သင်္ကြန်ပိတ်ရက်အတွင်း တာချီလိတ်ရှိ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားမှ မြန်မာပြည်တွင်းသို့ ပြန်ဝင်သူ ၁၃၀၀ ကျော်သာရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, April 12, 2019



မင်းဇော်မင်း
.
၁၃၈၀ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာင်္ကန်ကာလအတွင်း ထိုင်းအစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား များအား နေရပ်ပြန်ခွင့် ၁ လ ပေးထားရာ ဧပြီလ ၁ ရက်မှ ၁၁ ရက်အထိ  တာချီလိတ်ရှိ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နေရပ်ပြန်သူ အလုပ်သမား ၁၃၃၇ ဦး သာရှိကြောင်း သိရသည်။
.
.
ပီလ ၁ က်ကနေ ၁၁ ရက်ညနေ ၄ နာရီထိ နေရပ်ပြန်သူ စုစုပေါင်း ၁၃၃၇ ဦးပဲ ရှိပါတယ်ဟု တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတား တာဝန်ကျ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးမာဂုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
ပြန်တာတော့ပြန်ကြတယ် မယ်ဆိုင်ကားဝင်းမှာဆိုရင် ပြည်တော်ပြန်တွေအများကီးကို နေ့စဉ်တွေ့ရတယ် တရားဝင်စစ်မေးတာ မခိုံင်လို့ ရေချောင်းက ဝင်ကြတာဖြစ်မယ်ဟုမယ်ဆိုင်မြို့နေ စိုင်းနောင့်ဆိုင်က ပြောသည်။
.
ထိုင်းနိုင်ငံအစိုးရက ဧပီလ ၅ ရက်မှ ၃၀ ရက်အထိ ၂၅ ရက်အတွင်း ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ခွင့် တရားင် ခွင့်ပြုပေးထားပီး နယ်စပ်ဖြတ်သန်းခ၊ ဗီဇာ ပတ်စပိုတံဆိပ်တုံးထုကြေးပေးရန် မလိုဟု ဟုလည်းကြေညာထားကာ ပီလ ၃၀ ရက်နောက်ပိုင်းမှ ပြန်ဝင်လာသူများမှာ ထိုင်းလကုံးတွင် တံဆိပ်တုံး သွားထုရမည် ဖြစ်သည့်အပြင် ဘတ်ငွေ ၂၀၀၀ ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရန် တရားဝင်ခွင့်ပြုထားသည့် နယ်စပ် ဂိတ်များမှာ တာချီလိတ်-မယ်ဆိုင်ဂိတ် ရောင်း-ကော့သောင်းဂိတ်၊ မဲဆောက်-မြဝတီဂိတ်များ ဖြစ်ပြီး ၅ ရက်တာ ကာလအတွင်း အဆိုပါ လမ်းကြောင်း ၃ ခုမှနေရပ်ပြန်သူစာရင်းစုစုပေါင်း ၂ သိန်းခန့်ရှိကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ သိရသည်။
.
ထိုင်းနိုင်ငံအတွင်းရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာရွေ့ပြောင်းအလုပ်သမားများအနက် ရှမ်းပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများမှာ ချင်းရိုင် ချင်းမိုင် ချင်းဆဲန် လန်ပန်းနခွန်းစဝမ်တို့ဘက်တွင် သိန်းချီရှိနိုင်သည်ဟု ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ံရောက် ရှမ်းတိုင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မိုင်းဖန်)မှ နန်းစံခမ်းက ထံက သိရသည်။
.
.
သင်္ကြန်ပိတ်ရက်အတွင်း တာချီလိတ်ရှိ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားမှ မြန်မာပြည်တွင်းသို့ ပြန်ဝင်သူ ၁၃၀၀ ကျော်သာရှိ
.
မင်းဇော်မင်း
.
၁၃၈၀ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအတွင်း ထိုင်းအစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား များအား နေရပ်ပြန်ခွင့် ၁ လ ပေးထားရာ ဧပြီလ ၁ ရက်မှ ၁၁ ရက်အထိ  တာချီလိတ်ရှိ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နေရပ်ပြန်သူ အလုပ်သမား ၁၃၃၇ ဦး သာရှိကြောင်း သိရသည်။
.
.
ဧပြီလ ၁ ရက်ကနေ ၁၁ ရက်၊ ညနေ ၄ နာရီအထိ နေရပ်ပြန်သူ စုစုပေါင်း ၁၃၃၇ ဦးပဲ ရှိပါတယ်ဟု တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတား တာဝန်ကျ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးမာဂုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူမှုကွန်ရက်စာမျက်နှာအချို့တွင် ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ နေရပ်ပြန်သူ ၄၀၀၀၀ ကျော် ရှိသည်ဟု ဖော်ပြထား သော်လည်း တရားဝင် စာရင်းဇယားများအရ ယင်းပမာဏ မရှိကြောင်း သိရသည်။
.
ပြန်တာတော့ပြန်ကြတယ်။ မယ်ဆိုင်ကားဝင်းမှာဆိုရင် ပြည်တော်ပြန်တွေအများကြီးကို နေ့စဉ်တွေ့ရတယ်။ တရားဝင်စစ်မေးတာ မခံနိုင်လို့ ရေချောင်းက ဝင်ကြတာဖြစ်မယ်ဟုမယ်ဆိုင်မြို့နေ စိုင်းနောင့်ဆိုင်က ပြောသည်။
.
ထိုင်းနိုင်ငံအစိုးရက ဧပြီလ ၅ ရက်မှ ၃၀ ရက်အထိ ၂၅ ရက်အတွင်း ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ခွင့် တရားဝင် ခွင့်ပြုပေးထားပြီး နယ်စပ်ဖြတ်သန်းခ၊ ဗီဇာ ပတ်စပို့တံဆိပ်တုံးထုကြေးပေးရန် မလိုဟု ဟုလည်းကြေညာထားကာ ဧပြီလ ၃၀ ရက်နောက်ပိုင်းမှ ပြန်ဝင်လာသူများမှာ ထိုင်းလဝကရုံးတွင် တံဆိပ်တုံး သွားထုရမည် ဖြစ်သည့်အပြင် ဘတ်ငွေ ၂၀၀၀ ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရန် တရားဝင်ခွင့်ပြုထားသည့် နယ်စပ် ဂိတ်များမှာ တာချီလိတ်-မယ်ဆိုင်ဂိတ်၊ ရနောင်း-ကော့သောင်းဂိတ်၊ မဲဆောက်-မြဝတီဂိတ်များ ဖြစ်ပြီး ၅ ရက်တာ ကာလအတွင်း အဆိုပါ လမ်းကြောင်း ၃ ခုမှနေရပ်ပြန်သူစာရင်းစုစုပေါင်း ၂ သိန်းခန့်ရှိကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ သိရသည်။
.
ထိုင်းနိုင်ငံအတွင်းရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာရွေ့ပြောင်းအလုပ်သမားများအနက် ရှမ်းပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများမှာ ချင်းရိုင် ချင်းမိုင် ချင်းဆဲန် လန်ပန်းနခွန်းစဝမ်တို့ဘက်တွင် သိန်းချီရှိနိုင်သည်ဟု ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မိုင်းဖန်)မှ နန်းစံခမ်းက ထံက သိရသည်။
.
ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၅ သိန်းအထက်တွင် ရှိနိုင်ကြောင်း ထိုင်းနိုင်ငံရောက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
.



No comments:

Post a Comment