည္တို႔ကို ေနာင္ေတာင္းဂိတ္မွ တဆင့္နမ့္ခမ္းသို႔ လာေရာက္ေရာင္း ခ်မႈမ်ားရွိခဲ့ၿပီး ၿပီးခဲ့သည့္ ဧၿပီလ ၁ဝ ရက္မွ စတင္၍ ေနာင္ေတာင္းၿမိဳ႕ရွိ တ႐ုတ္စစ္ေဆးေရးဂိတ္မွ ေဒသခံ ေတာင္သူမ်ား၏ ၿခံထြက္သီးႏွံတင္ ေထြလာဂ်ီမ်ားကို ဝင္ခြင့္မေပးေတာ့ သျဖင့္ သီးႏွံမ်ား ပ်က္စီးဆံုး႐ံႈးမႈ ရွိ လာသည့္အျပင္ ဝင္ေငြရ လမ္းမရွိ ေတာ့သျဖင့္ နစ္နာမႈမ်ား ျဖစ္ေပၚခဲ့ရ ေၾကာင္း သိရသည္။
.
ၾကာရွည္အထားမခံသည့္ ဖရဲ သီးကဲ့သို႔ ၿခံထြက္သီးႏွံမ်ားအျပင္ ေတာင္သူလယ္သမားမ်ား မီွခိုအား ထားရသည့္ ၿခံထြက္သီးႏွံမ်ားကို ယ ခင္အတိုင္း အဖမ္းအဆီးမရွိ အလြယ္ တကူ ေရာင္းခ်ႏိုင္ေရးအတြက္သက္ဆိုင္ရာ ဌာနမ်ားမွ လိုအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးေစလို သည္ဟု ဦးစိုင္းဆမ္မြန္က ဆက္လက္ ေျပာ ၾကားခဲ့သည္။
.
ယခုအခါ တရားဝင္လမ္းေၾကာင္း မွ ဝင္ခြင့္မရသည့္ ဖရဲသီးတင္ ေထြ လာဂ်ီယာဥ္မ်ားမွာ သိမ္းဆည္းခံေနရ သျဖင့္ နမ့္ခမ္းေဒသခံေတာင္သူမ်ား ဘဝရပ္တည္မႈ စီးပြားေရး လုပ္ငန္း မ်ား အခက္ႀကံဳေနရသည္ဟု ေဒသခံ ေတာင္သူမ်ားက ေျပာဆိုလ်က္ရွိသည္။
.
လယ်ယာမြေထွက်သီးနှံများကို တရုတ်သို့ တင်ပို့သည့် နောင်တောင်းဂိတ် ပိတ်လိုက်ခြင်းကြောင့် နမ့်ခမ်း ဒေသခံများ အခက်ကြုံ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ အနေဖြင့်  ဒေသ ထွက်ကုန် လယ်ယာခြံထွက်သီး နှံများကို တရုတ်နိုင်ငံသို့ တင်ပို့ရာ နောင်တောင်းဂိတ်အား ဝင်ခွင့်ပိတ် လိုက်သည့်အတွက် အခက်အခဲကြုံ နေရပြီး တတ်စွမ်းသမျှ ကူညီဆောင် ရွက်သွားမည် ဖြစ်သည်ဟု နမ့်ခမ်း မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
တရုတ်နိုင်ငံ နောင်တောင်းမြို့ ဂိတ်မှ နမ့်ခမ်း ဒေသခံတောင်သူများ ၏ လယ်ယာထွက်ကုန်များကို ဝင်ခွင့် ပိတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍  ဧပြီလ ၁၄ ရက်က နမ့်ခမ်းတောင် သူများ၏ တင်ပြထားမှုကို ဧပြီလ ၁၉ ရက်တွင် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေး မှူးရုံး၌ ပြုလုပ်သည့် တွေ့ဆုံပွဲအပြီး တွင် တောင်သူလယ်သမားများ အ တွက် တတ်စွမ်းသမျှ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်သည်ဟု ¤င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
.
''မြို့နယ်တောင်သူတွေအနေနဲ့ အရင်က ရွှေလီချိုင့်ဝှမ်းမူဆယ်-နမ့် ခမ်းလယ်ယာထွက်ကုန်တွေကိုတစ် ပိုင်တစ်နိုင်နားလည်မှုနဲ့ တရုတ်နိုင်ငံ ကို ဝင်ထွက်ရောင်းချနေတာရှိပါတယ်။ ဒါပေမဲ့ ခုရက်ပိုင်းကပဲ တရုတ်နိုင်ငံ ဘက်က မှောင်ခိုလမ်းတွေကို ပိတ်ဆို့ တဲ့အနေနဲ့ ဝင်ခွင့်တွေပိတ်တာဖြစ်လို့  တောင်သူတွေ တရားဝင်အခွန်ဆောင် သွားလာမယ်ဆိုရင်တော့ သွားလာခွင့် ရမှာဖြစ်ပါတယ်။ ပြည်မက တောင် သူတွေလည်း ၁ဝ၅ မိုင်မှာ တရားဝင် အခွန်ဆောင်ပြီး သွားလာတာ ဖြစ် ပါတယ်။ အခုကတော့ မြို့နယ်အဆင့် တောင်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးတာ ဖြစ်လို့ ခရိုင်အဆင့်ကို တင်ပြပြီးဆက် လက်ဆောင်ရွက်ဖို့ ရှိပါမယ်''ဟုပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦး အေးမောင်က ပြောသည်။
.
၎င်းအနေဖြင့် တောင်သူများ အကျိုးအတွက် လိုအပ်ပါက ပြည် နယ်လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့ သည်။
.
ထို့အတူ နမ့်ခမ်းမြို့နယ်တောင် သူလယ်သမားများအသင်းမှ တွဲ ဘက် အတွင်းရေးမှူး ဦးစိုင်းဆမ်မွန် ကလည်း ''အရင်က ဒီအတိုင်း ဝင် ထွက်ခွင့် ရနေတာပါ။ ဟိုဘက်မှာ လည်း ရှမ်းရွာတွေ ၂ဝ ကျော်တယ်။ အခုက ဒေသထွက် ဖရဲသီးတွေဝင် ခွင့်မရတော့ အထားမခံလို့ပျက်စီးနစ် နာကြရတာပေါ့။ နောင်တောင်းဂိတ် က အရင်လို ဘာအခွန်မှ မရှိဘဲဝင် ခွင့်ရချင်တာပါ။ အခုက ထွေလာဂျီ ယာဉ်တွေ ပေးမဝင်တော့ဘူး။ မေး တော့ အထက်က ပိတ်ခိုင်းတာလို့ ဆို တယ်။ အခုတော့ နောင်တောင်းက တရားဝင်မရပေမယ့် တခြားလမ်း ၂ ခုကတော့ ရနေပါသေးတယ်။ ဒါပေ မဲ့ နောင်တောင်းက အရင်လိုဝင်ခွင့်ရ ရင်တော့ အဆင်ပြေတာပေါ့''ဟု ဆိုသည်။
.
ယခင်က နမ့်ခမ်းဒေသခံတောင် သူများအနေဖြင့် ခြံထွက်သီးနှံများ ဖြစ်သည့် ဖရဲ၊ ပြောင်း၊  နွေစပါး စ သည်တို့ကို တရုတ်နိုင်ငံအတွင်းသို့ နောင်မ၊ မန်ဟောင်း၊ နောင်တိန်း၊ ဟိုဆိုင်း၊ ကောင်းဝိန်းစသည့် ကူး တို့ဆိပ်များမှတဆင့် နောင်တောင်း မြို့သို့ သွားရောက် ရောင်းချမှုများ ရှိခဲ့ပြီး တရုတ်ကုမ္ပဏီများမှလည်း မျိုးစေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြ ဇာစသည်တို့ကို နောင်တောင်းဂိတ်မှ တဆင့်နမ့်ခမ်းသို့ လာရောက်ရောင်း ချမှုများရှိခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၁ဝ ရက်မှ စတင်၍ နောင်တောင်းမြို့ရှိ တရုတ်စစ်ဆေးရေးဂိတ်မှ ဒေသခံ တောင်သူများ၏ ခြံထွက်သီးနှံတင် ထွေလာဂျီများကို ဝင်ခွင့်မပေးတော့ သဖြင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု ရှိ လာသည့်အပြင် ဝင်ငွေရ လမ်းမရှိ တော့သဖြင့် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း သိရသည်။
.
ကြာရှည်အထားမခံသည့် ဖရဲ သီးကဲ့သို့ ခြံထွက်သီးနှံများအပြင် တောင်သူလယ်သမားများ မှီခိုအား ထားရသည့် ခြံထွက်သီးနှံများကို ယ ခင်အတိုင်း အဖမ်းအဆီးမရှိ အလွယ် တကူ ရောင်းချနိုင်ရေးအတွက်သက်ဆိုင်ရာ ဌာနများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလို သည်ဟု ဦးစိုင်းဆမ်မွန်က ဆက်လက် ပြော ကြားခဲ့သည်။
.
ယခုအခါ တရားဝင်လမ်းကြောင်း မှ ဝင်ခွင့်မရသည့် ဖရဲသီးတင် ထွေ လာဂျီယာဉ်များမှာ သိမ်းဆည်းခံနေရ သဖြင့် နမ့်ခမ်းဒေသခံတောင်သူများ ဘဝရပ်တည်မှု စီးပွားရေး လုပ်ငန်း များ အခက်ကြုံနေရသည်ဟု ဒေသခံ တောင်သူများက ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment